Chapters

ကြယ်အလင်းဖြင့် ကိုယ်ခန္ဓာမွမ်းမံခြင်း (၃)

Vol. 13 Ch. 246

ကြယ်အလင်းဖြင့် ကိုယ်ခန္ဓာမွမ်းမံခြင်း (၃)

Vol. 13 Ch. 246

ကျန်းချန်ရွှမ်သည် ဆေးပြားဖော်စပ်ရန် လိုအပ်သည့် သစ်ဥသစ်ဖုများကို ပြုပြင်စီရင်လိုက်သည်။ ဒုတိယအဆင့်မှာ ထိုပြုပြင်ပြီး ကုန်ကြမ်းများကို အလုံးစုံ မွမ်းမံပြီး ဆေးပြားအဖြစ်သို့ သိပ်သည်းရန်ဖြစ်သည်။ ထိုအဆင့်တွင် သတိပြုရမည့်အချက်မှာ ဆေးပြားအချင်းချင်း တွန်းကန်လေ့ရှိသည့် ပြဿနာဖြစ်သည်။ ကျန်းချန်ရွှမ်သည် ဆေးပြားချက်လုပ်ခြင်း လုပ်ငန်းစဉ်ကို အကြိမ်ရေများစွာ လေ့လာကြည့်ရှုပြီးဖြစ်၍ ထိုအဆင့်တွင် အခက်အခဲတချို့တွေ့ရသော်လည်း အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။ နောက်ဆုံးတွင် အစိမ်းရောင်အရည်လုံးကြီးကို ဆေးပြားအဖြစ်သို့ ပုံလောင်း နိုင်သည့် အဆင့်ထိ ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် ရရှိပြီးဆေးပြားများအနက် နှစ်ပြားသည် ပုံ မှန်မဟုတ်ဘဲ အနည်းငယ်တုန်ခါနေကြောင်း တွေ့ရသည်။

မကြာမီ ထိုဆေးနှစ်ပြားသည် ပြာအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ သို့ရာ တွင် ကျန်းချန်ရွှမ်အနေနှင့် စိတ်ပျက်ခြင်းမရှိဘဲ မီးဖိုအတွင်းရှိ မီးလျှံကို ထိန်းညှိရင် လိုအပ်သည့် မန္တန်များကို အဆက်မပြတ် မန်းမှုတ်လျက် ဆေးပြားများကို ဆက်လက်သိပ်သည်းလိုက်သည်။ အဖုအထစ်များရှိနေသည့် ဆေးပြားနှစ်ပြား၏ မျက်နှာပြင်ကို ချိန်ညှိနေစဉ် အဆိုပါဆေးပြားနှစ် ပြားသည် ပြင်ပဖိအားတစ်ခု သက်ရောက်ခံရသည့်အလား ကျေမွပျက်စီးသွားပြန်သည်။ ကျန်းချန်ရွှမ်သည် သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်မိတော့သည်။ သို့ရာတွင် စိတ်ပျက်အား လျော့ခြင်းတော့ မဖြစ်မိပါ။ ပထမဆုံးတစ်ခေါက်တည်းနှင့် အောင်မြင်ရန် မဖြစ်နိုင်ကြောင်း နား လည်ပြီးဖြစ်သည်။

ထိုကျရှုံးမှုကို ပြန်လည် ဆန်းစစ်ကြည့်သောအခါ လိုအပ်ချက်များကို တွေ့ရှိလိုက်ရသည်။ ကျန်း ချန်ရွှမ် သည် ဝိညာဉ်သစ်ဥသစ်ဖုများကို ထုတ်ယူလိုက်ပြီး ဒုတိယအကြိမ် ကြိုးစားကြည့်သည်။ ရက်အနည်းငယ်ကြာပြီးနောက် မီးဖိုအတွင်းမှ မွှေးကြိုင်သည့် ဆေးရနံ့တစ်ခု ပျံ့လွင့်လာသည်။ သို့သော် ခေတ္တအကြာတွင် ဆေးရနံ့မှသည် မီးသွေးတူးအနံ့ကို ရုတ်ခြည်းပြောင်းလဲသွားပြီး မီးဖို အတွင်းမှ ပုံမပျက် ထုတ်ယူလာသော ဆေးနှစ်ပြားသည် မီးသွေးခဲပမာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ဒုတိယအကြိမ် ကြိုးစားမှုသည်လည်း အဟောသိကံဖြစ်သွားရသည်။ ကျန်းချန်ရွှမ်သည် စိတ်ပျက်ခြင်းမရှိဘဲ တည်ငြိမ်လျက်ရှိသည်။

ဒုတိယအကြိမ် ကျရှုံးမှုမှတဆင့် ကျန်းချန်ရွှမ်သည် ပြဿနာတက်နေသည့် အကြောင်းအရင်းကို နားလည်လိုက်ပြီဖြစ်သည်။ မီးဖိုအောက်ရှိ ကျောက်မီးသွေးမီးလျှံ အပူချိန်ကို နှိမ့်ချလိုက်ပြီး တတိယအကြိမ် ကြိုးစားလိုက်ပြန်သည်။ လဝက်ကြာသွားသည်။ မီးဖိုအတွင်းမှ ဆေးရနံ့တစ်ခု လွင့် ပြယ်လာသည်။ သည်တစ်ခါ ဆေးရနံ့သည် ရှေးနှစ်ကြိမ်ကလောက် ပြင်းထန်ခြင်းမရှိသော်လည်း ကျန်းချန်ရွှမ်က ဆေးပြားဖွဲ့စည်းခြင်း မန္တန်များကို မန်းမှုတ်လိုက်သည့်အခါ ဆေးရနံ့မှာ ရုတ်တရက် သိပ်သည်းပြင်းထန်လာတော့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ဆေးပြားတစ်ခုသည် အဝါရောင်သမ်းသွားသည်။ ကျန်းချန်ရွှမ်က မမြင်ချင်ယောင်ဆောင်ပြီး မီးအပူချိန်ကို ထိန်းညှိပြီး နောက်ဆုံးဆေးပြားကို အပြီးသတ် သိပ်သည်းလိုက်သည်။

နာရီများစွာ ကုန်လွန်ပြီးနောက် ကျန်းချန်ရွှမ်သည် နောက်ဆုံးသော ဆေးပြားဖွဲ့စည်းခြင်း မန္တန် ကို အပြီးသတ်လိုက်သည်။ မီးဖိုထဲမှ စစ်မှန်သည့် ဆေးရနံ့တစ်ခု လွင့်ပြယ်လာတော့သည်။ ကျန်း ချန်ရွှမ်သည် လက်ကိုမြှောက်ကာ မီးဖိုအဖုံးကို ခပ်ဆတ်ဆတ် ရိုက်ချလိုက်သည်။ အစိမ်းရောင် သမ်းနေသည့် အဆီအနှစ်ပျိုးထောင်ခြင်းဆေးပြားများသည် သူ့လက်အတွင်းသို့ ဆိုက်ဆိုက်မြိုက် မြိုက် ရောက်ရှိလာသည်။ ဆေးပြားများသည် အရည်အသွေးမြင့်သည်ဟု မဆိုသာသော်လည်း ညံ့ဖျင်းသည်ဟုလည်း မဆိုနိုင်ပါ။ ကျန်းချန်ရွှမ်လို အဆင့် ၃ အဂ္ဂိရတ်ပညာရှင် ဖြစ်လာသည်မှာ မကြာသေးသူ တစ်ယောက်အဖို့ ဤမျှအရည်အသွေးရှိသည့် ဆေးပြားများကို ဖော်စပ်နိုင်သည်က ပင် လွန်လွန်းလှပြီဖြစ်သည်။ ကျန်းချန်ရွှမ်သည် ထိုဆေးပြားများကို သိမ်းဆည်းလိုက်သည်။ ထို အချိန်တွင် သူနှင့် ကျွမ်းဝင်ပြီးဖြစ်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။

***