← Chapters

ရှောင်ချီ၏ တစ်ကိုယ်ကောင်းဆန်သော အစီအစဉ်

Vol. 81 Ch. 1129

ရှောင်ချီ၏ တစ်ကိုယ်ကောင်းဆန်သော အစီအစဉ်

Vol. 81 Ch. 1129

ရှီမန်လီသည် ကုလားထိုင်ပေါ်တွင်ထိုင်ပြီး ခေါင်းငုံ့ထားကာ ရှီမာယူယူ အလုံးလေးကို ပြန်ချေပမည့်စကားများကို ရင်တထိတ်ထိတ်ဖြင့် စောင့်စားနေ သည်။ သူမသည် အလုံးလေးကို အလွန်ဒေါသထွက်သော်လည်း သူမသည် အလုံးလေးနှင့် တစ်သားတည်းဖြစ်တုန်းပင်။ အစ်မကြီးသာ အလုံးလေးကို အပြစ်ပေးချင်သည်ဆိုပါက သူမသည်လည်း သူနှင့်အတူ အပြစ်ပေးခံရမည် ဖြစ်သည်။

အလုံးလေးသည် နှိုင်းလို့မရအောင်ပင် ကြောက်ရွံ့နေသည်။ သူသည် ရှီမန်လီ၏ အတွေးကိုခံစားမိပြီး သူမ၏ဆုံးဖြတ်မှုကြောင့် ရင်ထဲနွေးသွားရ သည်။

အဲဒီ နတ်ဆိုးအမျိုးသမီးက ဘယ်လိုဖြေရှင်းမလဲဆိုတာကို မသိနိုင်ဘူး လေ။ သူတို့ ခေါင်းကို စဉ်းတီတုံးပေါ်တင်မည်ဆိုလျှင် ခေါင်းစဉ်းပေးရုံ မှတစ်ပါး ရွေးချယ်စရာမရှိပေ။

အရမ်းကို သနားစရာကောင်းတာပဲ။

သို့သော် အတန်ကြာအောင်စောင့်ပြီးသည်အထိ သူမ ဘာမှမပြောသေး ပေ။ သူမ ဘယ်လိုရှင်းရမလဲဆိုတာ စဉ်းစားနေတာလား။ အချိန်ကြာအောင် စောင့်ပြီးနောက်တွင် ကြောက်ရွံ့မှုပိုပိုတိုးလာသည်။ ရွှတ် ရွှတ် ဒီနတ်ဆိုး အမျိုးသမီးက အရမ်းကို ဆိုးညစ်လွန်းတယ်။

ရှီမာယူယူ ကြောက်မက်ဖွယ်စကားများကို ပြောတော့မည်ဟု အားလုံး ထင်နေချိန်တွင် ထိုအစား သူမသည် ပြန်ရုတ်သိမ်းကာ ပြောလိုက်သည် “ငါ ပင်ပန်းနေပြီ အပြစ်ပေးဖို့အတွက် ဖန်အာကိုပဲအပ်ထားလိုက်တော့မယ် လီအာ မင်းအစ်ကို၂ဆီခေါ်သွားလိုက်”

“ဟင်”

ရှီမန်လီနှင့် အလုံးလေးတို့သည် တစ်ပြိုင်နက် ခေါင်းမော့လိုက်ကြ သည်။ သူမ ပြောသလိုဆိုရင် သူမက သူတို့ကို အပြစ်မတင်တော့ဘူးပေါ့။

နတ်ဆိုးအမျိုးသမီးက ပိုကောင်းလာတာလား။ အလုံးလေးသည် စိတ်ထဲမှတွေးနေမိသည်။ သို့သော် ရှီမာယူယူ၏ ဖြူဖျော့သော မျက်နှာကို မြင်သောအခါ သူမ အမှန်တကယ် ပင်ပန်းနေသည်ကို သိလိုက်ရသည်။

ဒါဆိုလည်း ကောင်းတာပဲ… ပိုတောင်ကောင်းသွားသေးတယ်။ အဲဒီ ရေခဲအစ်ကို၂က အဲဒီကျားမိန်းကလေးထက် ပိုပြီးအကျိုးသင့်အကြောင်းသင့် ရှိသေးတယ်။

“ဒါဆို အစ်မကြီး ကောင်းကောင်းနားလိုက်ပါဦး ညီမ အလုံးလေးကို အစ်ကို၂ဆီကိုခေါ်သွားလိုက်မယ်” ရှီမန်လီ ပြောလိုက်သည်။

“သွားတော့” ရှီမာယူယူသည် မျက်လုံးများကို မှိတ်ရင်း ပြောလိုက် သည်။

ရှီမန်လီ အလုံးလေးကိုဖက်ပြီးထွက်သွားပြီးနောက်တွင် ကုန်ရှန်ယိ သည် ပါးစပ်ဟလာသည် “တကယ်ပဲ သူတို့ကိုအပြစ်မပေးတော့ဘူးလား”

ရှီမာယူယူ မျက်လုံးဖွင့်လာသည် “အခုအဲဒါအတွက် ငါ့မှာ အားမရှိသေး ဘူး”

“ဒါဆိုရင် အဲကောင်လေး ကြောက်အောင်ဘာလို့လုပ်ခဲ့တာလဲ”

“လီအာကို စိုးရိမ်လို့ပဲမဟုတ်ဘူးလား” ရှီမာယူယူ သက်ပြင်းချလိုက် သည် “သူမက အဲအကောင်လေးရဲ့ မူလအရင်းအမြစ်ကို လုံးဝသိမထားတာ အခု ဒီလိုတွေဖြစ်လာပြီဆိုတော့ သူက နတ်ဆိုးသားရဲဖြစ်နေရင် ဘယ်လိုလုပ် မလဲ ငါက သူမအတွက် စဉ်းစားတာပါ”

“အစ်မကြီးတစ်ယောက်အနေနဲ့ ဒီလိုဖြစ်နေပြီကို စိုးရိမ်နေသေးတယ်” ကုန်ရှန်သည် ခေါင်းခါလိုက်သည် “ဒါပေမဲ့ ယူယူ့ကိုအစ်မကြီးရှိတာ တကယ်ပဲ ဝမ်းမြောက်စရာပါပဲ”

“မင်းနဲ့ ဖန်အာတို့လက်ထပ်ပြီးရင် ငါက ယောင်းမဖြစ်သွားပြီ” ရှီမာယူယူသည် မျက်လုံးပြန်မှိတ်သွားသည်။ သို့သော် သူမ ခံစားရဆိုးလွန်း လှသည်။

ကုန်ရှန်ယိသည် သူမအပြုအမူကိုကြည့်ပြီး မကျီစယ်တော့ဘဲ ပြော လိုက်သည် “ယူူယူ နားတော့ တခြားကိစ္စတွေကိုစိတ်ထဲထည့်ဖို့မလိုဘူး”

“အင်း”

ရှီမာယူယူသည် တိုးညင်းစွာပြန်ဖြေပြီးနောက် ဆက်အိပ်လေသည်။

သူမ အိပ်နေစဉ်တွင် မသိနိုင်သော်လည်း သူမ၏ အံ့ဖွယ်နတ်ဆိုး ခန္ဓာကိုယ်သည် လှုပ်ရှားနေဆဲဖြစ်သည်။

ရှီမန်ဖန် သူတို့ကိုအပြစ်ပေးမည့်အတွက်ကတော့ သူမ စိုးရိမ်ဖို့မလိုပေ။

ချင်ယိသည် ရှီမာယူယူကိုကြည့်ပြီး သူ့အမြင်များပြောင်းသွားလေပြီ။ သူ သည် တဖြည်းဖြည်းနှင့် သူမကိုလက်ခံလာသည်။

နှစ်ရက်ကြာပြီးနောက်တွင် ရှီမာယူယူ နိုးလာသည်။ သည်တစ်ကြိမ်တွင် သူမ အနည်းငယ် ပြန်သက်သာလာပြီဖြစ်သည်။

“ချင်ယိ မင်းအသက်စွမ်းအင်က တကယ်ပဲအသုံးဝင်တယ် အဲဒါ အတွက်ကြောင့်သာမဟုတ်ရင် ဒီလောက်မြန်မြန်ပြန်ကောင်းမှာမဟုတ်ဘူး” သူမ မတ်တတ်ရပ်ကာ အကြောဆန့်ပြီး တဲထောင့်တွင် ထိုင်ကာ လက်ဖက်ရည်သောက်နေသော ချင်ယိကိုပြောလိုက်သည်။

“မင်းရဲ့ခန္ဓာကိုယ်ကိုအခြေခံလိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် ခဏနဲ့ပြန် ကောင်းမှာပဲ” ချင်ယိ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းမရှိရင် ဒီလောက်မြန်မြန်မသက်သာလာနိုင်ဘူး” ရှီမာယူယူ ပြောလိုက်၏ ။

သူမသည် ဝိညာဉ်စေတီထဲသို့သွားပြီး ချက်ချင်းပြန်ထွက်လာသည်။ သူမ ပြန်ထွက်လာချိန်တွင် စကတ်လဲလာပြီး ပိုပြီးအားပြည့်လာသည်။

ကုန်ရှန်ယိ ဝင်လာပြီး သူမ စကတ်ရှည်ဝတ်ထားသည်ကို မြင်လေသည် “ယူယူ့ကို ယောက်ျားလေးအဝတ်အစားဝတ်တာ မြင်နေကျဆိုတော့ စကတ် ရှည်နဲ့မြင်ရတာ ထူးဆန်းနေတယ်”

“ဒါဆိုရင် မင်း ငါ့ကို ပိုပြီးကြည့်ဖို့လိုမယ်”

“အခုကစပြီး မိန်းကလေးအဝတ်အစားပဲဝတ်တော့မှာလား”

“အင်း အကုန်လုံးသိပြီးမှတော့ ယောက်ျားလေးလိုဝတ်တာက အဓိပ္ပာယ်မရှိတော့ဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါလဲ ကောင်းတာပဲ မိန်းကလေးက လှလှပပလေးဝ်သင့်တယ် တစ်နေ့လုံး ယောက်ျားလေးအဝတ်အစားပဲ မဝတ်သင့်တော့ဘူး” ကုန်ရှန်ယိ ပြောလိုက်သည်။

“မင်းကလည်း စီနီယာအစ်မလေသံအတိုင်းပဲ”

“သြော်ဟုတ်သားပဲ အကန့်အသတ်က ပွင့်မသွားဘူးလေ အစ်မက ဘယ်လိုလုပ်ဒီရောက်လာတာလဲ ဟန့်မြောင်ရွှမ်နဲ့ တခြားသူတွေရော”

“ရွှမ်းချုံဟော်က ငါ့ကိုဝင်ဖို့ကူညီပေးတာ စီနီယာအစ်မနဲ့တခြားသူတွေ က အပြင်မှာစောင့်နေကြတယ်” ရှီမာယူယူ ပြောလိုက်သည် “တခြားမရှိရင် အပြင်ထွက်ကြမယ် ကြာနေရင် သူတို့စိုးရိမ်နေလိမ့်မယ်”

“ကောင်းပြီလေ ကျန်တဲ့သူတွေကို ပြန်ဖို့ သွားပြောလိုက်မယ်” ကုန်ရှန်ယိ ပြောလိုက်သည်။

“ငါလည်း မင်းနဲ့လိုက်ခဲ့မယ်”

ရှီမာယူယူသည် အပြင်သို့ထွက်လာခဲ့လိုက်သည်။ သူမ နိုးလာသည်ကို အသည်းကွဲတောင်ကြားမှလူများမြင်သောအခါ အားလုံးထွက်လာကြသည်။

“တောင်ကြားဒုခေါင်းဆောင် နောက်ဆုံးတော့နိုးလာပြီလား အကုန်လုံးက စိတ်ပူနေကြတာ”

“တောင်ကြားဒုခေါင်းဆောင် ကျွန်တော်တို့ကို ကယ်တဲ့အတွက်ကျေးဇူး တင်ပါတယ်”

ဘိုင်ရှန်းသည် ရှီမာယူယူကိုကြည့်ပြီး မေးလိုက်သည် “အခုနေလို့ ကောင်းပြီလား”

“အခုကောင်းပါပြီ” ရှီမာယူယူ ပြောလိုက်သည် “ရတနာတွေသွားမရှာ ဘဲ ဘာလို့ဒီမှာကျွန်မကိုစောင့်နေကြတာလဲ”

“ဖူယိနဲ့ တခြားသူတွေက သွားကြပြီ ငါတို့ကဒီမှာစောင့်နေကြတာ ဒီအချိန်ကို ထူးဆန်းတဲ့သားရဲတွေကို ကြည့်နေတာ”

“တွေ့ရလား”

“တွေ့တယ်”

“ဘာတွေ့တာလဲ”

“ရှေးခေတ်က ဝိညာဉ်သားရဲတွေက အခုကောင်တွေထက် အများကြီး ရုပ်ဆိုးတယ်”

“….”

ရှီမာယူယူသည် နီအန်းယိကို စူးရှစွာကြည့်လိုက်သည်။ သူသည် ထိုစကားပြောသူဖြစ်သည်။

“ကောင်းပြီလေ အကုန်လုံးထုတ်ပိုးကြတော့ ကျန်တဲ့သူတွေပြန်လာ တာနဲ့ ဒီနေရာကနေထွက်သွားမယ်” ရှီမာယူယူ ကြေညာလိုက်သည်။

“ဒါဆိုရင် တဲတွေသွားသိမ်းလိုက်ဦးမယ်”

ထိုလူများ ခွဲသွားသည်နှင့် သူမနှင့် ဘိုင်ရှန်းသာ တောင်ကမ်းပါးပေါ် တွင်ကျန်ခဲ့လေသည်။

“သူတို့ရဲ့ စိတ်ရင်းအမှန်ကိုပြတာမျိုး အရင်ကမတွေ့ဖူးဘူး” ဘိုင်ရှန်း သည် အပြုံးကိုယ်စီရှိနေကြသော်လူများကို ကြည့်လိုက်သည်။ “မင်းက သူတို့ ဘဝကိုပြန်ယူပေးလိုက်တာပဲ သွေးမိစ္ဆာမြို့တော်တစ်ခုလုံးဆိုရင်တောင် သူတို့က မင်းဘက်ကရပ်တည်ပေးမယ်လို့ထင်တယ်”

ရှီမာယူယူ ပြုံးလိုက်သည်။ “အဘိုးဘိုင် တကယ်ပဲ ကျွန်မကို အထင်ကြီး နေပြန်ပြီ”

“မင်းက စွမ်းရည်ရှိပြီး နှစ်သက်လောက်စရာပါပဲ” ဘိုင်ရှန်း ပြောလိုက် သည် “ဒါကအရင်က တစ်ခါမှမတွေးဖူးတဲဟာပဲ အခုငါ ကံကောင်းသွားပြီ မင်းတို့အားလုံးနဲ့ ခရီးဆက်ရပြီ”

“ကျွန်မကိုကူညီပေးကြလို့ ဝမ်းသာမိပါတယ်” ရှီမာယူယူ ပြောလိုက် သည် “အဘိုးတို့သာမရှိရင် အသည်းကွဲတောင်ကြားက ဒီအခြေအနေထိ ရောက်လာမှာမဟုတ်ဘူး”

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပြုံးပြလိုက်ကြကာ ရင်းနှီးသော မိတ်ဆွေများကဲ့သို့ခံစားရလေသည်။

“ရှေးဟောင်းသားရဲတွေက ဒီအတိုင်းပဲလား ဘာမှမလုပ်ဘူးလား” ရှောင်ချီ မေးလိုက်သည်။

“ကောင်းကင်ပိုက်ကွန်နဲ့ဆိုရင် သူတို့ထွက်မလာနိုင်ပါဘူး သူတို့ တစ်ဘဝလုံး ဒီမှာပဲပိတ်မိနေလောက်တယ်” ဘိုင်ရှန်း ပြန်ဖြေလိုက်သည်။

“ဟင် သနားစရာပဲ” ရှောင်ချီ ပြောလိုက်သည် “သူတို့ဘာမှမလုပ်ဘဲနဲ့ တစ်သက်လုံးဒီမှာ ပိတ်ပြီးနေရတော့မယ် ရှောင်ချီသာဆိုရင် ရူးသွားလိမ့်မယ် ယူယူ သူတို့ကို ရှောင်ချီတို့နဲ့ခေါ်ခဲ့လို့မရဘူးလား”

ရှီမာယူယူသည် အောက်တွင်ရှိနေသော သားရဲများကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “အဲဝိညာဉ်သားရဲတွေက ဆိုးလွန်း တယ် သူတို့ကိုလွှတ်လိုက်ရင် လူတွေကို အန္တရာယ်ပေးနိုင်တယ်”

“ရှောင်ချီတို့ခေါ်သွးမယ်ဆိုရင်ရော” ရှောင်ချီမေးလိုက်သည် “အချိန်ရှိ သရွေ့တော့ သူတို့တစ်ကောင်ချင်းစီကို ယဉ်ပါးအောင်ထိန်းကျောင်းလို့ရ တယ်”

ရှီမာယူယူသည် ရှုပ်ထွေးစွာဖြင့် ရှောင်ချီကိုကြည့်ပြီး မေးလိုက်သည် “မင်းနဲ့မတူဘဲ ဘာတွေစီစဉ်နေတာလဲ”

“ဟီးဟီး” ရှောင်ချီသည် သွားဖြဲလိုက်သည် “သူတို့က ယူယူ့ကို ထိခိုက် အောင်လုပ်ခဲ့တယ်ဆိုတာကို တွေးနေတာ သူတို့ကို သေချာထိန်းကျောင်း လိုက်ရင် ဒေါသဖြေဖို့ နည်းနည်းချင်းစီ နှိပ်စက်လို့ရတယ်လေ”

***

All Chapters