← Chapters

ကျီဖုနဝမအဆင့်

Vol. 12 Ch. 235

ကျီဖုနဝမအဆင့်

Vol. 12 Ch. 235

ထိုနေရာတွင်လည်း တိုက်ပွဲအကြီးစားတစ်ခု ဆင်နွှဲနေကြပြန်သည်။ သည်တစ်ခါ တိုက်ပွဲသည် ရှေးကတိုက်ပွဲများထက် ပိုမိုပြင်းထန်ကြမ်းတမ်းပြီး တိုက်ခိုက်နေသူအားလုံးသည် ရှိသမျှစွမ်းအား အကုန်သုံးလျက် ဆင်နွှဲနေကြသည်။ ကျန်းချန်ရွှမ်သည် အဆိုပါ ရွှေအမြုတေအဆင့် တိုက်ပွဲကို အာရုံမရောက်ဘဲ မနီးမဝေးရှိ သွေးများနှင့်ပြည့်လျှံနေသည့် ကန်တစ်ခုကိုသာ အာရုံစိုက်နေမိ သည်။ အဆင့်နိမ့် မိစ္ဆာကျင့်ကြံသူ အများအပြားသည် အသိစိတ်ပျောက်ကာ စိတ်လွတ်သွားဟန် နှင့် ထိုသွေးကန်ထဲသို့ ခုန်ချနေကြသည်။ ထိုအခါ သွေးကန်အတွင်းမှ စကားလုံးဖြင့် ဖော်ပြရန်ပင် မစွမ်းနိုင်သည့် ကြောက်မက်ဖွယ် အော်ရာလှိုင်းများ ထုတ်လွှတ်လာသည်။ ခုန်ချလိုက်သူတိုင်းကို ကန်ထဲရှိ သွေးလှိုင်းများက ဝါးမျိုဖျက်ဆီးပစ်လိုက်သည်။

မိစ္ဆာကျင့်ကြံသူတစ်ဦး ခုန်ချလိုက်တိုင်း သွေးကန်၏ စိတ်ညစ်ညူးဖွယ် အော်ရာလှိုင်းသည် တိုး၍ အားကောင်းလာကြောင်း ကျန်းချန်ရွှမ်ခံစားမိသည်။ ထိုစဉ် ဟောင်တုန်းပိုင်သည် ကျန်းချန်ရွှမ်တို့ အား အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

“အားလုံးပဲ။ အဲဒီကောင်တွေကို သတ်၊ ဒီကောင်တွေကို သွေးကန်ထဲ ခုန်ချခွင့်မပေးနဲ့”

မိစ္ဆာကျင့်ကြံသူများ ထိုနည်းအတိုင်း ဆက်လက်ခုန်ချနေမည်ဆိုပါက တုန်လှုပ်ဖွယ်ဖြစ်အင်တစ်ခု မကြာခင် ဖြစ်ပွားတော့မည်ဟု ကျန်းချန်ရွှမ်၏ ပင်ကိုယ်သိစိတ်က သတိပေးလျက်ရှိသည်။ ထို့‌ ကြောင့် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် တွေဝေခြင်းမရှိဘဲ ခုန်ချရန်ပြင်နေသည့် မိစ္ဆာကျင့် ကြံသူများကို ပြေးဝင်တိုက်ခိုက်လိုက်သည်။ ထိုအခါ ကြာပွင့်နီနတ်ဆိုးဘုန်းကြီးက ရုတ်တရက် ထအော်လိုက်သည်။

“ဒီကောင်တွေကို တားစမ်း”

ဘုန်းကြီး၏ အမိန့်ကိုကြားလျှင် မိစ္ဆာကျင့်ကြံသူ ရာဂဏန်းခန့် အမှောင်ထဲမှ ရုတ်ခြည်းထွက်ပေါ် လာပြီး ကျန်းချန်ရွှမ်တို့ကို တန်ပြန်တိုက်ခိုက်လိုက်ကြသည်။ ထိုလူစု၏ အင်အားမှာ နှစ်ရာမှ သုံး ရာအတွင်းရှိပြီး အနိမ့်ဆုံးအဆင့် အခြေခံတည်ဆောက်ခြင်းနယ်ပယ်မှသည် အမြင့်ဆုံးအဆင့်မှာ ကျီဖုနဝမအဆင့်ထိ ပါဝင်သည်။ လက်ရှိအချိန်သည် တိုက်ပွဲ၏ အဆုံးအဖြတ် အခိုက်အတန့်ဖြစ် ကြောင်း နှစ်ဖက်စလုံးမှ နားလည်လိုက်သည့်အတွက် နှစ်ဖက်အင်အားစုများ ထိတွေ့ပြီးနောက် ချက်ချင်းဆိုသလိုပင် တိုက်ပွဲရေချိန်သည် အမြင့်ဆုံးအထိ မြင့်တက်သွားသည်။ တိုက်ပွဲစပြီးမကြာ မီ လမ်းမှန်ကျင့်ကြံသူများဖက်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူခုနစ်ဦး ကျဆုံးသွား သည်။ အချိန်ကြာလာသည့်နှင့်အမျှ လမ်းမှန်ကျင့်ကြံသူများဖက်မှ ကျီဖုအဆင့်များ ကျဆုံးမှုနှုန်းသည် တဖြည်းဖြည်းစိပ်လာသည်။

ကျန်းချန်ရွှမ်သာ မကယ်ဆယ်ခဲ့လျှင် ယို့ချန်းရှန်နှင့် ဟွမ်းယောင်တို့ပင် ကျဆုံးသည့်အထဲ ပါသွား လောက်ပြီဖြစ်သည်။ တိုက်ပွဲမြေပြင်တစ်ဝှမ်းတွင် အချိန်မရွေးသေဆုံးနိုင်သည့် ဘေးအန္တရာယ် များ နေရာမလပ်ကြီးစိုးနေတော့သည်။ ထိုအချိန်တွင် လမ်းမှန်ကျင့်ကြံသူတစ်ဦး အလန့်တကြား ထအော်လိုက်သည့်အသံကို အားလုံးကြားလိုက်ရသည်။

“သွားပြီဟေ့ ကြက်သွေးရောင်နေမင်း ဆေးပြားရဲ့ အာနိသင် မကြာခင်ကုန်တော့မယ်”

ထိုအခါ လမ်းမှန်ကျင့်ကြံသူအားလုံးလည်း ထိုပြဿနာကို အာရုံစိုက်မိကြသည်။ သူတို့အားလုံး၏ မျက်နှာများတွင် စိုးရိမ်သောကများ ထင်ဟပ်လာသည်။ သည်တိုက်ပွဲကို အမြန်ဆုံးနည်းဖြင့် အနိုင်မပိုင်းနိုင်လျှင် သူတို့အားလုံး ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်သည်။ အချိန်ကုန်လာသည် နှင့်အမျှ လမ်းမှန်ကျင့်ကြံသူများအတွက် ရှုံးနိမ့်နိုင်ချေ ပိုများလာပါလိမ့်မည်။ ကျန်းချန်ရွှမ်သည် အသက်ကိုဝအောင်ရှုသွင်းလျက် ရှေ့သို့တစ်လှမ်းတက်လိုက်သည်။ သူနှင့်အနီးဆုံးတွင်ရှိသည့် ကျီဖုတတိယအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးသည် ကျန်းချန်ရွှမ်ထံမှ ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ခံစားမိ၍ တုန်လှုပ်သွားပြီး လူ့သားရေနှင့်စီရင်ထားသော သားရေစည်တစ်ခုကို တီးခတ် လိုက်တော့သည်။

သားရေစည်ထံမှ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာသော်လည်း အသံမဆုံးခင်မှာပင် ရွှေ ရောင်မီးလျှံများ တလက်လက်ထနေသည့် လက်သီးတစ်လုံးသည် စည်မျက်နှာပြင်၏ အလယ် တည့်တည့်ကို ထိုးဖောက်သွားတော့သည်။ စည်ကိုတီးခတ်နေသည့် မိစ္ဆာကျင့်ကြံသူသည် မယုံ နိုင်ဟန်မျက်နှာနှင့် သံကုန်ဟစ်လိုက်သည်။

“သူတော်ရေ ကယ်ပါဦး”

သူ့စကားဆုံးလျှင်ဆုံးချင်း ကျန်းချန်ရွှမ်၏ လက်သီးသည် ထိုသူအား တည့်တည့်မတ်မတ် ထိမှန် သွားပြီးနောက် ထိုသူကိုင်ဆောင်ထားသည့် ဓမ္မရတနာနှင့်တကွ တစ်ကိုယ်လုံးပါ သွေးမြူအဖြစ် သို့ ရွေ့လျော့ပျောက်ကွယ်သွားတော့သည်။

“မင်းသေချင်နေပြီထင်တယ်”

ကျန်းချန်ရွှမ်သည် အသံကြားရာသို့ စောင်းငဲ့ကြည့်လိုက်ရာ ကျီဖုနဝမအဆင့် မိစ္ဆာကျင့်ကြံသူ သည် ဒေါသကြီးစွာဖြင့် သူ့ထံပြေးဝင်လာသည်ကို တွေ့ရသည်။ ကျန်းချန်ရွှမ်သည် ထိုသူ နဝမအ ဆင့် ကျင့်ကြံသူဖြစ်မှန်း အတည်ပြုပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ၏ ကိုယ်ခန္ဓာမွမ်းမံခြင်း ကျင့်စဉ်နှင့် နဂါးဆင် ရုပ်ပိုင်းနတ်ဘုရားစွမ်းအားတို့ကို အမြင့်ဆုံးအ ဆင့်အထိ မြှင့်တင်လိုက်ရသည်။ မကြာသေးခင်ကမှ လောလောလတ်လတ် ရရှိထားသည့် မိစ္ဆာ နှိမ်လက်သီးသည် မိစ္ဆာကျင့်ကြံသူများနှင့် အမှောင့်ပယောဂများကို အထူးနှိမ်နင်းနိုင်စွမ်းရှိသော် လည်း ကျီဖုနယ်ပယ် နဝမအဆင့်တစ်ဦးကိုတော့ လျှော့မတွက်ရဲပါ။

ကျန်းချန်ရွှမ်၏ ကျောဘက်ခြမ်းတွင် နဂါးတစ်ကောင်နှင့် ဆင်တစ်ကောင်တို့၏ ပုံရိပ်တစ်ခု ဖြစ် တည်လာသည်။ တစ်ဆက်တည်းတွင် ရွှေနက်တုတ်ကို ဆင့်ခေါ်လိုက်ကာ မိစ္ဆာနှိမ်လက်သီး၏ စွမ်းအင်အာနိသင်များ ထည့်သွင်းပေါင်းစပ်လိုက်ပြီး ကျီဖုနဝမအဆင့် မိစ္ဆာကျင့်ကြံသူ ခုတ်ချလိုက်သည့် ဓားချက်ကို ပင့်ခံလိုက်သည်။ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ပေါက်ကွဲမှုမှ ဆင့် ပွားဖြစ်ပေါ်လာသည့် တန်ပြန်လှိုင်းတစ်ရပ်သည် ရွှေနက်တုတ်နှင့် ဓားပျံတို့ကို ဗဟိုပြုလျက် အ ရပ်ဆယ်မျက်နှာသို့ ပျံနှံ့သွားသည်။ အနီးတဝိုက်ရှိ မိစ္ဆာကျင့်ကြံသူများနှင့် လမ်းမှန်ကျင့်ကြံသူများ လည်း ဘေးလွတ်ရာသို့ ရှောင်တိမ်းလိုက်ကြရသည်။

ဟွမ်းယောင်၊ ယို့ချန်းရှန်၊ ချန်းယွမ် အစရှိသည့် ကျင့်ကြံသူများသည် ကျန်းချန်ရွှမ်ထံမှ အဆိုပါ အင်အားမျိုးထွက်ပေါ်လာသည်ကို ပါးစပ်အဟောင်းသားနှင့် ငေးမောကြည့်ရှုနေမိကြသည်။ ကျန်းချန်ရွှမ်တစ်ယောက် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသလို ကြာပွင့်နီသူတော်ဟု အမည် ရသည့် ကျီဖုနဝမအဆင့် မိစ္ဆာကျင့်ကြံသူသည်လည်း နောက်သို့ ကပျာကယာဆုတ်လိုက်ရသည်။ သည်တစ်ခါ ထိပ်တိုက်တွေ့ဆုံမှုတွင် နှစ်ဦးလုံး အသာရခြင်းမရှိသည်မှာ ထင်ရှားသည်။ ထို့အ တွက် ကျန်းချန်ရွှမ်မှာ တစ်စုံတစ်ရာ တုန်လှုပ်ခြင်းမရှိသော်လည်း ကြာပွင့်နီသူတော်မှာတော့ မျက်နှာပျက်ယွင်းသွားသည်။ ကြာပွင့်နီဂိုဏ်းခွဲ၏ ဂိုဏ်းသူတော်ရာထူးကို ရယူထားသည့်အပြင် ကျီဖုနယ်ပယ် နဝမအဆင့်ကို ရောက်ရှိထားသော သူ့လို ဝါရင့်မိစ္ဆာကျင့်ကြံသူတစ်ဦးသည် ကျန်း ချန်ရွှမ်လို ကျီဖုပဉ္စမအဆင့် ကျင့်ကြံသူကို အသာမရသည့်အဖြစ်မျိုးမှာ သူ့အတွက် လက်ခံနိုင်စ ရာမရှိပါ။

သူတော်၏ လက်ဖဝါးပေါ်တွင် လောင်ကျွမ်းနေသည့် ကြာပွင့်နီတစ်ခုပေါ်လာသည်။ ထိုကြာပွင့် သည် ကြာပွင့်နီဂိုဏ်းခွဲ၏ မူပိုင်နတ်ဘုရားစွမ်းအားဖြစ်သည့် အလျှံငြီးမီးလျှံကြာပွင့် ပင်ဖြစ်သည်။ ထိုကြာပွင့်ထိမှန်ခံရသူသည် ထွက်ပြေးနိုင်ခြင်းမရှိဘဲ အရိုး၊ အသားနှင့် ဝိညာဉ်ပါမကျန် ပြာဖြစ် သည်အထိ လောင်မြိုက်ခြင်းခံရလိမ့်မည်ဖြစ်သည်။ နတ်ဘုရားစွမ်းအားများအနက် အတော်လေး ရက်စက်ကြမ်းကြုတ်သည့် စွမ်းအားတစ်ခုဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ကျန်းချန်ရွှမ်သည် ထို ကြာပွင့် သူ့ထံသို့ အရှိန်အဟုန်ပြင်းစွာ လွင့်ပျံလာသည်ကိုမြင်လျှင် ထွေထွေထူးထူး စဉ်းစားမနေ တော့ဘဲ ရွှေနက်တုတ်ကို အစွမ်းကုန်မြှင့်တင်လိုက်သည်။ တုတ်၏ ပတ်လည်တွင် ရွှေရောင်အ လင်းများ လွှမ်းခြုံသွားပြီးနောက်တွင် နဂါးဆင် ရုပ်ပိုင်းနတ်ဘုရားစွမ်းအားကိုပါ ထည့်သွင်းအား ဖြည့်လိုက်ကာ ကြာပွင့်ကို တုတ်ဖြင့်အားကုန်လွှဲရိုက်လိုက်သည်။

ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ မှိုပွင့်ပုံတိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ကြာပွင့်နီ သည် တုတ်ချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး မီးစမီးနများအဖြစ် ကျန်းချန်ရွှမ်၏ ကိုယ်ပေါ်ကျဆင်းလာပြီး ခဏချင်းတွင် ငြိမ်းသက်သွားသည်။ ကျန်းချန်ရွှမ်အနေနှင့် ဒဏ်ရာတစ် စုံတစ်ရာ မရလိုက်ပါ။

***

All Chapters