← Chapters

မိစ္ဆာနှိမ်လက်သီး

Vol. 12 Ch. 232

မိစ္ဆာနှိမ်လက်သီး

Vol. 12 Ch. 232

ဒုန်း ဒုန်း ဒုန်း…

လေထုထဲတွင် မီးလျှံအစအနများ လွင့်စင်လာသည်။ မီးခိုးဝတ်ရုံလူ၏ နဂိုမူလက မချိုမချဉ်ဖြစ် နေသည့် မျက်နှာသည် ရုတ်တရက် အေးခဲသွားသည်။ ကျန်းချန်ရွှမ်ထုတ်ဖော်လိုက်သည့် ရွှေနက် တုတ်ချက်များ၏ ဖိအားမှာ ကြောက်ခမန်းလိလိ ပြင်းထန်နေ၍ဖြစ်သည်။ မီးခိုးရောင်ဝတ်ရုံလူ သည် ကျန်းချန်ရွှမ်ကို မယုံနိုင်စွာကြည့်ရင်း‌ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ထိုသူ၏ မျက်နှာတွင် တုန်လှုပ်ခြင်းအရိပ်အယောင်များ တစွန်းတစ ယှက်သန်းလာသည်။ ထို့ နောက်တွင် မီးခိုးဝတ်ရုံလူသည် ထူးဆန်းစွာဖြင့် ခေါင်းကို အဆက်မပြတ် ရိုက်နှက်လိုက်သည်။ ထိုသူ၏ ဦးခေါင်းထံမှ အနက်ရောင်အလင်းတန်းများ ဖြာထွက်လာပြီး ကျန်းချန်ရွှမ်ထံသို့ ဦးတည် ပြေးဝင်သွားသည်။

ထိုအလင်းတန်းများသည် မီးခိုးဝတ်ရုံလူ၏ အနိုင်ဝှက်ဖဲများအနက် တစ်ခုဖြစ်သည့် အဆင့် ၃ နတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး ဆိုးယုတ်တစ္ဆေ၏ မိစ္ဆာအလင်းတန်း ဟုအမည်ရသည်။ နတ်ဘု ရားစွမ်းအားများအနက် ဝိညာဉ်ကို ဦးတည်တိုက်ခိုက်သည့် ရှားရှားပါးပါး နည်းစနစ်တစ်ရပ်ဖြစ် သည်။ ထိုအလင်းတန်းထိမှန်ခံသူ၏ စိတ်အာရုံတွင် အထွေထွေသော ဆိုးယုတ်သည့် အတွေးအ ကြံများ ဖြစ်ပေါ်လာပါလိမ့်မည်။ အနိမ့်ဆုံးအခြေအနေတွင် အသိစိတ်သည် ယာယီအမှောင်ကျ သွားမည်ဖြစ်ကာ အဆိုးဆုံးအခြေအနေတွင်တော့ သားကောင်၏ စိတ်အာရုံမှာ အဆုံးစွန်အထိ ညစ်ထေးသွားပြီး ပုံမှန်လူတစ်ဦး၏ အသိစိတ် ထာဝရပျောက်ဆုံးသွားပါလိမ့်မည်။ သို့သော် ကျန်း ချန်ရွှမ်၏ မဟာနေမင်းတရားကျင့်စဉ်သည် ဝိညာဉ်ကို ဦးတည်တိုက်ခိုက်သည့် နတ်ဘုရားစွမ်း အားများနှင့် မန္တန်များကို အကာအကွယ်ပေးနိုင်စွမ်းရှိနေသည်။

ထို့ကြောင့် ကျန်းချန်ရွှမ်၏ ဝိညာဉ်နှင့် ရှေးဦးစိတ်ဝိညာဉ်တို့ကို ဦးတည်တိုက်ခိုက်မှုများသည် သူ့ အပေါ် သက်ရောက်မှုမရှိသလောက် နည်းပါးပါလိမ့်မည်။ ထိုမျှမကသေးပါ၊ ကျန်းချန်ရွှမ်၏ အသိ စိတ်ပင်လယ်အတွင်း၌ ရှေးဦးစိတ်ဝိညာဉ် ရတနာတစ်ပါးဖြစ်သည့် ကောင်းကင်ဘုံကျယ် နတ်ဘု ရားကျောက်စိမ်းလည်း တည်ရှိနေပါသေးသည်။ ထို့ကြောင့် မီးခိုးဝတ်ရုံလူ ပစ်လွှတ်လိုက်သည့် အနက်ရောင်အလင်းတန်းများသည် ဝိညာဉ်ကိုပစ်မှတ်ထားသည့် တိုက်ခိုက်မှုဖြစ်ကြောင်း သိရှိလိုက်သည်နှင့် ကျန်းချန်ရွှမ်သည် ရှောင်ရှားခြင်းမရှိဘဲ ထိုအလင်းတန်းများကို ကိုယ်ခန္ဓာအတွင်းကို ဝင်ရောက်ခွင့်ပြုလိုက်တော့သည်။ ထိုအခါ မီးခိုးဝတ်ရုံလူသည် ထခုန်မိမတတ် ပျော်ရွှင်သွားပြီး သူ၏ ဓမ္မစွမ်းအင်လည်ပတ်မှု အရှိန်ကို တိုးမြှင့်လိုက်ကာ တံစဉ်ပုံဓမ္မရတနာကို အားဖြည့်လိုက်သည်။

“သေပေတော့”

မီးခိုးဝတ်ရုံလူ၏ တုန်ယင်နေသည့် တံစဉ်ပုံဓမ္မရတနာသည် မီးခိုးရောင်အလင်းများ ပြိုးပြက်လာ ပြီး ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်တော့မည့်ဟန်နှင့် ပြေးဝင်သွားသည်။ သို့သော် ထို ခဏ၌ မီးခိုးဝတ်ရုံလူ၏ အထင်နှင့်အမြင်မှာ တက်တက်စင်လွဲသွားသည်။ ကျန်းချန်ရွှမ်၏ ရွှေနက်တုတ်မှ တန်ပြန်စေလွှတ်လိုက်သည့် ဖိအားတစ်ရပ်သည် တံစဉ်ပုံဓမ္မရတနာမှတဆင့် သူ့ထံသို့ တန်းတန်းမတ်မတ် ရောက်ရှိလာပြီး နောက်သို့ ခြေလှမ်းဆယ်လှမ်းအထိ ဆုတ်လိုက်ရသည်။ ယိုင်လဲမလိုဖြစ်သွားသော ကိုယ်အနေအထားကို ပြင်ဆင်ရန် အချိန်မရသေးခင်မှာပင် ပေတစ်ရာ ကျော်ရှည်လျားသည့် ဧရာမတုတ်ချက်ကြီးသည် သူ့ခေါင်းအပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြန်သည်။

မီးခိုးဝတ်ရုံလူသည် ကျန်းချန်ရွှမ်ကို အနက်ရောင်အလင်းတန်း ထိမှန်သွားသည်ကို သူကိုယ်တိုင် မျက်မြင်တွေ့လိုက်ပါသော်ငြား ကျန်းချန်ရွှမ်တစ်ယောက် တစ်စုံတစ်ရာ ထိခိုက်မှုမရှိသည်ကို နားမလည်နို်ငဖြစ်နေသည်။ သို့သော် စဉ်းစားချိန်ပင်မရလိုက်ပါ။ တုတ်ချက်ကို ကပျာကယာ ရှောင်တိမ်းလိုက်ရသည်။ ထိုခဏတွင် ဓားအလင်းတန်းတစ်ခုသည် သူ့မြင်ကွင်းရှေ့တွင် ရုတ်တ ရက်ပေါ်လာပြန်သည်။ မီးခိုးဝတ်ရုံလူလည်း အနက်ရောင်ဒိုင်းတစ်ခုကို အလျင်အမြန်ထုတ်ယူပြီး ကာကွယ်လိုက်ရသည်။ သို့ရာတွင် ဓားချက်၏ အဟုန်မှာ ပြင်းထန်လွန်းလှ၍ အနက်ရောင်ဒိုင်းမှာ အဝေးသို့ လွင့်ထွက်သွားရသည်။ ထိုခဏတွင် ဓားအလင်းတန်းသည် ရပ်မသွားဘဲ သူ့မျက်စိရှေ့ တွင်ပင် အဆင့် ၃ အလယ်အဆင့် ရွှေဗလာနယ်ဓားအဖြစ်ကို ကူးပြောင်းသွားပြီး သူ၏ အကာအ ကွယ် ဓမ္မစက်ဝန်းနှင့်တကွ ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာကိုပါ ဖောက်ထွင်းလျက် သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းတိတိ ဖြတ်တောက်လိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် ကျီဖုကနဦးအဆင့် ကျင့်ကြံသူနှစ်ဦး တုန်လှုပ်ခြောက်ခြားကာ သတိလွတ် သွားသည်။ ထိုအခွင့်အရေးကို ရှန်းရူယန်က အမိအရအသုံးချပြီး သူမ၏ ဒုတိယမြောက် မူလဓမ္မ ရတနာဖြစ်သည့် မိုးကြိုးဆင်းတံဆိပ်တော်ကို အသက်သွင်းကာ လျှပ်စီးကြောင်းများစွာကို ပစ် လွှတ်လိုက်သည်။ အငိုက်မိသွားသော မိစ္ဆာကျင့်ကြံသူနှစ်ဦးသည် ရှန်းရူယန်၏ တိုက်ခိုက်မှုကို ရှောင်နိုင်ခြင်းမရှိဘဲ တစ်စစီပေါက်ကွဲပျက်စီးသွားတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ တိုက်ပွဲမှာ အပြီးသတ်သွားသော်လည်း ဟွမ်းယောင်တို့၏ အခြေအနေမှာတော့ ဆိုးသထက်ဆိုး နေသည်။ ဆံပင်နီကျင့်ကြံသူ၏ တိုက်ခိုက်မှုများကို အလူးအလဲခံစားနေရချိန်တွင် နောက်ထပ် ကျီဖုအဆင့် မိစ္ဆာကျင့်ကြံသူသုံးဦးကပါ အလစ်ဝင်ရောက်တိုက်ခိုက်ချိန်တွင်တော့ အရေးနိမ့်လု ဆဲဆဲ အခြေအနေထိ ဆိုက်ရောက်သွားသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ကြည့်မနေနို်ငတော့ဘဲ ကြားဝင်လိုက်ရသည်။ မြန်ဆန်သော ဓားအလင်းတန်းတစ်ခုနှင့် အားပါပြင်းထန်သော လျှပ်စီးကြောင်းများသည် ဆံပင်နီကျင့်ကြံသူ ဦးဆောင်သည့် မိစ္ဆာကျင့်ကြံသူများအပေါ် ကျရောက်သွားသည်။ ဟွမ်းယောင်တို့ကို မဲလျက် တိုက်ခိုက်နေသော ဆံနီကျင့်ကြံသူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရုတ်တရက်ပေါ်လာသော အခါအံ့အားသင့်တုန်လှုပ်သွားပြီး ဟွမ်းယောင်တို့ကို သတ်ဖြတ်တော့မည့် အကြံအစည်ကို အရှိန်သတ်လျက် နောက်တစ်လှမ်းဆုတ်ကာ အသင့်ပြင်ဆင်လိုက်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်း ရူယန်တို့လည်း ဆံနီကျင့်ကြံသူကို ဝဲနှင့်ယာ နှစ်ဖက်မှ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လိုက်သည်။ မိုး ခြိမ်းသံကဲ့သို့ အသံများ အဆက်မပြတ်ပြိုဆင်းလာပြီးနောက် ကျီဖုနယ်ပယ် သတ္တမအဆင့်ရှိ ဆံနီ ကျင့်ကြံသူသည် ကျန်းချန်ရွှမ်တို့၏ တိုက်ခိုက်မှုများအောက်ဝယ် ချောင်ပိတ်မိသွားတော့သည်။

***

All Chapters