← Chapters

အချိန်သည်လူကိုမစောင့်

Vol. 81 Ch. 1125

အချိန်သည်လူကိုမစောင့်

Vol. 81 Ch. 1125

အိမ်မက်လေးနှင့် ပန်းလေးတို့ တောင်ကြားမှတခြားသူများကို ခေါ်လာ ချိန်တွင် ရှီမာယူယူ တွင်းပေါက်အစွန်းတွင်ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူမသည် ဝိညာဉ်လောကကိုထိန်းချုပ်ကာ ကောင်းကင်ပိုက်ကွန်နှင့် ပေါင်းစပ်ရန်ကြိုးစားနေသည်။ “အိမ်မက်လေး ပြန်လာပြီလား” ရှောင်ချီသည် အိမ်မက်လေးနှင့် ပန်းလေးကို လက်ဝှေ့ယမ်းကာ ပျံသန်းလာရန်ခေါ်လိုက် သည် “မင်းတို့အကုန်အဆင်ပြေကြလား”

“ပြေတယ် ယူယူဘာလုပ်နေတာလဲ”

ရှောင်ချီသည် ကောင်းကင်ပိုက်ကွန်အကြောင်းကို သူတို့ကိုရှင်းပြလိုက် သည်။ ရလဒ်အနေနှင့် သူတို့သည် အတူပျော်ရွှင်ကြလေသည်။

တွင်းပေါက်အတွင်းတွင် အခြေအနေသည် ပိုပို၍ အန္တရာယ်များလာ သည်။

“တောင်ကြားခေါင်းဆောင် အကုန်လုံးရဲ့ဝိညာဉ်စွမ်းအင်က ခြေကုန်လက်ပန်းကျလုနီးပါးဖြစ်နေပြီ ဒီဟာကြီးက ဝိညာဉ်စွမ်းအား အများကြီး လိုတယ် ငါတို့တောင့်ခံနိုင်ဖို့မဖြစ်နိုင်တော့ဘူး” ဘိုင်ရှန်းသည် ဒဏ်ရာကုစားနေသော ရှီမန်ဖန်ဆီသို့ ရောက်လာကာ ပြောလေသည်။

ရှီမာယူယူသည် အဖြေကိုစဉ်းစားနေသော်လည်း နောက်ကျသွားပါက သူမ ကောင်းကင်ပိုက်ကွန်ကိုဖွင့်နိုင်လျှင်တောင် ထိုဝိညာဉ်သားရဲများ၏ ဗိုက် ထဲတွင် သဂြိုဟ်ပြီးသားဖြစ်သွားနိုင်သည်။

အားလုံး ထိုအရာကိုနားလည်ထားကြသည်။ တွင်းပေါက်ထဲမှ အနေအထားသည် ပြန်ပြီး ငိုက်စိုက်ကျသွားပြန်သည်။

ရှီမန်ဖန်ဘေးတွင် ထိုင်နေသော ရှီမန်လီသည် အပြစ်ရှိသလိုခံစားရ လေသည်။ သူမ မျက်ရည်များကျလာသည်။

“တောင်းပန်ပါတယ် ညီမကြောင့်သာမဟုတ်ရင် ဘယ်သူမှ ဒီမှာမပိတ်မိ ဘူး”

“လီအာ မင်းအမှားမဟုတ်ပါဘူး” ရှီမန်ဖန် နှစ်သိမ့်လေသည် “ငါ့ အမိန့် ကြောင့်သာမဟုတ်ရင် ဒါတွေဖြစ်မလာဘူး”

“ဟုတ်တယ် မိန်းကလေးလီအာ ဒါအတွက်ကိုယ့်ကိုယ်ကို အပြစ်မတင် ပါနဲ့ ဘာတွေဖြစ်မယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူးလေ”

ရှီမန်လီသည် သူမ၏ အစ်ကိုအစ်မများနှင့် ကွာခြားသည်။ ရှီမန်ဖန်သည် အေးစက်ပြီး ယူယူသည် သာမန်မဟုတ်ပေ။ ထိုမိန်းကလေးတစ်ယောက်သာ ချစ်စရာကောင်းပြီး လိမ္မာပါးနပ်ကာ အားလုံးနှင့် ပေါင်းသင်းနိုင်လေသည်။ လူများသည် သူမကို သနားမိကြသည်။

တစ်ခါတလေ သူတို့တွေးမိကြသည်။ ဘယ်လိုလုပ် ရှီမာယူယူနဲ့ ရှီမန်ဖန်တို့မှာ ဒီလောက်ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ညီမလေးရှိရတာလဲလို့။ သူမလည်း သူမအစ်ကိုအစ်မတွေလို မှောင်မိုက်ပြီး ထူးခြားနေရမှာမဟုတ်ဘူး လား။

ထိုကိစ္စများသည် သူမကြောင့်ဖြစ်ခဲ့သော်လည်း သူမကို အပြစ်မတင်ကြ ပေ။ ထို့အပြင် ထိုသည်မှာ သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ကာ မည်သူမှ သူတို့ကို ဖိအားမပေးခဲ့ပေ။

“ဟုတ်တယ် မိန်းကလေးလီအာ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့” တခြားသူများလည်း သူမကို နှစ်သိမ့်လေသည်။

သို့သော် သူတို့ထိုသို့လုပ်လေလေ ရှီမန်လီသည် သူမကိုယ်သူမ အပြစ် တင်လေဖြစ်သည်။ အလုံးလေးကို ကိုင်ထားသော သူ၏လက်များသည် အလိုလိုတင်းကြပ်သွားသည်။

“အား.. ဒီမှာ… နာတယ်” အလုံးလေးသည် ရုတ်တရက်အော်လိုက်ရာ ထိုနေရာမှလူများ လန့်သွားကြသည်။

“ဒီကောင်က စကားပြောနိုင်တာလား”

အားလုံးသည် ဝိုင်းလာကြကာ အလုံးလေးကို သိချင်စိတ်ဖြင့် ကြည့် လိုက်ကြသည်။

လက်ရှိ အလုံလေးသည် အရင်ကကဲ့သို့မဟုတ်တော့ပေ။ သူ့နာမည် အတိုင်းပင် အဖြူလုံးလေးဖြစ်နေသည်။ အထူးသဖြင့် ကျောက်တုံးစားပြီး နောက်တွင်ဖြစ်သည်။ ပို၍ဖြူလာသည်။

“အလုံးလေး မင်းအကုန်လုံးကိုဆွဲချလိုကတာပဲ ဒီကနေထွက်ဖို့ နည်းလမ်းမရှိဘူးလား” ရှီမန်လီ မေးလိုက်သည်။

“….” အလုံေးလးသည် ဘာမှမဖြစ်သလိုင် သေချင်ယောင်ဆောင်နေ သည်။

“အလုံးလေး” ရှီမန်လီသည် ဒေါသထွက်လာသည်။ သူမသည် အလုံးလေးကို လက်ပုံစံအမျိုးမျိုးဖြင့် ဆုပ်နယ်လိုက်သည်။

“….”

အလုံးလေးသည် ဘာမှမပြောသေးပေ။

“အလုံးလေး နင်ဒီလိုထပ်လုပ်မယ်ဆိုရင် ငါ… ငါ ငါတို့ကြားက စာချုပ်ကို ဖျက်ပစ်မယ်” ရှီမန်လီ ခြိမ်းခြောက်လေသည်။

အလုံးလေးသည် သူမကို လျစ်လျူရှုတုန်းပင်။ ဒီကောင်မလေးသည် အလိုလိုက်ခံရပြီး ကြီးပြင်းလာသည်။ ထို့နောက်တွင် သူမသည် တောင်ကြား တွင် ဆယ်နှစ်ကျော်နေခဲ့သည်။ သူမသည် ဖြူစင်သောအကျင့်ရှိတုန်းပင်။ သူမနှင့် စာချုပ်ဖျက်မည်မဟုတ်ပေ။

သို့သော် သူမ မသိသည်မှာ အကျင့်ပိုဖြူစင်သည့်လူများသည် ကိုယ့် ကိုယ်ကိုအပြစ်တင်ခြင်းကြောင့် ရူးမိုက်သောအလုပ်များကို လုပ်တတ်သည် လေ။

အလုံးလေး မလှုပ်မယှက်ရှိနေသည်ကို ကြည့်ပြီး ရှီမန်လီသည် အလုံး လေးနှင့် စတင် စာချုပ်ဖျက်လေသည်။

အလုံးလေးသည် သူမ အလေးအနက်ဖြစ်နေသည်ကို တွေ့သောအခါ တုန်လှုပ်သွားလေသည်။ သူမ အော်လိုက်သည် “အင်း အင်း ငါသိပါပြီ ဒေါသ မထွက်ပါနဲ့”

ရှီမန်လီ ရပ်လိုက်သည်။ “မင်း သေချင်ယောင်မဆောင်တော့ဘူးလား”

“အဟွတ် အဟွတ် ဟန်မဆောင်တော့ဘူး ဟန်မဆောင်တော့ဘူး” အလုံးလေးသည် ရုတ်တရက် သူမရှိနေသည်ကို ဖော်ပြလေသည်။ တစ်ချိန် တည်းမှာပင် သူမဘာသာတွေးမိလေသည်။ ဒီကောင်မလေးက ရိုးသားတဲ့ပုံ ပေါ်ပေမယ့် သူမရဲ့ ရက်စက်တဲ့အကျင့်ကတော့ တကယ်ပဲ သူမ အစ်မနဲ့တူ တာပဲ။

“ဒါဆိုရင် မင်းမှာ ထွက်ဖို့နည်းလမ်းရှိလား” ရှီမန်လီ မေးလိုက်သည်။

“ဒါက ကောင်းကင်ပိုက်ကွန်ပဲ ငါကဘယ်လိုလုပ် လုပ်နိုင်မှာလဲ” အလုံးလေး ပြောလေသည် “ဟူး ငိုမနေနဲ့ ဘာလို့ငိုနေတာလဲ”

“တောင်ကြားခေါင်းဆောင် အကုန်လုံးထပ်ပြီးမတောင့်ခံနိုင်တော့ဘူး” ဘေးမှတစ်ယောက် အော်လေသည်။

အားလုံးသည် ကျောက်တုံးအတွင်းသို့ ဝိညာဉ်စွမ်းအင်များ အဆက် မပြတ်သွင်းလေသည်။ အများစုမှာ ခြေကုန်လက်ပန်းကျလို့နေလေပြီ။

သူတို့နောက်ဆုံး ဝိညာဉ်စွမ်းအင်ကုန်ခမ်းသွားသည်နှင့် ဂူထဲတွင်ပိတ် ထားသော ရှေးဟောင်းဝိညာဉ်သားရဲများ ပြေးထွက်လာလျှင် သူတို့တော့…

သူတို့သည် အဖြူရောင်နှင့် ရွှေရောင်ရောယှက်ထားသော အလင်းတန်း များကိုကြည့်လိုက်သည်။ ရက်ပေါင်းများစွာကြာပြီးနောက်တွင် ကောင်းကင် ပိုက်ကွန်ပွင့်ခြင်းကိုမမြင်ရမည်ကို စိုးရိမ်လာသည်။

“ဝူး ဝေါင်း….”

သူတို့်သည် ဝိညာဉ်သားရဲများ၏ အော်ဟိန်းသံကိုကြားရလေသည်။ ဂူအဝင်ပေါက်တွင် အကန့်အသက် နိုးထလာသည်ကို အာရုံခံမိလိုက်ရသည်။ သူတို့သည် ဝိညာဉ်အတားအဆီးကို အဆက်မပြတ် လွှဲပြောင်းလေသည်။

ရှီမန်လီသည် မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားလေ၏ ။ အကုန်လုံးသေသွားမယ်ဆိုရင် သူမကိုယ်သူမ ဘယ်လိုခွင့်လွှတ်ရမှာလဲ။

ထိုအကြောင်းအားစဉ်းစားမိရာ မျက်ရည်များပိုကျလာရာ အလုံးလေး၏ ခန္ဓာကိုယ်သည် ပျော်ကျလုနီးပါးပင်ဖြစ်လေသည်။

“အိုး.. မငိုနဲ့ မငိုနဲ့ မင်း ဆက်ကိုနေရင် ငါတို့ အရည်ပျော်တော့မယ်” အလုံးလေးသည် ကျယ်လောင်စွာ ငြင်းဆန်လေသည်။

ပုံမှန်အချိန်သာဆိုရင် ထိုမြင်ကွင်းကိုလူတိုင်းရယ်မိမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ထိုမြင်ကွင်းကို အာရုံစိုက်ရန် အင်အားမရှိတော့ပေ။

သူတို့၏ ဝိညာဉ်စွမ်းအင်သည် ကုန်ခမ်းနေလေပြီ။ ထိုဝိညာဉ်သားရဲများ သာထွက်လာပါက သူတို့ကိုတိုက်ခိုက်ရန် နည်းလမ်းမရှိပေ။

“သြော် မငိုနဲ့လို့ပြောနေတယ်လေ” အလုံးလေးသည် ရှီမန်လီ ပိုပိုပြီး ရှိုက်လာသည်ကိုကြည့်ပြီး အကူအညီမဲ့စွာပြောလိုက်သည် “သူတို့ကို ခေါ်သွားဖို့နည်းလမ်းမရှိဘူးလို့ပြောတာလေ ဒါပေမဲ့ အခုအခြေအနေကို အသက်ရှုချောင်မယ့်နည်းမရှိဘူးလို့ ပြောတာမဟုတ်ဘူး”

အားလုံးသည် နောက်ဆုံးပြောလိုက်သောစကားကြောင့် ကြည့်လိုက် ကြသည်။

“အလုံးလေး မင်းအစီအစဉ်ကဘာလဲ” ရှီမန်လီ မေးလိုက်သည်။

သူသည် ဝိညာဉ်စွမ်းအင်ထည့်လိုက်ခြင်းကြောင့် စွမ်းအားပိုပိုနည်းသွား သောထိုလူကိုကြည့်လိုက်သည်။ ဝိညာဉ်စွမ်းအင်နည်းသွားသည်ကို ကြည့်ပြီး အလုံးလေး သက်ပြင်းချကာ ရှီမန်ဖန်၏ လက်ပေါ်မှပျံထွက်ကာ ကျောက်တုံး ပေါ်တွင်လဲကျကာ ရစ်ပတ်လိုက်သည်။

အားလုံးသည် သူမ၏အပြုအမူကြောင့် မှင်တက်သွားကြလေသည်။ သူမသည် နောက်ကျောက်တစ်ဝက်ကိုစားတော့မည်ဟု စဉ်းစားပြီး တားမည် အပြုတွင် ဂူသည် တိတ်ဆိတ်သွားသည်ကို သတိထားမိလိုက်သည်။

“အခု အဲအညှာအတာမဲ့တဲ့ အမျိုးသမီးကိုပြောလိုက်… ငါ နှစ်ရက်ပဲ တောင့်ခံနိုင်တော့မယ်လို့” အလုံးလေး နှာမှုတ်လေသည် “သူမ နှစ်ရက် အတွင်း ကောင်းကင်ပိုက်ကွန်ကိုမဖျက်နိုင်ဘူးဆိုရင် ငါ့ကိုထပ်ပြီးအပြစ်မတင် နဲ့တော့”

မည်သို့ပင်ဖြစ်စေ ဝိညာဉ်သားရဲများထွက်လာချိန်တွင် သူတို့ မထိရဲပေ။

အားလုံး၏ စိတ်လှုပ်ရှားမှုများ ရုတ်တရက် ငြိမ်ကျသွားသည်။ နှစ်ရက် ဆိုသောအချိန်သည် မရှည်လှသာ်လည်း မျှော်လင့်ချက်ရှိသေးသည်။

ဖန်ကျိသည် နီအန်းယိတို့ကို ဆက်သွယ်ပြီး အောက်မှအခြေအနေကို ရှင်းပြလေသည်။

နီအန်းယိသည် စိုးရိမ်နေသည်။ သူသည် ရှီမာယူယူကို မတိုက်တွန်းနိုင် သဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်နေသလိုခံစားရလေသည်။

ရှီမာယူယူသည် ထိုအကြောင်းကိုကြားသည်။ အချိန်သည်လူကို မစောင့်ဆိုသည်ကိုသိသည်။ သို့သော် ကောင်းကင်ပိုက်ကွန်သည် ပူးပေါင်းရန် ဆန္ဒမရှိကာ သူမအားငြင်းဆန်နေသည့် နွားရိုင်းနှင့်တူလေသည်။

သူမ အောက်မှအခြေအနေကိုကြားသောအခါ ဒေါသလည်းထွက်လာ သည်။ သူမသည် အံ့ဖွယ်အာရုံကိုထုတ်ပြီး ဝိညာဉ်လောကကို ကျုံ့လိုက် သည်။ သူမသည် ကောင်းကင်ပိုက်ကွန်ကို ဖိနှိပ်လိုက်သည်။

“မင်းကို ဘယ်သူပဲလုပ်ခဲ့လုပ်ခဲ့ ဒါမှမဟုတ် မင်းမှာ ကောင်းကင်နဲ့ မြေကြီးစွမ်းအားပဲရှိရှိ ဒီနေ့ငါ့အတွက် မဖွင့်ပေးရင်တော့ မင်းကို ပြာဖြစ်အောင် လုပ်ပစ်မယ်”

***

All Chapters