ဘီလူးရုပ်တု
Vol. 12 Ch. 223
ကျန်းယွင်ရောင်၏ အသံကိုကြားလိုက်သော နှာခေါင်းရှည်လူနှင့် နောက်လိုက်နောက်ပါများ၏ အာရုံမှာ သူမထံသို့ ရောက်ရှိသွားသည်။
“ဘယ်သူများလဲလို့၊ မစိုးရိမ်ပါနဲ့ မင်းကိုဒီအတိုင်းတော့ မသတ်ပါဘူး။ နှမြောစရာကြီး”
နှာခေါင်းရှည်လူသည် မနှစ်မြို့ဖွယ်အသံနှင့် ရယ်မောလိုက်ပြီး ကျန်းယွင်ရောင်ကို ခေါင်းအစခြေ အဆုံး စစ်ဆေးကြည့်ရှုလိုက်သည်။ ကျန်းယွင်ရောင်မှာ အမျက်ထွက်သွားသော်လည်း စိတ်ကို ထိန်းချုပ်လျက် တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သည်။
“ငါတို့ဘိုးဘေး နင်တို့ကို လက်စားချေမှာကို မကြောက်ဘူးလား”
နှာခေါင်းရှည်လူသည် ကျန်းယွင်ရောင့်စကားကို ပြက်လုံးတစ်ခုကြားလိုက်ရသည့်ပမာ လှောင်ပြောင်ရယ်မောလိုက်ပြီး
“မင်းတို့ဘိုးဘေးဆိုတဲ့ကောင်တွေ လာပါစေဦး။ ငါတို့လည်း ဒုက္ခခံပြီး လိုက်ရှာစရာ မလိုတော့ဘူးပေါ့”
ထို့နောက် နှာခေါင်းရှည်လူသည် ကျန်းယွင်ရောင်နှင့် အချိန်ကုန်ခံ စကားမပြောလိုတော့ဘဲ သူ့တပည့်များကို သွေးစတေးခြင်းအစီအရင် စတင်ရန် အမိန့်ပေးလိုက်သည်။ သို့သော် သူအမိန့်ပေး လိုက်သည့်တိုင် သူ့အနောက်ရှိ တပည့်များသည် တုတ်တုတ်မျှမလှုပ်ပါ။ နှာခေါင်းရှည်လူသည် မျက်မှောင်ကြုတ်သွားပြီး အနောက်ကို လှည့်ကြည့်မိသည်။ နှလုံးသွေးရပ်သွားမတတ် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတော့သည်။ ဝတ်ရုံနက်တပည့်များ၏ မိစ္ဆာအော်ရာများသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး မြေပေါ်သို့ တဖြုတ်ဖြုတ် ကြွေကျလျက်ရှိသည်။ အလောင်းများ မြေပြင်နှင့် ရိုက်ခတ်မိသောအခါ အရိုးနှင့်အသွေးပုံများအဖြစ် ပြောင်းလဲသွားကြသည်။
ထို့နောက်တွင် နှာခေါင်းရှည်လူ၏ ရှေ့မှောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရုတ်တရက် ပေါ်လာတော့သည်။ ကျန်းချန်ရွှမ်တို့ကို မြင်လျှင် ကျန်းယွင်ရောင်၏ မျက်နှာအရောင်လက်သွားသည်။
“ဘိုးဘေးတို့”
နှာခေါင်းရှည်လူ၏ မျက်နှာမှာတော့ ချက်ချင်းပင် ပျက်ယွင်းသွားသည်။
“ကျီဖုအဆင့်ပဲ”
ကျန်းချန်ရွှမ်က ကျန်းယွင်ရောင်အား ခေါင်းညိတ်ပြလိုက်ပြီးနောက် နှာခေါင်းရှည်လူကို စိုက်ကြည့်လိုက်သည်။
“မြစ်ဈေးကို တိုက်သွားတာ မင်းတို့လက်ချက်ထင်တယ်။ မင်းတို့ကို ဒီအတိုင်းတော့ ပြန်ခွင့်မ ပေးနိုင်တော့ဘူး”
ထို့နောက် ကျန်းချန်ရွှမ်သည် လက်ကို မြှောက်လိုက်ရာ ဓမ္မစွမ်းအင်ဖြင့် ဖန်တီးထားသော လက် ကြီးတစ်စုံ ပေါ်လာပြီး နှာခေါင်းရှည်လူကို အပေါ်စီးမှနေ၍ ရိုက်ချလိုက်သည်။ နှာခေါင်းရှည်လူလည်း ကြောက်လန့်တကြားဖြင့် ငယ်သံပါအောင် ဟစ်အော်လိုက်သည်။
“ကယ်ပါဦး အကြီးအကဲ”
အနက်ရောင်ထီးတစ်လက်သည် ကျန်းချန်ရွှမ်၏ စွမ်းအင်လက်နှင့် နှာခေါင်းရှည်လူတို့အကြားကို လျင်မြန်စွာ ပျံသန်းလာသည်။ အဆိုပါထီးထံမှ မိစ္ဆာတိမ်တောင်များ ထုတ်လွှတ်လျက်ရှိသည်။ ဓမ္မစွမ်းအင်လက်နှင့် အနက်ရောင်ထီးသို့ ထိတွေ့မိသောအခါ အနက်ရောင်တိမ်များသည် နေရောင်နှင့် ထိတွေ့မိသော နှင်းခဲပမာ အရည်ပျော်ကုန်ကြသည်။ ဓမ္မစွမ်းအင်လက်ကြီး နှာခေါင်း ရှည်လူကို ထိတွေ့တော့မည့်ဆဲဆဲတွင် ဘေးတစ်ဖက်ရှိ ဗလာနယ်ထဲမှ သွေးနီရောင် အလံတစ် စင်းထွက်လာပြန်သည်။ ထိုအလံသည် သွေးနီရောင် မီးကြာပွင့်များဖြင့် ကျန်းချန်ရွှမ်၏ စွမ်းအင်လက်ကြီးကို အဆက်မပြတ် ပစ်ခတ်လိုက်သည်။ ထိုအခါ လက်ကြီးကို ဖွဲ့စည်းထားသည့် ဓမ္မစွမ်းအင်များ တိုက်စားခံရပြီး လက်ကြီးမှာ အရွယ်အစားကျုံ့သွားရသည်။ ထိုအခါကျမှ နှာခေါင်း ရှည်လူသည် သက်ပြင်းကိုချဝံ့သည်။ အလံထွက်ပေါ်လာသော အရပ်မျက်နှာကို ဦးညွတ်လျက် ဂါရဝပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲချီဟို”
သူ့စကားဆုံးလျှင် အနီနှင့်အနက် ရောစပ်ထားသည့် ဝတ်ရုံကို ဆင်မြန်းထားသည့် အဘိုးကြီးတစ်ဦး ဗလာနယ်ထဲမှ ထွက်လာသည်ကို တွေ့ရသည်။ ထိုအဘိုးကြီး၏ မျက်လုံးများသည် သွေးပမာ ရဲရဲနီလျက်ရှိသည်။ ချီဟိုဆိုသူ အဘိုးကြီးသည် နှာခေါင်းရှည်လူ၏ ဂါရဝကို အသိအမှတ်ပြုဟန် နှင့် ခေါင်းညိတ်ပြလိုက်သည်။
“မင်းမဆိုးပါဘူး”
ထို့နောက် အဘိုးကြီးသည် ကျန်းချန်ရွှမ်တို့စုံတွဲကို အကဲခတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။
“ကျီဖုအဆင့်တွေပါလား။ ငါတို့ဂိုဏ်းမှာ ကြက်သွေးနီကြာပွင့် ရုပ်တုနှစ်ခု လိုနေတာနဲ့ အတော်ပဲ၊ မင်းတို့နှစ်ကောင်ကို ရုပ်တုပြောင်းပြီး ကောင်းကောင်းခိုင်းရမယ်”
ထို့နောက် အဘိုးကြီးသည် လက်ဝါးကို ထောင်လိုက်ရာ ကောင်းကင်ထက်တွင် သွေးပိုက်ကွန်ကြီး တစ်ခု ဖြစ်ထွန်းလာပြီး မြေပြင်ထက်ရှိ ဈေးတစ်ခုလုံးကို အထက်စီးမှ အုပ်မိုးလိုက်သည်။ ထိုကွန် ရက်ကြီးသည် ကျန်းချန်ရွှမ်တို့ရှိနေသည့် မေပယ်ရွက်ဈေးကို ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်လိုက်သည့်ပမာ ရှိနေသည်။ ထိုခဏတွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကျန်းယွင်ရောင်တို့မှာ ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်ချီဓာတ်များကို စုပ်ယူနိုင်စွမ်း မရှိတော့ကြောင်း သိလိုက်ရ သည်။ တစ်ချိန်တည်းတွင် သူတို့အားလုံး၏ ကိုယ်တွင်းရှိသွေးများသည်လည်း ဆူပွက်လာပြီး ကောင်းကင်ထက်ရှိ သွေးပိုက်ကွန်ရှိရာသို့ ဦးတည်စီးဆင်းလိုသည့် လက္ခဏာများ ပြလာသည်။
ကျန်းယွင်ရောင်တို့သည် ခန္ဓာကိုယ်ထဲတွင် ခွန်အားအနည်းငယ်မျှသာ ကျန်တော့သည်ကို တုန် လှုပ်ဖွယ် တွေ့မြင်လိုက်ရသည်။
“ဘယ်လို…ဖြစ်တာလဲ”
ရန်သူအဘိုးကြီး၏ ကျင့်ကြံမှုအဆင့်မှာ အလွန်မြင့်မားဟန်တူသည်။ သူမတို့အားလုံးအနေနှင့် အဆိုပါရန်သူမျိုးကို ကျိန်းသေရင်ဆိုင်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း ရိပ်စားမိလိုက်ကြသည်။ ထို့ ကြောင့် ကျန်းယွင်ရောင်နှင့် ကျန်းမိသားစုဝင် ဂိုဏ်းတပည့်များအားလုံး ကျန်းချန်ရွှမ်နှင့် ရှန်းရူ ယန်တို့ကို အားကိုးတကြီး ကြည့်မိလိုက်ကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အနည်း ငယ်အံ့အားသင့်သွားသယောင် ရှိသော်လည်း တုန်လှုပ်ခြင်းရှိပုံမပေါ်ပါ။ ကျန်းချန်ရွှမ်သည် အဘိုး ကြီးအား ရှုတည်တည်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ခင်ဗျားက ဒီလက်နက်ကို အရမ်းအားကိုးနေပုံပဲ။ ခင်ဗျားထင်သလို ဖြစ်လာမှာမဟုတ်ဘူး”
စကားဆုံးလျှင် သူ့လက်ထဲတွင် ကြက်သွေးရောင် ဘူးသီးခြောက်တစ်လုံး ရောက်ရှိလာသည်။
***