နတ်ဆိုးချီ
Vol. 12 Ch. 230
ထိုမြင်ကွင်းကြောင့် လူအားလုံး တုန်လှုပ်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်မိကြသည်။ ဟောင်တုန်းပိုင်အပါအဝင် ရွှေအမြုတေအဆင့် ကျင့်ကြံသူခြောက်ဦးသည် ကောင်းကင်ထက်သို့ ပျံတက် လိုက်ကြသည်။ ဟောင်တုန်းပိုင်က ကျင့်ကြံသူအားလုံး ကြားနိုင်လောက်သည့် အသံဖြင့်
“အားလုံးပဲ။ ဒီနေရာက ကြာပွင့်နီဂိုဏ်းခွဲရဲ့ အသိုက်ဌာနချုပ်ပဲ။ လျန်နိုင်ငံထဲက မိစ္ဆာကျင့်ကြံသူ တွေလည်း ဒီမှာ ခိုအောင်းနေကြတယ်။ နတ်ဆိုးသားရဲကပ်ဘေး ကျရောက်မဲ့အချိန်မှာ ကျုပ်တို့တွေ ရန်မီးနှစ်ဖက်မညှပ်အောင် ဒီကောင်တွေကို အရင်ဆုံးရှင်းလင်းပစ်ကြစို့”
“ဟားဟားဟား”
ဟောင်တုန်းပိုင်၏ စကားဆုံးသည်နှင့် အသံနက်ကြီးဖြင့် အားပါးတရ ရယ်မောလိုက်သံကြီးကို လူအားလုံးကြားလိုက်ကြရသည်။
“ဟောင်တုန်းပိုင် မင်းက ဒီလူတွေကို စတေးပြီး ငါ့ရဲ့အင်အားကို အရင်ချွေမလို့မဟုတ်လား။ ကျန်တဲ့လူတွေကို ငါပြောမယ်။ မင်းတို့တွေအနေနဲ့ ရွှေအမြုတေဂိုဏ်းတွေကို ယုံမှတ်မိရင် မှားလိမ့်မယ်။ မင်းတို့နဲ့ မင်းတို့မျိုးနွယ်စု၊ မိသားစုတွေ သေကျေပျက်စီးကြရင် ဒီကောင်တွေက လုံးဝ အဖက်လုပ်မှာမဟုတ်ဘူးနော်”
အဆိုပါအသံရှင်၏ စကားလုံးများကြောင့် ဟောင်တုန်းပိုင်တို့ ဆင့်ခေါ်၍ လာရောက်ကြရသည့် ကျင့်ကြံသူအချို့မှာ တွေဝေလာကြသည်။ ထိုအခါ ဝမ်ရှုကျွန်းက နှာခေါင်းရှုံ့လိုက်ပြီး
“နင်က ငါတို့တပ်ဖွဲ့ဝင်တွေကို လွယ်လွယ်နဲ့ သွေးခွဲလို့ရမယ်ထင်လား။ အခုထွက်ခဲ့စမ်း”
ထို့နောက် ဝမ်ရှုကျွန်း၏ လက်ဝါးပြင်ထက်တွင် အပြာရောင်ရေခဲပန်းတစ်ပွင့် ပေါ်လာသည်။ ထို ပန်းပွင့်သည် ရုတ်တရက် မြန်ဆန်စွာ လည်ပတ်လာပြီးနောက် ကီလိုမီတာပေါင်းများစွာ အကျယ် ရှိသည့် ဧရိယာတစ်ခုလုံးကို အပြာရောင်အလင်းများ ဖုံးလွှမ်းသွားတော့သည်။ ကြာပွင့်နီလှိုဏ်ဂူ ၏ ရှေ့တစ်နေရာတွင် ခပ်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
“ဟားဟား၊ နတ်သမီးဝမ်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ ငါ့ကိုဖမ်းဖို့ဆိုရင်တော့ ဝေးသေးတယ်ကွယ်”
ထိုသူ၏ စကားဆုံးလျှင်ဆုံးချင်း တိုင်လုံးကြီးများကဲ့သို့ ထူထဲလေးပင်သည့် အပြာရောင်အလင်း တန်းကြီးများသည် လှိုဏ်ဂူအဝင်ဝကို အဆက်မပြတ် ကျရောက်လာတော့သည်။ ထိုအလင်းတိုင် ကြီးများ၏ ဖိအားကြောင့် ပတ်ဝန်းကျင်လေထုအတွင်းရှိ နတ်ဆိုးချီများသည် ရေခဲသလင်းပွင့်များအဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ဆက်တည်းတွင် ဖန်ခွက်ကွဲသည့်အသံနှင့် ဆင်တူသည့် အသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီးနောက် အပြာရောင်ရေခဲသလင်းကျောက်များ သည် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။
ထိုအခါတွင် ကျင့်ကြံသူအများစု၏ စိတ်အာရုံများမှာ တစ်ဖန်ပြန်လည် လန်းဆန်းလာကြသည်။ အစောပိုင်းက အသံပိုင်ရှင်၏ သွေးထိုးလှုံ့ဆော်သည့် စကားသံကို ကြားပြီး နောက်ပြန်လှည့်ရန် စိတ်ကူးမိသည့် ကျင့်ကြံသူများသည် နတ်ဆိုးချီများ ပျောက်ကွယ်သွားသည့်အခါ အဆိုပါအတွေးများပါ တစ်ပါတည်း ပျောက်ကွယ်သွားကြသည်။ အမှန်တွင် အသံပိုင်ရှင်၏ စကားလုံးများမှာ သွေးခွဲရန်တိုက်ပေးသည့် သဘောကို ဆောင်နေသည့်အပြင် အဆိုပါစကားလုံးများတွင် မိစ္ဆာဓမ္မစွမ်းအင်များလည်း ပါဝင်နေသောကြောင့် ကျင့်ကြံသူများ၏ မသိစိတ်တွင် ထိုစကားလုံးများကို လက်ခံယုံကြည်မိခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်တွင် ဟောင်တုန်းပိုင်သည် အသံကိုမြှင့်လျက်
“ကျင့်ကြံသူအားလုံးတို့၊ ဒီမလာခင် ခင်ဗျားတို့ကို ကျုပ်ပြောပြီးပါပြီ။ အခုတစ်ခါ ထပ်ပြီး ကတိပေးပါရစေ၊ ခင်ဗျားတို့ ဒီတိုက်ပွဲမှာ ကျဆုံးခဲ့ရင် ခင်ဗျားတို့ကိုယ်စားပြုတဲ့ မိသားစု၊ ဂိုဏ်းကို ကျုပ်တို့ဘက်က လုံလောက်တဲ့နစ်နာကြေးမျိုးပေးမှာပါ။ ပြီးတော့ တိုက်ပွဲပြီးရင် ရရှိလာမဲ့ အကျိုးအမြတ်ကိုလည်း စွမ်းဆောင်မှုအပေါ် မူတည်ပြီး တရားမျှတစွာ လက်ခံရရှိပါဦးမယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်”
ထိုနေရာအရောက်တွင် ဟောင်တုန်းပိုင်၏ လေသံမှာ အေးစက်သွားပြီး
“ခင်ဗျားတို့အနေနဲ့ အမိန့်မနာခံတာ၊ ထွက်ပြေးဖို့ကြိုးစားတာ၊ ဒါမှမဟုတ် ကျုပ်တို့ကို သစ္စာဖောက်တာတို့ ပြုလုပ်ခဲ့ရင်တော့ ခင်ဗျားတို့ကို ကျုပ်လက်နဲ့စီရင်ရလိမ့်မယ်။ ဒါတင်မကဘူး ခင် ဗျားတို့မိသားစုနဲ့ ဂိုဏ်းတွေပါ ဒဏ်ခတ်ခြင်းခံရလိမ့်မယ်။ ကျုပ်ပြောတဲ့စကားကို သေချာမှတ် ထားပေးပါ။ အမှားအယွင်း မလုပ်မိပါစေနဲ့”
ထို့နောက်တွင် ကနဦးကတည်းက ကြိုတင်စီစဉ်ထားသည့်အတိုင်း ကျင့်ကြံသူများသည် ကြက် သွေးရောင်နေမင်းဆေးပြားကို ထုတ်ယူသောက်သုံးကာ နတ်ဆိုးချီလှိုင်းများ၏ သက်ရောက်မှုကို ကာကွယ်လိုက်ကြသည်။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် အမိန့်နာခံရန်အလို့ငှာ နောက်တန်းတွင် ကျန်ရစ်ခဲ့ကြပြီး အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် အထက် ကျင့်ကြံသူများသည် ဟောင်တုန်းပိုင်တို့ခြောက်ဦး၏ ဦးဆောင်မှုအောက်တွင် ကြာပွင့်နီလှိုဏ်ဂူအတွင်းသို့ ချီတက်ဝင်ရောက်လိုက်ကြသည်။ အတွင်းသို့ဝင်ဝင်ချင်းတွင် နတ်ဆိုးချီလေပွေတစ်ခုက ဆီးကြို တိုက်ခိုက်သည်။ ဂူအတွင်းရှိ နတ်ဆိုးချီများသည် လမ်းမှန်ကျင့်ကြံသူများအတွက်တော့ အဆိပ်ပ မာဖြစ်ပြီး ဓမ္မစွမ်းအင်နှင့် ကိုယ်ခန္ဓာသာမက ဝိညာဉ်ကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။
အဆိုးဆုံးအခြေအနေတွင် အဆိုပါအနက်ရောင်ချီများသည် ကျင့်ကြံသူတစ်ဦး၏ အသိစိတ်ကိုပင် ပြုပြင်နိုင်ပြီး ထိုကျင့်ကြံသူကို အထိန်းအကွပ်လွတ်စေကာ အလွန်အကြူး သတ်ဖြတ်လိုသည့် ဆန္ဒများကိုဖြစ်ပေါ်စေနိုင်သည်။ သို့သော် ကျင့်ကြံသူအားလုံးသည် ကြက်သွေးရောင်နေမင်းဆေးပြားကို ကြိုတင်သောက်သုံးထား၍ အဆိုပါအန္တရာယ်ကို လတ်တလောတွင် ကာကွယ်ထားနိုင် သည်။ သို့သော် ထိုဆေးပြားတစ်ပြား၏ အာနိသင်ပြသည့်ကာလမှာ အကန့်အသတ်ရှိ၍ ကျင့်ကြံ သူအားလုံးသည် အဆိုပါဆေးပြားများကို ပုလင်းလိုက် ယူဆောင်လာကြသည်။ ဆေးအာနိသင် ပျက်ပြယ်တော့မည်ဟု ခံစားမိသည့်အချိန်၌ နောက်ထပ်ဆေးပြားတစ်ပြားကို ထပ်မံသောက်သုံးလိုက်ရန် လိုအပ်မည်ဖြစ်သည်။ ယခုလို ပတ်ဝန်းကျင်အခြေအနေမျိုးတွင် ကျန်းချန်ရွှမ်သည် လေထုထဲရှိ နတ်ဆိုးချီများသည် ဆေးပြားကြောင့်ဖြစ်တည်လာသည့် အကာအကွယ်ကို ထိုးဖောက်ကာ ကျင့်ကြံသူများ၏ စိတ်နှင့်ရုပ်ကို အဆိပ်သင့်စေရန် စဉ်ဆက်မပြတ် ကြိုးစားနေ ကြောင်း ကြည်လင်ပြတ်သားစွာ ခံစားမိလိုက်သည်။
***