← Chapters

ဘီလူးရုပ်တု (၂)

Vol. 12 Ch. 224

ဘီလူးရုပ်တု (၂)

Vol. 12 Ch. 224

ဘူးသီးခြောက်အတွင်းမှ အနီရောင်မီးလျှံများ တရဟော စီးထွက်လာကာ လေထုထဲတွင် အမျိုး မျိုးသော အသွင်ပုံစံများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ မီးလျှံငှက်၊ မီးလျှံမြွေနှင့် ကြက်သွေးနီ ရောင်ကျီးကန်း အစရှိသည့် သတ္တဝါများပုံစံ ပြောင်းသွားကာ အုပ်မိုးထားသည့် သွေးနီရောင် ပိုက် ကွန်ကို အဆက်မပြတ် ထိုးဖောက်လိုက်ကြသည်။ ပိုက်ကွန်ကြီးမှာ လက်ဖြင့်ဆွဲလှုပ်သလို ယိမ်း ခါစပြုလာသည်။ တစ်ချိန်တည်းတွင် ရှန်းရူယန်သည် အစိမ်းရောင်အလင်းများ ကွန့်မြူးနေသည့် တံဆိပ်တော်ကို ပစ်လွှတ်လိုက်သည်။ တံဆိပ်အတွင်းမှ နတ်ဘုရားလျှပ်စီးများက သစ်သားဓာတ် ချီများနှင့် အားဖြည့်ပေါင်းစပ်ကာ ပိုက်ကွန်မျက်နှာပြင်ကို ထိုးနှက်လိုက်သည်။ လျှပ်စီးကြောင်း များ၏ ပြင်းအားကြောင့် သွေးနီရောင်ပိုက်ကွန်သည် ယိမ်းယိုင်သည့်အဆင့်မှ သွက်သွက်ခါ လှုပ် ရှားသည့်အဖြစ်သို့ ဆိုက်ရောက်သွားရသည်။

လျှပ်စီးကြောင်းများ၏ တိုက်ခိုက်မှုကြောင့် ပိုက်ကွန်ကို ဖွဲ့စည်းထားသည့် သွေးမျှင်များသည် မြူ ခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။ ထိုအခါ အဘိုးကြီးချီဟိုသည် မျက်နှာထားပြောင်းသွား တော့သည်။ ထိုစုံတွဲသည် သူ၏ သွေးစတေးခြင်း အစီအရင်ကို ခံနိုင်စွမ်းရှိရုံမက တိုက်စွမ်းရည်မှာလည်း အထူးမြင့်မားပုံရသည်ဟု သူတွေးမိသည်။ ထို့ပြင် ရှန်းရူယန်၏ လျှပ်စီးဓာတ်အခြေခံ သည့် တိုက်ခိုက်မှုများသည် သူ့လို မိစ္ဆာကျင့်ကြံသူများအတွက် အားနည်းချက်တစ်ခုလို ဖြစ်နေ သည့်အတွက် တိုက်ပွဲကို အမြန်ဖြတ်ရန် ကြိုးစားလိုက်သည်။ ချီဟိုသည် သွေးနီရောင်အလံကို ဆင့်ခေါ်လိုက်ပြန်သည်။ အလံမှ မီးလျှံကြာပွင့်များ တရစပ်ပစ်ခတ်လျက် ကျန်းချန်ရွှမ်တို့နှစ်ဦး၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။

ထိုအချိန်တွင် အဘိုးကြီးချီဟိုသည် ဘေးတစ်ဖက်တစ်ချက်သို့ ဦးလှည့်ကြည့်လိုက်ပြီး

“ယို့လျန် မင်းဘယ်အချိန်ထိ ပုန်းနေမှာလဲ။ ရန်သူကို ဝင်တိုက်ပေးစမ်းပါ”

“ဟီးဟီးဟီး….”

အဘိုးကြီး၏ စကားဆုံးလျှင် ကောင်းကင်ယံတွင် မိန်းမတစ်ဦး၏ ရယ်သံတစ်ခု လွင့်ပျံလာသည်။ ချောမောတင့်တယ်သည့် အသွင်ရှိပြီး အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုး သမီးတစ်ဦးသည် သူတို့အားလုံး၏ မြင်ကွင်းရှေ့တွင် ရုတ်တရက်ပေါ်လာတော့သည်။ သူမထံမှ ထွက်ပေါ်လျက်ရှိသော အော်ရာများအရ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်မှာ ထင်ရှားပါ သည်။ ထိုမိန်းမ၏ လက်ထဲတွင်လည်း အနက်ရောင် အစီအရင်အလံတစ်ခုကို ကိုင်ဆောင်ထား လျက်ရှိသည်။ မရှေးမ‌နှောင်းပင် ထိုအလံကို လေထဲပစ်လွှတ်လိုက်ပြီး အော်ဟစ်လိုက်သည်။

“ထစမ်း”

ထိုအခါ ကျန်းချန်ရွှမ်တို့၏ တိုက်ခိုက်မှုကြောင့် ပြိုပျက်စပြုနေပြီဖြစ်သည့် ကောင်းကင်ပိုက်ကွန် သည် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာတော့သည်။ တစ်ချိန်တည်းတွင် ကွန်ရက်၏ အလယ်တည့်တည့်ရှိ သွေးမျှင်များသည် တစ္ဆေဦးခေါင်းအသွင်အဖြစ် စတင်ဖွဲ့စည်းလျက်ရှိသည်။ ထိုဦး ခေါင်းထံမှ ဆိုးယုတ်သည့် မကောင်းဆိုးဝါး အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ထိုအခါမှပင် အဘိုးကြီးချီဟိုမှာ သက်ပြင်းချနိုင်လိုက်သည်။ ထို့နောက် ယို့လျန်ဆိုသူ အမျိုးသမီးနှင့်အတူပူး ပေါင်းပြီး မန္တန်တချို့ကို စီရင်ထုတ်ဖော်လိုက်သည်။ တစ္ဆေဦးခေါင်းကြီးသည် အရိပ်အသွင်အဖြစ်မှ ပကတိအစိုင်အခဲအဖြစ်ကို လျင်မြန်စွာ ကူးပြောင်းလျက်ရှိသည်။

သို့သော် တစ်စုံတစ်ရာမတုန့်ပြန်နိုင်မှာပင် တစ္ဆေဦးခေါင်းသည် ရုတ်တရက်လက်သွားပြီး ပေ ၃၀ ကျော်မြင့်၍ သံမဏိခက်ရင်းခွတစ်ခုကို ကိုင်ဆောင်ထားသည့် ရုပ်တုကြီးတစ်ခု ရုတ်တရက် ပေါ်လာတော့သည်။

“ဘီလူးရုပ်တုပဲ”

ရှန်းရူယန်မှာ ထိုအရုပ်ကြီးကိုမြင်လျှင် မျက်စိမျက်နှာပျက်ကာ ရေရွတ်လိုက်မိသည်။ ထိုအခါ ချီ ဟိုနှင့် ယို့လျန်တို့သည် အနည်းငယ်အံ့အားသင့်သွားပြီး

“မင်းက ဒီအရုပ်နာမည်ကို ကြားဖူးပုံပဲ။ ဒါဆို ဒီရုပ်တု ဘယ်လောက် အစွမ်းထက်လဲဆိုတာကို လည်း သိမှာပေါ့။ အသာတကြည် အညံ့ခံလိုက်ရင်ကောင်းမယ်”

ကျန်းချန်ရွှမ်က ရှန်းရူယန်ကို နားမလည်နိုင်ဟန်နှင့် ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

“ရူယန် ဒီအရုပ်က ဘာကြီးလဲ”

ရှန်းရူယန်သည် စိတ်အာရုံကို တည်ငြိမ်အောင် ပြန်လည်စုစည်းလိုက်ပြီး အသံတိုးတိုးဖြင့် ရှင်းပြသည်။

“ဒီအရုပ်က ကျီဖုအဆင့်ကျင့်ကြံသူတွေကို စတေးပြီး သေမျိုးလူသား သန်းဂဏန်းရဲ့သွေးကိုပါ ပေါင်းထည့်စီရင်ထားတဲ့ နတ်ဆိုးရုပ်တုပဲ။ စီရင်တဲ့လုပ်ငန်းစဉ်က အရမ်းရက်စက်လွန်းတယ်။ ရုပ်တုရဲ့ ခံနိုင်ရည်အကန့်အသတ်ထက် ကျော်လွန်တဲ့ အင်အားတစ်ရပ်နဲ့ မတိုက်နိုင်လျှင် ဘယ်လိုပဲ ကြိုးစားတိုက်ခိုက်ပါစေ၊ ရုပ်တုက ခြစ်ရာတောင် ထင်မှာမဟုတ်ဘူး”

“ဒီလိုလား”

ကျန်းချန်ရွှမ်က သဘောပေါက်သွားပြီး ပြဒါးနီမီးဓားကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ပေရာချီ ရှည်လျားသည့် ဓားချီတန်းကြီးအဖြစ် ပြောင်းလဲလိုက်ပြီး ရုပ်တုကြီးကို အားကုန်ခုတ်ပိုင်းလိုက် သည်။ ရုပ်တု၏ ခန္ဓာကိုယ်တွင် အရိုးထိစူးနစ်လောင်ကျွမ်းသည့် ဓားရာကြီးတစ်ခု ဖြစ်ပေါ်လာ သည်။ အဆိုပါဓားရာအတွင်းမှ မီးလျှံများ တလဟော စီးထွက်လာသည်။ သို့သော် ခဏချင်းတွင် မကောင်းဆိုးဝါးအော်ရာတစ်ခု ထွက်ပေါ်လာပြီး ရှဲခနဲအသံနှင့်အတူ ဒဏ်ရာကို စက္ကန့်ပိုင်းအတွင်း ပြန်လည်ကုစားလိုက်သည်။ မကြာမီ ရုပ်တုကြီးမှာ အကောင်းပကတိ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

“ရူယန်ပြောတာ တကယ်ပဲကို”

ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားတော့သည်။ ချီဟိုနှင့် ယို့လျန်တို့သည် ကျန်း ချန်ရွှမ်၏ တိုက်ခိုက်မှု အချည်းနှီးဖြစ်သွားသည်ကို ကြည့်ရင်း လှောင်ပြောင်ရယ်မောလိုက်သည်၊

“လုပ်မနေနဲ့။ မထူးဘူး။ မင်းတို့ကျင့်ကြံမှုအဆင့်နဲ့ ငါတို့ဂိုဏ်းရဲ့ အစောင့်ရုပ်တုကို ဘာမှလုပ်နိုင် မှာမဟုတ်ဘူး၊ အသာတကြည်အရှုံးပေးလိုက်။ မင်းတို့ကို အစောင့်ရုပ်တုအသစ်နှစ်ရုပ်အဖြစ် ပြောင်းပေးလိုက်မယ်”

စကားဆုံးလျှင် ချီဟိုနှင့် ယို့လျန်တို့သည် မျက်စပစ်လိုက်ပြီး ပြိုင်တူတိုက်ခိုက်လိုက်သည်။ ချီဟို၏ သွေးနီရောင်အစီအရင်အလံမှ မီးလျှံကြာပွင့်များစွာ ထုတ်လွှတ်ပြီး ကျန်းချန်ရွှမ်တို့နှစ်ဦးကို အဆက်မပြတ်ပစ်ခတ်လိုက်သည်။ ယို့လျန်က လက်ကိုဝှေ့ယမ်းလိုက်ရာ အနက်ရောင်ချီလှိုင်းများ ဖြစ်ပေါ်လာပြီး ပေဒါဇင်ပေါင်းများစွာ ရှည်လျားသည့် အနက်ရောင်စပါးအုံးမြွေကြီးအဖြစ် ပြောင်း လဲသွားပြီး ပါးစပ်ကြီးကို ဖွင့်ဟလျက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို အရှင်လတ်လတ် ဝါးမျို ပစ်ရန် ကောင်းကင်ထက်မှ သက်ဆင်းလာသည်။ တစ်ချိန်တည်းတွင် ရုပ်တုကြီးသည်လည်း စတင်လှုပ်ရှားလာပြီး ကြောက်မက်ဖွယ် ဟိန်းဟောက်လျက် နေရာမှ ရုတ်တရက် ပျောက်ကွယ် သွားသည်။ တစ်ခဏချင်းတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ နောက်နားတစ်နေရာတွင် နား ကွဲမတတ် စူးရှသည့် ဓားခုတ်ပိုင်းသံကြီးသည် လေထုကိုဖြတ်လျက် ထွက်ပေါ်လာသည်။

***

All Chapters