← Chapters

မျက်နှာဖုံးချွတ်ခြင်း (၂)

Vol. 13 Ch. 254

မျက်နှာဖုံးချွတ်ခြင်း (၂)

Vol. 13 Ch. 254

“ကောင်းတယ်”

ရှန်ကွမ်ရှန်းက ကျေနပ်စွာ‌ ခေါင်းညိတ်လိုက်သည်။

“ငါတို့အတွက် အချိန်တစ်ခုစောင့်ရုံပဲ”

ထိုအချိန်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကျန်းမိသားစုဝင်များသည် နေရာရွှေ့ပြောင်းခြင်း အစီ အရင်ကွက်အားလုံး ပိတ်လျက်ရှိ၍ အကြံရခက်နေသည်။ ကျောက်စိမ်းစားသောက်ဆိုင်မှ ထွက်လာပြီးနောက် ကျန်းချန်ရွှမ်တို့သည် အနီးအနားရှိ နေရာရွှေ့ပြောင်းခြင်း အစီအရင်ကွက်တစ်ခုသို့ သွားရောက်၍ လျန်နိုင်ငံသို့ ထွက်ခွာရန်စီစဉ်ထားသော်လည်း ထိုအစီအရင်ကွက်ကို အများပြည်သူများ အသုံးပြုနိုင်သေးခြင်းမရှိကြောင်း သိရှိရသည်။ အခြားသော အစီအရင်ကွက်များသည် လည်း ထိုနည်းတူပင်ဖြစ်နေ၍ ကျန်းချန်ရွှမ်တို့ သင်္ကာမကင်းဖြစ်လာမိသည်။

ထို့ကြောင့် ကျန်းချန်ရွှမ်တို့သည် ရုပ်ဖျက်ဖုံးကွယ်၍ အသာစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မကြာခင်တွင် အစီအရင်ကို စီးနင်းအသုံးပြုမည့် ကျင့်ကြံသူအချို့ ရောက်ရှိလာပြီး အသုံးပြုခွင့်ရသွားသည်ကို မြင်လိုက်ရသည်။ ထိုအခါ နေရာရွှေ့ပြောင်းခြင်း အစီအရင်ကွက်များကို သူတို့လူစုကိုသာ အသုံးမပြုနိုင်စေရန် ကွက်၍ ပိတ်ထားခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။

တစ်စုံတစ်ယောက်သည် သူတို့အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းမှာ အထူးထင်ရှားနေသည်။

သို့သော် မည်သူ့လက်ချက်ဆိုသည်ကိုတော့ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ စဉ်းစားမရပါချေ။ တုန်းဟိုင်လက်ချက်လော၊ မြို့စားလေးလက်ချက်လော၊ သို့မဟုတ် တခြားတစ်ယောက်လည်း ဖြစ်နေနိုင်ပြန်သည်။ ကျင်းနိုင်ငံတွင် ရှိနေသည့် ကာလပတ်လုံး ကျန်းချန်ရွှမ်တို့အနေနှင့် မည်သူ နှင့်မှ ပြဿနာတက်ခြင်းမရှိရန် ရှောင်ရှားနေသည့်ကြားမှ ယခုလိုဖြစ်လာရခြင်းကို နားမလည်နိုင် ဖြစ်နေသလို တစ်ချိန်တည်းတွင် ကျင်းနိုင်ငံကျင့်ကြံခြင်းလောကသည် လျန်၊ ယွင်နှင့် ယန်နိုင်ငံ များထက် များစွာ ကျယ်ပြန့်ရှုပ်ထွေးကြောင်းကိုလည်း နားလည်စပြုလာသည်။ နိုင်သူစားစတမ်း သဘောတရားသည် ဤနိုင်ငံတွင် အတိအလင်း ထွန်းကားလျက်ရှိသည်။

“အစ်ကိုကျန်း၊ အစ်မရှန်း ကျွန်မတို့ ဘာလုပ်ကြမလဲဟင်”

လျူလင်းလုံက ကျန်းချန်ရွှမ်တို့ အကျပ်အတည်းထဲ ရောက်နေမှန်း သတိပြုမိလိုက်ပြီး စိုးရိမ်ပူပန် စွာ မေးသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တစ်ဦးမျက်နှာတစ်ဦး ကြည့်မိလိုက်ကြသည်။ ထို့နောက် ကျန်းချန်ရွှမ်က တည်ငြိမ်စွာဖြေသည်။

“သူတို့က အစီအရင်ကွက်ကို မသုံးစေချင်မှာတော့ တို့လည်း မသုံးရုံပဲပေါ့။ ရှုနိုင်ငံကို အရင်ဆုံးသွားပြီးမှ အဲဒီကနေတဆင့် လျန်နိုင်ငံကို ပြန်လို့ရပါတယ်။ ကျင်းနဲ့ ရှုနှစ်နိုင်ငံက အရမ်းဝေးတာ မှ မဟုတ်ပဲ။ တို့ကို လုပ်ကြံနေတဲ့လူစုအနေနဲ့ ရှုနိုင်ငံထိ အာဏာသက်ရောက်မယ်လို့ မထင်ဘူး”

ကျန်းချန်ရွှမ်အနေနှင့် လျူလင်းလုံကို မပြောဘဲ ချန်ထားသည့် တစ်ချက်ရှိသည်။ ထိုအချက်မှာ သူတို့ကို နှောက်ယှက်နေသည့်လူစုမှာ မည်သူမည်ဝါများ ဖြစ်သည်ကို စုံစမ်းလိုခြင်းဖြစ်သည်။ သူ နှင့် ရှန်းရူယန်တို့၏ ကျင့်ကြံမှုအဆင့်အတန်းအရ ရွှေအမြုတေအဆင့်မှလွဲ၍ ကျန်ရန်သူများကို မှု ရန်မလိုပါ။ အကယ်၍ အကြောင်းမလှဘဲ ရန်သူသည် ရွှေအမြုတေအဆင့် ဖြစ်နေလျှင်တောင် သူ တို့နှစ်ဦးတွင် အရန်သင့်ပြင်ဆင်ထားသော ဝှက်ဖဲများနှင့် လျှို့ဝှက်နည်းစနစ်များ ရှိနေသည့်အတွက် တစ်စုံတစ်ရာ ထိခိုက်ခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်နိုင်ရန် အခွင့်အလမ်း ရှိနေပါသေးသည်။

ထို့နောက် ကျန်းချန်ရွှမ်သည် ကျန်းမိသားစုဝင်များကို ဦးဆောင်ပြီး ဈေး၏ အထွက်ဂိတ်တံခါးသို့ လျှောက်လာပြီးနောက် အဆင့် ၃ ရတနာလှေကို ထုတ်ယူလိုက်သည်။ ဘေးဘီဝဲယာကို အကဲခတ်ပြီးနောက် ရှန်းရူယန်၊ လျူလင်းလုံနှင့် ကျန်းမိသားစု ဂိုဏ်းတပည့်များကို လှေပေါ်သို့ တက်ရောက်စေပြီးနောက် ထွက်ခွာသွားတော့သည်။ ထိုအချိန်တွင် ဈေးတံခါးအနီးတွင် တည်ရှိနေ သည့် ကျီဖုအဆင့် ဝိညာဉ်ဖိအားလေးခုလည်း ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။ ထိုဖိအားလေးခုမှာ အိုးရန်ရွှမ်၊ ရှန်ကွမ်ရှန်း၊ လုမင် နှင့် အကြီးအကဲဝမ်းတို့ပင်ဖြစ်သည်။

မိနစ်နှစ်ဆယ်ခန့်အကြာတွင် ရတနာလှေကို မောင်းနှင်နေသော ကျန်းချန်ရွှမ်တို့သည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ကြ၍ နောက်သို့ လှည့်ကြည့်မိလိုက်ရာ အလင်းတန်းလေးခုသည် မြန်ဆန် သော အရှိန်အဟုန်နှင့် သူတို့လှေထံပါးသို့ ချဉ်းကပ်လျက်ရှိကြောင်း တွေ့လိုက်ရတော့သည်။ လျူလင်းလုံသည် မျက်နှာပျက်သွားပြီး ကျန်းချန်ရွှမ်တို့အား သတိပေးလိုက်သည်။

“သူတို့ပဲ”

“ဟုတ်တယ်”

ရှန်းရူယန်က သိရှိကြောင်း ခေါင်းညိတ်ပြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့အား နှောက်ယှက်နေသူမှာ ရှန်ကွမ်ရှန်းဖြစ်ကြောင်းကို ထူးထွေ၍ အံ့အားမသင့်မိပါ။ သို့သော် ထိုသုံးယောက်နှင့် အတူပါလာသည့် လေးယောက်မြောက် အဘိုးကြီးကိုတော့ စိတ်ဝင်တစား အကဲခတ် မိသည်။ ထိုသူသည် ရှန်ကွမ်မိသားစု၏ ပြင်ပအကြီးအကဲတစ်ဦး ဖြစ်နေနိုင်ကြောင်း ကျန်းချန်ရွှမ် တွေးမိသည်။ ရှန်ကွမ်ရှန်းသည် သူတို့ကျန်းမိသားစုကို ချောင်ပိတ်ဖမ်းရန် အသေအချာ ပြင်ဆင် ထားပုံရသည်။

ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှာ အေးစက်တင်းမာလာပြီး ရှန်းရူယန်ကို ကြည့်လိုက်သည်။ ရှန်းရူ ယန်က နားလည်ဟန်နှင့် ခေါင်းညိတ်ပြသည်။ ထိုအချိန်တွင် ရှန်ကွမ်ရှန်းဦးဆောင်သည့် လူစုသည် ကျန်းချန်ရွှမ်တို့၏ ရတနာလှေအနီးသို့ အလွန်နီးကပ်စွာ ရောက်ရှိနှင့်ပြီးဖြစ်သည်။ ရှန်ကွမ်ရှန်းက ကျန်းချန်ရွှမ်အား အော်ပြောလိုက်သည်။

“အဝေးကြီးကနေ ကျင်းနိုင်ငံကို လာပြီးမှ အလောတကြီး ပြန်တော့မလို့လား၊ ခင်ဗျားဆီက အကူ အညီတောင်းစရာရှိတယ်ဗျ”

ရှန်ကွမ်ရှန်း၏ စကားအဆုံးတွင် လုမင်၊ အိုးရန်နှင့် အကြီးအကဲဝမ်းတို့သည် ရတနာလှေကို မသိမသာ ဝိုင်းပတ်လျက် ပိတ်ဆို့လိုက်သည်။ ဤသည်ကို သတိပြုမိသော လျူလင်းလုံသည် ဒေါသထွက်သွားပြီး

“မြို့စားလေး၊ ရှင်အကူအညီ တောင်းတဲ့ အပြုအမူက ဒါမျိုးလား။ ရတနာလှေပေါ် တက်လာပြီး ကောင်းကောင်းမွန်မွန် ပြောသင့်တာ မဟုတ်ဘူးလား”

ထိုအခါ ရှန်ကွမ်ရှန်းသည် လျူလင်းလုံကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်လျက် အကဲခတ်လိုက်ပြီး နောက် မချိုမချဉ်မျက်နှာနှင့်

“ခင်ဗျားတို့ နားလည်မှုလွဲနေပြီထင်တယ်၊ လှေပေါ်တက်မတက်က ခင်ဗျားတို့ အပေါ်ပဲ မူတည် ပါတယ်၊ ခင်ဗျားတို့မှာ ရတနာတွေ အများအပြား ပါလာတယ်လို့ ကျုပ်ယူဆမိတယ်။ တိုက်ဆိုင်စွာနဲ့ ကျုပ်မှာလည်း ရင်းမြစ်တွေ ပြတ်လပ်နေတယ်။ အထူးသဖြင့် ဝိညာဉ်အားဖြည့်တဲ့ ရင်းမြစ် တွေပေါ့။ ခင်ဗျားတို့ရဲ့ ရတနာတွေကို ကျုပ်လက်ထဲအပ်ရင် ကျုပ်တို့ရဲ့ ရိုင်းပျတဲ့အပြုအမူအတွက် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ပါ့မယ်။ ဘယ်လိုသဘောရလဲ”

ရှန်ကွမ်ရှန်းဆိုလိုသည်မှာ သူသည် ကျန်းချန်ရွှမ်တို့ ပိုင်ဆိုင်သမျှ ရတနာအားလုံးကို တန်ရာတန်ကြေး ပေးချေရန် စိတ်ကူးမရှိဘဲ အပိုင်သိမ်းလိုသည့်သဘောဖြစ်သည်။ ကျန်းချန်ရွှမ်က နှာခေါင်း ရှုံလိုက်ပြီး

“ကျုပ်တို့မှာ ရတနာတွေ မရှိရင်ရော”

ထိုအခါ ရှန်ကွမ်ရှန်း၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီးနောက် ပြီတီတီမျက်နှာပေးနှင့် ပြော လိုက်သည်။

“ဒါဆိုရင် ခင်ဗျားတို့ရဲ့ သိုလှောင်လက်စွပ်တွေကို ကျုပ်တို့စစ်ဆေးရလိမ့်မယ်။ ကျုပ်တို့လိုချင်တဲ့ ပစ္စည်းမတွေ့ရင် ခင်ဗျားတို့ကို သွားခွင့်ပေးမယ်။ ဘယ်လိုသဘောရလဲ”

ထိုသူ၏ ရင့်သီးသောစကားကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ထိုလူစုနှင့် စကားပြောဆို လိုခြင်းမရှိတော့ပါ။ ကျန်းချန်ရွှမ်သည် မျက်နှာမှုန်ကုပ်သွားပြီး တုံးတိတိပြောချလိုက်သည်။

“သွားတော့”

“မင်းဘာပြောတယ်”

ရှန်ကွမ်ရှန်းနှင့် ကျန်သုံးဦးသည် ကျန်းချန်ရွှမ်က သူတို့ကို မောင်းထုတ်လိုက်သည့် စကားကိုကြား လျှင် အမျက်ချောင်းချောင်း ထွက်သွားသည်။ အစောပိုင်းက ယဉ်ကျေးသိမ်မွေ့ဟန်ပြနေသည့် ရှန်ကွမ်ရှန်းသည် မျက်နှာဖုံး ကွာကျသွားပြီး ကျန်းချန်ရွှမ်တို့ကို ဒေါသတကြီး စိုက်ကြည့်သည်။

“ငါတို့က ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာကို မင်းတို့က အတင့်ရဲပြီး စော်ကားဝံတယ်ပေါ့”

ရှန်ကွမ်ရှန်းသည် စကားဆုံးဆုံးချင်း လက်ကိုဝှေ့ယမ်းလိုက်ရာ လိမ္မော်ရောင်လှံတစ်စင်း ပေါ်လာပြီး ကျန်းချန်ရွှမ်တို့ထံ ဦးတည်ပြေးဝင်လာသည်။ ကျန်သုံးဦးသည်လည်း ရှန်ကွမ်ရှန်း စတင်တိုက် ခိုက်ပြီးသည့်နောက်တွင် လက်မနှေးဘဲ ပြိုင်တူလှုပ်ရှားလိုက်ကြသည်။ အကြီးအကဲဝမ်းက လက် ကို ဆန့်တန်းလိုက်ပြီး လျှပ်စီးများ ရစ်ပတ်ထားသည့် ဓားရှည်ကြီးတစ်စင်းကို ဆင့်ခေါ်လိုက်သည်။ ထိုဓားကြီးသည် ကျန်းချန်ရွှမ်တို့ စီးနင်းနေသည့် ရတနာလှေကြီးကို ဒေါင်လိုက်ပိုင်းချ လိုက်သည်။ သူ့အကြံမှာ ကျန်းချန်ရွှမ်တို့၏ စီးနင်းယာဉ်ကို အရင်ဖျက်ဆီးပစ်ရန် ဖြစ်သည်။

တစ်ချိန်တည်းတွင် အိုးရန်ရွှမ်းသည် ပါးစပ်ကိုဟပြီး အလံတစ်ခုကို ထွေးထုတ်လိုက်သည်။ ထိုအလံ၏ မျက်နှာပြင်တွင် ချောမောလှပသော မိန်းမများ၏ ပုံရိပ်များ ထင်ဟပ်နေသည်။ မကြာခင် ထိုပုံရိပ်များသည် အရေအတွက်မနည်းလှသော ယောက်ျားနှင့် မိန်းမပုံစံ တစ္ဆေအရိပ်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းချန်ရွှမ်တို့ကို အဆက်မပြတ် ဆွဲဆောင်နှောက်ယှက်လျက်ရှိသည်။ ထို မြင်ကွင်းကြောင့် လျူလင်းလုံ၏ ဖြူဖွေးသောမျက်နှာသည် နီရဲလာပြီး အသက်ရှုသံမှာလည်း နှေး ကွေးလေးလံလာသည်။

“လင်းလုံ နိုးစမ်း”

ထိုအခိုက် လျူလင်းလုံ၏ နားထဲတွင် မိုးကြိုးသံတစ်ခု ကြားလိုက်ရပြီး အသိစိတ်ပြန်ဝင်သွားတော့သည်။

***

All Chapters