← Chapters

ကြာပွင့်နီနတ်ဆိုးလိုဏ်ဂူ (၂)

Vol. 12 Ch. 229

ကြာပွင့်နီနတ်ဆိုးလိုဏ်ဂူ (၂)

Vol. 12 Ch. 229

ထိုပုံရိပ်နှစ်ခု မြေပြင်ထက်သို့ သက်ဆင်းလာသောအခါ အဆိုပါပုဂ္ဂိုလ်နှစ်ဦးသည် ကျောက်စိမ်း ရေဓားစင်မြင့်သခင်နှင့် ကိုယ်ပျောက်ဓားဟု လူသိများသည့် ကုယွဲ့ဖန်းတို့ဖြစ်နေသည်ကို တွေ့ လိုက်ရသည်။ ကျင့်ကြံသူအားလုံးသည် လက်သီးများဆုပ်လျက် ဂါရဝပြုလိုက်ကြသည်။

“ကြိုဆိုပါတယ် ရွှေအမြုတေအဆင့် စီနီယာတို့”

ကုယွဲ့ဖန်းက တစ်စုံတစ်ရာ မတုန့်ပြန်သော်လည်း စင်မြင့်သခင် ဟောင်တုန်းပိုင်က လက်ကိုဝှေ့ ယမ်းရင်း အချက်ပြလိုက်သည်။

“အားလုံးပဲ။ ကျုပ်တို့စင်မြင့်က ဘာကိစ္စနဲ့ ဒီကိုလာရောက်စုဝေးခိုင်းရလဲ သိပြီးကြပြီထင်ပါတယ်၊ ဟုတ်ပါတယ်၊ နတ်ဆိုးသားရဲကပ်ဘေး မလာခင် လျန်နိုင်ငံအတွင်းက မိစ္ဆာကျင့်ကြံသူအားလုံးကို အမြစ်ဖြုတ်သုတ်သင်ဖို့ပါပဲ။ ကျုပ်တို့အစီအမံကို အားလုံးသဘောတူရင် အခုပဲထွက်ခွာလိုက်ကြ ရအောင်”

ဟောင်တုန်းပိုင်၏ စကားဆုံးလျှင် သူတို့အားလုံး၏ ကောင်းကင်အထက် တစ်နေရာတွင် ရတနာ လှေများ အလျှိုလျှိုပေါ်လာကြသည်။ အဆိုပါလှေများသည် အဆင့် ၃ အမြင့်ဆုံးအဆင့်ရှိ တန်ဖိုး ကြီးယာဉ်များဖြစ်ပြီး လှေအုပ်၏ ထိပ်ဆုံးတွင် နေရာယူထားသည့် ရတနာလှေမှာ အဆင့် ၄ ဖြစ် သည်။ ဟောင်တုန်းပိုင်က အချက်ပြလိုက်သည်။

“အားလုံး လှေပေါ်တက်ကြပါ”

ဟောင်တုန်းပိုင်၏ အမိန့်ကို ဦးဆုံးလိုက်နာသူများမှာ ရတနာစင်မြင့်၏ ဂိုဏ်းတပည့်များဖြစ်ပြီး အလင်းတန်းအသွင်ပြောင်းကာ ကောင်းကင်ထက်တွင် ပျံဝဲနေသည့် ရတနာလှေများ အပေါ်သို့ အသီးသီးတက်ရောက်လိုက်ကြသည်။ ထိုအခါ ကျင့်ကြံသူအားလုံးလည်း နမူနာယူကာ ကောင်း ကင်ထက်ရှိ ရတနာလှေများပေါ်ကို ပျံသန်းတက်ရောက်လိုက်ကြသည်။ မကြာမီ ရှေ့ဆုံးရှိ အဆင့် ၄ ရတနာလှေသည် အလင်းတန်းအသွင်ပြောင်းပြီး တစ်ဟုန်ထိုး ပျံထွက်သွားသည်။ ကျန်သော လှေများသည်လည်း ရှေ့ဆင့်နောက်ဆင့် ထွက်ခွာလာကြသည်။ တစ်အောင့်မျှအကြာတွင် လွန် စွာကျယ်ပြောသည့် မြေပြန့်လွင်ပြင်တစ်ခုကို ရောက်ရှိလာကြသည်။ ထိုအရပ်ဒေသသည် လျန် နိုင်ငံ၏ လူသူခေါင်းပါးသော အစွန်အဖျားတစ်နေရာတွင် တည်ရှိသည်။

ကျန်းချန်ရွှမ်တို့နှင့်တကွ လှေပေါ်လိုက်ပါလာသော ကျင့်ကြံသူအားလုံးသည် အဆိုပါအရပ်ဒေသ တွင် အဘယ်အတွက်ကြောင့် ကျောက်ချရပ်နားလိုက်သည်ကို သိလိုနေကြသည်။ ကြာပွင့်နီဂိုဏ်း ခွဲ၏ အသိုက်တည်ရှိရာသည် သည်နေရာလောဟု သို့လောသို့လော တွေးမိကုန်သည်။ ထိုအချိန် တွင် ဆန့်ကျင်ဘက်အရပ်မှ ရတနာလှေများ ပျံသန်းလာသည်ကို မြင်လိုက်ကြရသည်။ ဦးဆောင်လာသောလှေသည် အဆင့် ၄ ရတနာလှေဖြစ်သည်။ အနီးရောက်လျှင် အဆိုပါလှေများတွင် လိုက်ပါလာကြသူများကို ကျန်းချန်ရွှမ်တို့အားလုံး ရိပ်မိလိုက်ကြသည်။

ကောင်းကင်ယွဲ့ဂိုဏ်းနှင့် လက်အောက်ခံ ကျင့်ကြံသူအင်အားစုများကို သယ်ဆောင်လာခြင်းဖြစ်သည်။

အဆိုပါရတနာလှေအုပ်ကြီးကို ဦးဆောင်လာသူမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ဖြစ်သည်။ ထိုနှစ်ဦးထံမှ ဟောင်တုန်းပိုင်နှင့် ကုယွဲ့ဖန်းတို့နှင့် အဆင့်တူသည့် ဝိညာဉ်ဖိအားတစ်ရပ်ကို လူအားလုံးခံစားမိလိုက်ကြသည်။ အဆိုပါနှစ်ဦးသည် ကောင်းကင်ယွဲ့ဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။ အမျိုးသားဖြစ်သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အမည်မှာ လီမင်ကောင်းဖြစ်သည်။ အမျိုးသမီးအမည်မှာ ဝမ်ရှုကျွန်းဖြစ်ပြီး အရောင်တောက်တောက် ဝတ်စုံကို ဆင်မြန်းထားသည်။ ထိုအမျိုးသမီး၏ အမူအရာမှာ တင့် တယ်ပြီး ကျက်သရေရှိသည့် အသွင်ကိုဆောင်နေသည်။ ဟောင်တုန်းပိုင်က ထိုနှစ်ဦးကိုမြင်လျှင် ဖော်ရွေစွာ ဆီးကြိုနှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်။ တာအိုမိတ်ဆွေလီနဲ့ နတ်သမီးဝမ်တို့။ ခင်ဗျားတို့နှစ်ယောက်က အရင်လိုပဲ လိုက်ဖက်ညီနေတုန်းပါပဲလား”

ထိုနှစ်ဦးကလည်း ဟောင်တုန်းပိုင်ကို ပြုံးရွှင်စွာနှင့် တုံ့ပြန်နှုတ်ဆက်လိုက်သည်။ လီမင်ကောင်း က သဘောကျစွာ ရယ်မောလိုက်ပြီး

“ဘယ်လိုလဲ တာအိုမိတ်ဆွေဟောင် ခင်ဗျားရဲ့ အော်ရာသိပ်သည်းမှုကို ထောက်ရင် ဒီနှစ်တွေအတွင်းမှာ ကျင့်ကြံမှုအဆင့် အတော်တိုးတက်လာပုံပဲ”

သုံးဦးသား လောကဝတ်အနည်းငယ် ပြောဆိုပြီးနောက်တွင် ဟောင်တုန်းပိုင်က

“ဒါနဲ့ တာအိုမိတ်ဆွေခွန်ရှုနဲ့ ဟိုင်ကျန့်တို့ ဘယ်တော့ရောက်မလဲဗျ”

ခွန်ရှုဆိုသည်မှာ ရှေးအထက်က ဖော်ပြခဲ့သည့်အတိုင်း လျန်နိုင်ငံတွင်နေထိုင်သည့် တစ်ကိုယ် တော်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်နှင့် နတ်ဘုရားအစီအမံများ တွင် အထူးကျွမ်းကျင်သူဖြစ်သည်။ ဟိုင်ကျန့်ဆိုသူမှာလည်း ရွှေအမြုတေအဆင့် တစ်ကိုယ်တော် ကျင့်ကြံသူဖြစ်ပြီး ထောင်ချောက်များနှင့် ဖမ်းချုပ်တားမြစ် အစီအရင်များတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည်။ လီမင်ကောင်းက ဟောင်တုန်းပို်င၏ မေးခွန်းကိုဖြေမည်အပြုတွင် ဒါဇင်နှင့်ချီ သော အလင်းတန်းများ အဝေးတစ်နေရာမှ ပျံသန်းလာကြသည်ကို တွေ့မြင်လိုက်ရသည်။ ဦးဆောင်လာသူနှစ်ဦးမှာ အားလုံးစောင့်မျှော်နေကြသည့် ခွန်ရှုနှင့် ဟိုင်ကျန့်တို့ပင်ဖြစ်သည်။

ခွန်ရှုသည် စာပေပညာရှင်တစ်ဦးပမာ ဆင်မြန်းထားပြီး တည်ငြိမ်ရင့်ကျက်သည့်အသွင်ကို ဆောင်နေသည်။ ဟိုင်ကျန့်မှာမူ တစ်ခေါင်းလုံးဖွေးဖွေးဖြူနေသည့် အဘိုးကြီးတစ်ဦးဖြစ်ပြီး ကျောတွင် အစီအရင်အလံနှစ်ခုကို ကြက်ခြေခတ်သယ်ပိုးထားသည်။ သူသည် သည်တစ်ခေါက်စစ်ဆင်ရေးတွင် အရေးပါသည့် အခန်းနေရာမှ ပါဝင်ရမည့်သူဖြစ်သည်။ ထိုနှစ်ဦးသည် ဟောင်တုန်းပိုင်တို့သုံးဦးနှင့် နှုတ်ဆက်စကား အနည်းငယ်ပြောဆိုပြီးနောက် ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်း ကင်ယွဲ့ဂိုဏ်းတို့ ဦးဆောင်လာသည့် ကျင့်ကြံသူအင်အားစုများကို အကဲခတ်လိုက်သည်။ ခွန်ရှုက

“အားလုံးပဲ။ ကျုပ်တို့သွားမဲ့ ကြာပွင့်နီဂိုဏ်းခွဲ အခြေချတဲ့ လှိုဏ်ဂူမှာ မိစ္ဆာချီတွေ အထူးပဲသိပ် သည်းများပြားတယ်။ ဒီနတ်ဆိုးချီတွေနဲ့ ကြာရှည်ထိတွေ့မိရင် သာမန်အဆင့် ကျင့်ကြံသူတွေရဲ့ စစ်မှန်မှုအဆီအနှစ်၊ ဓမ္မစွမ်းအင်တွေနဲ့ ကိုယ်ခန္ဓာကိုပါ ဆိုးကျိုးသက်ရောက်စေလိမ့်မယ်။ ဒီတော့ အခြေခံတည်ဆောက်ခြင်းအဆင့်အောက် ကျင့်ကြံသူတွေက လှိုဏ်ဂူအပြင်ဘက်မှာပဲ နေခဲ့ရလိမ့် မယ်၊ ဘယ်လိုသဘောရကြလဲ”

ခွန်ရှု၏စကားကို ဟောင်တုန်းပိုင်၊ လီမင်ကောင်းနှင့် ဟိုင်ကျန့်အပါအဝင် အားလုံး တညီတညွတ်တည်း သဘောတူလိုက်ကြသည်။ မကြာမီ ဟောင်တုန်းပိုင်တို့ ဦးဆောင်သည့် အင်အားစု၊ လီမင် ကောင်းနှင့် ဝမ်ရှုကျွန်းတို့ ဦးဆောင်သည့် ကောင်းကင်ယွဲ့ဂိုဏ်းအုပ်စု၊ ခွန်ရှုနှင့် ဟိုင်ကျန့်တို့ခေါ် ဆောင်လာသည့် နောက်လိုက်နောက်ပါများ ပါဝင်သည့်အစု စသည့်အင်အားစုသုံးခု ပေါင်းစည်းလျက် ကြာပွင့်နီဂိုဏ်းခွဲ၏ အသိုက်အမြုံရှိရာသို့ ဦးတည်ချီတက်လိုက်ကြသည်။ ရတနာလှေများ၏ အမြန်နှုန်းကြောင့် အချိန်တိုအတွင်းမှာပင် တောင်ကြားဒေသတစ်ခုကို ရောက်ရှိလာကြသည်။ ကျန်းချန်ရွှမ်နှင့်တကွ ကျင့်ကြံသူအားလုံးသည် ထိုအရပ်ဒေသကို နတ်ဘုရားအာရုံများဖြင့် ကိုယ် စီစစ်ဆေးလိုက်ကြသည်။ ဤအရပ်ဒေသသည် ပုံမှန်တောင်ကြားဒေသတစ်ခုကဲ့သို့ ထူးမခြားနား ရှိနေပြီး ဟွမ်ယောင်၊ ယို့ချန်းရှန်နှင့် အခြားကျီဖုအဆင့် ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံများ တွင် ထူးထူးခြားခြား မတွေ့ရှိရပါ။

သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ စိတ်ဝိညာဉ်မှာ ရှေးဦးဝိညာဉ်အဆင့်သို့ ချဉ်းနင်းဝင် ရောက်စပြုနေသည့်အတွက် သည်နေရာကို ရောက်လျှင်ရောက်ချင်းမှာပင် တစ်ခုခုမှားယွင်းနေ ကြောင်း ခံစားလိုက်ကြရသည်။ ထိုစဉ် ရှန်းရူယန်က ကျန်းချန်ရွှမ်ကို လျှို့ဝှက်အသံပို့စနစ်ဖြင့်

“ယောက်ျား၊ ဒီနေရာမှာ အဆင့် ၄ ဖုံးကွယ်အစီအရင်တစ်ခုရှိနေတယ်။ ဒီအစီအရင်ကို ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးတောင် သတိမထားရင် မျက်စိမှောက်နိုင်တယ်”

ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏ အသိပေးချက်ကြောင့် အနည်းငယ်အံ့အားသင့်မိပြီး ကောင်းကင် ဘုံအတွင်းစိတ်မျက်လုံးကို အသုံးပြုစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ ကျန်းချန်ရွှမ်၏ မျက်လုံးရှိ သူငယ်အိမ်တွင် ဝိညာဉ်အလင်းများ ကွန့်မြူးလာပြီး တောင်ကြားဒေသတစ်ခုလုံးကို စေ့စပ်စွာ စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုအခါ အစောပိုင်းက ပုံမှန်အတိုင်း ဖြစ်တည်နေသည်ဟု ယူဆခဲ့မိ သော နေရာများတွင် အားကောင်းသိပ်သည်းသည့် နတ်ဆိုးချီများ ပြည့်လျှံလျက်ရှိသည်ကို တွေ့လိုက်ရတော့သည်။ အထူးသဖြင့် သူတို့အားလုံးရှိနေရာအရပ်နှင့် မိုင်အနည်းငယ် ကွာဝေးသည့် အရပ်တွင် နတ်ဆိုးချီများ အားကောင်းမောင်းသန် ပြွတ်သိပ်တိုးတိုက်လျက်ရှိနေသည်။ ထိုအရပ် သည် ကြာပွင့်နီဂိုဏ်းခွဲနှင့် မိစ္ဆာကျင့်ကြံသူများ၏ အသိုက်ဖြစ်နိုင်ကြောင်း ကျန်းချန်ရွှမ်တွေးမိလိုက်သည်။

ထိုအခိုက်တွင် ခွန်ရှုသည် အစီအရင်ပြားအချို့ကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်သည်ကို တွေ့ရသည်။ တစ်ချိန်တည်းတွင် ဟိုင်ကျန့်သည်လည်း လက်သင်္ကေတအချို့ကို ပြုလုပ်လိုက်ရာ သူ၏ကျောတွင် သယ်ပိုးထားသည့် အစီအရင်အလံနှစ်ခုသည် အထက်သို့ ပျံတက်ပြီး ဧရာမအစီ အရင်အလံကြီးတစ်ခုအဖြစ် ပြောင်းလဲကာ တောင်ကြားဒေသတစ်ခုလုံးကို အုပ်မိုးလိုက်သည်။ အဆိုပါအလံ၏ မျက်နှာပြင်မှ မှော်သင်္ကေတများ ပျံထွက်လာပြီး ခွန်ရှုပစ်လွှတ်ထားသည့် အစီအရင်ပြားများနှင့်အတူ စက်ဝိုင်းပုံစက်ကွင်း အဖြစ်သို့ ပေါင်းစပ်ဖွဲ့တည်သွားသည်။ ထိုစက်ကွင်းမှ ဖားလောင်းပုံမှော်သင်္ကေတများ ထွက်ပေါ်လာကြပြီး နတ်ဆိုးချီများ ပြွတ်သိပ်နေသည့် အရပ်ဒေသကို ဦးတည်ပြေးဝင်သွားသည်။ ထိုအချိန်တွင် ဟိုင်ကျန့်က ရုတ်တရက် အော်လိုက်သည်။

“ချိုးဖျက်စမ်း”

ထိုအခိုက်တွင် ကြက်ခွပ်ပုံလှိုင်းများ ထွက်‌ပေါ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ အဆိုပါလှိုင်း များသည် ဆူနာမီလှိုင်းလုံးကြီးများပမာ အားကောင်းပြင်းထန်လာတော့သည်။ မကြာမီတွင် မှန်ကွဲသံကဲ့သို့သော အသံတစ်ခုကို ကြားလိုက်ရပြီးနောက် မူလက ပုံမှန်တောင်ကြားဒေသတစ်ခုဟု ထင်မြင်ရသော ပတ်ဝန်းကျင်အရပ်ဒေသတစ်ခုလုံးသည် အနက်ရောင်ချီများနှင့် တဟူးဟူးအော် မြည်နေသော လေပွေများ တိုက်ခတ်နေသည့် ကြောက်မက်တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲသွားတော့သည်။

***

All Chapters