← Chapters

အောင်မြင်စွာလူကယ်နိုင်သော်လည်း ဒဏ်ရာရခြင်း

Vol. 81 Ch. 1126

အောင်မြင်စွာလူကယ်နိုင်သော်လည်း ဒဏ်ရာရခြင်း

Vol. 81 Ch. 1126

ရှီမာယူယူသည် ကြက်သွေးရောင်မီးတောက်ကို ထုတ်လွှတ်လိုက် သည်။ သူ၏မီးတောက်ကိုသုံးပြီး ရွှေရောင်စာလုံးဆယ့်နှစ်လုံးနှင့် ပေါင်းစပ် လိုက်သည်။ မီးတောက်၏စွမ်းအားသည် လွန်ကဲစွာတိုးလာပြီး လေဟာပြင် သည် စတင်လောင်ကျွမ်းကာ လှိုင်းတွန့်များဖြစ်လေသည်။ ကောင်းကင် ပိုက်ကွန်သည် ထိုနေရာတွင် နှစ်ပေါင်းများစွာရှိခဲ့သည်။ ထိုပိုက်ကွန်သည် သူ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ကြီးထွားလာသဖြင့် ရှီမာယူယူနှင့် ရက်ပေါင်းများစွာ တိုက်ခိုက်လေသည်။

သို့သော် ထိုမီးတောက်နှင့်ရင်ဆိုင်မိချိန်တွင် ကြောက်ရွံ့မှုကိုခံစားရ ကာ ပိုကောင်းသောစွမ်းအားကို ထုတ်လွှတ်လေသည်။

သူ့နှလုံးသားမှာ ငိုကြွေးမိသည်။ သူက သေချာပေါက် ကောင်းကင်နဲ့ မြေကြီးရဲ့ ချစ်မြတ်နိုးရသူပဲ။ ဘယ်လိုလုပ် သူ့ထက်အားကောင်းတဲ့ဟာရှိရ တာလဲ။

ရှီမာယူယူသည် ကောင်းကင်ပိုက်ကွန်၏ စိတ်တွင်းမှ ဆန္ဒကိုမသိပေ။ သူမ သိသည်မှာ သူမ၏ရွှေရောင်စာလုံးများနှင့် ကြက်သွေးရောင်မီးတောက် ၏ မီးကို ဖိအားပေးကာ ပေါင်းစပ်ရန်သာဖြစ်သည်။ အခုချိန်တွင် သူမ ခန္ဓာကိုယ်သည် ကွဲအက်နေလေပြီ။ ဒီကောင်သာ မဝင်သေးရင် ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ သူမ မသိပေ။

သူမ အတွင်းပိုင်းအင်္ဂါများတွင် အက်ကြောင်းများပေါ်လာသည်။ အရိုး များသည် တစ်လက်မခြားစီလောက် အက်နေကာ အသားများသည်လည်း ကွဲကြောင်းများ စတင်ပေါ်လာသည်။

“လမ်းပေးမှာလား မပေးဘူးလား” သူမ အသံသည်နူးညံ့သော်လည်း ခိုင်မာနေသည်။ ကောင်းကင်ပိုက်ကွန်၏ နှလုံးသားနုနုလေးသည် မခံနိုင်ပေ။

ကောင်းပြီ… လမ်းဖယ်ပေးမယ်။ ဘာလို့အဲလောက်တောင် စိတ်ခက် ထန်နေတာလဲ။

ကောင်းကင်ပိုက်ကွန်သည် အပေါက်ငယ်တစ်ခုဖွင့်လိုက်သည်။ ရှီမာယူယူ၏ ဝိညာဉ်လောကသည် ချက်ချင်းပင်ဝင်ကာ တွင်းပေါက်တစ်ခုလုံး ကို ဝန်းကာလိုက်သည်။

ရှောင်ချီနှင့်တခြားသူများသည် ရှီမာယူယူကို ထိုပုံစံအတိုင်းမြင်ရ သောအခါ မျက်ရည်များကျလာကြသည်။ သို့သော် သူမကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် ကျယ်လောင်စွာမငိုကြပေ။

အသည်းကွဲတောင်ကြားမှလူများသည် ရှီမာယူယူ သွေးများဖြင့် ပေရေ နေသည်ကို မြင်သောအခါ တုန်လှုပ်ကြသည်။

သူတို့ တန်းတူဆက်ဆံတတ်တဲ့ လူတစ်ယောက်နဲ့ ဘယ်လိုလုပ် တွေ့မိ တာလဲ။

“တက်မယ်”

ရှီမာယူယူသည် ဝိညာဉ်လောကကို စုထားကာ အထဲမှလူအားလုံးကို ခေါ်ထုတ်လိုက်သည်။

“ဝူး…”

အလုံးလေးထွက်သွားသည်နှင့် သူမသည် ကျန်ရှိသည့်ကျောက်တုံး တစ်ဝက်ကိုပါ ယူလာလေသည်။ တည်ဆောက်မှုကျောက်တုံး ထွက်သွား သည်နှင့် ဂူအပြင်မှ အကန့်အသတ်သည် အလိုလိုပင် ပျောက်ကွယ်သွားကာ ဝိညာဉ်သားရဲများအားလုံး ထွက်လာကြသည်။

ကံကောင်းစွာပင် ကောင်းကင်ပိုက်ကွန်သည် အားကောင်းသဖြင့် ငွေရောင်အလင်းတန်း ဖြာကျလေသည်။ အနားကပ်လာသော ဝိညာဉ် သားရဲများသည် နောက်ပြန်ဆုတ်ကြလေသည်။

ဝိညာဉ်လောကထွက်သွားသည့်အခိုက်တွင် ကောင်းကင်ပိုက်ကွန် သည် ချက်ချင်းပင် ပိတ်သွားလေသည်။ အနောက်မှ ပျံလိုက်လာသော ဝိညာဉ်သားရဲများသည် တွင်းပေါက်မှ မထွက်နိုင်ကြပေ။

“ဖူး…”

ရှီမာယူယူသည် အသည်းကွဲတောင်ကြားမှလူများကို ခေါ်ထုတ် ပြီးနောက်တွင် ဝိညာဉ်လောကကို မထောက်ပံ့နိုင်တော့ပေ။ သူမ သွေးအန် ပြီးနောက် လဲကျသွားတော့သည်။

သူမ၏ ဝိညာဉ်လောကပြိုကွဲသွားသည်နှင့် အသည်းကွဲတောင်ကြားမှ လူများသည် တွင်းပေါက်ပေါ်တွင် ပေါ်လာသည်။ သူတို့ခေါင်းငုံ့ကြည့်ရာ တွင်းအောက်တွင် ဝိညာဉ်သားရဲအုပ်များကို မြင်ရလေသည်။ သူတို့သည် ကြောက်လန့်သွားသဖြင့် ဟန်ချက်ပျက်ကာ ကျလုနီးပါးပင်ဖြစ်သွားသည်။

“ယူယူ ယူယူ”

ရှောင်ချီနှင့် တခြားသူများသည် အမြန်ပြေးလာကြကာ မေ့လဲနေသော ရှီမာယူယူကို ပွေ့လိုက်ချင်သည်။ သို့သော် သွေးများဖုံးလွှမ်းနေသော သူမကို မြင်သောအခါ မထိရဲကြပေ။

ကြက်သွေးရောင်မီးတောက် မတတ်သာဘဲ ပေါ်လာရတော့သည်။ သူ သည် သူမဘေးတွင်ရပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

တစ်ဖက်မှ အော်သံများသည် ငေးငိုင်နေသာ လူများကို နိုးထစေသည်။ သူတို့ ကြည့်လိုက်ရာ အိမ်မက်လေးရင်ခွင်ထဲတွင် လဲနေသော သွေးဖုံးနေသော ရှီမာယူယူကိုမြင်ရလေသည်။ သူတို့အားလုံး ပျံသန်းလာကြ သည်။

သူမ၏ အဖြူရောင်စကတ်သည် သွေးများပေကျံနေသည်။ သူတို့ ရှေ့တွင် အနီရောင်အကွက်များပြည့်နှက်နေသည်။

“အစ်မကြီး”

“ခေါင်းဆောင်”

“ယူယူ”

ဘာဖြစ်သွားသည်ကို သူတို့မသိသော်လည်း ဘာကြောင့်ဖြစ်သည်ကို တော့ သူတို့သိကြသည်။ သူတို့အားလုံးကို ကယ်ရန်အတွက်ဖြစ်ခဲ့သည်လေ။

အခု သူတို့အားလုံးထွက်လာနိုင်ခဲ့ပြီ။ သူမကို သည်လိုပုံစံအတိုင်းမြင်ရ လိမ့်မည်ဟု ထင်မထားပေ။

“မြန်မြန် ယူယူ့ကို ကုသဆေးပေးလိုက်”

“မဟုတ်ဘူး သူမဒဏ်ရာကပြင်းတယ် ဆေးကအလုပ်ဖြစ်မယ်မထင်ဘူး” ရှောင်ချီ ကြေညာလေသည် “ရှောင်ချီ့ရဲ့ သွေးအဆီအနှစ်ကိုသုံးလိုက်”

ရှောင်ချီသည် လက်ချောင်းကိုကိုက်ဖောက်ကာ ရှီမာယူယူအား သွေးပေးရန်ဟန်ပြင်သည်။ သို့သော် ယူယူ၏ နှုတ်ခမ်းကိုမထိခင်တွင် သူမ၏ လက်သည်လေထဲတွင် ရပ်သွားရလေသည်။

ချင်ယိသည် ရှောင်ချီ၏ လက်ကိုဆုပ်ကိုင်ကာ သူမ၏ လက်ချောင်းကို သူ၏ ညာဘက်လက်ဖြင့် သုတ်ပေးလေသည်။ ဒဏ်ရာ ပျောက်သွားလေ သည်။

“ချင်ယိ” ရှောင်ချီသည် သူ့အားမျက်ရည်များဖြင့်ကြည့်လေသည်။

ချင်ယိသည် သူမ ပျာယာခတ်သွားသည်ကို မြင်သောအခါ သက်ပြင်းချ လိုက်သည် “ငါရှိနေတယ် ဘာမှမကြောက်နဲ့ မင်းကိုယ်မင်း မထိခိုက်စေနဲ့”

သူသည် လက်ကိုကိုက်ဖောက်ရာ ရွှေရောင်သွေးများ ကျလာသည်။ သူသည် ရှီမာယူယူ၏ နှုတ်ခမ်းကိုဟကာ ချပေးလိုက်သည်။

ချင်ယိ၏ သွေးသည် ဖြတ်လပ်မှုများဖြင့် ပြည့်နေသည်။ ကုသခြင်း အတွက် သူ၏ သွေးအဆီအနှစ်သည် ရှောင်ချီသွေးထက်ပင် ကောင်းလေ သည်။

ရှီမာယူယူ ဝါးမျိုရန်ပင်မလိုပေ။ သွေးအဆီအနှစ်သည် ဖြတ်လပ်မှုပါဝင် နေသည်။သွေးသည် သူမခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ကူးလူးကာ သူမ၏ သွေးကြောများတစ်လျှောက်ပြန့်သွားကာ ခန္ဓာကိုယ်ကို ပြန်ကောင်း လာစေသည်။

တစ်ချိန်တည်းမှာပင် သူမ၏ အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်သည်လည်း စတင် သက်သာလာကာ သူမ၏ ခန္ဓာကိုယ်သည် ဖြတ်လပ်မှုရောင်ဝါနှင့်အတူ ပြန်ကောင်းလာသည်။

သူမ အခြေအနေသည် ဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။

“အခုဘာတွေဖြစ်သွားတာလဲ ဘယ်လိုဖြစ်ပြီး သူမ ဒဏ်ရာဒီလောက် ပြင်းထန်ရတာလဲ” ရှီမန်ဖန် မေးလေသည်။

ရှောင်ချီနှင့် တခြားသူများသည် ရှင်းပြလိုသည့် စိတ်အခြေအနေ မဟုတ်ပေ။ ထို့ကြောင့် ပြီးခဲ့သည့်ရက်များတွင် ရှီမာယူယူလုပ်ခဲ့သည့်အရာ များကို နီအန်းယိကရှင်းပြလေသည်။

အကြောင်းစုံပြောပြီးနောက်တွင် သူ့မျက်လုံးများ နီရဲလာသည်။ တခြား သောကျန်တပည့်များကို အိမ်မက်လေးတို့က ကယ်ခဲ့သည်။

ရှီမာယူယူသည် သူတို့ကိုဂရုစိုက်သည်ကို ခံစားမိသော်လည်း သူမ ကိုယ်တိုင် မကြောက်မရွံ့လုပ်နေသည်ကို မြင်ရသောအခါ တုန်လှုပ်မိကြ သည်။

“တောင်ကြားဒုခေါင်းဆောင်…”

“ခေါင်းဆောင်”

ရှီမာယူယူသည် လက်ရှိတွင် မေ့မြောနေသည်။ ထို့ကြောင့် သူတို့အားလုံး၏ မျက်လုံးများ နီရဲနေသည်ကို သူမ မမြင်နိုင်ပေ။ သို့သော် သူတို့၏ ယုံကြည်ချက်သည် တိုးလာလေသည်။

“တောင်ကြားဒုခေါင်းဆောင်ကဘာလို့ စကတ်ဝတ်ထားတာလဲ”

နောက်ဆုံးတွင် တစ်ယောက်က သတိထားမိသွားလေသည်။

“ခေါင်းဆောင်က မိန်းကလေးပဲ အဲဒါကြောင့် စကတ်ဝတ်တာ ဘာမှမထူးဆန်းဘူး” ဒိုင်ယိ ပြန်ဖြေလေသည်။

“တောင်ကြားဒုခေါင်းဆောင်က မိန်းကလေးလား”

“မဖြစ်ရဘူးလား”

“ဘုရားရေ”

“….”

သူတို့ ဝန်မခံချင်သော်လည်း ရှီမာယူယူ၏ လက်ရှိပုံစံသည် အရာအားလုံးကို ရှင်းပြနေသည်။ ထိုတွေ့ရှိမှုသည် သူတို့ကို မှင်တက်စေ သည်။

မထင်မှတ်စွာပင်.. မထင်မှတ်စွာပင် သူတို့ကို သူမ နောက်လိုက်အောင် လုပ်ခဲ့သောလူသည် မိန်းကလေးဖြစ်နေသည်။

“သူမက မိန်းကလေးဖြစ်နေတ ဒါဆိုရင် သခင်လေးအစား သခင်မလေး လို့ပြောင်းခေါ်သင့်လား” ငှက်မျိုးနွယ်ဝင်ပြောလိုက်သည်။

“ဖြစ်နိုင်တယ်..အာ”

“သခင်မလေးက တကယ်အံ့သြလောက်စရာပဲ သူမက တကယ် ငါတို့ ဘုရင်ရဲ့ စာချုပ်သခင်ဖြစ်ထိုက်တယ်”

အတောင်ပံလေးခုဂဠုန်များသည် ကြက်သွေးရောင်မီးတောက်ကို မြင် သောအခါ မတတ်သာဘဲ ဒူးထောက်ရလေသည်။

ကြက်သွေးရောင်မီးတောက်သည် သူတို့ကို တစ်ချက်သာကြည့်လိုက် သည်။ အကြည့်တစ်ချက်နှင့်ပင် အရိုင်းမျိုးနွယ်ဖြစ်သော စာသိမ်းငှက်မျိုးနွယ် နှင့် ဗျိုင်းမျိုးနွယ်တို့ကို ဒူးထောက်စေသည်။

အံ့ဖွယ်ငှက်သခင်ကြီး… သူတို့ငှက်မျိုးနွယ်ရဲ့ ဘုရင်အစစ်အမှန်ပဲ။

ရှီမာယူယူသည် လောကအသေးတွင် ရွှမ်ရှင်းမန်ကို မွေးဖွားပေးစဉ်က အသည်းကွဲတောင်ကြားမှလူများကို မခေါ်သွားခဲ့ပေ။ ထို့ကြောင့် သူတို့သည် ကြက်သွေးရောင်မီးတောက်ကို မမြင်ဖူးကြပေ။ အခု ရုတ်တရက်ပေါ်လာ သဖြင့် သူ့ကိုကြောက်ကြလေသည်။

“ထတော့” ကြက်သွေးရောင်မီးတောက်သည် ညင်သာစွာပြောလိုက် သည်။ သူသည် သူတို့ကိုကျောခိုင်းကာ လှည့်သွားပြီး ရှီမာယူယူ၏ အခြေအနေကိုကြည့်လိုက်သည်။

စာသိမ်းငှက်နှင့် ဗျိုင်းမျိုးနွယ်များသည် အရင်ဆုံး ဒူးထောက်သည့် တောင်ပံလေးခုဂဠုန်များကို ပြန်တွေးမိသည်။ သူတို့သည် ကြက်သွေးရောင် မီးတောက်၏ သရုပ်မှန်ကိုမအံ့သြတော့ပေ။ သူတို့သည် ဘေးမှလူများကို ဆုပ်ကိုင်ကာ မေးလိုက်သည်။ “မင်းတို့ဘုရင်ကြီးပေါ်လာတာကို သိတယ်ပေါ့”

တောင်ပံလေးခုဂဠုန်အဖွဲ့ဝင်များသည် မျက်တောင်ခတ်ပြီး ဝန်ခံလေ သည်။

“ဘုရားရေ မင်းတို့သိပြီးသားလား”

“ငါတို့ကိုဘာလို့မပြောတာလဲ”

“ငါတို့ဘုရင်က မပြောစေချင်ဘူး အဲဒါကြောင့် မပြောတာ မဟုတ်ရင် ဘုရင်ကြီးဒေါသထွက်ပြီး ပြဿနာကြီးလိမ့်မယ်”

“သိပြီ ဝါး ဒီသတင်းနှစ်ခုကို ငါ အစာကြေအောင်လုပ်ရဦးမယ်”

“ငါရောပဲ”

ငှက်မျိုးနွယ်များ ပုံမှန်မဟုတ်နေသည်ကို အသည်းကွဲတောင်ကြားမှလူ များ သတိထားမိကြသည်။ သူတို့သည် သူမဘေးမှ ရှီမာယူယူ၏ စာချုပ်သားရဲ အကြောင်းကိုသိချင်မိကြသည်။

ငှက်မျိုးနွယ်များသည် ငှက်လေးကိုမြင်သည့်အချိန်ကဲ့သို့မဟုတ်သည် ကို သူတို့မြင်လိုက်ကြသည်။ ထိုအရာမှာ ထိုလူသည် ငှက်လေးထက်ပို အားကောင်းသည်ကို ပြနေသည်။

“အာ…”

ရှီမာယူယူသည် မျက်ခုံးများကိုပွတ်ကာ အော်လိုက်သည်။

***

All Chapters