ဝန်ခံအောင် အတင်းလုပ်တဲ့ ရှီမာယူယူ ၂
Vol. 81 Ch. 1128
အလုံးလေးသည် ရှီမာယူယူ၏ လက်ထဲမှ မီးတောက်ကိုကြည့်နေသည်။ သူမသည် အနောက်သို့ဆုတ်သွားကာ ပြောလိုက်သည် “ဒါက ယူယူက ဒဏ်ရာရထားတာလေ အခု မီးနဲ့မကစားနဲ့”
“ဒါဆိုရင် မင်းကဘယ်သူလဲဆိုတာ အခုသိပြီလား” ရှီမာယူယူသည် မီးနှင့်ကစားနေသည်။ “မင်း အမှန်ပြောချင်ပြီလား မပြောချင်ဘူးဆိုလည်း… ရှောင်ချီ… ငါမင်းအတွက် ဂျုံမုန့်လုံးလေး မဖုတ်ကျွေးရသေးဘူးမလား အရသာရှိမှာပဲ မင်းစားချင်လား”
“သေချာတာပေါ့ အင်း… ယူယူလုပ်တာဆိုရင် အကုန်အရသာရှိတယ်” ရှောင်ချီ သံယောင်လိုက်လသည်။
အလုံးလေးသည် အနောက်သို့ဆုတ်သွားပြီး ရှီမာယူယူကိုကြည့်ရာ သူမ နောက်နေသည့်ပုံနှင့်မတူပေ။
“အဲဒါက… ပြောပါ့မယ် ပြောပါ့မယ် အရင်ဆုံးမီးတောက်ကိုသိမ်းလိုက်ပါ သီး ကောင်းကောင်းမွန်မွန်ပြောကြတာပေါ့ ဟုတ်ပြီလား ယူယူထပ်ပြီး ဒဏ်ရာရရင် အကုန်လုံး ထပ်ပြီးစိုးရိမ်နေရတယ် ဟုတ်တယ်မလား ဟားဟား ဟား…” သူသည် ရှုံ့မဲ့သောအပြုံးဖြင့် စိတ်လှုပ်ရှားစွာပြောလေသည်။
“ပြဿနာမရှိပါဘူး ငါ ဒီမီးတောက်နည်းနည်းကိုခံနိုင်ပါတယ်” ရှီမာယူယူ ပြန်ချေပလိုက်သည်။ “မင်းပြောမှာလား မပြောဘူးလား မဟုတ်ရင် …”
“ပြောပါမယ် ပြောမယ် အခုပဲပြောမယ်” အလုံးလေးသည် ကြက်သွေး ရောင်မီးတောက်၏ မီးတောက်ကို ခိုးကြည့်လိုက်သေးသည်။ သူမသည် ရင်ထဲမှ ငိုကြွေးမိသည်။
အညှာတာမဲ့လိုက်တဲ့ အမျိုးသမီး… ငါအားနည်းတယ်ဆိုတိုင်း အနိုင်ကျင့်တယ်။ ငါသာသန်မာလာရင် ပိုပိုပြီးသန်မာလာရင် သူမကို ခြေထောက်အောက်မှာ တွားသွားခိုင်းမယ်။
“ဒါဆိုရင် မြန်မြန်ပြောတော့ ငါ့ရဲ့စိတ်ရှည်မှုက အတိုင်းအတာရှိတယ်” ရှီမာယူယူ ငေါက်လိုက်သည်။ “မင်းကဘာလဲ”
ရှီမန်လီသည် အလုံးလေးအား ငုံ့ကြည့်လိုက်သည်။ သူမသည်လည်း အလုံးလေး၏ သရုပ်မှန်ကိုမသိပေ။
အလုံးလေးသည် ရှီမာယူယူ၏ အငေါက်ကိုခံရပြီးနောက်တွင် ပိုပြီး ထိခိုက်နာကျင်သွားသည်။ သူမ၏ ခန္ဓာကိုယ် လှုပ်ရှားလာပြီး ခြေလက်များ ထွက်လာကာ ခေါင်းကြီးလာပြီး မျက်နှာပုံသဏ္ဍာန်ပေါ်လာသည်။
“ကျားလား” ရှောင်ချီသည် အလုံးလေးအားကြည့်လိုက်သည် “ကျားက ဘာလို့ဒီလိုဟန်ဆောင်နေတာလဲ”
“ငါကကျားမဟုတ်ဘူး” အလုံးလေး ငြင်းဆိုလိုက်သည်။
“ကျားဖြူ မင်းက ကျားမဟုတ်ရင်ဘာလဲ မင်းက အံ့ဖွယ်သားရဲ လေးကောင်ထဲက ကျားဖြူလို့တော့မပြောနဲ့နော်” ရှောင်ချီသည် သူမ၏ လည်ပင်းကိုပုတ်လိုက်သည်။
“ငါက ကျားဖြူမဟုတ်ဘူး” အလုံးလေးသည် သူမ၏ သရုပ်မှန်အတွက် ဂုဏ်ယူနေသူဖြစ်သည်။ သို့သော် ရှီမာယူယူဘေးမှ ပဒါးရောင်ဟင်္သာကို တွေးမိလျှင် ဂုဏ်ယူသည်ဟု မခံစားရတော့ပေ။
“မင်းကကျားမဟုတ်ဘူး ကျားဖြူလည်းမဟုတ်ဘူးဆိုတော့ ဘာလဲ” ရှီမာယူယူသည် မီးတောက်နှင့် အသာအယာဆော့ကစားရင်း မေးလိုက် သည်။
အလုံးလေးသည် ခန္ဓာကိုယ်အားတွန့်လိမ်လှည့်လိုက်ရာ သူမ ခေါင်း၏ တစ်ဖက်တစ်ချက်တွင် ခေါင်းတစ်လုံးစီထွက်လာလေသည်။
ရှောင်ချီ မျက်တောင်ခတ်လိုက်သည်။ သူမသည် အလုံးလေးကို ကြည့်ပြီး တအံ့တသြအော်လေသည် “မင်းက ကျားမဟုတ်ဘူး မိစ္ဆာပဲ”
“ငါက မိစ္ဆာမဟုတ်ဘူး” အလုံးလေးသည် ရင်နာသွားသည်။ သူမက တကယ်ပဲ မိစ္ဆာမဟုတ်ဘူး။
“မင်းမှာ ခေါင်းသုံးလုံးရှိနေတာကို ဘာလို့မိစ္ဆာမဟုတ်ရမှာလဲ” ရှောင်ချီ ပြန်ချေပလေသည်။
“ငါမဟုတ်ဘူး မဟုတ်ဘူး ငါကမိစ္ဆာမဟုတ်ဘူး ငါ့ကိုမိစ္ဆာလို့ ဆက်ပြော နေရင် မင်းကိုကိုက်တော့မယ်” အလုံးလေး၏ ခေါင်းသုံးလုံးထွက်ပြီးနောက် တွင် သူမ၏အသံမှာ အနည်းငယ်ကြောက်မက်ဖွယ်ကောင်းလာသည်။
နှမြော်စရာကောင်းတာက ထိုနေရာရှိလူများသည် အတွေ့အကြုံရှိသူ များဖြစ်သည်။ ထိုကဲ့သို့ရောင်ဝါသည် သူတို့ကို မကြောက်စေပေ။
“ရှေးဟောင်းအံ့ဖွယ်သားရဲ လုဝူ*ပဲ” ချင်ယိ ပြောလိုက်သည်။
(*လူသားမျက်နှာနှင့် ကျားခန္ဓာကိုယ်ရှိသော တရုတ်ဒဏ္ဍာရီလာသားရဲ၊ မျက်နှာကိုးခုနှင့် အမြီးကိုးခုရှိသောသားရဲ)
အလုံးလေးသည် ချင်ယိကို လှည့်ကြည့်လိုက်သည်။ သူမကို မှတ်မိ သည့်သူရှိလိမ့်မည်ဟု ထင်မထားပေ။
“မင်းကြီးလာရင် ခေါင်းဘယ်နခုရှိတာလဲ” ချင်ယိ စကားမပြောလျှင် သူ ရှိနေသည်ကိုပင် တခြားသူများ သိမည်မဟုတ်ပေ။ သူစကားပြောမှပင် အားလုံးကြည့်မိကြသည်။
ခေါင်းအကြောင်းပြောသည်နှင့် အလုံးလေးသည် သူမ၏ ခေါင်းသုံးလုံး နှင့် ခန္ဓာကိုယ်ကို ထပ်ပြီးလှည့်လိုက်သည်။ သူ၏ ခြေလက်လေးချောင်း ပျောက်သွားကာ မူလအသွင်အပြင် အလုံးလေးအဖြစ်ပြောင်းသွားလေသည်။
“ငါ အပြည့်အဝမပြောင်းရသေးဘူး…”
သူမသည် စိတ်ပျက်နေပုံပေါက်နေသည်။
“အဲတော့ မင်းကအခုထိတော့ အလုံလေးဖြစ်နေတုန်းပဲပေါ့” ရှီမာယူယူ မှတ်ချက်ပေးလေသည်။
“သူမမှာ ခေါင်းကိုးလုံးရှိသွားရင် အရမ်းအားကောင်းတယ် အဲဒါမရှိရင် တော့ သာမန်ပါပဲ” ချင်ယိ ရှင်းပြလေသည်။
“အဲဒါက ဟိန်းသံထောင်ချီနဲ့အတူတူပဲမလား သူသာ အမြီးကိုးချောင်း ထွက်လာရင် တကယ့်အမြီးကိုးချောင်းဝိညာဉ်မြေခွေးဖြစ်သွားမှာ” ရှောင်ချီ ပြောလိုက်သည်။
“မင်းဘယ်သူလဲဆိုတာ ငါတို့အခုသိသွားပြီ ဒါဆိုရင် အလုံးလေး ဒီကို လူတိုင်းရောက်လာအောင် ဘာလို့အရူးလုပ်ရတာလဲ” ရှီမာယူယူ ပြောလိုက် သည်။
“ဒီကိုလာဖို့ အကုန်လုံးကို ငါအရူးလုပ်တာမဟုတ်ဘူး အကုန်လုံး အခွင့်အလမ်းရှာတွေ့တယ်မဟုတ်ဘူးလား” အလုံးလေးသည် ယုံကြည်ချက် မရှိစွာ ပြန်ဖြေလေသည်။
“ဒါ မင်းရဲ့အဖြေဆိုတာ သေချာလား”
အလုံးလေးသည် ရှီမာယူယူ၏ အကြည့်နှင့်ဆုံသည်နှင့် ယုံကြည်ချက် ပိုမဲ့သွားသည်။ သူမ လက်ထဲမှ မီးတောက်ကို ကြောက်သဖြင့် ရိုးသားစွာ ဝန်ခံ လေသည် “ဒီမှာ ရှေးဟောင်းရောင်ဝါရှိတယ်လို့ ခံစားမိတယ် အဲဒါကြောင့် သူတို့ကိုဒီကိုခေါ်တာလာ ဒီမှာရှေးဟောင်းသားရဲတွေ ဒီလောက်များမယ်လို့ မထင်ထားဘူး အပေါ်မှာ ကောင်းကင်ပိုက်ကွန်ရှိနေတာလည်း မသိခဲ့ဘူး”
“အဲတော့ မင်းတကယ်ပဲမသိတာလား မဟုတ်ရင် ဟန်ဆောင်နေတာ လား” ရှီမာယူယူ မေးမြန်းစစ်ဆေးလေသည်။
“ငါတကယ်မသိခဲ့တာ ကျိန်ရဲပါတယ်” အလုံးလေးပြောလေသည် “ငါ ထင်တာက သူတို့လည်းဝိညာဉ်စွမ်းအင် စုပ်ယူပြီး အားတိုးနိုင်မယ် ငါလည်း လိုချင်တာရမယ် ဒါက အချင်းချင်းအကျိုးရှိတဲ့အခြေအနေမဟုတ်ဘူးလား အဲဒီဝိညာဉ်စွမ်းအားက ဝိညာဉ်သားရဲတွေကို ဖိနှိပ်ထားမယ်လို့ ဘယ်သူထင် မှာလဲ သူတို့မထွက်ခင်ကို ကောင်းကင်ပိုက်ကွန်က လှုပ်ရှားမယ်လို့ မထင်ထားဘူးလေ”
“တကယ်လား”
“တကယ် တကယ်” အလုံးလေးသည် ခိုင်မာစွာ ခေါင်းညိတ်လေသည် “ငါ့အစကကောင်းနေတယ် ဒါပေမဲ့ နောက်ဖြစ်လာမယ့်ဟာကို မတွေးမိဘူး”
“မင်းဘာလိုချင်တာလဲ အဲတည်ဆောက်မှုကျောက်တုံးလား” ရှီမာယူယူ မေးလိုက်သည်။
“အဲဒါက သာမန်တည်ဆောက်မှုကျောက်တုံးမဟုတ်ဘူး ရှေးဟောင်း ရောင်ယါတွေပါနေတဲ့ အရင်းအမြစ်ကျောက်ပဲ ငါစားလိုက်တာနဲ့ ခေါင်းတစ်လုံး ထပ်ပေါက်လာနိုင်တယ်” အလုံးလေးပြောလေသည်။
“ပြောရင်းနဲ့ မင်းက အသွင်ပြောင်းနိုင်တာကြာပြီလို့ပြောခဲ့တယ်နော် မင်းက လီအာရဲ့ဝိညာဉ်စွမ်းအားကို စုပ်ယူပြီးတာတောင် ဘာလို့ အသွင်ပြောင်းတာ မအောင်မြင်သေးတာလဲ ဟင်” ရှီမာယူယူသည် မျက်လုံး များကို ကျဉ်းလိုက်သည် “ပြော မင်း ငါ့ကိုလိမ်တာကို ငါသိလို့ကတော့ မင်းကို ဘာလုပ်ရမလဲ ပဲငံပြာရည်နဲ့ နှပ်ရမလား ဆီနဲ့နှစ်ပြီးကြော်ရမလား ကြော်ရ မလား ကင်ရမလား မဟုတ်ရင် ဟော့ပေါ့လား”
သူမ ပြောလိုက်သောစကားများသည် အလုံးလေး၏ ခန္ဓာကိုယ်ကို တုန်လှုပ်စေသည်။ ထိုအချက်နှင့်ပင် သူမ၏ ခန္ဓာကိုယ် အပူချိန်သည် ကျသွားသည်ဟု ခံစားရလေသည်။
“ငါ မလိမ်ပါဘူး ဒီမှာ မင်းက အဲလောက်ဉာဏ်ကောင်းပြီး ထက်မြက် တာ ဘယ်လိုလုပ်လိမ်ရမှာလဲ” အလုံးလေးသည် အတိအကျပြောလေသည်။
“ဒါဆိုရင် မင်းက ဘာဖြစ်တာလဲ ဘာလို့အသွင်ပြောင်းတာ မအောင်မြင် ရတာလဲ”
“ငါ လီအာနဲ့ ငါ့ကိုယ်ငါ တိုးတက်ဖို့ကြိုးစားနေတာပဲမလား” အလုံးလေး ပြောလေသည် “ငါ အသွင်ပြောင်းပြီးတော့ ပိုသန်မာလာမယ် ငါအသွင်ပြောင်း လိုက်ပေမဲ့ ခေါင်းတစ်လုံးတည်းလေ ငါသာ ခေါင်းလေးလုံး ငါးလုံးနဲ့ အသွင်ပြောင်းနိုင်မယ်ဆိုရင် စွမ်းရည်လည်းမြင့်လာပြီး လီအာလည်း စွမ်းအား ပိုရနိုင်တယ်”
ရှီမာယူယူသည် သူမ အမှန်ပြောနေသည်ကို မသိသော်လည်း ချင်ယိကို အကူအညီတောင်းသည့်အနေနှင့် ကြည့်လိုက်သည်။
ချင်ယိက အလုံးလေးရဲ့ သရုပ်မှန်ကို သတိထားမိမှတော့ သူသိသင့် တယ်မလား။
ချင်ယိ ခေါင်းညိတ်သည်မှာ ထိုကဲ့သို့ဖြစ်နေသည်ကို ညွှန်ပြနေသည်။
“ကောင်းပြီ မင်းကို အချိန်တစ်ခုတော့ယုံပေးလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည် “ငါ အခြေအနေကို သိသွားတာနဲ့ မင်းကိုဘယ်လိုအပြစ်ပေး မယ်ဆိုတာ စဉ်းစားဖို့လိုမယ်”
အလုံးလေးသည် ရှီမန်လီဘက်သို့ ခန္ဓာကိုယ်တိုးလိုက်ကာ အားလျော့ စွာပြောလေသည် “ငါ တမင်လုပ်တာမဟုတ်ဘူးလို့ ပြောပြီးပြီလေ”
“မင်းကို အပြစ်ပေးဖို့လိုသေးတယ်” ရှီမာယူယူ ပြောဆိုလေသည်။
“ဒါဆိုရင် ဘယ်လိုအပြစ်ပေးမှာလဲ” အလုံးလေးသည် သေးငယ်သော အလုံးလေးအသွင်ပြောင်းသွားကာ အလွန်ကြောက်ရွံ့လျက်ရှိသည်။
(T/N - အလုံးလေးကို နာမ်စားသုံးတာက မူရင်း tran မှာကိုက အစက she/her လို့သုံးပြီး နောက်ပိုင်းကျ it/its လို့သုံးတော့ ကိုယ်တောင် နည်းနည်း မျက်စိလည်သွားပါတယ် အဲဒါလေးက အထီးလား အမလားဆိုတာ မသဲကွဲ နေလို့ လောလောဆယ်ကို သုံးလက်စ သူမဆိုပြီး ရေးထားလိုက်ပါတယ်နော်)
***