← Chapters

ဒုတိယမြောက် မူလဓမ္မရတနာ

Vol. 13 Ch. 258

ဒုတိယမြောက် မူလဓမ္မရတနာ

Vol. 13 Ch. 258

ရက်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဦးဆောင်သည့် ကျန်းမိသားစုဝင် များသည် ရှုနိုင်ငံသို့ ရောက်ရှိလာကြသည်။ ထိုနိုင်ငံ၏ ပတ်ဝန်းကျင် ရှုခင်းများသည် ကျင်းနိုင်ငံနှင့် အတော်လေးဆင်တူကြောင်း သတိထားမိသည်။ ရှုနိုင်ငံတွင် ကြာရှည်နေထိုင်ရန် စိတ်ကူးမရှိ သည့်အလျောက် ကျန်းချန်ရွှမ်တို့သည် နေရာရွှေ့ပြောင်းခြင်း အစီအရင်ကွက်တစ်ခုကို ရှာဖွေပြီး လျန်နိုင်ငံကို ပြန်လာခဲ့ကြသည်။ လျန်နိုင်ငံသို့ ပြန်ရောက်ရောက်ချင်း ကျန်းချန်ရွှမ်တို့သည် ကျန်းမိသားစုဌာနချုပ်သို့ ဦးတည်လိုက်ကြသည်။ ဌာနချုပ်ကို ရောက်သောအခါ ကျန်းမိသားစုအရေး ကိစ္စအဝဝကို ကျန်းရန်တောက်က ကိုင်တွယ်ညွှန်ကြားနေသည်ကို တွေ့ရသည်။

ကျန်းရန်တောက်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို နွေးထွေးစွာ ဆီးကြိုပြီးနောက် သူကြားသိ ထားသည့် သတင်းတစ်ပုဒ်ကို ပြောပြသည်။ ထိုသတင်းမှာ လူသားမျိုးနွယ်နှင့် နတ်ဆိုးသားရဲတို့ အကြားတွင် ပိုင်းခြားထားသည့် နယ်စပ်မျဉ်းတစ်လျှောက် အဆင့်မြင့်နတ်ဆိုးသားရဲများကို ခပ်စိတ်စိတ်တွေ့လာရကြောင်း ဖြစ်သည်။ ထိုသတင်းကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက် နှာများ တည်ကြည်လေးနက်သွားကြသည်။ အချို့သော နတ်ဆိုးသားရဲများသည် လူသားများ အခြေချရာ မြို့ငယ်များနှင့် ဈေးများကိုပါ ကျူးကျော်တိုက်ခိုက်လာသည့်အတွက် သေမျိုးလူသား များနှင့် အဆင့်နိမ့်ကျင့်ကြံသူအချို့ သေဆုံးဒဏ်ရာရကုန်သည်ဟုဆိုသည်။

“ကျန်းမိသားစု အခြေအနေကရော ဘယ်လိုလဲ။ သေဆုံးတဲ့လူတွေထဲမှာ ကျုပ်တို့ကျန်းမိသားစုဝင်တွေပါလား”

ကျန်းရန်တောက်က ခေါင်းခါလိုက်ပြီး

“လောလောဆယ်တော့ မပါသေးဘူး။ ဒါပေမဲ့ ဒီအတိုင်းဆက်ဖြစ်နေရင် နတ်ဆိုးသားရဲကောင် တွေ လှုပ်ရှားနေတဲ့ နယ်မြေစားကျက်က တဖြည်းဖြည်းကျယ်လာပြီး လူနေထူထပ်တဲ့ဒေသတွေ အထိ ရောက်လာနိုင်တယ်”

ကျန်းရန်တောက်၏ အဖြေကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်နှာများမှာ ပို၍တင်းမာ သွားကြသည်။ နတ်ဆိုးသားရဲကပ်ဘေးကြီး၏ ကနဦးရှေ့ပြေးလှိုင်းများ စတင်ရိုက်ခတ်စပြုနေပြီ ဖြစ်သည်။ ထို့နောက် ကျန်းချန်ရွှမ်က ကျန်းရန်တောက်နှင့် လျူလင်းလုံတို့ကို ကြည့်၍

“အခုလို နတ်ဆိုးသားရဲတွေရဲ့ လှုပ်ရှားမှု စိတ်လာတာက နတ်ဆိုးသားရဲကပ်ဘေး မကြာခင် ကျရောက်တော့မယ် ဆိုတာကို ညွှန်ပြနေတယ်။ ဒီတော့ ကျုပ်တို့ဘက်က ပြင်စရာရှိတာ ပြင်ထားရ မယ်။ အပြင်ရောက်နေတဲ့ ကျန်းမိသားစုပိုင်လုပ်ငန်းတွေနဲ့ မိသားစုဝင်တွေကို အချိန်မီ ပြန်ခေါ် ထားဖို့လိုမယ်။ နောက်ပြီး နတ်ဆိုးသားရဲနဲ့ လူသားမျိုးနွယ်ကြားက နယ်စပ်မျဉ်းတဝိုက်ကို တတ် နိုင်သမျှမသွားဖို့ ကျန်းမျိုးနွယ်စုဝင်အားလုံးကို မှာထားပါ”

ထို့နောက် ကျန်းချန်ရွှမ်က စကားကိုရပ်လိုက်ပြီး သက်ပြင်းချလိုက်ပြီးမှ ပြန်ဆက်လိုက်သည်။

“ကျုပ်တို့အားလုံးရဲ့ ကျင့်ကြံမှုအဆင့်နဲ့ အင်အားကို အချိန်ရှိတုန်းမှာ မြင့်နိုင်သမျှ မြှင့်ထားကြရအောင်”

ထို့နောက် ကျန်းချန်ရွှမ်သည် သိုလှောင်လက်စွပ်ကို ဖွင့်လိုက်ရာ မြောက်များစွာသော ကျောက်စိမ်းပုလင်းများ၊ ဓမ္မရတနာများ၊ ဓမ္မလက်နက်ပစ္စည်းများ၊ ဝိညာဉ်ဆေးဝါးများ၊ အဆောင်လက် နက်များ ထွက်ကျလာသည်။

“ဒါတွေအားလုံးကို မိသားစုဝင် ဂိုဏ်းတပည့်တွေကို သင့်တော်သလို ခွဲဝေပေးလိုက်ပါ။ ကျင့်ကြံမှု အဆင့်တိုးတက်ဖို့ ဒီရင်းမြစ်တွေကို လိုသလောက်သုံးစွဲနိုင်တယ်လို့လည်း မှာလိုက်ပါ။ နောက်ပြီး ဒီစာရင်းထဲက ကုန်ကြမ်းပစ္စည်းတွေကို ရှာပေးပါ။ ဈေးကွက်မှာရှိရင် ဝယ်ယူလို့ အဆင်ပြေမပြေ ကြည့်ပြီး ပြေရင် တန်ကြေးပေးပြီး ဝယ်ပါ”

ကျန်းချန်ရွှမ်သည် ပစ္စည်းစာရင်းပါဝင်သော ကျောက်စိမ်းပြားများကို ကျန်းရန်တောက်၊ လျူလင်း လုံနှင့် ကျန်းမိသားစုဝင် အကြီးအကဲများကို ပေးအပ်လိုက်သည်။ ထိုပစ္စည်းများမှာ သူနှင့် ရှန်းရူ ယန်တို့ အရေးတကြီး လိုအပ်နေသည့် ကုန်ကြမ်းပစ္စည်းများဖြစ်သည်။ ထို့နောက် ကျန်းချန်ရွှမ်က ပင် နိဂုံးချုပ်အနေနှင့် ဖြည့်စွက်ပြောကြားလိုက်ပြန်သည်။

“နောက်ပြီး ကျုပ်နဲ့ ရူယန်တို့နှစ်ယောက် ဂူပိတ်ကျင့်ကြံဖို့ စီစဉ်ထားတယ်။ ဒီတစ်ကြိမ်လည်း အ ချိန်ကြာလိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ အရေးကြီးကိစ္စပေါ်လာတာနဲ့ ကျုပ်တို့ကို ချက် ချင်းအသိပေးနိုင်တယ်၊ နားလည်ကြလား”

“နားလည်ပါပြီ စီနီယာဦးလေး”

ကျန်းရန်တောက်က ရိုသေစွာ ဦးညွတ်လိုက်သည်။ တစ်အောင့်မျှအကြာတွင် ကျန်းချန်ရွှမ်နှင့်ရှန်း ရူယန်တို့သည် ရွှမ်းမင်တောင်ထွတ်သို့ ပြန်ပြီး အကြီးအကဲဝမ်း၊ လုမင်နှင့် အိုးရန်ရွှမ်တို့ထံမှ ရရှိခဲ့ သည့် သိုလှောင်လက်စွပ်များကို စစ်ဆေးကြည့်ကြသည်။ ပထမဆုံး စစ်ဆေးသည့် လက်စွပ်မှာ အကြီးအကဲဝမ်း၏ သိုလှောင်လက်စွပ်ပင်ဖြစ်သည်။ ကျီဖုနဝမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် အလျောက် သူ၏လက်စွပ်ထဲတွင် ရတနာအမျိုးမျိုး၊ ဝိညာဉ်သစ်ဥသစ်ဖုများ၊ ဆေးပြားများကို တွေ့ရသလို တိုက်ပွဲတွင်း အသုံးပြုခဲ့သည့် အဆင့် ၃ အမြင့်ဆုံးအဆင့် ဓမ္မရတနာဖြစ်သည့် လျှပ် စီးဓားရှည်ကိုလည်း တွေ့ရသည်။

ထိုဓားရှည်ကို အဖိုးတန် လျှပ်စီးဓာတ် ကုန်ကြမ်းများ ထည့်သွင်းရောစပ်ပြီး သွန်းလုပ်ထားခြင်း ဖြစ်သည်။ အဆိုပါ လျှပ်စီးဓာတ်ကုန်ကြမ်းများကို အဂ္ဂိရတ်နည်းစနစ်တစ်ရပ်ဖြင့် ထုတ်ယူနိုင်ပါ က ရှန်းရူယန်၏ နောက်ထပ် မူလဓမ္မရတနာကို သွန်းလုပ်ရာတွင် များစွာ အထောက်အကူပြုမည် ဖြစ်သည်။ နောက်ထပ်တွေ့ရှိရသည့် ရတနာတစ်ခုမှာ လက်တစ်ဝါးအရွယ်သာရှိသည့် ဖန်မှန် ကျောက်စိမ်းဖြစ်သည်။ ထိုရတနာသည် သတ္တုဓာတ်အခြေခံ ဓမ္မရတနာများ၏ အဆင့်နှင့် စွမ်း အားကို တိုးမြှင့်ရာတွင် အဓိကအသုံးပြုနိုင်သည်ဖြစ်ရာ ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားကို အ ဆင့် ၃ အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရာတွင် အသုံးချနိုင်မည်ဖြစ်သည်။

ထို့နောက်တွင် အိုးရန်ရွှမ်၏ သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်ပြန်သည်။ ထိုလူ၏ လက်စွပ်အတွင်း၌ ပူးတွဲကျင့်ကြံရေးနည်းစနစ်များကို ရေးမှတ်ထားသည့် ကျောက်စိမ်းပြားများနှင့်အတူ အမျိုးသမီးကျင့်ကြံသူများ၏ အသုံးအဆောင်များကိုလည်း တွေ့ရသည်။ ထိုအခါ ရှန်းရူယန်သည် မနှစ်မြို့ဟန်နှင့် မျက်မှောင်ကုတ်သွားသည်။ သို့သော် အိုးရန်ရွှမ်၏ လက်စွပ်အတွင်း၌ သူတို့နှစ်ဦးအတွက် အသုံးဝင်မည့် အရာတချို့လည်း ရှိနေပါသေးသည်။ ဥပမာအားဖြင့် ကောင်းကင်နှင့် မြေကြီး ယင်ယန်တာအိုကျင့်စဉ် ဟုခေါ်သည့် ပူးတွဲကျင့်ကြံရေးနည်းစနစ်တစ်ရပ်ဖြစ်သည်။

သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တာအိုလမ်းစဉ်ကိုသာ မမှိတ်မသုန် ကျင့်ကြံမည်ဟု စိတ်ပိုင်းဖြတ်ထားပြီးဖြစ်၍ ရွှေအမြုတေဖွဲ့စည်းခြင်း မတိုင်မီအတွင်း၌ စုံတွဲကျင့်စဉ်များကို ထည့် သွင်းစဉ်းစားဦးမည် မဟုတ်ပါ။ ထို့ပြင် အိုးရန်ရွှမ်၏ လက်စွပ်အတွင်းမှ နောက်ထပ်တန်ဖိုးကြီး ရ တနာတစ်ခုကိုလည်း ရရှိလိုက်သေးသည်။ ပျံသန်းခြင်းအဆီဆေးပြားများ ဖြစ်သည်။ ထိုဆေးပြား များသည် ကျီဖုနှောင်းပိုင်းအဆင့် ကျင့်ကြံသူများ၏ ဓမ္မစွမ်းအင် စုဆောင်းမှုရန် ကြာချိန်ကို လျှော့ချပေးနိုင်စွမ်းရှိသည်။ ထိုဆေးပြားသည် ကျီဖုနှောင်းပိုင်း ကျင့်ကြံသူများအတွက် ဓမ္မစွမ်းအင်စု ဆောင်းရာတွင် အကောင်းဆုံးဆေးဝါး ဟုသတ်မှတ်ထားကြသည်။

***

All Chapters