← Chapters

ဘီလူးရုပ်တု (၃)

Vol. 12 Ch. 225

ဘီလူးရုပ်တု (၃)

Vol. 12 Ch. 225

ကျန်းချန်ရွှမ်တို့နှစ်ဦး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ရုပ်တုကြီး၏ အမြန်နှုန်းမှာ သူတို့ထင် ထားသည်ထက် အဆများစွာ သာလွန်နေသည်။ ကျန်းချန်ရွှမ်သည် ရုပ်တုရှိရာသို့ အလျင်အမြန် မျက်နှာမူလိုက်ရသည်။ သူ့လက်ထဲရှိ အရပ်ခြောက်မျက်နှာစေတီသည် အရှိန်ဖြင့် လွင့်ထွက်သွား ပြီး ရုပ်တုကြီး၏ သံမဏိခက်ရင်းခွကို ပစ်ဆောင့်လိုက်သည်။ သတ္တုချင်းအဟုန်ပြင်းစွာ ထိခိုက်မိ သည့်အသံတစ်ခုထွက်လာပြီး ကောင်းကင်တွင် မီးလျှံလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ တစ်ချိန် တည်းတွင် ရှန်းရူယန်သည် ကြက်သွေးနီနဂါးစေတီကို ပစ်လွှတ်လိုက်ပြီး ချီဟိုနှင့် ယို့လျန်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံလိုက်သည်။ အနက်ရောင်စပါးအုံးမြွေကြီးသည် နဂါးစေတီကို ရုတ်တ ရက် ရစ်ပတ်လိုက်ပြီး စတင်ဝါးမျိုလိုက်သည်။

သို့သော် ကောင်းကင်အထက်တစ်နေရာမှ ရောင်စဉ်ငါးပါး အလင်းတန်းများနှင့်အတူ ဆန်းကြယ် သည့်အော်ရာအလင်းများ စုစည်းကျဆင်းလာပြီး မြွေကြီးနှင့် အစီအရင်အလံ နှစ်ခုလုံးသည် နာ ကျင်စွာ အော်ညည်းကုန်ကြသည်။ တစ်ဆက်တည်းတွင် ကောင်းကင်ထက်မှ သန်းပေါင်းများစွာ သော လျှပ်စီးကြောင်းများသည် ချီဟိုနှင့် ယို့လျန်တို့အပေါ် လျှပ်စီးပင်လယ်ကြီးပမာ လွှမ်းမိုးကျ ရောက်လာတော့သည်။

“ဘာလဲဟ”

ချီဟိုတို့နှစ်ဦးလုံး မှင်သက်သွားပြီး အကာအကွယ် ဓမ္မရတနာများကို ထုတ်ဖော်လိုက်ရသည်။ နောက်ဆုံးတွင် လျှပ်စီးကြောင်းများ အရှိန်လျော့သွားပြီး မှိန်ဖျော့ပျောက်ကွယ်သွားတော့သည်။ သို့သော် ချီဟိုနှင့် ယို့လျန်တို့၏ ကိုယ်ခန္ဓာများတွင် မည်းနက်နေသည့် လျှပ်စီးရာများ ထင်ကျန်ခဲ့ သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ဘီလူးရုပ်တုတို့သည် အနီးကပ်တိုက်ပွဲဆင်နွှဲလျက်ရှိသည်။ ကျန်းချန်ရွှမ်သည် ရွှေနက်တုတ်ကို ထိန်းချုပ်လျက် ရုပ်တုကြီးကိုင်ဆောင်ထားသည့် သံမဏိခက်ရင်းခွကို ချိုးဖျက်ရန်ကြိုးစားသည်။ သတ္တုချင်းထိခတ်မိသည့်အသံများကြောင့် ကျောက်တုံးများ ပင် အက်ကွဲကုန်သည်။ သူတို့နှစ်ဦးသည် ကောင်းကင်မှ မြေပြင်ထက်သို့ သက်ဆင်းလိုက်၊ မြေပြင်မှ ကောင်းကင်ထက်သို့ ဆန်တက်လိုက် စသဖြင့် အမျိုးမျိုးအဖုံဖုံ တိုက်ခိုက်နေကြတော့သည်၊ တိုက်ပွဲ၏အရှိန်ကြောင့် မြစ်ဈေးပတ်လည်ရှိ သစ်တောများသည် တစ်စစီကြေမွပျက်စီးကုန်ပြီး သစ်ပင်ကြီးများ လဲပြိုပေါက်ကွဲသံများ ညံစီနေတော့သည်။

ကျန်းချန်ရွှမ်နှင့် ရုပ်တုကြီးတို့ ရပ်နားခြင်းမရှိ ပြင်းထန်စွာ သည်းသည်းမည်းမည်း တိုက်ခိုက်နေ ကြသည်ကို ကြည့်ရင်း ချီဟိုနှင့် ယို့လျန်တို့ တုန်လှုပ်စပြုလာသည်။ ကျန်းချန်ရွှမ်သည် မည်သို့ သော ခန္ဓာကိုယ်မွမ်းမံခြင်းကျင့်စဉ်ကို ရရှိထား၍ ဘီလူးရုပ်တုနှင့် တန်းတူရင်ဆိုင်နိုင်စွမ်း ရှိရသနည်းဟု နှစ်ဦးသား တွေးမိသည်။ သီအိုရီအားဖြင့် ဘီလူးရုပ်တုသည် ကျီဖုအဆင့် ကျင့်ကြံသူများ နှင့် ရင်ဆိုင်တိုက်ခိုက်သည့်အခါ သက်လုံနှင့် စွမ်းအင်ကုန်ဆုံးမှုမရှိဘဲ မရပ်မနား တိုက်ခိုက်နိုင် စွမ်းရှိသည့်အပြင် ကျီဖုအဆင့် ကျင့်ကြံသူများအနေနှင့် ရုပ်တုကို တစ်စုံတစ်ရာ ထိခိုက်အောင် တိုက်ခိုက်နိုင်စွမ်းမရှိပါ။ ထို့အပြင် ဘီလူးရုပ်တုကြီးကို သွေးစတေးခြင်း အစီအရင်ပိုက်ကွန်က အကြားအလပ်မရှိ အားဖြည့်ပေးနေပါသေးသည်။ တစ်ချိန်တည်းတွင် ပိုက်ကွန်၏ အုပ်မိုးထားမှုကြောင့် ကျန်းချန်ရွှမ်အနေနှင့် ကောင်းကင်နှင့်မြေကြီးမှ ဝိညာဉ်ချီများကို ရယူနိုင်စွမ်းမရှိတော့၍ အလိုလို တပန်းနိမ့်နေပါသေးသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို အားလုံးမြင်လိုက်ကြရသည်။ ထို့နောက်တွင် မဟာနေမင်း တရားကျင့်စဉ်ကို အဆုံးစွန်ထိ မြှင့် တင်လိုက်သည်။ ကျန်းချန်ရွှမ်၏ အသိစိတ်ပင်လယ်တွင် ရွှေရောင်အလင်းတန်းများနှင့် တောက် ပနေသည့် နေတစ်စင်းထွက်ပေါ်လာသည်။ ကျန်းချန်ရွှမ်သည် သူ့ထံသို့ တဟုန်ထိုးပြေးဝင်လာနေသည့် ဘီလူးရုပ်တုကို စေ့စေ့ကြည့်ရင်း တည်ငြိမ်စွာဖြင့်

“ရှေးဦးဝိညာဉ်တိုက်ခိုက်မှုကို ဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲ ကြည့်ကြသေးတာပေါ့”

ထို့နောက် ကျန်းချန်ရွှမ်သည် လက်အစုံကို ဆန့်တန်းလိုက်ပြီး လေထဲတွင် လေးတစ်ခုကို ဆွဲယူ ပစ်လွှတ်တော့မည့်ဟန် ပြုလိုက်သည်။ လေလှိုင်းတစ်ခုသည် လေထုကို ဖြတ်သန်းလျက် လွင့်စင်သွားသည်။ ထိုအခါ ဘီလူးရုပ်တုကြီးအပြင် ချီဟိုနှင့် ယို့လျန်တို့၏ အသိစိတ်ပင်လယ်များတွင် အလျှံတငြီးငြီးတောက်လောင်နေသည့် ဧရာမမြားကြီးတစ်စင်း ချဉ်းနင်းဝင်ရောက်လာသည်ကို မြင်လိုက်ကြရသည်။ အဆိုပါမြားလက်နက်သည် မဟာနေမင်းကျင့်စဉ်မှ ရရှိခဲ့သည့် နည်းစနစ် တစ်ခုဖြစ်ပြီး နေမင်းလောင်ကျွမ်းခြင်းမြား ဟုအမည်ရသည်။

***

All Chapters