ကျောက်စိမ်းရေဓားစင်မြင့်သို့ နောက်တစ်ခေါက်
Vol. 12 Ch. 226
ဘီလူးရုပ်တုသည် အန္တရာယ်ကို ခံစားမိဟန်နှင့် တုန်လှုပ်စွာ ဟိန်းဟောက်လိုက်သည်။ ရုပ်တု၏ ရှေ့တည့်တည့်တွင် အနက်ရောင်မြူခိုးများ တစ်လွှာပြီးတစ်လွှာ ဖြစ်ပေါ်လာပြီး ခက်ရင်းခွကို မြှောက်လျက် ကျန်းချန်ရွှမ်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် မဟာ နေမင်းကျင့်စဉ်၏ ရှေးဦးစိတ်ဝိညာဉ် တိုက်ခိုက်မှုတစ်ရပ်ကို လွယ်လင့်တကူ ကာကွယ်ရန် မဖြစ် နိုင်ပါ။ အဆိုပါကျင့်စဉ်သည် ကျင့်ကြံခြင်းလောကရှိ ဝိညာဉ်မွမ်းမံခြင်း နည်းစနစ်များအနက် ထိပ်တန်းနည်းစနစ် တစ်ခုဖြစ်သည့်အပြင် ဆိုးယုတ်သည့် ဖြစ်တည်မှုအားလုံးကို နှိမ်နင်းနိုင်စွမ်းရှိ သည်။ ကျန်းချန်ရွှမ်သည် မြားကို ချိန်ရွယ်ပစ်လွှတ်လိုက်သည်။ မြားသည် အတားအဆီးမရှိ ပစ်မှတ်သို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
ရုပ်တုကြီးရှေ့တွင် ကာရံထားသော အနက်ရောင်မြူများသည် မြား၏ ရွှေရောင်အလင်းစက်ကွင်း များအောက်တွင် ဝါးမျိုခံလိုက်ရသလို သံမဏိခက်ရင်းခွသည်လည်း ကာကွယ်နိုင်စွမ်း အရည်အသွေးအားလုံးကို ဆုံးရှုံးလိုက်ရတော့သည်။ အလျှံတငြီးငြီး တောက်လောင်နေသော နေတစ်စင်း သည် ရုပ်တု၏ မျက်ခုံးနှစ်ဖက်အကြား အလယ်တည့်တည့်ကို ဝင်ရောက်သွားသည်။ ရုပ်တုကြီးသည် နာကျင်စွာ ညည်းညူလိုက်ပြီးနောက် မျက်လုံး၊ ပါးစပ်၊ နှာခေါင်း၊ နားရွက်နှင့် နဖူးကြားတို့ မှ ရွှေရောင်အလင်းတန်းများ တိုးထွက်လာသည်။ မကြာမီ ရုပ်တု၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေ ရောင်အလင်းများ ဖုံးအုပ်ဝါးမျိုသွားသည်။
ကျန်းချန်ရွှမ်သည် ထိုအခွင့်အရေးကို လက်လွှတ်မခံ ဘဲ ရွှေဗလာနယ်ဓားကို ဆင့်ခေါ်လိုက်သည်။
ခဏချင်းတွင် ရွှေဗလာနယ်ဓားသည် ရုပ်တုကြီးကို နှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။ ထို့နောက် ရွှေ ရောင်မီးလျှံများ ရုတ်တရက် ထတောက်ကာ ရုပ်တုကြီးကို ပြာဖြစ်သည့်အထိ လောင်ကျွမ်းလိုက် တော့သည်။ တိုက်ခိုက်မှုတစ်ရပ်သည် ရုပ်တု၏ ခံနိုင်ရည်အကန့်အသတ်ထက် ကျော်လွန်သွား သည်နှင့် အဆိုပါရုပ်တုသည် မိမိကိုယ်ကို ပြန်လည်ကုစားနိုင်ခြင်းမရှိတော့ပါ။ ထိုမြင်ကွင်းကို မြင်လိုက်ရသော ချီဟိုနှင့် ယို့လျန်တို့သည် မျက်စိမျက်နှာများ ပျက်ကုန်ကြသည်။ ထိုအချိန်တွင် အနီနှင့်အပြာ အရောင်များရှိသည့် လျှပ်စီးကြောင်းများသည် သူတို့နှစ်ဦးကို လျှပ်စီးပင်လယ်ကြီးပမာ လွှမ်းခြုံသွားသည်။ ရှန်းရူယန်၏ နတ်ဘုရားစွမ်းအားဖြစ်သည့် မီးနှင့်ရေ နတ်ဘုရားအလင်း ဖြစ်သည်။
တစ်ဆက်တည်းတွင် မိုးခြိမ်းသံပမာ ကျယ်လောင်သည့် ပေါက်ကွဲမှုများအောက်တွင် ချီဟိုတို့နှစ် ဦးလုံး နစ်မြုပ်သွားကြတော့သည်။ အနီနှင့်အပြာ လျှပ်စီးကြောင်းပင်လယ်၏ အလယ်တွင် သူတို့နှစ်ဦးလုံး၏ ကိုယ်ခန္ဓာများ တစ်စစီပြိုကွဲပျက်စီးသွားကြသည်။ ချီဟိုသေဆုံးပြီးနောက် ကျန်းချန်ရွှမ်သည် သွေးစတေးခြင်း အစီအရင်ပိုက်ကွန်ကြီးကို အပြီးတိုင်ဖျက်ဆီးလိုက်သည်။
“ပိုက်ထဲက ထွက်ပြေးဖို့ကြိုးစာနေတဲ့ ငါးတစ်ကောင်ကျန်သေးတာပဲ”
ကျန်းချန်ရွှမ်သည် အဝေးတစ်နေရာကို လှမ်းမျှော်ကြည့်ရင်း ရေရွတ်လိုက်သည်။ ထိုသူမှာ နှာခေါင်းရှည်လူပင်ဖြစ်သည်။ သူ့တစ်ကိုယ်လုံးတွင် သွေးမြူများ လွှမ်းအုပ်နေပြီး ရှိသမျှအားအင်ကို အကုန်ထုတ်ကာ ပျံသန်းနေသည်။ ချီဟိုနှင့် ယို့လျန်တို့သည် ထိုစုံတွဲကို အလွယ်ရှင်းပစ်နိုင်မည်ဟု သူတွေးထင်ခဲ့သော်လည်း ထင်ထားသည်နှင့် ပြောင်းပြန်ဖြစ်လာသောအခါ သွေးလွတ်မြောက် ခြင်းနည်းစနစ်ကို အသုံးပြု၍ အသက်လုထွက်ပြေးလာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် နှာ ခေါင်းရှည်လူတွင် သူ့တွင် ခြေနှစ်ဖက်သာပါခြင်းအတွက် မိမိကိုယ်ကို အပြစ်တင်ရမည့်ကိန်းဆိုက်နေသည်။ အသက်တစ်ရှိုက်စာအတွင်း ဆယ်ကီလိုမီတာကျော်အထိ ပျံသန်းပြီးနောက် သူ၏ ဝမ်းဗိုက်တွင် အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားမိ၍ ငုံ့ကြည့်မိလိုက်သည်။ ရွှေရောင်ဓားဖျားတစ်ခုသည် သူ့ဝမ်းဗိုက်သို့ စိုက်လျက်သားရှိသည်ကို တွေ့လိုက်ရတော့သည်။
“အား”
နှာခေါင်းရှည်လူ၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီး ပါးစပ်အတွင်းမှ သွေးများ တလဟော စီးထွက်လာသည်။ တစ်ခဏမျှအကြာတွင် အသက်ဓာတ်ကုန်ဆုံးသွားပြီး မြေပေါ်သို့ပြုတ်ကျသွား တော့သည်။ နှာခေါင်းရှည်လူကို သတ်ဖြတ်ပြီးနောက် ရွှေဗလာနယ်ဓားသည် သိုလှောင်အိတ်တစ် ခုကို သယ်ဆောင်လျက် ကျန်းချန်ရွှမ်လက်ထဲသို့ ပြန်လာသည်။ ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်း ရူယန်တို့သည် တစ်ဦးမျက်နှာတစ်ဦးကြည့်လိုက်မိသည်။ မကြာမီ မြစ်ဈေးသို့ ပြန်လည်ဆင်းသက် လိုက်သည်။ ကျန်းယွင်ရောင်နှင့် ကျန်းမိသားစုဝင် ဂိုဏ်းတပည့်များသည် ဝမ်းသာအားရ နှုတ်ဆက်လိုက်ကြသည်။ တိုက်ပွဲဖြစ်စဉ်စဆုံးကို သူတို့အားလုံး တွေ့မြင်ပြီးဖြစ်သည်။
“ကြိုဆိုပါတယ် ဘိုးဘေးတို့”
ရန်သူများသည် စနစ်တကျ တင်ကြိုပြင်ဆင်ထားခဲ့သော်လည်း နောက်ဆုံးတွင် ကျန်းချန်ရွှမ်တို့ စုံတွဲလက်ချက်ဖြင့် ချေမှုန်းခံလိုက်ရပေသည်။ ကျန်းချန်ရွှမ်သည် ကျန်းမိသားစုဝင်အားလုံးကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက်
“ဒဏ်ရာရထားကြသေးလား”
ထို့နောက် ကျန်းယွင်ရောင်ကို ဒဏ်ရာကုဆေးပြားများ ကမ်းပေးလိုက်ရင်း
“မင်းနာမည် ယွင်ရောင်မဟုတ်လား၊ ဒီဆေးပြားတွေကို ဒဏ်ရာရသူအားလုံးကို ဝေမျှပေးလိုက်ပါ၊ နောက်ပြီး သူတို့တွေ ကျန်းမိသားစုပိုင် အရောင်းဆိုင်တွေကနေ ပစ္စည်းဝယ်ရင် ၃၀ ရာခိုင်နှုန်း လျှော့ပေးလိုက်ပါ”
ကျန်းယွင်ရောင်သည် ကျန်းချန်ရွှမ်၏ အမိန့်ကို လေးစားမှုအပြည့်နှင့် ဦးညွတ်လိုက်သည်။ ကျန်း ချန်ရွှမ်လို အင်အားကြီး ကျင့်ကြံသူတစ်ဦးသည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ထည့်သွင်းစဉ်းစားပေးလိမ့်မည်ဟု ကျန်းယွင်ရောင် မထင်ထားခဲ့ပါ။ လျန်နိုင်ငံကျင့်ကြံခြင်းလောကတွင် အဆိုပါအဖြစ်မျိုးသည် ရှားပါးလှသည်။ ကျန်းယွင်ရောင်သည် နောက်သို့လှည့်ပြီး ကျယ် လောင်စွာ ကြေညာလိုက်သည်။
“ဒီမှာရှိနေတဲ့လူအားလုံး ကျန်းမိသားစုပိုင်ဆိုင်တွေက ပစ္စည်းဝယ်ရင် ၃၀ ရာခိုင်နှုန်း ဈေးလျှော့ ပေးမယ်ဟေ့”
***