နတ်ဆိုးချီစုဆောင်းခြင်း အစီအရင်
Vol. 12 Ch. 238
အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည့် ကြာပွင့်နီရုပ်တုကြီးသည် ကြောက်မက်ဖွယ် ဟိန်း ဟောက်လိုက်ရင်း မျက်လုံးများနှင့် လက်ဖဝါးများမှ သွေးနီရောင်အလင်းတန်းများ တရစပ်ပစ် လွှတ်လိုက်သည်။ ထိုအလင်းတန်းများနှင့် ကုယွဲ့ဖန်း၏ သံဓားတို့ ထိပ်တိုက်တွေ့သည့်ခဏတွင် သွေးနီရောင်အလင်းတန်းများသည် ရုတ်တရက် မှိန်ဖျော့ကုန်ကြသည်။ တရှဲရှဲအသံများ ဖြစ်ပေါ် လာသည်။ သံဓားသည် ရုပ်တုကြီး၏ ခံစစ်အလွှာများကို တစ်ခုပြီးတစ်ခု ထိုးဖောက်သွားပြီး ရုပ် တု၏ ဦးခေါင်းအနောက်ဘက်မှ ပြန်ထွက်လာသည်။ မိစ္ဆာကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်လျှင် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ထိုစဉ် ရုပ်တုသတ္တဝါကြီးသည် တစ်စစီပြိုကွဲသွားပြီး သွေးနီရောင်အမျှင်များအဖြစ် လေထုထဲတွင် လူးလာဆန်ခတ်လျက်ရှိသည်။ ထူးဆန်းသည့် နတ်ဆိုးမှော်သင်္ကေတများလည်း တစ်ချိန်တည်း၌ လင်းလက်လာကြသည်။ မကြာမီ ထိုသွေးမျှင်များ တစ်ခုနှင့်တစ်ခု ရောယှက်ဆက်သွယ်လာပြီး နဂိုမူလ ရုပ်တုကြီးအဖြစ် ပြန်လည်ဖွဲ့စည်းသွားတော့သည်။ သို့သော် သည်တစ်ကြိမ်တွင် ရုပ်တု ၏ အရွယ်အစားနှင့် အော်ရာသည် ရှေးကထက် သိသိသာသာပင် လျော့နည်းသွားသည်။ ဟောင် တုန်းပိုင်တို့လူစုသည် ထိုမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းကိုယ်စီချမိသည်။ ကုယွဲ့ဖန်းသည် ရုပ် တုကြီးကို မမှိတ်မသုန်ကြည့်ရင်း ဟောင်တုန်းပိုင်တို့ကို ပြောလိုက်သည်။
“နောက်တစ်ခါ”
ကုယွဲ့ဖန်းသည် အရောင်မှိန်သွားသော သံဓားအတွင်းကို ဓမ္မစွမ်းအင်များ ဖြည့်သွင်းလိုက်ပြန် သည်။ ဟောင်တုန်းပိုင်တို့သည် ချီတုံချတုံဖြင့် အနည်းငယ်တွေဝေသွားသော်လည်း နောက်ဆုံး တွင် သံဓားကို ဓမ္မစွမ်းအင်များဖြင့် အားဖြည့်ပေးလိုက်သည်။ ထိုအခါ သံဓားသည် တစ်ဖန်ပြန်ပြီး အရောင်တောက်လာကာ ရှေးနည်းအတိုင်း ရုပ်တုကြီးကို ဦးတည်တိုက်ခိုက်လိုက်ပြန်သည်။ နတ် ဆိုးဘုန်းကြီးနှင့် မိစ္ဆာကျင့်ကြံသူများသည် စိတ်ထဲတွင် ကျိန်ဆဲမိလိုက်ကြသည်။ သို့သော် သူတို့ အနေနှင့် ကြားဝင်ခုခံဝံ့ခြင်းမရှိပါ။ မသေနိုင်သော ခန္ဓာကို ပိုင်ဆိုင်ထားသည့် ရုပ်တုသတ္တဝါကြီး သည်ပင် အဆိုပါသံဓားကြောင့် တစ်စစီပြိုလဲပြီးပြီ မဟုတ်ပါလား။ ထို့ကြောင့် ကုယွဲ့ဖန်းတစ် ယောက် တတိယအကြိမ် တိုက်ခိုက်နိုင်စွမ်း မရှိတော့ရန်အတွက်ပဲ ဆုတောင်းရင်း လက်ပိုက် ကြည့်နေကြရတော့သည်။ အမှန်တွင်လည်း အဆိုပါတိုက်ခိုက်မှုနှစ်ခုကြောင့် ကုယွဲ့ဖန်း၏ သွေး ကြောအတော်များများ ပျက်စီးကုန်ကြပါသည်။
ယခုလို အစွမ်းကြီးလှသော တိုက်ခိုက်မှုတစ်ရပ်ကို စွမ်းဆောင်နိုင်ရန် တစ်စုံတစ်ရာ ပြန်လည်ပေး ဆပ်ရမည်မှာ မလွဲပါ။ သို့သော် ကုယွဲ့ဖန်းအနေနှင့် ထိုအကြောင်းအရာကို နတ်ဆိုးဘုန်းကြီးတို့ လူစု သိရှိခြင်းမရှိရန် နောက်ဆုံးအချိန်အထိ ဖုံးကွယ်ထားမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ သံဓား ၏ တိုက်ခိုက်မှုအောက်ဝယ် ရုပ်တုကြီးသည် ဒုတိယအကြိမ် ပြိုလဲပျက်စီးသွားပြန်သည်။ သည် တစ်ခါတွင်တော့ ကိုယ်ခန္ဓာကြီးကို ပြန်လည်စုစည်းရန် ကြာချိန်သည် ပထမတစ်ခေါက်ထက် ပိုမို ကြာမြင့်သည့်အပြင် အရွယ်အစားသည်လည်း တိုး၍သေးငယ်သွားသည်။ အော်ရာသည်လည်း သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးလောက်သာ ကျန်ရှိတော့သည်။ ထိုအချိန်တွင် နတ် ဆိုးဘုန်းကြီးအပါအဝင် မိစ္ဆာကျင့်ကြံသူအားလုံး တုန်လှုပ်မှင်သက်သွားတော့သည်။ ကုယွဲ့ဖန်း သည် သံဓားကို တတိယအကြိမ် အသုံးပြုရန် ပြင်ဆင်နေခြင်းကြောင့်ဖြစ်သည်။
သံဓားသည် တတိယအကြိမ်အဖြစ် အကာအကွယ်အလွှာများကို ထိုးဖောက်ဖြတ် သန်းပြီး ရုပ်တု ကြီးကို ဖျက်ဆီးပစ်လိုက်ပြန်သည်။ သည်တစ်ကြိမ်တွင်တော့ ရုပ်တုကြီးသည် အပြီးတိုင်ပြိုလဲ သွားပြီး နောက်တစ်ဖန် ပြန်လည်စုစည်းနိုင်ခြင်းမရှိတော့ဘဲ ထာဝရသေဆုံးသွားတော့သည်။ နတ်ဆိုးဘုန်းကြီးသည် ကုယွဲ့ဖန်းကို မုန်းတီးစက်ဆုပ်စွာ ကြည့်ပြီးနောက် နောက်လိုက်များကို ဦးဆောင်ပြီး ထွက်ပြေးရန်ပြင်ဆင်သည်။ သို့သော် သူတို့သတိမထားမိသည့် တစ်ချက်မှာ ရုပ်တု ကြီးကို သုတ်သင်ခဲ့သည့် သံဓား၏ စွမ်းအင်မှာ မကုန်သေးဘဲ သူတို့လူစုထံသို့ မြားဦးလှည့်လာ ခြင်းပင်ဖြစ်သည်။ ထိုမြင်ကွင်းကြောင့် နတ်ဆိုးဘုန်းကြီးအပါအဝင် မိစ္ဆာကျင့်ကြံသူအားလုံး ကျောချမ်းသွားကြသည်။ အဆိုပါသံဓား၏ အစွမ်းထက်ပုံကို သူတို့အားလုံး မျက်မြင်တွေ့ပြီးပြီ မဟုတ်ပါလား။
ထို့ကြောင့် ထွက်ပြေးရန်အကြံကို ခေတ္တစွန့်လွှတ်ပြီး ဓမ္မရတနာများကို ထုတ်ကာ ခုခံရန်ပြင်ဆင် လိုက်ကြသည်။ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် ဓမ္မရတနာများအားလုံး လွင့်စင်ပေါက်ကွဲကုန်ကြသည်။ သံဓားသည် အရှိန်အဟုန်ကို မပြတ်စေဘဲ နတ်ဆိုးဘုန်းကြီးတို့ လူစုထံသို့ မြားတစ်စင်းပမာ တိုးဝင်လာပြီး သူတို့အားလုံး၏ ခန္ဓာကိုယ်များကို တံစို့ထိုးသလို ထိုး ဖောက်သွားသည်။ မိစ္ဆာကျင့်ကြံသူလူငယ်မှာ နေရာတွင်ပင် ရွှေအမြုတေနှင့်တကွ တစ်ကိုယ်လုံး ပေါက်ကွဲပျက်စီးသွားတော့သည်။ နတ်ဆိုးဘုန်းကြီးမှာ သူ့ထက် အခြေအနေကောင်းသည်ဟု ဆို ရမည်။ ကိုယ်ခန္ဓာပျက်စီးသွားသော်လည်း ရွှေအမြုတေကျန်ခဲ့ပြီး အဝေးသို့ ပျံသန်းထွက်ပြေး သွားသည်။ သူတို့အထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သူ မြွေမျက်လုံးပိုင်ရှင် ကျင့်ကြံသူမှာ အခြေအ နေအကောင်းဆုံးဖြစ်သည်။ ခန္ဓာကိုယ်မှာ ဒဏ်ရာအကြီးအကျယ် ရသွားသော်လည်း ပျက်စီးသွား ခြင်းမရှိပါ။ တစ်ကိုယ်လုံးကို သွေးမြူများဖုံးလွှမ်းသွားပြီးနောက် အလင်းတန်းအဖြစ် ပြင်ပကမ္ဘာ ကို တစ်ချိုးတည်းလစ်ပြေးသွားတော့သည်။
***