← Chapters

နက်ရှိင်းမြေဓာတ်ပုဆိန်လှံ

Vol. 13 Ch. 259

နက်ရှိင်းမြေဓာတ်ပုဆိန်လှံ

Vol. 13 Ch. 259

လုမင်၏ သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်ရာတွင် ပထမဆုံး သတိပြုမိသည့်အရာမှာ ဖန်မှန် မီးလျှံ ပင်ဖြစ်သည်။ ထိုမီးလျှံသည် ကောင်းကင်နှင့် မြေကြီးမီးလျှံများတွင် တစ်ခုအပါအဝင်ဖြစ် သည့် ရှားပါးလက်နက်တစ်မျိုးဖြစ်သည်။ အဆင့်အားဖြင့် မြင့်မားလှခြင်းမရှိသော်လည်း ဆေး ပြားများကို ဖော်စပ်ရာတွင်၊ သို့မဟုတ် ရန်သူကို အနှောက်အယှက်ပေးရာတွင် အသုံးဝင်နိုင်ပါလိမ့်မည်။ ထို့ပြင် လက်စွပ်အတွင်း၌ ဝိညာဉ်ဆေးပင်များ၊ ဆေးပြားများကိုလည်း မနည်းမနော တွေ့ရပြန်သည်။ အသေးစိတ်လေ့လာလိုက်သည့်အခါ ထိုရတနာများသည် ကျန်းချန်ရွှမ်နှင့် ရှန်း ရူယန်တို့ နှစ်ဦးလုံးအတွက် လတ်တလောတွင် အသုံးမလိုကြောင်း သိလိုက်ရသည်။

သို့သော် ကျန်းချန်ရွှမ်အနေနှင့် အဆိုပါ ဝိညာဉ်သစ်ဥသစ်ဖုများကို အဂ္ဂိရတ်စွမ်းရည်များကို လေ့ ကျင့်ရာတွင် အသုံးချနိုင်ဦးမည်ဖြစ်သည်။ ထိုအချိန်မှာပင် ကျန်းချန်ရွှမ်၏ နားထဲတွင် စနစ်မှ အချက်ပေးသံကို ကြားလိုက်ရသည်။

ဒင်…

[မစ်ရှင်အသစ်ကြေငြာလိုက်သည်၊ စနစ်ပိုင်ရှင်၊ အဂ္ဂိရတ်စွမ်းရည်ကို အဆင့် ၃ အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ပါ]

စနစ်၏ ကြေငြာချက်မှာ ဤနေရာတွင် အဆုံးသတ်သွားပြီဟု ကျန်းချန်ရွှမ် ထင်မှတ်လိုက်ချိန်မှာ ပင် နောက်ထပ် ကြေငြာချက်တစ်ခု ထွက်ပေါ်လာပြန်သည်။

[မစ်ရှင်အသစ်‌ ကြေငြာလိုက်သည်။ စနစ်ပိုင်ရှင်၊ ဝိညာဉ်ဆေးပင်တစ်ရာကို စိုက်ပျိုးပါ]

စနစ်မှ ပေးအပ်လိုက်သော မစ်ရှင်ကြောင့် ကျန်းချန်ရွှမ်တစ်ယောက် ဝေခွဲမရဖြစ်သွားသည်။ စနစ် မှပေးအပ်လာမည့် မစ်ရှင်အသစ်သည် သူလုံးဝမမျှော်လင့်ထားသည့် မစ်ရှင်မျိုးဖြစ်နေသည်။ ဝိ ညာဉ်ဆေးပင်များ စိုက်ပျိုးခြင်းသည် လယ်သမားတစ်ဦး၏ အလုပ်ဖြစ်ပြီး သူနှင့် လားလားမျှ မပတ်သက်ပါ၊ စနစ်သည် သူ့ကို အဂ္ဂိရတ်ပညာရှင်တစ်ဦး အဖြစ် ပုံသွင်းနေသည်မှာ ထင်ရှားသော်လည်း ယခုကောက်ခါငင်ခါ ပေးလိုက်သည့် မစ်ရှင်မှာ စနစ်၏ မူလရည်ရွယ်ချက်နှင့်‌ သွေဖည်နေသလို ခံစားမိသည်။

သို့သော် စနစ်မှပေးအပ်လာသည် ဖြစ်သောကြောင့် သူ့အနေနှင့် လက်ခံဆောင်ရွက်ရုံမှတပါး အ ခြားမရှိပါ။ ထို့ပြင် မစ်ရှင်ပြီးမြောက်သည့်အခါတွင်လည်း ဆုလာဘ်များရရှိဦးမည်ဖြစ်ရာ သူ့အတွက် အရှုံးမရှိသလို အဂ္ဂိရတ်ပညာရှင်တစ်ဦးအနေနှင့် ဝိညာဉ်ဆေးပင်များ ပျိုးထောင်ခြင်းသည် ခက်ခဲသည့်တာဝန် မဟုတ်ပါ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လုမင်တို့သုံးဦးထံမှ ရရှိသည့် ရတနာ၊ ရင်းမြစ်များကို ခွဲဝေယူ ကြပြီးနောက် ကျင့်ကြံရာ လှိုဏ်ဂူများအတွင်းသို့ ကိုယ်စီဝင်ရောက်လျက် ဂူပိတ်ကျင့်ကြံမှုကို စတင်လိုက်ကြသည်။ သည်တစ်ခေါက် ဂူပိတ်ကျင့်ကြံခြင်းကာလတွင် ကျန်းချန်ရွှမ် ဆောင်ရွက်ရ မည့်တာဝန်များမှာ နောက်ဆုံးတစ်ခေါက်ထက် နည်းပါးသည် ဟုဆိုရမည်၊ ပထမဆုံးအနေနှင့် နက်ရှိုင်းမြေဓာတ်ပုဆိန်လှံကို သွန်းလုပ်ရမည်။ ဒုတိယတာဝန်မှာ ရွှေဗလာနယ်ဓား၏ အဆင့်ကို မြှင့်တင်ရမည်။ ထို့နောက်တွင် အခြားနယ်ပယ်များတွင် ကျင့်ကြံမှုအဆင့် တိုးတက်ရန် လေ့ကျင့်ရမည်။ နောက်ဆုံးအနေနှင့် စနစ်မှပေးအပ်ထားသည့် မစ်ရှင်နှစ်ခုကို ဆောင်ရွက်ရပါမည်။

တတိယတာဝန်ဖြစ်သည့် စွမ်းရည်မြှင့်တင်ခြင်း အပိုင်းတွင် ကျန်းချန်ရွှမ်သည် အစီအရင်ကွက် ဖန်တီးခြင်းနည်းစနစ်ကို ဇောက်ချလေ့ကျင့်ရန် အားသန်နေသည်။ ထိုနယ်ပယ်တွင် အဆင့်မြင့် လာသည်နှင့်အမျှ စနစ်မှ ချီးမြှင့်သည့် ဆုလာဘ်များလည်း ပိုမိုကောင်းမွန်လာပါလိမ့်မည်။ သို့ သော် အချိန်တိုအတွင်း၌ တာဝန်အားလုံးကို အပြီးသတ်နိုင်ပါမည်လား ဆိုသည့်အချက်ကိုတော့ သူသံသယဝင်မိသည်။ ထို့အတွက် အရေးကြီးဆုံးကိစ္စကို ဦးစွာဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ပြီး နက်ရှိုင်းမြေဓာတ် ပုဆိန်လှံ သွန်းလုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းများကို ထုတ်ယူခင်းကျင်း လိုက်တော့သည်။

ကုန်ကြမ်းများမှ စနစ်မှ ချီးမြှင့်ထားသည့် စကြဝဠာဖော်မဲ့ကျောက်တုံး၊ အဆင့် ၄ ပဏာမအဆင့် ရှိ မြေရင်းသလင်းကျောက်၊ မြေဓာတ်ဝိညာဉ်ရေစင် တို့ဖြစ်ကြသည်။ ထိုရတနာများကို ကြည့်ရင်း ကျန်းချန်ရွှမ်တစ်ယောက် တွေးမိသည်မှာ သူ့အနေနှင့် ထိုရတနာများကို ပျက်စီးဆုံးရှုံးခြင်း မရှိ စေရန် သတိကြီးစွာထား၍ ကိုင်တွယ်ရမည် ဟူ၍ဖြစ်သည်။ တစ်ခုခု အမှားအယွင်းဖြစ်ခဲ့ပါက ထို ကုန်ကြမ်းများကို ပြန်လည်စုဆောင်းရန် လွယ်ကူမည်မဟုတ်၊ အထူးသဖြင့် စနစ်ထံမှ ရရှိခဲ့သည့် စကြဝဠာဖော်မဲ့ကျောက်တုံးဖြစ်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်သည် အလျင်စလို မပြုမူဘဲ အချိန်ယူရန် ဆုံးဖြတ်လိုက်သည်။

“ကံကောင်းတဲ့တစ်ချက်က ငါ့မှာ အဆင့်မြင့် လက်နက်သွန်းပညာရှင်တစ်ဦးကို အနီးကပ်လေ့ လာရမဲ့ အခွင့်အရေးတစ်ခုရှိသေးတယ်”

ယခင်မစ်ရှင်တစ်ခု ပြီးမြောက်စဉ်က စနစ်မှ ချီးမြှင့်ထားသည့် ထိုအခွင့်အရေးကို အသုံးမပြုရ သေးကြောင်း ကျန်းချန်ရွှမ်သိရှိထားသည်။ ထိုအခွင့်အရေးသည် အဆင့်မြင့် လက်နက်သွန်းလုပ် သူတစ်ဦး၏ ကိုယ်ခန္ဓာကို ပူးကပ်ခြင်းဖြင့် လက်နက်ဖန်တီးခြင်း လုပ်ငန်းစဉ်စဆုံးကို အနီးကပ် သင်ယူခွင့်ရရှိမည့်အပြင် ကျန်းချန်ရွှမ်၏ လက်နက်သွန်းလုပ်ခြင်း စွမ်းရည်ကို နောက်တစ်ဆင့်ထိ ဆွဲခေါ်သွားနိုင်ပါလိမ့်မည်။ ကျန်းချန်ရွှမ်သည် မစဉ်းစားတော့ဘဲ ထိုအခွင့်အရေးကို အသက်သွင်းလိုက်တော့သည်။

ကျွီ…

တစ်ခဏချင်းတွင် တစ်ကိုယ်လုံး အလေးချိန်မရှိတော့ဘဲ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ အသိစိတ် ပုံမှန်အတိုင်း ပြန်ဖြစ်လာချိန်တွင် ကျန်းချန်ရွှမ်သည် အဖြူရောင်ဝတ်ရုံဝတ် ပိန်ပိန်ပါးပါး လူငယ်တစ်ဦး၏ ခန္ဓာကိုယ်အတွင်း ရောက်ရှိနေကြောင်း သတိပြုမိလိုက်တော့သည်။ သည်တစ်ခါအတွေ့အကြုံသည် နောက်ဆုံးတစ်ခေါက်နှင့် ကွဲပြားသည်။ သည်တစ်ကြိမ်တွင် ကျန်းချန်ရွှမ် အနေနှင့် ဝတ်ရုံဖြူလူငယ်နှင့် သူ့အကြား ကျင့်ကြံမှုအဆင့်သည် မိုးနှင့်မြေပမာ ကွာခြားနေသည်ကို သိသာထင်ရှားစွာ ခံစားမိသည်။

ချွင်..ချွင်…ချွင်

ထိုစဉ် ကျန်းချန်ရွှမ်၏ ဝိညာဉ်ပူးကပ်ထားသည့် ဝတ်ရုံဖြူလူငယ်သည် လက်နက်တစ်မျိုးကို စ တင်သွန်းလုပ်လိုက်သည်။ အသုံးပြုသည့် နည်းစနစ်နှင့် လုပ်နည်းကိုင်ဟန်များမှာ ရှေးတစ်ခေါက်နှင့် များစွာကွဲပြားလျက်ရှိသည်။ တူညီသည့်တစ်ချက်တော့ရှိသည်။ ထိုအချက်မှာ လက်နက်ဖန် တီးသူနှစ်ဦးလုံး၏ စွမ်းရည်နှင့် အဆင့်အတန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေကြခြင်းပင် ဖြစ် သည်။ ကျန်းချန်ရွှမ်၏ မျက်လုံးထဲတွင် စမ်းရေစီးသည့်ပမာ သိမ်မွေ့ငြိမ့်ညောင်းလှသည်။ ကျန်းချန်ရွှမ်သည် လက်နက်သွန်းလုပ်သည့် လုပ်ငန်းစဉ်တွင် တဖြည်းဖြည်းနစ်မြုပ်သွားပြီး နည်းနာ များကို အသေးစိတ်မှတ်သားနေမိသည်။ ထိုအခိုက်တွင် ကျန်းချန်ရွှမ်သည် ရေမြုပ်တစ်ခုကဲ့သို့ပင် ဝတ်ရုံဖြူလူငယ်ထံမှ အဆီအနှစ်များကို စုပ်ယူနေသည့်အလားဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် ကျန်းချန်ရွှမ်၏ သိစိတ်သည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ ယခုအ ခါတွင် လက်နက်သွန်းလုပ်ခြင်းနှင့် စပ်လျဉ်းသည့် အသိအမြင်၊ နည်းနာများသည် ရှေးကထက် အဆများစွာ တိုးတက်သွားကြောင်း ခံစားလိုက်ရသည်။ မျက်လုံးအစုံကိုမှိတ်လျက် သင်ယူရရှိခဲ့သည့် သင်ခန်းစာမှန်သမျှကို ပြန်လည်သုံးသပ်လိုက်သည်။ နှစ်နာရီကြာပြီးနောက်တွင် ကျန်းချန်ရွှမ်၏ မျက်လုံးများ ပွင့်လာပြီး ရှေ့မှောက်ရှိ ကုန်ကြမ်းပစ္စည်းများကို ကြည့်လိုက်သည်။

***

All Chapters