ရွှေအမြုတေသေဆုံးခြင်း
Vol. 12 Ch. 237
ထို့အပြင် ကျန်းချန်ရွှမ်တွင် အတ္တမူကျောက်စိမ်းကိုလည်း ပိုင်ဆိုင်ထားသည့်အတွက် ဓမ္မစွမ်းအင် များ ကုန်ဆုံးသည်နှင့် အသစ်ဖြည့်တင်းပေးနေခြင်းကြောင့် ဓမ္မစွမ်းအင်ကုန်ဆုံးမည့်အရေးကို လုံးဝစိတ်ပူရန်မလိုပါ။ မိစ္ဆာကျင့်ကြံသူများအနေနှင့် ကျန်းချန်ရွှမ်တို့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ ဘဲ နောက်သို့ တစ်ဆုတ်တည်း ဆုတ်ပေးနေရသည်။ ထိုအခါ ကျန်းချန်ရွှမ်တို့လည်း သွေးကန်ကို အာရုံစိုက်လိုက်ကြသည်။ ထိုခဏတွင် သွေးကန်သည် စတင်လှုပ်ရှားအသက်ဝင်လာတော့သည်။ မိစ္ဆာကျင့်ကြံသူတစ်ဦးက တိုက်ပွဲဝင်နေသည့် နတ်ဆိုးဘုန်းကြီးကို လှမ်းမေးလိုက်သည်။
“ကျွန်တော်တို့ ဘယ်လောက်ထိ စောင့်ရဦးမှာလဲ။ ဒီကောင်ကြီးတွေ သွေးကန်ကို ဖျက်ဆီးလိုက် ရင် ကျွန်တော်တို့ နောက်တစ်ကြိမ် ပြန်လာဖို့ လွယ်မှာမဟုတ်ဘူး”
အဆိုပါ မိစ္ဆာကျင့်ကြံသူသည် နတ်ဆိုးဘုန်းကြီး၏ မျက်နှာကို စေ့စေ့ကြည့်၍ ပြောလိုက်ခြင်းဖြစ် ပြီး ထိုသူ၏ပြောပုံဆိုပေါက်မှာ အနည်းငယ်ရဲတင်းသည်ဟု ဘုန်းကြီးမြင်မိသော်လည်း ထိုသူပြော သည်မှာ အမှန်တရားနှင့် ညီညွတ်နေသည်။ ကျန်းချန်ရွှမ်တို့သာ ထိုသွေးကန်ကို ဖျက်ဆီးနိုင်ခဲ့ လျှင် မိစ္ဆာကျင့်ကြံသူများအဖို့ နောက်တစ်ကြိမ် ပြန်လည်အင်အားစုစည်းရန် အခွင့်အလမ်းနည်း သွားမှာသေချာသည်။ ထိုအတွေးနှင့်အတူ နတ်ဆိုးဘုန်းကြီးသည် ဆုံးဖြတ်ချက်တစ်ခုကို ပြတ် သားစွာ ချမှတ်လိုက်သည်။ သွေးကဲ့သို့ ရဲရဲနီနေသည့် အဆောင်လက်နက်တစ်ခုကို ထုတ်ယူလိုက် ပြီး လက်ဖြင့်ချေမွလိုက်သည်။ တစ်ခဏချင်းတွင် သွေးကန်၏အောက်ခြေမှ အလွန်ဆိုးယုတ်ဟန် ရှိသည့် မိစ္ဆာအော်ရာလှိုင်းတစ်ခု တက်လာသည်။ ဟောင်တုန်းပိုင်တို့မှာ မျက်စိမျက်နှာပျက်သွားပြီး သံကုန်အော်ဟစ်လိုက်သည်။
“မကောင်းတော့ဘူး။ အားလုံးပြေးကြ၊ သွေးကန်နဲ့ ဝေးလေကောင်းလေပဲ”
ကျန်းချန်ရွှမ်တို့သည်လည်း သွေးကန်ထဲတွင် ပုံမှန်မဟုတ်သည့် ဖြစ်စဉ်တစ်ခု အစပြုနေကြောင်း ရိပ်မိလိုက်သည့်အတွက် အမြန်ဆုံးဆုတ်ခွာလိုက်ကြသည်။ ထိုတစ်ခဏတွင် ဟိန်းဟောက်သံကြီး တစ်ခုကို နားကွဲမတတ်ကြားလိုက်ရပြီး သွေးကန်မျက်နှာပြင်ထက်မှ တောင်ပူစာတစ်လုံးအရွယ် လက်သည်းကြီးတစ်ခု ထွက်လာသည်။ သွေးကန်ထဲတွင်လည်း သွေးရေများ ပလုံစီလျက်ရှိသည်။ ထိုမြင်ကွင်းကြောင့် ထွက်ပြေးနေသော လမ်းမှန်ကျင့်ကြံသူအချို့သည် ကြောင်ငေးလျက် လေထဲ တွင် ရပ်မိလျက်သား ကျန်ခဲ့ကြသည်။ ထို့နောက်တွင် အဆိုပါလက်သည်းကြီးသည် ကြောင်စီစီ ရပ်ကြည့်နေကြသော ကျင့်ကြံသူမျာကို တစ်စစီ ဆွဲဆုတ်ချေမွပစ်လိုက်သည်။
“အား…..”
လေထုထဲတွင် စိတ်မချမ်းမြေ့ဖွယ် အော်ညည်းသံများ ပဲ့တင်ထပ်သွားသည်။ ကျန်းချန်ရွှမ်နှင့်တ ကွ အခြားသော ကျင့်ကြံသူများသည် နောက်ကိုပင် လှည့်မကြည့်အားဘဲ အစွမ်းကုန်ထုတ်လျက် ပျံသန်းနေရင်း ကြောက်မက်ဖွယ်အော်ရာတစ်ခုကို ခံစားမိသည့်အတွက် ကျောချမ်းကုန်ကြသည်။ ဟောင်တုန်းပိုင်သည် ထိုမြင်ကွင်းကိုကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဆိုးယုတ်သတ္တဝါကြီး မင်းအတင့်ရဲလှချည်လား”
တစ်ဆက်တည်းတွင် ဟောင်တုန်းပိုင်သည် သူ၏ နဖူးကြား အလယ်တည့်တည့်ကို လက်ဖြင့်ညွှန် လိုက်သည်။ ငွေရောင်အလင်းတန်းပေါင်း သောင်းဂဏန်း ရုတ်တရက်ထွက်ပေါ်လာပြီး တစ်ခု တည်းသော ဓားချီအဖြစ်သို့ သိပ်သည်းစုစည်းသွားမိကာ သတ္တဝါကြီးထံသို့ အဟုန်ပြင်းစွာ ပြေးဝင်သွားတော့သည်။ လမ်းကြောင်းတစ်လျှောက်ရှိ ကြားတစ်နေရာတွင် နတ်ဆိုးစွန်းရှိနေပြီး အကာအကွယ်ဓမ္မရတနာဖြင့် တားဆီးရန်ကြိုးစားသော်လည်း ဟောင်တုန်းပိုင်၏ ဓားချီသည် ဓမ္မရ တနာနှင့်တကွ နတ်ဆိုးစွန်း၏ ခန္ဓာကိုယ်ကိုပါ ထုတ်ချင်းဖောက်သွားပြီး နှစ်ပိုင်းပြတ်သွားတော့ သည်။ ဓားအလင်းတန်းကြီးသည် အရှိန်လျော့မသွားဘဲ လက်သည်းကြီးရှိရာထံသို့ ပြေးဝင်သွားသည်။
နာကျင်စွာအော်ညည်းလိုက်သည့် အသံနက်ကြီးနှင့်အတူ လက်သည်းကြီး၏ တစ်နေရာတွင် အ ပေါက်ကြီးတစ်ခုဖြစ်ပေါ်လာပြီး ကျန်းချန်ရွှမ်တို့ကို ဖမ်းဆုတ်ရန် အားထုတ်နေသည့် လက်ကြီး မှာ အရှိန်ရပ်သွားသည်။ ထိုမြင်ကွင်းကြောင့် နတ်ဆိုးဘုန်းကြီးအပါအဝင် မိစ္ဆာကျင့်ကြံသူအားလုံး တုန်လှုပ်ခြောက်ချားကာ ဟောင်တုန်းပိုင်ကို မျက်လုံးပြူးမျက်ဆံပြူး ကြည့်မိလိုက်ကြသည်။ ဟောင်တုန်းပိုင်သည် ကျင့်ကြံမှုအစစ်အမှန်ကို ဖုံးကွယ်ထားသည်ဟု သူတို့အားလုံး တွေးမိလိုက် ကြ၏။ ထိုအချိန်တွင် နတ်ဆိုးစွန်း၏ ရုပ်အလောင်းမှ ရွှေအမြုတေသည် လေပေါ်သို့တက်လာပြီး အဝေးတစ်နေရာသို့ ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် ဟောင်တုန်းပိုင်၏ ဓားချီက အလွတ်မ ပေးဘဲ အမြုတေထွက်ပြေးရာ လမ်းကြောင်းသို့ ဥက္ကာခဲတစ်လုံးပမာ ကျဆင်းလာပြီး အမြုတေ ကို ထိုးခွဲပစ်လိုက်သည်။ ထို့နောက်တွင်တော့ နတ်ဆိုးစွန်း၏ နာကျင်ခံပြင်းစွာ ရေရွတ်သံကို နောက်ဆုံးအကြိမ်အဖြစ် ကြားလိုက်ရတော့သည်။
“ဟောင်တုန်းပိုင် မင်းအသေဆိုးနဲ့သေပါစေ”
နတ်ဆိုးစွန်းသေဆုံးမှုကြောင့် နတ်ဆိုးဘုန်းကြီးနှင့်တကွ မိစ္ဆာကျင့်ကြံသူအားလုံး တုန်လှုပ်သွား ကြသည်။ ထိုအချိန်မှာပင် သွေးကန်ထဲမှ သွေးလှိုင်းများ လျှံတက်လာပြီး ပေရာပေါင်းများစွာ မြင့် မားသည့် ဧရာမသတ္တဝါကြီးတစ်ကောင် သွေးကန်ထဲမှ တက်လာသည်ကို အားလုံးမြင်လိုက်ကြရ တော့သည်။ ထိုအခါ နတ်ဆိုးဘုန်းကြီးတို့လူစုသည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး
“နောက်ဆုံးတော့ ကြာနီနတ်ဆိုးရုပ်တုကြီး နိုးထလာပြီပဲ။ မင်းတို့ ဘယ်လိုရင်ဆိုင်မလဲ ကြည့်ကြ သေးတာပေါ့”
နတ်ဆိုးဘုန်းကြီး၏ စကားဆုံးလျှင် မူလက ကျန်းချန်ရွှမ်တို့ကို စိုက်ကြည့်နေသော သတ္တဝါကြီး သည် ဦးခေါင်းကို ၁၈၀ ဒီဂရီလှည့်ကာ ဟောင်တုန်းပိုင်တို့ ရွှေအမြုတေအဆင့်ခြောက်ဦးကို စိုက် ကြည့်လိုက်သည်။ ထို့နောက် သတ္တဝါကြီး၏ မျက်လုံးအစုံမှ သွေးနီရောင်အလင်းတန်းများ ထွက် ပေါ်လာပြီး ဟောင်တုန်းပိုင်တို့ လူစုထံ ပစ်လွှတ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း…
ပေါက်ကွဲမှုအားသည် အဏုမြူဗုံးတစ်လုံးအလား ပြင်းထန်သည့်အတွက် ဟောင်တုန်းပိုင်တို့သည် ကပျာကယာ နောက်ဆုတ်လျက် အကာအကွယ် ရတနာများကို ဆင့်ခေါ်ကာကွယ်လိုက်ရသည်။ သို့သော် ပေါက်ကွဲမှုအဟုန်သည် အဆိုပါရတနာများကိုပင် တစ်စစီချေမွပစ်လိုက်သည်။ ဟောင် တုန်းပိုင်တို့လည်း မူလဓမ္မရတနာများကိုပင် အသုံးပြုလိုက်ရပြီး မနည်းအလွတ်ရုန်းလိုက်ရသည်။ ထိုတစ်ခဏတွင် ဟောင်တုန်းပိုင်တို့ခြောက်ဦး၏ အမူအရာများသည် လေးနက်တည်ကြည်သွား သည်။ သူတို့တစ်ဦးချင်းတိုက်ခိုက်လျှင် ထိုသတ္တဝါကြီးကို မည်သည့်နည်းနှင့်မှ အနိုင်ယူနိုင်မည် မဟုတ်မှန်း ရိပ်မိလိုက်ကြသည်။ ထို့အပြင် နတ်ဆိုးဘုန်းကြီးနှင့် ရွှေအမြုတေအဆင့် မိစ္ဆာကျင့် ကြံသူများ အရေးကလည်း ရှိနေသေးသည်။ ကြိုတင်ပြင်ဆင်လာခဲ့သော ဝှက်ဖဲကို ထုတ်သုံးရန် အချိန်ကျပြီဖြစ်ကြောင်း သူတို့အားလုံး သိလိုက်သည်။
အားလုံး၏ အကြည့်သည် ကုယွဲ့ဖန်းအပေါ် ကျရောက်လာသည်။ ကုယွဲ့ဖန်းက ခေါင်းညိတ်ပြ လိုက်ပြီး သံချေးတက်နေသည့် ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ဓားသည် ထူးခြားသည့် အသွင်အပြင်မရှိဘဲ သေမျိုးလူသားတို့ ကိုင်ဆောင်သည့် သံဓားများထက်ပင် နိမ့်ကျဟန်တူသည်။ သို့သော် ထိုဓားကို ကိုင်ဆောင်လိုက်သည်နှင့် ကုယွဲ့ဖန်း၏ အော်ရာသည် ရုတ်ခြည်းပြောင်းလဲ သွားသည်။ အစောပိုင်းက ကုယွဲ့ဖန်းနှင့် မတူတော့ဘဲ လူအသစ်တစ်ယောက် အစားထိုးလိုက် သလိုဖြစ်သည်။ ဟောင်တုန်းပိုင်နှင့် ကျန်လေးဦးတို့သည် အဆိုပါဓားကို ပြိုင်တူထိတွေ့လိုက်ပြီး ဓမ္မစွမ်းအင်များကို ပြိုင်တူသွတ်သွင်းလိုက်ကြသည်။ ထိုတစ်ခဏတွင် မူလက ထူးခြားသည့်လက္ခ ဏာမရှိသည့် ဓားသွားထက်မှ ဝိညာဉ်အလင်းများ ဖြာထွက်လာသည်။
ထို့နောက်တွင် ဓားတစ်ခုလုံးကို ကျောက်စိမ်းရောင်အလင်းများ နေရာမလပ် ဖုံးအုပ်သွားပြီး ကျယ်ပြောသည့် အော်ရာတစ်ခု ဆင့်ကဲထွက်ပေါ်လာသည်။ ထိုအခါ မိစ္ဆာကျင့်ကြံသူများသည် မ ကောင်းသည့် ခံစားချက်တစ်ခုကို ပြိုင်တူရရှိလိုက်သည်။ သို့သော် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင် မှာပင် ဓားကိုကိုင်ဆောင်ထားသည့် ကုယွဲ့ဖန်းသည် နောက်တစ်လှမ်းဆုတ်လိုက်ပြီး သတ္တဝါကြီးကို မျက်နှာမူလိုက်သည်။
“ပိုင်းစမ်း”
ကုယွဲ့ဖန်း၏ စကားအဆုံးတွင် လက်ထဲရှိ ဓားသည် တစ်ဟုန်ထိုး ပျံထွက်သွားပြီး သတ္တဝါကြီး၏ နဖူးကြား အလယ်တည့်တည့်ထံ ပြေးဝင်သွားသည်။ ဓား၏ အဟုန်မှာ မြန်ဆန်လွန်း၍ ရွှေအမြု တေအဆင့် ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံဖြင့်ပင် ခြေရာခံ၍မရပါ။
***