← Chapters

လျူလင်းလုံ ကျီဖုနယ်ပယ်ကို ဝင်ရောက်ခြင်း

Vol. 13 Ch. 247

လျူလင်းလုံ ကျီဖုနယ်ပယ်ကို ဝင်ရောက်ခြင်း

Vol. 13 Ch. 247

ဒင်…

[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ အဆင့် ၃ အဂ္ဂိရတ်ပညာရှင် အဖြစ်သို့ တက်လှမ်းနိုင်ပြီ ဖြစ်၍ ဆု လာဘ်အဖြစ် အဆိပ်ပယ်ဆေးပြားဖော်စပ်နည်းနှင့် အဂ္ဂိရတ်ဆိုင်ရာ ရတနာတစ်ပါးဖြစ်သည့် အဆင့်တက် ဆေးပြားမီးဖိုကို ရရှိပါမည်]

စနစ်က ရက်ရက်ရောရော ချီးမြှင့်လိုက်သည့် ဆုလာဘ်နှစ်ခုကို သိရှိပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် သဘောခွေ့သွားမိသည်။ အဆိပ်ပယ်ဆေးပြားဆိုသည်မှာ ဤလောကတွင်ရှိသည့် အဆိပ်အားလုံးကို ကုသနိုင်စွမ်းရှိသည့်အပြင် ဆေးပြားများ မှီဝဲသုံးစွဲရာမှ ဘေးထွက်ဆိုးကျိုးအဖြစ် ကိုယ်တွင်း၌ စုဝေးလာတတ်သည့် အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်သေးသည်။ အတိုချုပ်ဆိုရလျှင် ကျင့်ကြံခြင်းဖြစ်စဉ်တွင် မကြာခဏ ရင်ဆိုင်ရတတ်သည့် ဆေးပြားများ၏ ဘေးထွက်ဆိုးကျိုးအားလုံးကို အပြီးတိုင် ဖယ်ရှားနိုင်စွမ်းရှိပါသည်။

ထို့ပြင် အဆိုပါဆေးပြားသည် သူ့ထက် တစ်ဆင့်မြင့်သည့် နယ်ပယ်အထိ အာနိသင်သက်ရောက်နိုင်ပါသေးသည်။ ဆိုလိုသည်မှာ အဆင့် ၃ အဆိပ်ပယ်ဆေးပြားသည် အဆင့် ၄ အဆိပ်အားလုံးကို ကိုင်တွယ်နိုင်နင်းနိုင်သည့် သဘောဖြစ်သည်။ အဆင့်တက် ဆေးပြားမီးဖို ဆိုသည်မှာ အဂ္ဂိရတ်သမား၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ လိုက်ပါအဆင့်မြင့်သွားသည့် ရှားပါးအဂ္ဂိရတ် ရတနာတစ်ပါးဖြစ်သည်။ ထိုမီးဖိုကို အသုံးပြုလျှင် ဆေးပြားများကို အောင်မြင်စွာ စီရင်ဖော်စပ် နိုင်ချေသည် ၃၀ ရာခိုင်နှုန်းထိ မြင့်တက်သွားပါလိမ့်မည်။

ထို့ကြောင့် ကျန်းချန်ရွှမ်လည်း အဆိုပါမီးဖိုအစွမ်းကို ချက်ချင်းစမ်းသပ်ရန် ဆုံးဖြတ်လိုက်ရင်း အ ဆင့် ၃ အဆီအနှစ်ပျိုးထောင်ဆေးပြား ဖော်စပ်ရာတွင် လိုအပ်သည့် ဝိညာဉ်သစ်ဥသစ်ဖုများကို ထုတ်ယူလိုက်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ကိုယ်စီဂူပိတ်ကျင့်ကြံရင်း အလုပ်များနေချိန် ကျန်းမိသားစုပိုင် ခန်းမဆောင်တစ်ခုတွင်ဖြစ်သည်။ ကျန်းရန်တောက်သည် ကျီဖုကျောက်စိမ်းပြားကို လျူလင်းလုံလက်ထဲသို့ အပ်နှံလိုက်သည်။ လျူလင်းလုံသည် လက်ရှိအချိန်တွင် အခြေခံတည်ဆောက်ခြင်း နဝမအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိနေပြီးဖြစ်ကာ သူမ၏ အော်ရာများ သည် ဟန်ချက်ညီလျက်ရှိသလို ဝိညာဉ်၊ ချီဓာတ်နှင့် အဆီအနှစ်စွမ်းအင်တို့သည်လည်း နေသားတကျ ဖွံဖြိုးပြီးဖြစ်နေသည်။

ထိုကျောက်စိမ်းပြားကို အသုံးပြုလိုက်ပါက ကျီဖုအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်းသည် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်သည်။ လျူလင်းလုံသည် လက်ထဲရောက်ရှိ လာသည့် ကျီဖုကျောက်စိမ်းပြားကို ကြည့်လျက် နှလုံးသားတွင် နင့်နင့်နဲနဲ ခံစားမိလိုက်သည်။ ထို့ နောက် ကျန်းရန်တောက်ကို ကြည့်ပြီး တည်ငြိမ်စွာဆိုသည်။

“စိတ်မပူပါနဲ့ အဓိပတိအကြီးအကဲ။ ကျွန်မတတ်စွမ်းသမျှ အစွမ်းကုန်ကြိုးစားမှာပါ။ စိတ်မပျက်စေရပါဘူး”

“ကောင်းတယ်”

ကျန်းရန်တောက်သည် ကျေနပ်ဟန်နှင့် ခေါင်းညိတ်လိုက်ပြီး

“ဒီလိုခံယူချက်မျိုး ရှိထားတာကောင်းတယ်၊ အကြီးအကဲလျူ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ကျီဖုအဆင့်ကို တက်လှမ်းတယ်ဆိုတာ အရေးကြီးတဲ့ကိစ္စဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကို အလွန်အကျွံ ဖိအားမပေးဖို့လိုတယ်။ ကိုယ်တတ်နိုင်သလောက်ကို တစ်ဆင့်ချင်း ဖြည်းဖြည်းဆောင်ရွက်ပါ”

ထို့နောက် ကျန်းရန်တောက်သည် ကျန်းချန်ရွှမ်ပေးလိုက်သည့် ကျောက်စိမ်းတိုကင်ပြားကို လျူလင်းလုံအား ထပ်မံပေးလိုက်သည်။

“ဒီကျောက်စိမ်းပြားထဲမှာ စီနီယာဦးလေးနဲ့ အဒေါ်တို့ ကျီဖုအဆင့်ကို တက်လှမ်းခဲ့တုန်းက မှတ်တမ်းတင်ထားတဲ့ ဖြစ်စဉ်နည်းနာတွေ၊ အကြံဉာဏ်တွေပါတယ်။ ဒါကိုအရင်ဖတ်ထားပါ”

လျူလင်းလုံသည် ကျောက်စိမ်းတိုကင်ပြားကို ကိုင်တွယ်ကြည့်ရှုရင်း အံ့အားသင့်နေမိသည်။ ဘိုး ဘေးနှစ်ဦးသည် သူမကို ကျီဖုကျောက်စိမ်းပြားအပြင် နောက်ထပ် တန်ဖိုးကြီးလက်ဆောင်တစ်ခု ကိုလည်း ချီးမြှင့်လိုက်ပါသေးသည်။ လျူလင်းလုံသည် ကျေးဇူးတင်စကားဆိုပြီးနောက် ကျင့်ကြံ ရာလှိုဏ်ဂူသို့ ပြန်လာပြီး စိတ်နှင့်ခန္ဓာကို ချိန်ညှိလျက် စတင်ကျင့်ကြံလိုက်တော့သည်။ သို့နှင့် သုံးနှစ်ဆိုသည့် အချိန်တစ်ခု ကုန်လွန်ခဲ့ပြန်သည်။ သုံးနှစ်ကြာပြီးနောက် လျူလင်းလုံ ကျင့်ကြံနေသည့် လှိုဏ်ဂူအထက် ကောင်းကင်တွင် ဝိညာဉ်ချီများ စုစည်းသိပ်သည်းလာပြီး ဝဲကတော့ပုံ ချီစွမ်းအင်လှိုင်းကြီးအဖြစ် ဖြစ်တည်လာသည်။ ထိုစွမ်းအင်များသည် လှိုဏ်ဂူနှင့် အနီးတဝိုက်ကို ပြင်းထန်စွာ ဖိအားသက်ရောက်လျက်ရှိသည်။

ကျန်းမိသားစု ဌာနချုပ်တွင် စည်းဝေးတိုင်ပင်နေသော မိသားစုခေါင်းဆောင်များသည် လျူလင်းလုံကျင့်ကြံနေသည့် လှိုဏ်ဂူရှိရာအရပ်သို့ မတိုင်ပင်ဘဲ ပြိုင်တူအကြည့်ရောက်သွားသည်။ လူအားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားဝမ်းသာသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ ချက်ချင်းပင် အစည်းအဝေးကို ရပ်စဲလိုက်ကြပြီး လှိုဏ်ဂူရှိရာသို့ ပျံသန်းလိုက်ကြသည်။ ဂူအနီးသို့ရောက်လျှင် ကျန်းရန်တောက်လည်း ရောက်နှင့်နေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

“နှုတ်ဆက်ပါတယ် အဓိပတိအကြီးအကဲ”

“နှုတ်ဆက်ပါတယ် တတိယဦးလေး”

“နှုတ်ဆက်ပါတယ် ဘိုးဘေးရန်တောက်”

ကျန်းရန်တောက်သည် အကြီးအကဲများ၊ ဂိုဏ်းတပည့်များ ဂါရဝပြုသည်ကို ခေါင်းညိတ်လျက် တုံ ပြန်လိုက်ပြီးနောက် စကားမဆိုဘဲ လျူလင်းလုံရှိနေသည့် လှိုဏ်ဂူဖက်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေတော့သည်။ လက်ရှိအချိန်သည် လျူလင်းလုံအတွက် အရေးကြီးဆုံး အခိုက်အတန့်ဖြစ် မှန်း သူနားလည်ထားသည်။ တစ်ခုခုအမှားအယွင်း ဖြစ်သွားပါက လျူလင်းလုံ၏ သုံးနှစ်တာကျင့် ကြံမှုအားလုံး အဟောသိကံဖြစ်သွားနိုင်သည်လေ။ အရာအားလုံး အဆင်ပြေပါစေဟုသာ ကျန်း ရန်တောက်တစ်ယောက် ဆုတောင်းမိသည်။ ဤသို့နှင့် နေ့တစ်ဝက် ကုန်လွန်သွားသည်။

ထိုအခါ လှိုဏ်ဂူအတွင်းမှ ရှေးကထက် ပိုမိုပြင်းထန်သည့် ဝိညာဉ်ဖိအားအသစ်တစ်ခု ထွက်ပေါ် လာသလို ပတ်ဝန်းကျင်ရှိ ချီဓာတ်များသည်လည်း ပိုမိုသိပ်သည်းလာသည်။

“ရန်တောက် ဘယ်လိုလဲ”

ကျန်းရန်ယီနှင့် ကျန်းရန်ချွမ်းတို့က ညီဖြစ်သူ ရန်တောက်ကို စိတ်လှုပ်ရှားစွာ မေးခွန်းထုတ်သည်။

“အစ်ကိုတို့ မစိုးရိမ်ပါနဲ့။ ကျွန်တော့်အထင်မမှားရင် အကြီးအကဲလျူ တက်လှမ်းခြင်းဖြစ်စဉ်ရဲ့ နောက်ဆုံးခြေလှမ်းကို စနင်းနေလောက်ပြီ။ ဒီအဆင့်ပြီးသွားရင် ကျွန်တော်တို့မိသားစုမှာ နောက်ထပ် ကျီဖုအဆင့်တစ်ဦး တိုးလာပြီပေါ့”

***

All Chapters