← Chapters

လွတ်မြောက်သွားခြင်း

Vol. 13 Ch. 255

လွတ်မြောက်သွားခြင်း

Vol. 13 Ch. 255

တစ်ချိန်တည်းတွင် လုမင်သည် အဖြူရောင်အဆင်းရှိသည့် မီးလျှံဘောလုံးတစ်လုးကို ထုတ်ဖော် လိုက်သည်။ ထိုမီးလျှံဖြူများသည် တိတ်ဆိတ်ငြိမ်သက်ပြီး နတ်ဘုရားအာရုံဖြင့်ပင် ထောက်လှမ်း ရန်ခက်ခဲသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ နတ်ဘုရားအာရုံသည် သာမန်ကျီဖုအဆင့် ကျင့် ကြံသူများထက် အဆများစွာ သာလွန်နေ၍သာ ထိုမီးလျှံဘောလုံး ချဉ်းကပ်လာသည်ကို သတိထားမိခြင်းဖြစ်သည်။ ထိုအချိန်တွင် သတိပြန်ဝင်လာသူ လျူလင်းလုံနှင့် ကျန်းမိသားစုဝင် ဂိုဏ်းတပည့်များသည် ထိုမီးလျှံဘောလုံးကို သတိထားမိလိုက်ပြီး မျက်လုံးပြူးကုန်ကြသည်။

“ကျွန်မအထင်မမှားရင် ကောင်းကင်ဘုံနဲ့မြေကြီး မီးလျှံတွေထဲက တစ်ခုဖြစ်တဲ့ ဖန်မီးဖြူပဲဖြစ်ရ မယ်”

ရှန်းရူယန် ရည်ညွန်းလိုက်သည့် ကောင်းကင်ဘုံနှင့် မြေကြီးမီးလျှံများသည် ကောင်းကင်ဘုံနှင့် မြေကြီးအကြားတွင် သဘာဝအလျောက် ဖြစ်တည်လာသည့် မီးလျှံများဖြစ်သည်။ အဆိုပါမီးလျှံ များသည် တစ်ခုချင်းစီ၌ မတူညီသည့် အစွမ်းဝိသေသများရှိကြသည်။ ဥပမာ ယခု ကျန်းချန်ရွှမ်တို့ ရင်ဆိုင်နေရသည့် ဖန်မီးဖြူသည် လောင်ကျွမ်းသည့်အခါ အသံလုံးဝမထွက်ဘဲ အလွန်တိတ်ဆိတ် သည့် သဘောရှိသည့်အတွက် တင်ကြိုထောက်လှမ်းရန် အလွန်ခက်ခဲသည်။ ချုံခိုတိုက်ခိုက်ရာ၌ အလွန်အသုံးဝင်သည့် မီးလျှံလက်နက်တစ်မျိုးဖြစ်သည်။ အဆိုပါမီးလက်နက်မျိုး လုမင်ထံတွင် ရှိနေမည်ဟု ကျန်းချန်ရွှမ်တို့ ထင်ပင်မထင်ထားမိခဲ့ကြပါ။

ရန်သူများ၏ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရချိန်မှာပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ တုံ့ပြန်မှု များမှာ နှေးကွေးသွားခြင်းမရှိပါ။ ကျန်းချန်ရွှမ်သည် ရွှေဗလာနယ်ဓားကို ဆင့်ခေါ်လိုက်ပြီး ရှန် ကွမ်ရှန်း၏ လိမ္မော်ရောင်လှံနှင့် အကြီးအကဲဝမ်း၏ လျှပ်စီးဓားကို တစ်ချိန်တည်းတွင် ဆီးကြိုခုခံ လိုက်သည်။ တစ်ချိန်တည်းတွင် ရှန်းရူယန်သည် အဆင့် ၃ အမြင့်ဆုံးအဆင့်ရှိ မိုးကြိုးဆင်းတံ ဆိပ်တော်ကို ပစ်လွှတ်လိုက်ရာ ကောင်းကင်ထက်တွင် လက်ခနဲတောက်ပသွားသည်။

ဂျိန်း…

မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီးနောက်တွင် တစ်ခုနှင့်တစ်ခု ပြွတ်သိပ်လျက်ရှိသော မိုးကြိုးစီး ကြောင်းများ ကောင်းကင်ထက်မှ အဆက်မပြတ် ကျဆင်းလာပြီး အိုးရန်ရွှမ်း၏ အလံနှင့် လုမင် ၏ အဖြူရောင်မီးလျှံများကို ဖုံးလွှမ်းသွားသည်။ ထိုမြင်ကွင်းကြောင့် လုမင်တို့လေးဦးသား တုန် လှုပ်သွားကြသည်။ သူတို့လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ထိုစုံတွဲက အလွယ်အကူ ချေဖျက်ပြလိုက်သည်ကို မယုံနိုင်အောင်ဖြစ်နေကြသည်။ အထူးသဖြင့် ကျီဖုနဝမအဆင့်ရှိ အကြီးအကဲဝမ်းပင်ဖြစ်သည်။ ထိုစုံတွဲကို သူတို့အားလုံး လျှော့တွက်မိကြောင်း ထင်ရှားနေသည်။ ထိုစဉ် ရှန်ကွမ် ရှန်း၏ မျက်လုံးအစုံတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်လက္ခဏာများ ယှက်သန်းလာပြီး

“အကြီးအကဲဝမ်း၊ အစ်ကိုအိုးရန်နဲ့ လုမင်။ ကျုပ်တို့ ရှိသမျှအစွမ်းကုန်ထုတ်ပြီး ဒီကောင်တွေကို အမြန်ဆုံးရှင်းပစ်ကြရအောင်”

ထို့နောက် ရှန်ကွမ်ရှန်းသည် ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်အကုန်လုံးကို လှံအသွင်းသို့ သွတ်သွင်းလိုက်ရာ လှံအသွားသည် ရှေးကထက် အဆများစွာ ဝင်းလက်လာပြီး လှံထိပ်ဖျားတွင် ဝဲကတော့ ပုံ လေစီးကြောင်းများသည် စက်ဝိုင်းပုံလည်ပတ်လျက် ရှိနေတော့သည်။ ထိုအခါ ကျန်သုံးဦးသည်လည်း မီးကုန်ယမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ အကြီးအကဲဝမ်း၏ လျှပ်စီးဓားသည် လျှပ်စီးရောင်များဖြင့် တဖိတ်ဖိတ်တောက်ပလာပြီး ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားကို ပြေးဝင်ဆောင့်လိုက်သည်။ မိုးကြိုးပစ်ချသကဲ့သို့ နားကွဲလုမတတ် အသံကြီးတစ်ခု ပေါ်ထွက်လာသည်။

ကျန်းချန်ရွှမ်သည် ကျီဖု သတ္တမအဆင့်နှင့် နဝမအဆင့် ကျင့်ကြံသူနှစ်ဦးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသော်လည်း တုန်လှုပ်ခြောက်ချားခြင်းမရှိ၊ အထူးပင် တည်ငြိမ်အေးဆေးနေသည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏ မျက်လုံးများအတွင်း၌ အေးစက်စက် အငွေ့အသက်တစ်ခု ထင်ဟပ်လာသည်။

“မင်းတို့က ပွဲအမြန်ဖြတ်ချင်မှတော့ မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

ကျန်းချန်ရွှမ်၏ လက်ဝါးပြင်မှ တောင်တစ်လုံး ရုတ်တရက်ထွက်ပေါ်လာသည်။ ထိုတောင်ကို အဖြူနှင့်အနက် လေစီးကြောင်းများက ဝေ့ပတ်စီးဆင်းလျက်ရှိသည်။ ရှန်ကွမ်ရှန်းနှင့် အကြီးအကဲ ဝမ်းတို့သည် ထိုတောင်ကြီးကို ကြောင်ငေးလျက် ကြည့်မိနေကြချိန်၊ အဆိုပါတောင်မှ မျက်စိ ကျိန်းစပ်မတတ် အလင်းရောင်နှစ်ခုကို တစ်ချိန်တည်းပစ်လွှတ်လိုက်တော့သည်။ ထိုအလင်းတန်း နှစ်ခုသည် ရှန်ကွမ်ရှန်း၏ လှံနှင့် အကြီးအကဲဝမ်း၏ လျှပ်စီးဓားတို့ကို ထိမှန်သွားပြီးနောက် လက် နက်နှစ်ခုလုံး အရောင်မှိန်သွားပြီး တောင်ရှိရာသို့ ပျံသန်းသွားကြသည်။

“မကောင်းတော့ဘူး။ ဒွိအစွန်းနတ်ဘုရားအလင်းတော်ပဲ”

ရှန်ကွမ်ရှန်းတို့၏ မျက်နှာများ မည်းမှောင်သွားကြသည်။ ကျန်းချန်ရွှမ်၏ ရတနာသည် ဓမ္မရတနာ များကို ထိန်းချုပ်လှောင်ပိတ်နို်ငစွမ်းရှိကြောင်း ရိပ်မိလိုက်ကြသည်။ ထို့ကြောင့် နှစ်ဦးလုံး ကိုယ်စီ ဓမ္မစွမ်းအင်များကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ပြီး တောင်ကြီးထံသို့ပါသွားသည့် ဓမ္မရတနာနှစ်ခုကို ပြန်လည်ရယူရန် ကြိုးစားသည်။ သို့သော် အချည်းနှီးပင်။ ဒွိအစွန်းနတ်ဘုရားအလင်း၏ တိုက်စားမှုအောက်တွင် သတ္တုဓာတ်အခြေခံထားသည့် ဓမ္မရတနာမှန်သမျှ အလွတ်ရုန်းနိုင်ခြင်း ရှိမည်မဟုတ်ပါ။ ရှန်ကွမ်ရှန်းတို၏ ဓမ္မရတနာနှစ်ခုလုံး အပြည့်အဝ ထိန်းချုပ်ခံလိုက်ရပြီး ပိုင်ရှင်ဖြစ်သူများနှင့် အဆက်အသွယ် ပြတ်သွားတော့သည်။

တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားသည် ပေတစ်ရာကျော် ရှည်ထွက်သွားပြီး ရှန်ကွမ်ရှန်းတို့နှစ်ဦးကို ခုတ်ချလိုက်သည်။ ဓမ္မရတနာများကို ပြန်လည်ရယူရန် အားထုတ်နေသော ရှန်ကွမ်ရှန်းတို့သည် ဧရာမဓားပျံကြီး သက်ဆင်းလာသည်ကို မြင်သောအခါ မျက်လုံးပြူး သွားကြသည်။ ဓမ္မရတနာများကို ပြန်လည်ရယူရန် အကြံအစည်ကို စွန့်လွှတ်လိုက်ကြပြီး နောက် ပြန်ဆုတ်လျက် ဓားချက်ကို ရှောင်တိမ်းသည်။ တစ်ချိန်တည်းတွင် ကာကွယ်ရေးဓမ္မရတနာနှစ်ခုကို ထုတ်ယူပြီး ကျန်းချန်ရွှမ်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားသည်။ သို့သော် သူတို့ထင် သလောက် မလွယ်ကူပါ။

ရွှေဗလာနယ်ဓားသည် ရုတ်တရက် ရွှေရောင်အလင်းများ ပြိုးပြက်သွားပြီး ဓားသွား၏ ပြတ်ရှမှု နှုန်းသည် အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ တစ်ခဏချင်းတွင် တစ်စုံတစ်ခုကို စုတ်ဖြဲလိုက် သည့် အသံတစ်ခုထွက်ပေါ်လာပြီး ရှန်ကွမ်ရှန်းနှင့် အကြီးအကဲဝမ်းတို့၏ ကာကွယ်ရေးဓမ္မရတ နာများသည် နေရာတွင်ပင် နှစ်ပိုင်းစီ ပြတ်ထွက်သွားတော့သည်။ ဓားသည် အရှိန်လျော့သွားခြင်း မရှိဘဲ ရှန်ကွမ်ရှန်းတို့နှစ်ဦးထံ ပြေးဝင်လာသည်။ ထိုအခါ ရှန်ကွမ်ရှန်း၏ ကိုယ်တွင်းမှ ထည်ဝါ တောက်ပသည့် အော်ရာတစ်မျိုး ထွက်ပေါ်လာပြီး သူ့ရှေ့မှောက်ရှိ အဆင့် ၄ ကာကွယ်ရေးအ ဆောင်လက်နက်သည် အလွန်အင်အားကြီးသည့် ဒိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

***

All Chapters