ဝန်ခံအောင် အတင်းလုပ်တဲ့ ရှီမာယူယူ ၁
Vol. 81 Ch. 1127
သူမ၏ ရုတ်တရက်လှုပ်ရှားမှုသည် လူများ၏ နှလုံးသားကို ကိုင်လှုပ် လိုက်သည်။ သို့သော် ထိုလှုပ်ရှားမှုပြီးသည့်နောက်တွင် မလှုပ်တော့ပေ “ယူယူ ယူူယူ”
“အစ်မကြီး”
သို့သော် သူတို့မည်မျှပင် အော်စေကာမူ ရှီမာယူယူသည် မတုန့်ပြန်ပေ။
“သူက ဒဏ်ရာကပြင်းတယ် ငါ့သွေးရှိတာတောင် ပြန်ကောင်းဖို့က တစ်ရက် နှစ်ရက်လိုသေးတယ် ဒီလောက်မြန်မြန်နိုးလာမှာမဟုတ်ဘူး” ချင်ယိ ပြောလိုက်သည်။ “ဒီမှာစိုးရိမ်နေမဲ့အစား ပိုသက်တောင့်သက်သာဖြစ် မဲ့နေရာမှာ လှဲခိုင်းရင်ရော”
“ဟုတ်တယ် ယူယူ့အတွက်တဲဆောက်ကြမယ်” ရှောင်ချီ ပြောလိုက် သည်။
“ငါတို့လုပ်လိုက်မယ်”
ရှီမန်ဖန်နှင့် ရှီမန်လီတို့သည် ထိုနေရာတွင်ပင် ရှီမာယူယူအတွက် တဲ ဆောက်လေသည်။ ထို့နောက်တွင် ကြက်သွေးရောင်မီးတောက်သည် သူမကိုချီကာ အိပ်ယာပေါ်တင်လိုက်သည်။
ရှောင်ချီ အိမ်မက်လေးတို့သည် သူမဘေးတွင် နေကြသည်။ ရှီမန်လီ သည်လည်း ဘေးတွင်ရှိနေသည်။ သူမ၏ ဖျော့တော့သော မျက်နှာကိုမြင် သောအခါ ရှီမန်လီသည် အပြစ်ခံစားရလေသည်။
ဒါတွေအကုန်လုံး သူမကြောင့်ဖြစ်ရတာပဲ။ ဘယ်လိုလုပ် သူမကိုယ်သူမ ခွင့်လွှတ်နိုင်ရမှာလဲ။
“အစ်မကြီး မြန်မြန်ပြန်ကောင်းလာရမယ်”
သူမသည် ရှီမာယူယူဒ လက်ကိုကိုင်ချင်မိသည်။ သို့သော် ဒဏ်ရာများ ဖြင့် ပြည့်နေသဖြင့် သူမ မကိုင်ရဲပေ။
ရှီမန်ဖန်သည် ဝင်ပေါက်တွင်ရပ်နေသည်။ သူသည် ရှီမာယူယူ၏ ထိုပုံစံ ကို မြင်ရက်ပေ။ အရင်ကအဖြစ်အပျက်များကို သူ့ကိုသတိပေးနေသလိုပင်။
သူသည် လှည့်ကာ အပြင်သို့ထွက်ခဲ့သည်။ သူသည် ကောင်းကင် ပိုက်ကွန်အောက်မှ အဆက်မပြတ်တိုက်ခိုက်နေေသော ဝိညာဉ်သားရဲများကို ကြည့်လိုက်သည်။
“တောင်ကြားခေါင်းဆောင် ကြည့်လိုက် အဲဒီဝိညာဉ်သားရဲတွေက အရင်တုန်းက ဝိညာဉ်သားရဲတွေထက် ရုပ်ဆိုးတယ်” အသည်းကွဲ တောင်ကြားမှလူများသည် ကောင်းကင်ပိုက်ကွန်အောက်မှ ဝိညာဉ်သားရဲများ ကိုကြည့်လိုက်သည်။
“သူတို့ကို ဒီမှာဘယ်သူကချိပ်ပိတ်ထားတာလဲမသိဘူး ဘာလို့မသတ် ပစ်လိုက်တာလဲ” ဘိုင်ရှန်း မေးလိုက်သည်။
“ဘယ်ဧကရာဇ်ကများ ကောင်းကင်ပိုက်ကွန်ကို ဆောက်ခဲ့တာလဲ တကယ်ကို အံ့သြလောက်စရာပဲ”
ရှီမန်ဖန်သည် အောက်မှ ရုပ်ဆိုးသောဝိညာဉ်သားရဲများကို ငုံ့ကြည့် လိုက်သည်။ “ဒါမျိုးပေါ်လာဖို့ အရင်က တစ်ခုခုဖြစ်ဖူးရမယ် ဒါပေမဲ့ အဲဒါက ငါတို့နဲ့ မဆိုင်ဘူးလေ သူမ ပြန်ကောင်းလာတာနဲ့ ဒီကနေထွက်သွားကြမယ်”
“တောင်ကြားခေါင်းဆောင် ခေါင်းဆောင် ဘယ်လိုနေလဲ” နီအန်းယိ မေးလိုက်သည်။
“တည်ငြိမ်ပါတယ်” ရှီမန်ဖန် ပြန်ဖြေလိုက်သည်။ “ဒီကိစ္စတွေဖြစ်ခဲ့ပေမဲ့ အကုန်လုံးတစ်ခုခုရသွားလို့ တော်ပါသေးတယ်”
ထိုအချိန်သည် ကြောက်လန့်စရာကောင်းသော်လည်း အားလုံးသည် အဆင့်တက်ခဲ့ကြသည်။ တချို့ဆိုလျှင် အဆင့်နှစ်ဆင့်တောင် တက်ခဲ့သည်။ သူတို့အဆင့်လိုလူများအတွက်တော့ လွယ်ကူသည့်ရောက်ရှိမှုတော့မဟုတ် ပေ။
ဆယ်စုနှစ်ပေါင်းများစွာ အဆင့်မတက်ခဲ့တဲ့လူတွေ ဘယ်လောက် တောင်များခဲ့လဲ။ ဒါပေမဲ့ သူတို့ရောက်ရောက်ချင်းပဲ အဆင့်တက်ခဲ့တယ်လေ။ တကယ်ကိုမလွယ်ခဲ့ဘူး။
ရှီမန်ဖန်သည် ဝိညာဉ်သားရဲများကိုကြည့်ပြီး နှုတ်ဆိတ်နေဆဲပင်။ ဒီနေရာမှာ အရင်ကဘာတွေဖြစ်ခဲ့လို့ ရှေးဟောင်းဝိညာဉ်သားရဲ ဒီလောက် အများကြီးက အသက်ရှင်ပြီး အခုချိန်ထိ နိုးထနေရတာလဲ။
ကံကောင်းစွာပင် သူတို့သည် ထာဝရရှင်သန်သူနယ်မြေထဲရောက်နေ ကြသည်။ အရင်က ထိုနေရာတွင် ဘာတွေဖြစ်ခဲ့သည်ကို သူ မသိသော်လည်း သူတို့အသက်ကိုတော့ သက်ရောက်မှုရှိမည်မဟုတ်ပေ။
အပြင်ဘက်တိုင်းပြည်သာဆိုပါက ထိုဝိညာဉ်သားရဲများသည် လူများကို ခေါင်းကိုက်စေမည်။
အားလုံးသည် တစ်ရက်ကြအောင်စောင့်ကြသည်။ တစ်ရက်ပြီးသည့် နောက်တွင် ရှီမာယူယူ နိုးလာသည်။
“ယူယူ နိုးလာပြီလား” ရှောင်ချီသညိ ရှီမာယူယူနိုးလာသည်ကို သတိ ထားမိသည်။ သူမသည် ရုတ်တရက် တက်ကြွလာသည်။
“ယူယူ” အိမ်မက်လေးနှင့် တခြားသူများ စုဝေးလာကြသည်။
“အစ်မကြီးဘယ်လိုနေလဲ”
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ “တစ်ကိုယ်လုံးနာနေတယ်”
“ခန္ဓာကိုယ်ကအရိုးအကုန်လုံးကျိုးသွားပြီး အတွင်းအင်္ဂါတွေက စုတ်ပြဲ သွားပြီး ကြွက်သားတွေလည်း တင်းသွားကြတာ အဲတော့ နာတာကပုံမှန်ပဲ” ချင်ယိ ပြန်ဖြေလေသည် “မင်း တစ်ရက်နဲ့နိုးလာတာကိုက မဆိုးဘူး”
ရှီမာယူယူ မေ့မြောနေသော်လည်း သူ၏ သွေးအဆီအနှစ်သည် သူမ ခန္ဓာကိုယ်ထဲသို့ရောက်နေသည်ကို သူမ သိသည်။ သူမ ကျေးဇူးတင်စွာ ပြော လိုက်သည် “ကျေးဇူးတင်ပါတယ်”
“ရှောင်ချီ့ကို သူမသွေးအဆီအနှစ်မကုန်စေချင်လို့” ချင်ယိ ပြောလိုက် သည်။
“အကြောင်းပြချက်က ဘယ်လိုပဲဖြစ်ဖြစ်လေ အကြောင်းအရာကိုကြည့် ရင် မင်းငါ့ကိုကူညီလိုက်တာပဲ” ရှီမာယူယူ အားမပါစွာပြုံးလိုက်သည်။
“အစ်မကြီး အခုဒဏ်ရာကပြင်းထန်တုန်းပဲ စကားအများကြီးမပြောနဲ့” ရှီမန်လီ တိုက်တွန်းလေသည်။
ရှီမာယူယူသည် သူမ၏ နီရဲသောမျက်လုံးများကိုကြည့်လိုက်သည်။ “မျက်လုံးတွေက ဘယ်လိုလုပ် ယုန်မျက်လုံးလိုနီနေတာလဲ ဒီရက်တွေမှာ တအားတွေငိုခဲ့တယ်မလား”
“အစ်မ ညီမတောင်းပန်ပါတယ် ဒါတွေအကုန်လုံး ညီမကြောင့်ပါ ညီမ အစ်မဆီက ဘယ်အပြစ်ဒဏ်မဆိုခံယူပါမယ်” ရှီမန်လီသည် အောက်နှုတ်ခမ်း ကိုကိုက်ကာ ကိုယ့်ကိုယ်ကို အပြစ်တင်ကာ ပြောလိုက်သည်။
“အင်း ဒီကိစ္စကတကယ်ပဲ ညီမလေးကြောင့်စခဲ့တာပဲ ဒီရက်တွေမှာ ညီမလည်းနေလို့ကောင်းမှာမဟုတ်ဘူး အဲတော့ ညီမလေးကိုအပြစ်မပေး တော့ဘူး ဖန်အာနဲ့ တခြားသူတွေကိုစီမံခိုင်းလိုက်ပါ အစ်မဂရုမစိုက်တော့ဘူး ဒါပေမဲ့ အပြစ်သားအစစ်ကိုတော့အပြစ်ပေးရမယ်”
ရှီမန်လီ၏ ခန္ဓာကိုယ်ထဲမှ အလုံးလေးသည် အလိုလိုလည်ပင်းပုဝင် သွားလေသည်။ ဒီမညှာတာတတ်တဲ့ အမျိုးသမီးက သူမကြောင်းပြောနေတာ လား။
မဟုတ်ဘူး ဒီကိစ္စအတွက် ငါ့အကိုအပြစ်တင်တာမခံနိုင်ဘူး။ ဒါတွေ အကုန်လုံးက အင်အားတိုးချင်တဲ့ အဲဒီလူသားတွေကြောင့်လေ။ ငါ့အမှား မဟုတ်သလို သူမအမှားလည်းမဟုတ်ဘူး။
“အလုံးလေး မင်းဘာသာမင်းထွက်လာမလား ဒါမှမဟုတ်ရင် လီအာ့ကို ထုတ်ခိုင်းရမလား”
ရှီမာယူယူ၏ အေးစက်သောအသံသည် သူမကိုယ်သူမ နှစ်သိမ့်နေ သည့် အလုံးလေး၏အတွေးကို ရက်စက်စွာဖြိုခွဲလိုက်သည်။
အာ အာ အာ ဒီညှာတာမှုမရှိတဲ့ အမျိုးသမီးက သူမကို ပြဿနာရှာနေပြီ ပဲ။
“ငါ သုံးအထိရေမယ် မထွက်လာရင်တော့…” ရှီမာယူယူ ခြိမ်းခြောက် လေသည်။
သူမကိုကြောက်သည်နှင့်တော့တူသည်။ သူမ မရေတွက်ခင်မှာပဲ အလုံးလေးသည် ရှီမန်လီ၏ ခန္ဓာကိုယ်ထဲမှထွက်လာလေသည်။
“ဉာဏ်ကောင်း စိတ်နှလုံးသားနူးညံ့ သန်မာ လှပပြီး ချစ်စရာကောင်း တဲ့ ယူယူလေးရေ ဘာများလုပ်ပေးရမလဲ” အလုံးလေးထွက်လာပြီးသည်နှင့် ရှီမာယူယူ၏ ခြေထောက်ကိုဖက်ကာ သူမကိုမြှောက်ပင့်လေသည်။ (T/N - လူလည်လေး စိတ်ထဲတွေးတာကိုကျ ထုတ်မပြောရဲဘူး)
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ အိမ်မက်လေးသည် အလုံးလေးကို ဆုပ်ကိုင်ကာ အပြင်သို့ပစ်လိုက်သည်။
အလုံးလေးသည် အပြင်မှရွံ့ထဲကျသွားကာ ရှီမာယူယူ၏ ခြေထောက် ကို ထပ်ဖက်ချင်နေသေးသည်။ အိမ်မက်လေးသည် မျက်တောင်များပင့်ကာ သူမကို အပြစ်တင်လေသည် “မင်းက ယူယူ့ကိုထိခိုက်အောင်လုပ်တယ်”
ဆိုလိုသည်မှာ ထပ်သာကပ်လာရဲပါက ထပ်မံပစ်လိုက်မည်။
အလုံးလေးသည် ရှီမာယူယူနှင့် ဆယ်စင်တီမီတာအရောက်တွင် ရပ် လိုက်ပြီး ရှီမန်လီဘေးသို့ ကျိုးကျိုးနွံနွံသွားလေသည်။
ဒီလိုမျိုး ချစ်စရာကောင်းအောင်နေလိုက်ရင် အခု သူမကို အပြစ်မပေး လောက်ဘူးမလား။ ဟုတ်တယ်မလား။
အဲအမျိုးသမီးက ချစ်စရာကောင်းတာလေးတွေဆိုရင် ကြိုက်တယ်လို့ ပြောတယ်။ ချစ်စရာကောင်းအောင် လုပ်ပြလိုက်ရင် အမျိုးသမီးတစ်ယောက် ရဲ့ နှလုံးသားက အရည်ပျော်သွားတယ်လေ။ ဒီလှည့်စားမှုက ဒီအညှာတာမဲ့ တဲ့အမျိုးသမီးအတွက် အသုံးဝင်ဖို့ မျှော်လင့်ရမှာပဲ။
တွင်းပေါက်ထဲတွင် မာန်တက်ခဲ့သော အလုံးလေးသည် ကျိုးနွံစွာရှိနေသည်ကို မြင်သောအခါ ကုန်ရှန်ယိသည် နှုတ်ခမ်းတွန့်မိသည်။
ဒီကောင်က အားနည်းတဲ့သူကိုအနိုင်ကျင့်ပြီး သန်မာတဲ့သူကိုကြောက် တာပဲ။
ရှီမာယူယူသည် အလုံးလေး၏ လုပ်ဆောင်မှုကြောင့် အရူးလုပ်ခံမည် မဟုတ်ပေ။ သူမသည် ဟိန်းသံလေး ချစ်စရာကောင်းအောင်လုပ်သည်ထက် ပင် ပိုဆိုးသေးသည်။
သူမ ထချင်သဖြင့် ရှောင်ချီနှင့် အိမ်မက်လေးသည် ချက်ချင်းပင် သူမ ကို ခေါင်းအုံးများဖြင့် ခုပေးလေသည်။
သူမသည် အလုံးလေးအား အေးစက်သောမျက်နှာဖြင့်ကြည့်လိုက် သည်။ “အဲအောက်မှာ ဘာတွေရှိလဲဆိုတာ မင်းသိပြီးသားမလား”
အလုံးလေးသည် ငြင်းဆန်ကာ ခေါင်းရမ်းလေသည်။ သူမ နောက်လိုက် တာပဲကို ဘာလို့ဝန်ခံရမှာလဲ။ သူမ အကုန်လုံးကိုဝန်ခံလိုက်ရင် အဲအညှာတာ မဲ့တဲ့ အမျိုးသမီးက သူမကို အရေခွံစုတ်ပစ်လိမ့်မယ်။
ရှီမာယူယူ၏ စူးရှသောအကြည့်ကိုမြင်သောအခါ သူမခေါင်းမှာ ငိုက်စိုက်ကျသွားပြီး တဖြည်းဖြည်းခေါင်းညိတ်လေသည်။
“ထင်ထားတဲ့အတိုင်းပဲ မင်းသိထားတာပဲ” ရှီမာယူယူ နှာမှုတ်လိုက် သည် “အဲတော့ မင်းဒါတွေအကုန်လုံးကို စီစဉ်ထားတာပဲ မင်းအဲဒီစွမ်းအား တွေအကုန်လုံးကိုစုပ်ယူပြီး သူတို့ကိုမင်းရဲ့ကျော့ကွင်းဖြစ်အောင် စတေးခိုင်း တာပဲ”
သူမ အသံသည် ပိုအေးစက်ကာ ကွဲအက်လာသည်။ အခန်းထဲမှလူ အားလုံးသည် တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ရှီမန်လီနှင့် အလုံးလေး တို့ဖြစ်သည်။
“မဟုတ်ဘူး မဟုတ်ဘူး အဲလိုမဟုတ်ပါဘူး” အလုံးလေးသည် လျင်မြန် စွာပင် ငြင်းဆန်လေသည်။ မဟုတ်ရင် ဒီအညှာတာမဲ့တဲ့ အမျိုးသမီးကြောင့် သူမ အဆုံးသတ်သွားလိမ့်မယ်။
ရှီမာယူယူသည် မယုံပေ။ သူမသည် ကြက်သွေးရောင်မီးတောက်၏ မီးတောက်လုံးကိုထုတ်လိုက်သည် “တကယ်လား ဒါဆိုရင် မင်းကဘာလဲဆို တာငါ့ကိုပြောပြ”
***