ရှင်းပစ်ခြင်း
Vol. 81 Ch. 1130
ရှောင်ချီ ထိုသို့တွေးသည်ကို ရှီမာယူယူ အမှန်တကယ်ပင် ဝမ်းသာ သည်။ သို့သော် သူမ ဘာမှမလုပ်ဘဲ ဆက်လျှောက်နေသည်။ သူတို့လုပ်ချိန် ရှိလျှင်တောင် ကောင်းကင်ပိုက်ကွန်ကို ဖြေရှင်းရသည်မှာ ဘယ်လောက် ခက်ခဲလိုက်သလဲ။ သူမသည် သူတို့အားလုံးကို လွှတ်မပေးချင်ပေ။
ရှောင်ချီ အဝေသို့လျှောက်သွားသော်လည်း ကောင်းကင်ပိုက်ကွန်ကို ဆက်တိုက်ကြည့်နေသည်။ သူမသည် သူတို့ကို အပါခေါ်သွားလိုသည့် အကြည့်ဖြင့် ကြည့်ခြင်းဖြစ်သည်။
သူတို့ အကန့်အသတ်နယ်မြေရှေ့ရောက်သောအခါ အလုံးလေးမှ ဖွင့် ပေးရာ အားလုံးထွက်လိုက်ကြသည်။
အသည်းကွဲတောင်ကြားမှလူများ ထပ်ပေါ်လာရာ အားလုံးသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
နောက်ဆုံးတော့ ပေါ်လာကြပြီ။
ရှီမာယူယူ ထွက်လာရာ ကျန်းကျူးရှန့်၊ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင် တို့နှင့်အတူ ရွှမ်းချုံမျိုးနွယ်မှလူများကို တွေ့ရလေသည။် သို့သော် ရှီချန်းကျိ နှင့် ရှီချူးရှောင်တို့ အရိပ်အယောင်ကိုမတွေ့ရပေ။
“ဒီမှာခဏစောင့်ပေး” ရှီမာယူယူသည် ရှီမန်ဖန်နှင့် တခြားသူများကို ပြောပြီး ရွှမ်းချုံဟော်ဆီသို့ လျှောက်သွားလိုက်သည်။
သူမ သူ့ရှေ့သွားပြီး ဗောဓိအရွက်ထုတ်ကာ ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
သူမသည် အမှန်တကယ်ပင် သူ့ကိုကျေးဇူးတင်ခြင်းဖြစ်သည်။ သူသာ သူမကို မဝင်ခိုင်းလျှင် ရှီမန်ဖန်နှင့် တခြားသူများ ပြန်ထွက်လာနိုင်မည်မဟုတ် ပေ။
ရွှမ်းချုံဟော်သည် ဗောဓိအရွက်ယူပြီး ပြောလေသည် “မင်းကိုကူူညီရ တာကိုက ငါ့အတွက်ပျော်စရာပါပဲ အသည်းကွဲတောင်ကြားကလူတွေ အဆင်ပြေတယ်ဆိုတော့ ကောင်းပါတယ်”
ထိုနေရာတွင် ဘာတွေဖြစ်နေသည်ကို သူ မသိသော်လည်း သူမသည် သူတို့ကို အသက်ရှင်လျက်ထွက်လာအောင် လုပ်နိုင်မည်ဟု သူ ယုံကြည် ထားသည်။
“နောက်ကို ကျွန်မအကူအညီလိုရင် ကျွန်မ ယူယူက ရှောင်ပုန်းမနေဘဲ သေချာပေါက် ကူညီပါမယ်” ရှီမာယူယူ ပြောလိုက်သည်။
“နောက်ကို တကယ်ပဲ မင်းအကူအညီလိုရင် ငါလည်း တောင့်ခံမနေပါ ဘူး” ရွှမ်းချုံဟော် ပြောလိုက်သည် “မင်းတို့အားလုံးအဆင်ပြေမှတော့ ငါတို့် သွားပါတော့မယ်”
“သွားပါ”
ရွှမ်းချုံဟော်သည် သူ၏ရွှမ်းချုံမျိုးနွယ်နှင့်အတူ ထွက်သွားလေသည်။ ထိုအခါမှပင် ရှီမာယူယူသည် ဟန့်မြောင်ရွှမ်နှင့် တခြားသူများကို မေးလိုက် သည် “ချူးရှောင်တို့ရော”
“နဂါးကိုးကွယ်ရေးဂိုဏ်းဟန်ဆောင်တဲ့သူတွေက တခြားဂိုဏ်းသားတွေ ကို သတ်ဖို့ကြိုးစားနေတယ်လို့ သတင်းရလို့ ရှီချန်းကျိနဲ့ ရှီချူးရှောင်တို့ သွားဖြေရှင်းကြတယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“ဒါဆိုရင် စီနီယာကဘာလို့သူတို့နဲ့လိုက်မသွားတာလဲ” ရှီမာယူယူသည် ကျန်းကျူရှန့်ဘက် လှည့်လိုက်သည်။ သူလည်း နဂါးကိုးကွယ်ရေးဂိုဏ်းကပဲ မလား။ သူ့ရာထူးလည်းမြင့်တာပဲလေ။
“ငါ အရင်ကတည်းက ဂိုဏ်းကိစ္စတွေကိုဝင်မရှုပ်ဘူး” ကျန်းကျူးရှန့် ပြောလိုက်သည် “ဒီလိုကိစ္စသေးသေးလေးကို သူတို့နှစ်ယောက် ရှင်းတာက လိုတာထက်တောင်ပိုနေသေးတယ်”
“စီနီယာအစ်မကို စိုးရိမ်လို့နေမှာပါ” စူးရှောင်ရှောင် ပြောလိုက်သည်။
ကျန်းကျူးရှန့် မငြင်းဆန်ပေ။ ဒီကောင်က သူတို့ကို စနောက်ရတာကို ပျော်နေတာ သူ့ကို ဂရုစိုက်စရာကိုမလိုတာ။
သူသည် ဟန့်မြောင်ရွှမ်ကိုမှီကာ အိပ်ပျော်သွားလေသည်။
ရှီမာယူယူသည် သူမျက်လုံးမှိတ်ပြီး အိပ်ချင်ဟန်ဆောင်နေသည်ကို တွေ့သောအခါ သဲ့သဲ့ပြုံးလိုက်သည်။ သူမ သူ့ကိုထိုသို့မမြင်ရသည်မှာ ကြာပြီဖြစ်သည်။
“တောင်ကြားဒုခေါင်းဆောင် အခုဘာလုပ်ကြမလဲ” အသည်းကွဲ တောင်ကြားမှ တစ်ယောက် မေးလိုက်သည်။
“ဒီနေရာကို လုံလုံလောက်လောက်ရှာပြီးပြီလို့ထင်တယ် အဲနေရာတွေ က လူလာဖို့လွယ်လို့ အပြန်ပြန် အလှန်လှန်ကို ရှာပြီးလောက်ပြီ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
ရှီမာယူယူသည် အပြင်မှ ကိစ္စများကိုစုံစမ်းသော ပျားများကိုမေးလိုက် သည်။
သို့သော် မည်သူမှမသွားဖူးသော နေရာများစွာရှိသည် မဟုတ်ပါလား။
သူမသည် အလုံးလေးကို ကြည့်ကာ ပြောလိုက်သည် “မင်း အကုန်လုံး ကို အကန့်အသတ်နေရာကိုခေါ်သွားတယ်မဟုတ်လား မင်း ဦးဆောင်ပြီး ခေါ်သွားသင့်တယ်”
“ဟင် သွားချင်သေးတာလား” အလုံးလေး ပြောလေသည်။
“ဟုတ်တယ်လေ ဒီမှာရတနာရှိမှတော့ ဘာလို့မရှာရမှာလဲ၊ အရင်လို မဟုတ်တော့ရင် အဆင်ပြေတာပဲလေ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ ငါ့မှာစွမ်းရည် အဲလောက်မရှိတော့ဘူး” အလုံးလေး ပြောလိုက် သည် “ငါ ကျောက်နောက်တစ်ဝက်ကို အစာမကြေသေးဘူး အဲဒါကြောင့် ဒီလောက်အများကြီးကို ခေါ်သွားဖို့ စွမ်းရည်မရှိဘူး”
“ပြဿနာမရှိဘူး မင်းအကုန်လုံးကိုခေါ်သွားဖို့မလိုဘူး ငါ့ကိုပဲခေါ်သွား ဖို့လိုတယ်”
သူမ၏ အပြုံးသည် အလုံးလေးကိုတုန်ယင်စေသည်။
ဘယ်လောက်တောင်ကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးအမျိုးသမီးလဲ။
ရှီမန်လီသည် သူမ နှာခေါင်းကို ဆွံ့အစွာ ကိုင်မိသည်။ သူမ အစ်မက သေချာပေါက် နူးညံ့တာကို။ အလုံးလေးက ဘာလို့သူမကို နတ်ဆိုးအမျိုးသမီး လို့အမည်တပ်ရတာလဲ။
သူမ အလုံးလေး၏ တုန့်ပြန်မှုကိုမြင်သောအခါ ရှီမာယူယူသည် ရှီမန်လီ ၏ရင်ခွင်ထဲမှ အလုံးလေးကိုဆွဲကာ ပြောလိုက်သည် “ဒီအတိုင်းပဲ မင်းကိုပေး တဲ့အပြစ်ကိုသာယူလိုက်တော့”
“ဒါပေမဲ့ ရှီမန်ဖန်က အပြစ်ပေးပြီးပြီ” အလုံးလေး ငြင်းဆန်လေသည် “အပြစ်မပေးတော့ဘူးလို့ ပြောခဲ့ပြီးပြီလေ”
“အဲတုန်းက အပြစ်ပေးဖို့ ငါ့မှာအားမရှိလို့ ပြောလိုက်တာ” ရှီမာယူယူ ပြောလိုက်သည် “ခုခံနေလည်း အချည်းနှီးပဲ ဒီအတိုင်းပဲ လိမ္မာစမ်းပါ ဟားဟား…”
အလုံးလေးသည် ခြေလက်များမရှိကာ သူမ ဆုပ်ကိုင်မှုတွင် လူးလိမ့် နေသည်။ ရှီမာယူယူ ကြက်သွေးရောင်မီးတောက်ထုတ်သည်ကို မြင်သော အခါ ကျိုးနွံစွာငြိမ်ကျသွားပြီး စိတ်မပါစွာပြောလေသည် “ဒါဆိုလည်း ကောင်းပြီလေ…”
သည်လိုနှင့် တစ်နှစ်ကြာအောင် သူမသည် အလုံးလေးကိုဖက်ကာ အကန့်အသတ်နယ်မြေအကုန်လုံးကို ပတ်သွားခဲ့သည်။
သူမသည် လောကအသေးသို့ အားလုံးကိုခေါ်သွားကာ အလုံးလေးနှင့် ဝင်သွားပြီးနောက်တွင် လုံခြုံသောနေရာကိုရှာလေသည်။ အန္တရာယ်မရှိပါက သူမသည် အားလုံးကိုခေါ်ထုတ်ပြီး ရတနာရှာလေသည်။ အန္တရာယ်ရှိပါက နောက်ပြန်ဆုတ်ကြသည်။
အချိန်တိုင်းတွင် အလုံးလေးမှာ ငြင်းဆန်သော်လည်း ရှီမာယူယူသည် မီးလုံးဖြင့် ကစားကာ ထိုအကောင်လေးကို ပြောနေကျအတိုင်း ဖိအားပေးပြန် သည်။
ထိုအရာများ အားလုံးတွေ့ကြုံပြီးသောအခါ အလုံးလေးသည် ရှီမာယူယူမှာ နတ်ဆိုးအမျိုးသမီးဖြစ်သည်ကို ပိုသေချာသွားပြီး သူ၏ သခင် ကိုသူမနှင့် ခွာနေခိုင်းရန် သေချာနေသည်။
ဒီအမျိုးသမီးက အရမ်းကိုကြောက်ဖို့ကောင်းတယ်။
ထာဝရှင်သန်သူနယ်မြေသို့လာသောသူများသည် သွားသွားလာလာ ဖြင့် ကျွန်းပေါ်တွင် တဖြည်းဖြည်းလူနည်းသွားသည်။
အသက်သစ်ပင်မရှိတော့သဖြင့် ကျွန်းပေါ်တွင်ရှာစရာမရှိတော့သဖြင့် သူတို့အတွက် နေရန် အဓိပ္ပာယ်မရှိတော့ပေ။ သူတို့ တခြားနေရာသို့ သွားရှာ သည်ကပိုကောင်းမည်။
တစ်နှစ်ကြာပြီးနောက်တွင် ရှီမာယူယူသည် အသည်းကွဲတောင်ကြားမှ လူများကို ဦးဆောင်ခေါ်ထွက်လာသည်။ အကြောင်းမှာ ရွှမ်းချုံဟော်သည် ဧကရာဇ်၏ အမွေနှင့်ပတ်သတ်သာ သတင်းကိုသိခဲ့ရပြီး အသည်းကွဲတောင် ကြားမှလူများသည် မြင့်မြတ်သော ကျင့်ကြံရေးနယ်မြေမှ အရာအားလုံးကို စုပ်ယူခဲ့ပြီးခြင်းကြောင့် ဖြစ်လေသည်။ ကြုံကြိုက်သော ရတနာများကိုလည်း ရှီမာယူယူတို့အဖွဲ့မှ ယူလာကြသည်။
ဟုတ်တာပေါ့… ထာဝရရှင်သန်သူနယ်မြေမှာ သူတို့မစွန့်စားခဲ့တဲ့ တခြားကန့်သတ်နယ်မြေအချို့နဲ့ နောက်ထပ်အရာတွေရှိသေးတာပေါ့။
အကြောင်းမှာ သူမ မသွားချင်သောကြောင့်မဟုတ်ဘဲ အလုံးလေး သည် အထဲတွင် ကြောက်စရာရှိနေသည်ဟု ပြောသောကြောင့်ပင်။ သူမ ကောင်းကင်ပိုက်ကွန်ကိုတွေးမိပြီး မသွားရန်ဆုံးဖြတ်ခဲ့သည်။ အထဲမှ အရာ သည် သူတို့ မကိုင်တွယ်နိုင်သည့်အရာဖြစ်နေပါက ပြဿနာဖြစ်လိမ့်မည်။
သြော်… အသည်းကွဲတောင်ကြားက လူတိုင်းက အဆင့်တက်သွားကြ သေးတယ်။ ဒါကတော့ မှတ်မှတ်ရရဖြစ်ခဲ့တာပဲ။
ရှောင်ချီသည် အားလုံးကို လှေနှင့် ကုန်းမြေပေါ်သို့ခေါ်သွားပြီး အသည်းကွဲတောင်ကြားမှလူများကို ခေါ်ပြီးလူခွဲရန် ရှီမန်ဖန်ကိုပြောလိုက် သည်။
“ဘာလို့ မင်းရဲ့အဖွဲ့နဲ့မသွားချင်တာလဲ” ကျန်းကျူးရှန့်သည် ပျင်းရိစွာ မျက်စိဖွင့်လာပြီး အိပ်ချင်မူးတူးဖြင့် မေးလေသည်။
“သူတို့လည်း ကျွန်မတို့နဲ့သွားရင် ဆုံးရှုံးတာတွေရှိလိမ့်မယ် ကျွန်မလည်း အတူတူပဲ” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါကို ဘယ်လိုသိတာလဲ”
“သခင်ကြီးရင်လင်းပြောလိုက်တာ”
အမှန်ပင်.. အသည်းကွဲတောင်ကြားမှလူများ သည်တစ်ကြိမ်တွင် အန္တရာယ်တွေ့ခဲ့သော်လည်း အကျိုးအမြတ်များရခဲ့သည်။
သို့သော် အန္တရာယ်မရှိဘူးလို့ ရင်လင်းပြောလိုက်တယ်မလား။ ဆိုလိုတာက သူမက သူတို့ကိုကယ်လိုက်လို့ မထိမခိုက်ရှိလို့ အန္တရာယ်မရှိဘူး လို့ပြောချင်တာလား။
မည်သို့ပင်ဖြစ်စေကာမူ အကျိုးပေးကောင်းခဲ့သည်။
ရှီမန်ဖန်နှင့် တခြားသူများထွက်သွားပြီးနောက်တွင် ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့သည် ဦးတည်ဘက်တစ်ခုတည်းသို့ထွက်ခဲ့ကြသည်။ ထိုမှသာ သူတို့တစ်ယောက်နှင့် တစ်ယောက် ဝေးဝေးတွင်ရှိမနေဘဲ တစ်ခုခု ဖြစ်ခဲ့သည်ရှိသော် မြန်ဆန်စွာတုန့်ပြန်နိုင်မည်ဖြစ်သည်။
သို့သော် ရင်လင်းသည် စကားကို အချည်းနှီးမပြောပေ။ နောက်ပိုင်းတွင် လူတိုင်းသည် ကျွန်းမှထွက်သွားသည်နှင့် အသည်းကွဲတောင်ကြားမှ လူများ သည် အကူအညီတောင်းသည့် မည်သည့်အချက်ပေးချက်ကိုမှ မပို့ခဲ့ပေ။ အဖွဲ့လိုက် ထာဝရရှင်သန်သူနယ်မြေအား ရှင်းလင်းပြီးနောက် မပိတ်ခင်ကို ကြီးမားသော ဆုများဖြင့် ပြန်ခဲ့လေသည်။
အကြောင်းအရင်းကို မည်သူမှမသိသော်ငြား ထာဝရရှင်သန်သူနယ်မြေ သည် အရင်ကထပ်ပိုကြာအောင် ဖွင့်ခဲ့သည်။ ၎င်းကိုဖွင့်ချိန်သည် စဖွင့်သည် အချိန်မှစ၍ အနှစ်နှစ်ဆယ်ခန့်ကြာခဲ့သည်။ ထိုအရာသည် ရင်လင်းပင် မမျှော်လင့်ထားသည့်အရာဖြစ်သည်။
***