← Chapters

ရေဓာတ်တက်လှမ်းခြင်းဆေးပြား (၂)

Vol. 13 Ch. 243

ရေဓာတ်တက်လှမ်းခြင်းဆေးပြား (၂)

Vol. 13 Ch. 243

တစ်သုတ်တည်းနှင့် ဆေးပြားငါးခုအထိ ရရှိလိုက်သည့်အတွက် ရှန်းရူယန်တင်မက ကျန်းချန်ရွှမ်ပါ ကျေနပ်အားရဟန်နှင့် ချီးမွမ်းစကားဆိုသည်။

“ရူယန် အရင်က ရေဓာတ်ဆီးသီးတစ်လုံးကို ဆေးပြားနှစ်ပြား၊ အလွန်ဆုံးသုံးပြားအထိပဲ ရတာမဟုတ်လား။ အခု ငါးပြားဆိုတော့ ရူယန်ရဲ့စွမ်းရည်က လေးစားစရာပါပဲ”

ရှန်းရူယန်က ခင်ပွန်းဖြစ်သူ၏ ချီးမွမ်းစကားကို ကြားလျှင် ခေါင်းယမ်းလိုက်ပြီး

“ငါးပြားက မဆိုးပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အတိတ်ဘဝတုန်းက ခုနစ်ပြားအထိ ဖန်တီးဖူးတယ်။ အဲဒါနဲ့ယှဉ်လိုက်လျှင် အခုအောင်မြင်မှုက မပြောပလောက်ပါဘူး”

ထိုအခါ ကျန်းချန်ရွှမ်က တခစ်ခစ်ရယ်မောလိုက်ပြီး

“ရူယန် တစ်ခုမေ့နေတယ်ထင်တယ်”

“ဘာတဲ့လဲ”

ရှန်းရူယန်က ကျန်းချန်ရွှမ်၏ စကားကို ဇဝေဇဝါဖြစ်ဟန်နှင့် ပြန်လှန်မေးခွန်းထုတ်လိုက်သည်။

“ရူယန်ရဲ့ အတိတ်ဘဝက ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ၊ လက်ရှိဘဝက ကျင့်ကြံမှုအဆင့်ကရော ဘယ်လောက်ရှိလဲ။ ကျင့်ကြံမှုအဆင့်မတူလျှင် ရလဒ်ကလည်း ဘယ်လိုလုပ်ပြီး အတူတူဖြစ်မလဲ”

ထိုအခါ ရှန်းရူယန်က ပထမတွင် အနည်းငယ်ကြောင်သွားသော်လည်း တဖြည်းဖြည်း နားလည် သွားဟန်နှင့် ခေါင်းညိတ်လိုက်ပြီး

“ယောက်ျားပြောတာမှန်တယ်။ ကျွန်မရဲ့ အတိတ်ဘဝက ပြီးသွားခဲ့ပြီ။ လက်ရှိကျွန်မရဲ့ အလားအလာက ဒီထက်အများကြီး တိုးတက်လာဦးမှာ။ အတိတ်ဘဝနဲ့ နှိုင်းယှဉ်ပြီး မခံစားနေသင့်ဘူး၊ ကျွန်မကို အလင်းပြပေးလို့ ကျေးဇူးတင်ပါတယ်”

ထို့နောက်တွင် ရှန်းရူယန်သည် ကျန်းချန်ရွှမ်အား ဆေးပြားများပါဝင်သည့် ကျောက်စိမ်းပုလင်းကို အပ်နှံလိုက်သည်။ နှစ်ယောက်သား စကားစမြည်ပြောဆိုပြီးနောက် ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကိုနှုတ်ဆက်ပြီး မိမိ၏ ကိုယ်ပိုင်လှိုဏ်ဂူကို ပြန်လာခဲ့သည်။ ကြာပွင့်နီဂိုဏ်းခွဲစစ်ဆင်ရေးအပြီး တွင် ကျန်းချန်ရွှမ်၏ ကျင့်ကြံမှုအုတ်မြစ်မှာ ကျီဖုနယ်ပယ် ပဉ္စမအဆင့်တွင် အခြေခိုင်နေပြီးဖြစ်၍ သည်တစ်ခါတွင် ဆဌမအဆင့်ကို တက်လှမ်းရန် ဆုံးဖြတ်လိုက်သည်။ ကျင့်ကြံမှုအဆင့်တက်ခြင်း သည် သူမျှော်လင့်ထားသည်ထက် လွယ်ကူချောမွေ့နေပြီး အားစိုက်ထုတ်ရခြင်းမရှိဘဲ ကျီဖုနယ်ပယ် ဆဌမအဆင့်ကို အလွယ်ရောက်ရှိသွားသည်။ ကျန်းချန်ရွှမ်သည် နောက်ထပ်လေးလကို ရရှိပြီးအုတ်မြစ်ကို အခြေခိုင်ရန်ကျင့်ကြံရာတွင် အသုံးပြုလိုက်သည်။

ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ကိုယ်ခန္ဓာမွမ်းမံခြင်း ကျင့်စဉ်ကို ကျင့်ကြံရမည်လား၊ သို့မဟုတ် အဂ္ဂိရတ်စွမ်းရည်ကို အဆင့် ၃ ကိုမြှင့်တင်ရမည်လားဟု ဝေခွဲမရဖြစ်နေချိန်တွင် ကျောက်စိမ်းရေ ဓားစင်မြင့်ထံမှ သတင်းစကားတစ်ခု ပေးပို့လာသည်ကို တွေ့ရသည်။ ထိုသတင်းကို ဖတ်ရှုပြီး နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်နှစ်ဦးလုံး စိတ်သက်သာရာရသွားသည်။ ယွင်နှင့် ယန်နှစ်နိုင်ငံသည် ကြာခုနစ်ပွင့်ဂိုဏ်းကို ထိုးစစ်ဆင်သည့် စစ်ဆင်ရေးများတွင် ကိုယ်စီအောင်ပွဲခံနိုင်ခဲ့သည် ဟုဆိုသည်။ စစ်ဆင်ရေးတစ်လျှောက်တွင် အနိမ့်အမြင့်၊ အတက်အကျ၊ အကွေ့အကောက်များကို အမျိုးမျိုးအဖုံဖုံ ကျော်ဖြတ်ပြီးနောက် အဆုံးတွင် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ အသေအပျောက် အကျအဆုံးမှာလည်း ထင်သလောက် များပြားခြင်းမရှိ၍ ဝမ်းသာရပါသည်။

ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့နှစ်ဦးလည်း ထိခိုက်ခြင်းမရှိဟု ကြားသိရ၍ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ကျေနပ်သွားသည်။ သို့သော် ဟုန်မိသားစုမှာတော့ သည်စစ်ဆင်ရေးတွင် အတော်လေး ထိခိုက်နစ်နာသွားကြောင်း သိရသည်။ နဂိုကတည်းက ကျီဖုအဆင့်ကျင့်ကြံသူများ နည်းပါးသည့် ဟုန်မိသားစုသည် ကျီဖုအဆင့် ကျင့်ကြံသူနှစ်ဦးကို ဆုံးရှုံးလိုက်ရသည်။ ရွှေအမြုတေအဆင့် ဘိုးဘေးရှိနေသေး၍သာ ဟုန်မိသားစုအနေနှင့် လုပ်ငန်း၊ ရင်းမြစ်များ မဆုံးရှုံးခြင်းဖြစ်သည်။ ထိုထက်အရေးကြီးသည့် ပြဿနာမှာ ရှောင်ယန်တောင်ဂိုဏ်း၏ အဓိပတိအကြီးအကဲ ရွှေအမြု တေအဆင့် ကျင့်ကြံသူသည် ကြာပွင့်စိမ်းနတ်ဆိုးဘုန်းကြီးနှင့် တိုက်ခိုက်ရင်း ကုသမရသည့် အတွင်းဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ရရှိထားသည့် အချက်အလက်များအရ ထိုကျင့်ကြံသူသည် လာမည့်နတ်ဆိုးကပ်ဘေးအထိ ခံနိုင်မည်မဟုတ်ကြောင်း သိရသည်။ ထိုသတင်းသည် ကန်းနန်ဒေသရှိ နိုင်ငံငါးနိုင်ငံလုံးအတွက် ထိုး နှက်ချက်တစ်ခုဖြစ်သည်။ သို့သော် နတ်ဆိုးကပ်ဘေးကျရောက်ရန် နှစ်တစ်ရာလိုသေးသည့်အတွက် ထိုအတောအတွင်း နောက်ထပ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချမှတ် လိုက်တော့သည်။ နောက်ဆုံးတစ်ခေါက် ဝေစုခွဲရာမှ ရရှိလာသည့် ကောင်းကင်ဘုံရတနာ နှင်းရေ စက်ပုလင်းကို ထုတ်ယူပြီး ကိုယ်ခန္ဓာမွမ်းမံခြင်းကျင့်စဉ်ကို အစပျိုးလိုက်သည်။

ပုလင်းအဖုံးကို ဖွင့်လိုက်ချိန်တွင် လက်ထဲရှိပုလင်းသည် ရုတ်တရက် နိမ့်ဆင်းသွားသည်ကို ခံစား လိုက်ရသည်။ ပုလင်းအဖုံးရှိ ချိတ်ပိတ်ကို ဖယ်ရှားပြီးနောက်တွင် ရတနာနှင်းရေစက်ကို တွေ့မြင် ရသည်။ အကြမ်းဖျဉ်းတွက်ချက်မှုအရ ပုလင်းထဲတွင် နှင်းရေစက် ဆယ်စက်ပါဝင်ပြီး တစ်စက်ကို ကီလိုဂရမ်တစ်သောင်းလေးပြီး အရွယ်မှာ သစ်ကြားသီးတစ်လုံးနီးပါး ရှိကာ အစိမ်းရောင်သမ်းနေ သည်။ ပုံမှန် ကိုယ်ခန္ဓာမွမ်းမံခြင်း ကျင့်ကြံသူတစ်ဦးသည် ထိုမျှလေးလံသိပ်သည်းသော နှင်းရေ စက်ကို သောက်သုံးနိုင်မည်မဟုတ်ပါ။ ကိုယ်တွင်းရှိ အင်္ဂါ၊ အရိုးများသည် အလေးချိန်ကို မခံနိုင်ဘဲ ပြိုကွဲပျက်စီးသွားနိုင်သည်။ သို့သော် ကျန်းချန်ရွှမ်သည် အကန့်အသတ်မဲ့ဘီးကျင့်စဉ်ကို ရရှိထားသူဖြစ်၍ ကီလိုဂရမ်တစ်သောင်းကို ကောင်းစွာခံနိုင်စွမ်းရှိပါသည်။

သည်နှင်းရေစက်ကို ကိုယ်ခန္ဓာမွမ်းမံခြင်းကျင့်စဉ်နှင့် တွဲဖက်ကျင့်ကြံပါက ကျင့်ကြံမှုအမြန်နှုန်း သည် အဆမတန် ထိုးတက်သွားမည်ဖြစ်ကြောင်း ကျန်းချန်ရွှမ်တွေးမိသည်။ သူသည် နှင်းရေစက် ကို အနီးကပ်ကြည့်ရှုလိုက်ရာ အတွင်း၌ လျှပ်စီး၊ ဓား၊ လေ၊ မီးလျှံ အစရှိသည့် ထူးခြားဖြစ်စဉ်များ ဖြစ်ပွားနေသည်ကို တွေ့ရသည်။ ထို့နောက် ကျန်းချန်ရွှမ်သည် စဉ်းစားမနေတော့ဘဲ နှင်းရေစက် ကို သောက်သုံးလိုက်တော့သည်။ ထိုအခါ ကိုယ်တွင်း၌ ဗုံးတစ်လုံးပေါက်ကွဲသလို ခံစားမိလိုက်ပြီး နှင်းရေစက်၏ အလေးချိန်က ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများကို ပြင်းထန်စွာ ဖိနှိပ်လိုက်သည့် အတွက် အရိုးအက်ကွဲသံများကိုပင် ကြားနေရသည်။

ကျန်းချန်ရွှမ်သည် မပေါ့ဆဝံ့ဘဲ အကန့်အသတ်မဲ့ဘီးကို ထုတ်ဖော်ကျင့်ကြံလိုက်ရသည်။ ထိုခဏတွင် နှင်းရေစက်အတွင်းရှိ လေကြမ်းများ၊ မီးလျှံ၊ ရေခဲ စသည့်ဖြစ်စဉ်များသည် ကျန်းချန်ရွှမ်၏ ကိုယ်ခန္ဓာမျက်နှာပြင်တွင် တစ်လှည့်စီထင်ဟပ်လာပြီး လှိုဏ်ဂူအခန်းတွင်း ဗြောင်းဆန်အောင် လူးလာဆန်ခတ်နေတော့သည်။ ထို့နောက်တွင် အက်ကွဲသံများ တစ်ဆက်တည်းကြားလိုက်ရပြန် သည်။ ဂူကြမ်းပြင်သည် ရုတ်တရက် အက်ကြောင်းများ ထလာသည့်အတွက် လှိုဏ်ဂူတွင် တပ် ဆင်ထားသည့် အစီအရင်က ပြုပြင်လိုက်ရသည်။ ထိုခဏတွင် ကျန်းချန်ရွှမ်သည် လေမုန်တိုင်းအ ကြား၊ မီးပင်လယ်ဗဟိုတွင် ရောက်နေသလို ခံစားရသည်။ သူ့ခန္ဓာကိုယ်ကို မီး၊ ရေ၊ လေ အစရှိသည့် ဓာတ်များက အတွင်းအပြင် တိုက်ခိုက်နေသလို ခံစားမိသည်။

ထို့နောက် ကျန်းချန်ရွှမ်၏ အော်ရာသည် တစ်စထက်တစ်စ သိပ်သည်းလာသလို ကိုယ်ခန္ဓာသည်လည်း ရှေးကထက် ပိုမိုကြီးထွားလာသည်။ ကြေးနီရောင်ကြွက်သားများ ထုထည်လိုက် ဖြစ်တည် လာသည့်အတွက် ကျန်းချန်ရွှမ်၏ အသွင်အပြင်မှာ လုံးဝပြောင်းလဲသွားတော့သည်။ အဆိုပါဖြစ် စဉ်မျိုးကို သူမျှော်လင့်ထားခြင်းမရှိပေ။

“ဘာလဲဟ ငါလူထွားကြီးဖြစ်သွားတာလား”

ထိုအတွေးနှင့်အတူ မစ်ရှင်အခြေအနေပြကိန်းတန်းကို ကြည့်လိုက်ရာ ၂၈ ရာခိုင်နှုန်းကို ရောက်နေကြောင်း တွေ့ရ၍ တုန်လှုပ်သွားသည်။ အရင်က အချိန်ကာလများစွာ ကိုယ်ခန္ဓာကို မွမ်းမံခဲ့သော်လည်း ၁၄ ရာခိုင်နှုန်းအထိသာ ရောက်ရှိခဲ့သည်။ သည်တစ်ခါ နှင်းရေစက်ကို သောက်သုံးပြီး ကျင့်ကြံလိုက်သည့်အခါ ခဏချင်းတွင် ၂၈ ရာခိုင်နှုန်းအထိ ပြီးစီးသွားခဲ့သည်။ နှင်းရေစက်သည် မျှော်လင့်ထားသည်အတိုင်း စွမ်းပါပေသည်ဟု တွေးရင်းနှင့် ကျန်းချန်ရွှမ်သည် ထိုင်ရာမှထကာ နောက်ထပ်နှင်းရေစက်တစ်လုံးကို သောက်မျိုလိုက်ပြန်သည်။ ရှေးနည်းအတိုင်း ဗုံးတစ်လုံးပေါက် ကွဲသလို ခံစားလိုက်ရပြီး လျှပ်စီး၊ လေ၊ မီး၊ ရေများ တိုက်ခိုက်သည်ကို ခံစားရပြန်သည်။

ကျန်းချန်ရွှမ်သည် အကန့်အသတ်မဲ့ဘီးကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။ သည်တစ်ကြိမ်တွင်တော့ ထိုဖြစ်စဉ်များ မပျောက်ကွယ်မီ နောက်ထပ်နှင်းရေစက်တစ်လုံးကို သောက်သုံးလိုက်ပြန်သည်။

***

All Chapters