သူတော်ကိုသတ်ဖြတ်ခြင်း
Vol. 12 Ch. 236
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ကြာပွင့်နီသူတော်သည် မယုံကြည်နိုင်ဟန်နှင့် တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ ကျန်းချန်ရွှမ်သည် နေရာမှ ရုတ်တရက်ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာချိန်တွင် သူ၏ ရွှေနက်တုတ်သည် ကြာ ပွင့်နီသူတော်၏ နတ်ဆိုးဓားကို ပိုင်းချလိုက်ပြန်သည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏ မျက် လုံးအစုံသည် ရွှေရောင်အလင်းများနှင့် တောက်ပလာပြီး နေလောင်ကျွမ်းခြင်းမြားကို အသုံးပြု လျက် ကြာပွင့်နီသူတော်၏ ဝိညာဉ်ကို ပစ်မှတ်ထားတိုက်ခိုက်လိုက်သည်။ နေတစ်စင်းကဲ့သို့ အလျှံတငြီးငြီး တောက်လောင်နေသည့် မြားတစ်စင်းသည် ကြာပွင့်နီသူတော်၏ အသိစိတ်ပင်လယ် အတွင်းသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။ ထိုအခါ သူတော်သည် အသံနက်ကြီးဖြင့် အော်ဟစ်ညည်းတွားလိုက်ပြီး သူ့မျက်လုံး၊ နှာခေါင်းအစရှိသည့် ဒွါရပေါက်များမှ သွေးများစီးကျ လာတော့သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ရွှေနက်တုတ်နှင့် မိစ္ဆာဓားတို့ ထိတွေ့ပေါက်ကွဲရာမှ လွင့်ထွက် လာသည့် တန်ပြန်လှိုင်းကို ခုခံရင်း ဟန်ချက်ပြန်ထိန်းလိုက်သည်။ ထို့နောက် ရွှေနက်တုတ်ကို အရိပ်ပေါင်းများစွာအဖြစ်သို့ ခွဲထုတ်လိုက်ပြီးမှ တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းလိုက်ပြီး သူတော်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။ ကြာပွင့်နီသူတော်၏ ဦးခေါင်းသည် ကြက်ဥကို တူနှင့် ထုချလိုက်သည့်အတိုင်း တစ်စစီကွဲကြေသွားတော့သည်။ သို့သော် သူတော်၏ အော်ရာမှာ ပျက်ပြယ်သွားခြင်းမရှိသောကြောင့် ကျန်းချန်ရွှမ် မျက်မှောင်ကြုတ်သွားသည်။ ထိုခဏတွင် သူတော်၏ ဦးခေါင်းမဲ့ခန္ဓာကိုယ်သည် ဖယောင်းတိုင်အရည်ပျော်သလို နေရာမှ ပျောက်ကွယ်သွားသည်။
ပြန်ပေါ်လာချိန်တွင် ကြာပွင့်နီသူတော်သည် ကီလိုမီတာ ရာပေါင်းများစွာ အကွာသို့ ရောက်ရှိနေ ပြီး သူ၏ ဦးခေါင်းသည်လည်း ကိုယ်နှင့်တွဲလျက်သား ပြန်ဖြစ်နေသည်ကို တွေ့ရသည်။ သို့သော် မျက်နှာမှာ အလွန်အမင်းဖြူဆုတ်နေပြီး အခြေအနေသိပ်မဟန်နေကြောင်း အထင်းသားတွေ့နိုင် သည်။ ထိုအခါကျမှ သူတော်သည် အရေးပေါ်ထွက်ပြေးခြင်း နည်းစနစ်တစ်ခုကို အချိန်ကိုက် အ သုံးပြုကာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြောင်း ရိပ်မိလိုက်သည်။ ကျန်းချန်ရွှမ်သည် ရှည်ရှည် ဝေးဝေးတွေးမနေဘဲ ကြာပွင့်နီသူတော် ပြေးရာအနောက်သို့ ထက်ကြပ်မကွာ လိုက်၍ အပြီးတိုင် သုတ်သင်ရန် ဆုံးဖြတ်လိုက်သည်။ မူလဓမ္မရတနာဖြစ်သည့် ရွှေဗလာနယ်ဓားကို ဆင့်ခေါ်လျက် သူတော်ထွက်ပြေးရာ လမ်းကြောင်းကို ခြေရာခံလိုက်စေသလို ရွှေနက်တုတ်ကိုလည်း မိစ္ဆာနှိမ် လက်သီးနည်းစနစ်ဖြင့် မွမ်းမံပြုပြင်လိုက်သည်။
“မင်းကိုတစ်ခါသတ်နိုင်ရင် ဒုတိယတစ်ကြိမ်လည်း သတ်နိုင်ရမယ်”
ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်၏ ရွှေနက်တုတ်သည် ကြာပွင့်နီသူတော်၏ ရှေ့မှောက်တွင် ရုတ် တရက်ပေါ်လာတော့သည်။ သူတော်သည် စိတ်လှုပ်ရှားသွားပြီး ကမန်းကတန်း ခုခံရန်ပြင်ဆင် လိုက်သည်။ သူ၏ ဦးခေါင်းထက်တွင် အရိုးခေါင်းများစွာ ပါဝင်သည့် တံဆိပ်တစ်ခု ပေါ်လာပြီး မီး ခိုးရောင်းအလင်းတန်းများသည် အဆိုပါအရိုးခေါင်းများထံမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ သည်။ ထိုအလင်းတန်းများသည် ရွှေနက်တုတ်နှင့် ထိတွေ့မိသောအခါ နှင်းခဲအရည်ပျော်သလို မှိန်ဖျော့ပျောက်ကွယ်သွားပြန်သည်။ ရွှေနက်တုတ်သည် အရှိန်ကိုမလျှော့ဘဲ အရိုးခေါင်းတံဆိပ် ကြီးကို အားကုန်ရိုက်ချလိုက်သည်။
အရိုးခေါင်းတံဆိပ်ထံမှ စိတ်မချမ်းမြေ့ဖွယ် အော်ညည်းသံများ ထွက်ပေါ်လာပြီး ဝိညာဉ်အလင်း ကို ဆုံးရှုံးသွားတော့သည်။ သူတော်၏ ပါးစပ်အတွင်းမှလည်း သွေးတစ်လုပ်အန်ထုတ်လိုက်ရပြန် သည်။ ကြာပွင့်နီသူတော်သည် ကြောက်ရွံမှုကြောင့် စိတ်လွတ်သွားကာ အနောက်သို့ ဆုတ်ခွာ လိုက်သည်။ ထိုအခါ နောက်မှ ထက်ကြပ်မကွာ လိုက်လာသော ရွှေဗလာနယ်ဓားနှင့် ထိပ်တိုက် တိုးမိကာ ဓားအသွာတစ်ခုလုံးသည် သူတော်၏ ကိုယ်ခန္ဓာကြီးကို ထုတ်ချင်းဖောက်ဝင်ရောက် သွားတော့သည်။ ကြာပွင့်နီသူတော်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျန်းချန်ရွှမ်ကို မမှိတ်မ သုန် စိုက်ကြည့်နေသည်။
“မင်း…”
ကျန်းချန်ရွှမ်သည် ကြာပွင့်နီသူတော်ကို စကားဆုံးသည်အထိ ပြောခွင့်မပေးဘဲ ရွှေနက်တုတ်ကြီး ကို ကျင်လည်စွာ ထိန်းချုပ်လျက် ရိုက်ချလိုက်တော့သည်။ နောက်ဆုံးတွင် ကြာပွင့်နီသူတော်စင် သည် ကျန်းချန်ရွှမ်၏ တုတ်ချက်ဖြင့် တစ်စစီပျက်စီးပျောက်ကွယ်သွားတော့သည်။
ဝမ်ရှုကျွန်းတို့နှင့် တိုက်ခိုက်နေသည့် ကြာပွင့်နီနတ်ဆိုးဘုန်းကြီးသည် ထိုမြင်ကွင်းကြောင့် ဒေါသူ ပုန်ထသွားပြီး ကျန်းချန်ရွှမ်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ ထိုအခါ ဝမ်ရှုကျွန်းက
“ငါနဲ့တိုက်နေတုန်း အာရုံလွင့်ရဲတယ်ပေါ့”
တစ်ချိန်တည်းတွင် ဟောင်တုန်းပိုင်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး
“တော်တယ် တာအိုမိတ်ဆွေကျန်း၊ ဒီကောင်တွေကို အပြတ်ရှင်းစမ်း။ ရွှေအမြုတေအဆင့်တွေကို ကျုပ်တို့တာဝန်ထားလိုက်”
ဟောင်တုန်းပိုင်၏ စကားဆုံးလျှင်ဆုံးချင်း သူကိုင်ဆောင်ထားသည့် ငွေရောင်ဓားသည် ဝိညာဉ်အ လင်းများ ကွန့်မြူးလာသည်။ သူနှင့်ရင်ဆိုင်နေသော နတ်ဆိုးစွန်းသည် တုန်လှုပ်ဖွယ် အငွေ့အ သက်တစ်ခုကို ခံစားလိုက်ရသည်။ သို့သော် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် ဟောင်တုန်းပိုင်၏ ငွေရောင်ဓားရှည်သည် ပေတစ်ရာအထိ ဆန့်ထွက်သွားပြီး နတ်ဆိုးစွန်းကို ဒေါင်လိုက်ပိုင်းချလိုက်သည်။ ငွေရောင်အလင်းလှိုင်းတစ်ခု ဖြာထွက်သွားပြီး နတ်ဆိုးလှိုဏ်ဂူတစ်ခုလုံး လင်းထိန်သွားသ လို လေထုထဲရှိ မိစ္ဆာချီပမာဏသည်ပင် အတော်အတန် လျော့ပါးသွားသည်။ နတ်ဆိုးစွန်းသည် ဓားချက်မိကာ အဝေးသို့လွင့်ထွက်သွားသည်။ သူ့ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေ သည်။ ပုံမှန်ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးဆိုလျှင် အဆိုပါဒဏ်ရာကြောင့် သေပွဲဝင်နေပြီဖြစ် သော်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ ခံနိုင်ရည်အလွန်မြင့်သည့်အတွက် သေဆုံး ခြင်းမရှိသေးပါ။
ကိုယ်တွင်းရှိ ရွှေအမြုတေအစွမ်းကို အသုံးချလျက် ထိုဒဏ်ရာကို အလျင်အမြန်ကုစားနေသည်။ ဟောင်တုန်းပိုင်က နတ်ဆိုးစွန်းကို အခွင့်အရေးပေးလိုဟန်မရှိဘဲ နောက်ထပ် ဆင့်ကဲပိုင်းချလိုက် ပြန်သည်။ ထိုအချိန်တွင် လှိုဏ်ဂူ၏ တစ်ဖက်ခြမ်းတွင် ကျန်းချန်ရွှမ်တို့သည်လည်း မိစ္ဆာကျင့်ကြံ သူများနှင့် နောက်ထပ်တစ်ချီ ဆင်နွှဲနေရပြန်သည်။ သည်တစ်ကြိမ်တွင်တော့ လမ်းမှန်ကျင့်ကြံသူ များဖက်မှ အသာစီးရလျက်ရှိသည်။ ကျီဖု နဝမအဆင့်ရှိ ကြာပွင့်နီသူတော် သေဆုံးပြီးနောက် မိစ္ဆာကျင့်ကြံသူများသည် ကျန်းချန်ရွှမ်၏ မိစ္ဆာရန်နှိမ်လက်သီးကို ခုခံနိုင်စွမ်းမရှိတော့ပါ။
***