← Chapters

နတ်ဆိုးချီစုဆောင်းခြင်း အစီအရင် (၂)

Vol. 12 Ch. 239

နတ်ဆိုးချီစုဆောင်းခြင်း အစီအရင် (၂)

Vol. 12 Ch. 239

ဟောင်တုန်းပိုင်တို့လူစုလည်း ထိုသူများနောက်သို့ ထက်ကြပ်မကွာ လိုက်သွားကြသည်။ အားအင် ကုန်ခန်းသွားသော ကုယွဲ့ဖန်းမှလွဲ၍ ကျန်လူများအားလုံး နတ်ဆိုးဘုန်းကြီး ထွက်ပြေးသွားသည့် လမ်းကြောင်းအတိုင်း ခြေရာခံလိုက်သွားကြသည်။ အဖြစ်အပျက်အားလုံးကို အဝေးမှ ကြည့်နေ သည့် ကျန်းချန်ရွှမ်တို့သည် ပြောစရာစကားမရှိအောင်ပင် အံ့အားသင့်ကုန်ကြသည်။ ကြာပွင့်နီ ရုပ်တုကြီးသည် ရွှေအမြုတေအဆင့်ထက်ပင် ကျော်လွန်နေပြီဖြစ်သော်လည်း သူတို့အလွယ်တကူ အနိုင်ယူပြသွားခဲ့သည်။ ကုယွဲ့ဖန်း၏ သံဓားအောက်ဝယ် မိစ္ဆာကျင့်ကြံသူများအားလုံးသည် မျှော် လင့်ချက်ကင်းမဲ့စွာ ဆုတ်ခွာထွက်ပြေးခဲ့ရသည်။

သံဓားကဲ့သို့ ဝှက်ဖဲတစ်ခုရှိထားခြင်းကြောင့်ပင် ဟောင်တုန်းပိုင်တို့သည် ကြာပွင့်နီဂိုဏ်းခွဲ၏ အ သိုက်ကို မမေးမစမ်းဘဲ ခေါင်းတိုးဝင်လာရဲခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ကုယွဲ့ဖန်းသည် သံ ဓားကို သုံးကြိမ်တိုင်တိုင် အသုံးပြုလိုက်ခြင်းကြောင့် အနားယူအားဖြည့်နေရသည်။ ကျန်းချန်ရွှမ် နှင့် ကျန်လူများလည်း ကုယွဲ့ဖန်းအနီးသို့ ချဉ်းကပ်၍ ကာကွယ်ပေးလိုက်ကြသည်။ ကုယွဲ့ဖန်းက ကျန်းချန်ရွှမ်တို့ကိုမြင်လျှင် အသိအမှတ်ပြုဟန်နှင့် ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင်ပင် နတ်ဆိုးဘုန်းကြီးနောက်ကို လိုက်သွားသည့် ဟောင်တုန်းပိုင်တို့လူစု ပြန်လည်ရောက်ရှိလာတော့သည်။

ထွက်ပြေးသွားသော နတ်ဆိုးဘုန်းကြီးနှင့် နှာခေါင်းရှည် မိစ္ဆာကျင့်ကြံသူတို့ကို အပြီးတိုင် သုတ် သင်ရှင်းလင်းနိုင်ခဲ့ပြီး ဝမ်ထန်းရှန်ဆိုသူ မြွေမျက်လုံးပိုင်ရှင်တစ်ဦးသာ ထွက်ပြေးလွတ်မြောက် သွားသည်ဟု ဟောင်တုန်းပိုင်ကပြောသည်။ သို့သော် ဝမ်ထန်းရှန်အနေနှင့် ရရှိခဲ့သော ဒဏ်ရာများကို ပြန်လည်ကုသရန် နှစ်ရာဂဏန်းအထိ အချိန်ပေးရမည်ဖြစ်ပြီး လာမည့်နတ်ဆိုးကပ်ဘေး အရေးတွင် လမ်းမှန်ကျင့်ကြံသူများကို ဒုက္ခပေးနိုင်တော့မည်မဟုတ်ကြောင်း ထင်ရှားနေသည်။ ထို့နောက်တွင် ကျင့်ကြံသူအားလုံး၏ အကြည့်သည် အဝေးတစ်နေရာရှိ နတ်ဆိုးချီများ ထုထည်လိုက် စုဝေးသိပ်သည်းနေသည့် ဧရာမအစီအရင်ကွက်ကြီး အပေါ်ကို ကျရောက်သွားသည်။

လှိုဏ်ဂူတစ်ခုလုံးအတွင်းရှိ နတ်ဆိုးချီများသည် သည်နေရာမှ မြစ်ဖျားခံလာခြင်း ဖြစ်ပေလိမ့်မည်။ ကောင်းကင်ယွဲ့ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးသည် ပါးစပ်အဟောင်းသားနှင့် ကြည့်ရှုနေရာမှ လီမင် ကောင်းနှင့် ဝမ်ရှုကျွန်းတို့ကို အမောတကောမေးမိသည်။

“ဘိုးဘေးဝမ်နဲ့ ဘိုးဘေးလီ ဒါကြီးက နတ်ဆိုးချီစုဆောင်းခြင်း အစီအရင်ကွက်ကြီး မလား”

လီကောင်းမင်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နတ်ဆိုးအစီအရင်ကြီးတစ်ခုပေါ့။ ဒီအစီအရင်အကွက်က ဒေသတစ်ခုလုံးရဲ့ အသက်ဇီဝဓာတ်တွေကို အကုန်စုပ်ယူပြီး မိစ္ဆာကျင့်ကြံသူတွေ မှီတင်းနေထိုင် ဖို့ သင့်တော်တဲ့ ဖုန်းဆိုးမြေအဖြစ် ပြောင်းလဲပစ်တယ်။ ကံကောင်းတာတစ်ခုက ဒီအစီအရင်ကွက် ကို ထူထောင်တဲ့နည်းက ပျောက်ဆုံးသွားတာပဲ။ မဟုတ်ရင် နိုင်ငံငါးခုတည်ရှိနေတဲ့ ကန်းနန်ဒေ သတစ်ခုလုံးကို မိစ္ဆာကျင့်ကြံသူတွေ အုပ်စိုးနေလောက်ပြီ”

“အဲဒီလောက်တောင်လား”

ကြားရသူတိုင်းမှာ မယုံနိုင်ဟန်နှင့် အံ့အားသင့်ကုန်ကြသည်။

“သူပြောတာအမှန်ပဲ”

ဟောင်တုန်းပိုင်က လီမင်ကောင်းကို ဝင်ရောက်ထောက်ခံလိုက်သည်။

“ဒီအစီအရင်ကွက်ကြီးက ရှေးဟောင်းမိစ္ဆာကျင့်ကြံသူတစ်ဦး ထူထောင်ခဲ့တာလို့ပြောကြတယ်။ တချို့ကလည်း အခြားတိုက်ဒေသတစ်ခုက လာတာတဲ့။ မူလဇာစ်မြစ်ကို သေချာသိတဲ့လူမရှိဘူး။ သေချာတာတစ်ခုပဲရှိတယ်။ ကန်းနန်တိုက်က နိုင်ငံငါးနိုင်ငံပေါင်းစည်းလိုက်ရင်တောင် ဒါကြီးကို မဖျက်ဆီးနိုင်ဘူး”

ဟောင်တုန်းပိုင်၏ စကားကြောင့် ကျင့်ကြံသူအားလုံး တုန်လှုပ်အံ့အားသင့်သွားကြသည်။ သည် နေရာကြီးကို မဖျက်ဆီးနိုင်ခဲ့လျှင် သူတို့ထွက်သွားပြီး နှစ်အနည်းငယ်အတွင်း မိစ္ဆာကျင့်ကြံသူ များ မှီတင်ကျက်စားရာ အသိုက်နယ်မြေကြီးတစ်ခု ပြန်ဖြစ်သွားမည်မဟုတ်ပါလား။ ထိုအခါ ခွန် ရှုက ဝင်ရောက်ရှင်းပြသည်။

“လက်ရှိငါးနိုင်ငံပေါင်းအင်အားနဲ့တောင် ဒီအစီအရင်ကို ဖျက်ဆီးဖို့ ခဲယဉ်းလွန်းတယ်။ ကျုပ်တို့ အလွန်ဆုံးတတ်နိုင်တာက ဒီထက်မပြန့်ပွားအောင် တားမြစ်ထိန်းချုပ်ဖို့ပဲ။ ခင်ဗျားတို့သိထားဖို့က ဒီအစီအရင်က အရင်က ဒီလောက်မကြီးဘူး၊ တဖြည်းဖြည်းနဲ့ အနီးအနားဒေသတွေကို ဝါးမြိုပြီး အခုလိုကြီးလာတာ။ ကျုပ်တို့မတားမြစ်နိုင်ရန် နှစ်အနည်းငယ်အတွင်း ဒီထက် ဆယ့်နှစ်ဆ ပိုပြီး ကျယ်ပြန့်လာလိမ့်မယ်”

ထိုအခါ ကျင့်ကြံသူအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ခွန်ရှုပြောသလို မှန်ခဲ့ပါက ကန်းနန်တိုက်တစ်ခုလုံး နတ်ဆိုးချီများနှင့် ညစ်ညမ်းသွားနိုင်သည်။ ထို့ ကြောင့်ပင် နိုင်ငံငါးနိုင်ငံရှိ ရွှေအမြုတေအဆင့် အဖွဲ့အစည်းများသည် မိစ္ဆာကျင့်ကြံသူများကို နှိမ် နင်းရန် အလွန်အမင်းအားသန်နေခြင်းဖြစ်သည်။ မိစ္ဆာကျင့်ကြံသူများ၏ အန္တရာယ်ပေးနိုင်စွမ်း ကြောင့်မဟုတ်ဘဲ နတ်ဆိုးချီစုဆောင်းခြင်း အစီအရင်ကြောင့်သာဖြစ်သည်။ ထိုအစီအရင်နှင့် မိ စ္ဆာကျင့်ကြံသူများ အကြားတွင် အပြန်အလှန်မှီခိုမှုရှိသည်ဟု ဆိုနိုင်သည်။ အစီအရင်သည် မိစ္ဆာ ကျင့်ကြံသူများ လိုအပ်သည့် နတ်ဆိုးချီကို ထုတ်လုပ်ပေးသလို အပြန်အလှန်အားဖြင့် မိစ္ဆာကျင့် ကြံသူများက အစီအရင် ရေရှည်တည်တံ့ရန် ကာကွယ်ပေးရသည်။ ယခုပြဿနာသည် ကန်းနန် ဒေသအတွက်သာမက အနှစ်သာရကိုးပါး မသေမျိုးကျင့်ကြံရေးလောကအတွက်ပါ ပုန်းလျှိုနေ သည့် ရန်စွယ်တစ်ခုဟု ဆိုရမည်။

မကြာမီ ကုယွဲ့ဖန်တစ်ယောက် ကုသမှုပြီးဆုံး၍ မတ်တတ်ရပ်လိုက်ပြီး ဟောင်တုန်းပိုင်တို့လူစုကို အချက်ပြလိုက်သည်။ ထို့ကြောင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူခြောက်ဦး ပေါင်းစု၍ အစီအရင် ကို ချိတ်ပိတ်တားမြစ်ရန် ပြင်ဆင်လိုက်သည်။ ဟောင်တုန်းပိုင်က ကျန်းချန်ရွှမ်တို့ဖက်ကို လှည့်ကြည့်လိုက်ပြီး

“ခင်ဗျားတို့ရဲ့ တာဝန်က ပြီးဆုံးသွားပါပြီ။ ကျန်ကိစ္စတွေကို ကျုပ်တို့ပဲ ကိုင်တွယ်လိုက်ပါ့မယ်၊ ခင်ဗျားတို့က အပြင်ကနေစောင့်နေပါ။ ကိစ္စပြီးတာနဲ့ ကျုပ်တို့ထွက်လာခဲ့မယ်”

“ကောင်းပြီ”

ကျန်းချန်ရွှမ်တို့လည်း ခေါင်းညိတ်ပြလိုက်ပြီး ဂူအပြင်သို့ ပျံသန်းထွက်ခွာလိုက်ကြသည်။ ထိုအခါ ဟောင်တုန်းပိုင်က ရွှေအမြုတေအဆင့် ခြောက်ဦးကို လောဆော်လိုက်သည်။

“တာအိုမိတ်ဆွေတို့ အချိန်မရှိဘူး။ စလိုက်ကြရအောင်”

လှိုဏ်ဂူအပြင် ရောက်ရှိလာသည့် ကျန်းချန်ရွှမ်အပါအဝင် လမ်းမှန်ကျင့်ကြံသူများသည် လတ် ဆတ်သည့် လေထုကို တစ်ဝကြီး ရှိုက်သွင်းပြီး အပန်းဖြေလိုက်သည်။ သည်တစ်ခေါက် စစ်ဆင် ရေးသည် ထင်ထားသည်ထက် ပင်ပန်းကြမ်းတမ်းသည်။ သူတို့အားလုံးကို ဦးဆောင်လာသူ ရွှေအ မြုတေအဆင့် ကျင့်ကြံသူများသာ အင်အားနည်းပါးခဲ့လျှင် သူတို့အားလုံးတွင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူမှာ ၃၀ ရာခိုင်နှုန်းသာ ရှိပေလိမ့်မည်။ ယခုအခြေအနေတွင်ပင် ကျင့်ကြံသူအ ရေအတွက်မနည်း ကျဆုံးခဲ့ပြီး ထိုအထဲတွင် ကျီဖုအဆင့် ကျင့်ကြံသူများလည်း ပါဝင်သည်။ အားလုံး၏ စိတ်ထဲတွင် ထိုအကြောင်းကိုတွေးရင်း သက်ပြင်းကိုယ်စီချမိလိုက်ကြသည်။

ထိုအချိန်တွင် နတ်ဆိုးလှိုဏ်ဂူအတွင်းမှ နတ်ဆိုးချီလှိုင်းများ အတက်အကျမြန်နေသည်ကို အား လုံးသတိပြုမိလိုက်ကြသည်။ မကြာမီတွင် လှိုဏ်ဂူအတွင်းမှ နတ်ဆိုးချီများ မရှိသလောက်နီးပါး ကုန်ခန်းသွားကြောင်း အားလုံးခံစားမိသည်။ ထိုအခါ ကျန်းချန်ရွှမ်နှင့် အခြားကျင့်ကြံသူများ၏ မျက်နှာထက်ဝယ် ပျော်ရွှင်ဝမ်းမြောက်ခြင်းများ ထင်ဟပ်လာတော့သည်။ ဟောင်တုန်းပိုင်တို့လူစု အစီအရင်ချိတ်ပိတ်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဟု သူတို့အတပ်သိလိုက်သည်။ အ နှောက်အယှက်ပေးမည့် မိစ္ဆာကျင့်ကြံသူများကို ဖယ်ရှားနိုင်ပြီးနောက်တွင် နတ်ဆိုးအစီအရင်ကို ချိတ်ပင်တားမြစ်ရန်မှာ ဟောင်တုန်းပိုင်တို့အတွက် ခက်ခဲသည့်ပြဿနာမဟုတ်တော့ပါ။

နေ့ဝက်ကြာပြီးနောက် နတ်ဆိုးချီလှိုင်းများ အတက်အကျ မရှိတော့ဘဲ ငြိမ်သက်သွားသည်။ ထို့ နောက် ဟောင်တုန်းပိုင်၊ လီမင်ကောင်း၊ ဝမ်ရှုကျွန်း၊ ကုယွဲ့ဖန်း၊ ဟိုင်ကျန့်နှင့် ခွန်ရှုတို့ ခြောက်ဦး သား ဂူထဲမှပြန်ထွက်လာကြသည်။

***

All Chapters