← Chapters

ကြယ်အလင်းဖြင့် ကိုယ်ခန္ဓာမွမ်းမံခြင်း

Vol. 13 Ch. 244

ကြယ်အလင်းဖြင့် ကိုယ်ခန္ဓာမွမ်းမံခြင်း

Vol. 13 Ch. 244

ကျန်းချန်ရွှမ်တစ်ယောက် နှင်းရေစက်အားလုံးကို သုံးစွဲပြီးချိန်တွင် ခြောက်လကုန်လွန်ခဲ့ပြီးဖြစ် သည်။ ထိုအတောအတွင်း ကျန်းချန်ရွှမ်၏ ကိုယ်ခန္ဓာမွမ်းမံခြင်း ကျင့်စဉ်သည် တစ်ဟုန်ထိုး တိုးတက်လာခဲ့ကာ အကန့်အသတ်မဲ့ဘီး၏ ဒုတိယအအဆင့်ကိုပင် ချဉ်းနင်းဝင်ရောက်စ ပြုလာခဲ့ သည်။ ခန္ဓာကိုယ်သည် မူလက ပုံမှန်ယောက်ျားတစ်ဦး၏ အရပ်အမြင့်မှ နောက်ထပ်သုံးမီတာခန့် ရှည်ထွက်လာရုံမက ကြွက်သားထုထည်များလည်း ဖြစ်တည်လာပြီး တစ်ကိုယ်လုံးမှ ရှေးကျ၊ အရိုင်းဆန်သည့် အော်ရာတစ်မျိုး ထုတ်လွှင့်လျက်ရှိသည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏ ခွန် အား၊ အမြန်နှုန်း၊ တုံ့ပြန်မှုများသည်လည်း ရှေးကထက် အဆများစွာ မြန်ဆန်လာကြောင်း သတိထားမိသည်။

ကျန်းချန်ရွှမ်သည် စမ်းသပ်ရန်အလို့ငှာ မိမိကိုယ်ကို အဆင့် ၃ အနိမ့်စား ဓမ္မရတနာတစ်ခုနှင့် ထိုးခြစ်ကြည့်သည်။ ထိုအခါ သံမဏိမျက်နှာပြင်တစ်ခုနှင့် ထိတွေ့မိသည့်အလား ကိုယ်ခန္ဓာမှ မီးပွားများ တစ်ဆက်တည်း ထွက်လာတော့သည်။ ကျန်းချန်ရွှမ်၏ ကိုယ်ခန္ဓာကို အဆင့် ၃ အနိမ့်စားအ ဆင့် ဓမ္မရတနာများဖြင့် ထိခိုက်အောင်မလုပ်နိုင်တော့ပါ။ အဆင့် ၃ အလယ်အဆင့် ရတနာတစ်ခု နှင့် အစားထိုးကြည့်သောအခါ မဆိုစလောက် ဒဏ်ရာအနည်းအကျဉ်း ရရှိသည်ကို တွေ့ရသည်။ သို့သော် ကျန်းချန်ရွှမ်၏ အကန့်အသတ်မဲ့ဘီးသည် အဆင့် ၂ ကို မရောက်ရှိသေးခြင်းကြောင့်ဟု ယူဆရသည်။ အဆင့် ၂ ကို တက်လှမ်းနိုင်ပါက အကန့်အသတ်မဲ့ဘီးသည် မည်မျှအထိ စွမ်းအား ကြီးသွားမည်ကို သူကိုယ်တိုင်ပင် မသိသေးချေ။

ကိုယ်ခန္ဓာမှာ ရှေးကထက် များစွာပြောင်းလဲသွားသည်ကို ကြည့်ရင်း ကျန်းချန်ရွှမ် ပြုံးမိသည်။ ရှန်းရူယန်သာ သူ့ကိုမြင်လျှင် များစွာတုန်လှုပ်သွားမည်ဖြစ်ကြောင်း တွေးမိသေးသည်။ မူလခန္ဓာ အရွယ်အစားကို ပြန်လည်ပြောင်းလဲလိုခြင်း မရှိသည်တော့ မဟုတ်ပါ။ မပြောင်းတတ်သေး၍ ဖြစ် သည်။ အဆင့် ၂ ကို အောင်မြင်စွာ တက်လှမ်းပြီးချိန်တော့ တစ်ခုခုထူးခြားလိမ့်မည်ဟု တွေးမိ သည်။ ထို့နောက် ကျန်းချန်ရွှမ်သည် မစ်ရှင်အခြေအနေပြ ကိန်းတန်းကို ကြည့်လိုက်ရာ ၁၀၀ ရာ ခိုင်နှုန်းပြည့်သွားကြောင်း တွေ့ရသည်။ ထိုအချိန်တွင် စနစ်မှ အချက်ပေးသံတစ်ခုကို ထုံးစံအတိုင်း ကြားလိုက်ရပြန်သည်။

ဒင်…

[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ ကိုယ်ခန္ဓာမွမ်းမံခြင်း ကျင့်စဉ်တစ်ခုကို အကြိမ်နှစ်ရာအထိ အောင် မြင်စွာ ကျင့်ကြံပြီးပါပြီ။ ဆုလာဘ်အနေနှင့် ကြယ်အလင်းဖြင့် ကိုယ်ခန္ဓာကို မွမ်းမံပြုပြင်ခွင့်နှင့်အတူ အာကာသခွင်ကျယ်ကျောက်တုံး တစ်တုံးကို ရရှိပါမည်]

ဆုလာဘ်များကို ကြည့်ရင်း ကျန်းချန်ရွှမ်တစ်ယောက် ထခုန်မိမတတ် ဝမ်းမြောက်သွားသည်။ ကိုယ်ခန္ဓာကို ကြယ်အလင်းဖြင့် မွမ်းမံခြင်းသည် တစ်စုံတစ်ရာ အကျိုးထူးမည်မှာ သေချာသည်။ အသေးစိတ်ကိုတော့ သူကိုယ်တိုင်စမ်းသပ်ကြည့်မှသာ သိနိုင်ပါလိမ့်မည်။ အာကာသခွင်ကျယ် ကျောက်တုံးဆိုသည်ကိုလည်း သူကြားဖူးသည်။ အနီးကပ် တိုက်ခိုက်ရေး ဓမ္မရတနာများကို သွန်း လုပ်ရာတွင် အဓိကအသုံးပြုနိုင်သည်။ ကျန်းချန်ရွှမ်သည် ကြယ်အလင်းဖြင့် ခန္ဓာကိုယ်အား မွမ်း မံခြင်းဆိုသည့် အရာကြီးကို ကိုယ်တိုင်ခံစားရန် မစောင့်နိုင်တော့ဘဲ ယခုချက်ချင်းပင် စတင်လိုက် တော့သည်။

တစ်ခဏချင်းတွင် လှိုဏ်ဂူတစ်ခုလုံးတွင် ကြယ်အလင်းစွမ်းအင်များ လွှမ်းခြုံသွားသည်။ အလင်းမှုန်တစ်ခုချင်းတွင် ဖျက်ဆီးခြင်းအော်ရာများ ပါဝင်လျက်ရှိသည်။ ထိုအလင်းမှုန်များသည် ကျန်း ချန်ရွှမ်၏ ကိုယ်တွင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။ ကျန်းချန်ရွှမ်သည် ပြင်းထန်သော ဝေ ဒနာတစ်ရပ်ကို ခံစားလိုက်ရပြီး နဖူးမှ အေးစက်စက်ချွေးစေးများ ကျလာသည်။ ကြယ်အလင်း ဖြင့် မွမ်းမံခြင်းသည် ဤမျှအထိ နာကျင်ပြင်းထန်မည်မှန်း သူမတွေးမိခဲ့ချေ။

“ဒီလိုဖြစ်မှန်း အစကတည်းကသိရင်…”

ကျန်းချန်ရွှမ်သည် စိတ်ထဲမှ ရေရွတ်လိုက်ရင်း အကန့်အသတ်မဲ့ဘီးကို အသက်သွင်းလိုက်သည်။ ထိုအခါ မူလက ကျန်းချန်ရွှမ်၏ ကိုယ်တွင်းကို မွှေနှောက်ထိုးဖောက်နေသည့် အလင်းမှုန်များက ရုတ်တရက် ဇီဝဓာတ်ကို ပြောင်းလဲထုတ်လွှတ်လိုက်ပြီး ရှေးက ထုတ်လွှတ်ခဲ့သည့် ဖျက်ဆီးခြင်း အော်ရာနှင့် မတူကွဲပြားသည့် အော်ရာတစ်မျိုးသို့ ပြောင်းလဲသွားသည်။ ကျန်းချန်ရွှမ်သည် ကိုယ်ခန္ဓာတွင် ပြောင်းလဲမှုတစ်ရပ်ကို ခံစားမိလိုက်ပြီးနောက် တစ်စုံတစ်ခုကို နားလည်သွားသည်။ အ ကန့်အသတ်မဲ့ဘီးကို အဆများစွာတိုး၍ လည်ပတ်လိုက်သည့်အချိန်တွင် ကြယ်အလင်းစွမ်းအင် သည် ဇီဝအမျှင်များအဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ရွှမ်၏ ယိုယွင်းနေသည့် ကိုယ်ခန္ဓာကြီးကို အလျင်အမြန် ကုစားလျက်ရှိသည်။

ရှေးကထက် များစွာအင်အားကြီးသည့် စွမ်းအားတစ်ရပ် ကိုယ်တွင်း၌ ဖြစ်တည်လာသည်။ ကျန်း ချန်ရွှမ်တစ်ယောက် အလင်းပွင့်သွားသည်။ သို့သော် ထိုအချိန်၌ ကြယ်အလင်းရောင် အသစ်တစ်ခု ထပ်မံပေါ်လာပြီး ကျန်းချန်ရွှမ်၏ ကိုယ်တွင်းသို့ မြန်ဆန်စွာ စိမ့်ဝင်သွားပြန်သည်။ ခန္ဓာကိုယ် မျက်နှာပြင်တွင် သွေးသံရဲရဲ အပေါက်များ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။

“အားယားယား…”

ကျန်းချန်ရွှမ်လို စိတ်ဓာတ်ခိုင်မာသူပင် မနေနိုင်ဘဲ အော်ဟစ်ညည်းတွားရသည်အထိ နာကျင်မှုက ပြင်းထန်လှသည်။ စိတ်ကို အစွမ်းကုန်ထိန်းချုပ်လျက် အကန့်အသတ်မဲ့ဘီးကို အမြင့်ဆုံးအထိ ထုတ်ဖော်လိုက်သည်။ ထိုအခါ ပထမဆုံးတစ်ခေါက်ကထက် ပိုမိုအားကောင်းသည့် ဇီဝဓာတ်တစ်မျိုး ဖြစ်တည်လာပြီး ခန္ဓာကိုယ်ကို ကုစားလိုက်ပြန်သည်။ ဤသို့နှင့် ကြယ်အလင်းအသစ်တစ်ခု ဖြစ်တည်လိုက်၊ ပျောက်ကွယ်လိုက်နှင့် စုစုပေါင်း ခုနစ်ကြိမ်အထိ တစ်ဆက်တည်း ဖြစ်ပျက်သွားသည်။

နာကျင်ခြင်း၊ ပျက်စီးခြင်း၊ အစားထိုးကုစားခြင်း….

ကျန်းချန်ရွှမ်သာ စိတ်ဓာတ်ခိုင်မာမှုမရှိလျှင်၊ သို့မဟုတ် သည်အခွင့်အရေး၏ ရှားပါးတန်ဖိုးကြီးပုံ ကို သိရှိခြင်းမရှိလျှင် နာကျင်မှုဝေဒနာကြောင့် အစောပိုင်းကတည်းက လက်လျှော့ပြီးဖြစ်နေပါ လိမ့်မည်။

ဂျွတ်….

နောက်ဆုံးတွင် ကျန်းချန်ရွှမ်၏ မဆုတ်မနစ် ဇွဲနှင့်လုံ့လသည် အကျိုးပေးလာတော့သည်။ ခန္ဓာကိုယ်အတွင်း၌ အတားအဆီးတစ်ခု ကျိုးပျက်သွားသည့်အသံကို ကြားလိုက်ရလေသည်။

***

All Chapters