တုံမင်တိုက်ပွဲအစ
Vol. 15 Ch. 211
ကျိုးယန်သည် ယန်စီရင်စုအတွင်း တပ်ဖွဲ့များကိုစု စည်းနေခဲ့ပြီး နေရာကူးပြောင်းအစီအရင်မှတဆင့် မြို့တော်အသစ်မှ လက်အောက်ခံအင်အားစုများ၏ တပ်ဖွဲ့များကို ကူးပြောင်းနေစေခဲ့သည်။ တဖက်တွင် လီဧကရာဇ်သည် လီပြည်ထောင်စုအတွင်းရှိ အင် အားစုကြီးငယ်များကို အဆက်မပြတ်ဖိအားပေးနေ ခဲ့ပြီး ရသမျှအင် အားကို ညစ်ထုတ်နေခဲ့သည်။ အကြောင်းမှာ တုံ မင်ခရိုင်သို့ အင်အားဖြည့်တင်းလိုခြင်းဖြစ်ပြီး တဖက်သူများက လီပြည်ထောင်စုအတွင်းတိုင် ဖောက်ဝင်နေကာ ယန်စီရင်စုကိုပင် ထိန်းချုပ် ထားသည် မဟုတ်လား။
လီရှို့ချင် ဦးဆောင်သည့် တပ်ဖွဲ့များသည် တုံမ င် မြို့တံတိုင်းကို ပို၍ခိုင်ခန့်အောင် အဆင်မြင့် တင်နေပြီး ခရိုင်အတွင်း၌ လှိုဏ်ခေါင်းများစွာ ဖောက်လုပ်စေကာ ထိုလှိုဏ်ခေါင်းများမှာ တခု နဲ့တခုချိတ်ဆက်ထားပြီး မြို့တော်တံတိုင်းအဝ ထိ ဆက်သွယ်ထားသည်။ တုံမင်ခရိုင်နှင့်ယန်စီ ရင်စုကြား ချိုင့်ဝှမ်းများကို ဖြတ်သန်းတိုးဝင်ခဲ့ သောကြောင့် ဆုံးရှုံးမှုကြီးလဲ့ရသည့် ဖြစ်စဥ်ကို သာဓကပြု၍ လီရှို့ချင်က အလားတူဖြစ်ရပ်ကို မပြုလုပ်လိုသောချေ။
ထို့အပြင် ကျိုးဧကရာဇ်သည် ယန်စီရင်စုတခု တည်းနဲ့ ကျေနပ်မည့်သူမဟုတ်သောကြောင့် တုံ မင်ခရိုင်ကို ဆက်လက်ထိုးဖောက်လာနိုင်ပြီး မ ကြာမီ အနီးဆုံးဖြစ်သည့် တုံမင်ခရိုင်ရှိရာသို့ ရောက်လာနိုင်သည်။ လီရှိူ့ချင်၏ ဦးဆောင်မှုဖြ င့် တုံမင်ခရိုင်က ခံစစ်ကို အခိုင်အမာဖွဲ့စည်းနေ သည်ကို ကျိုးယန်တယောက် ကြားသိနေရပြီး အနည်းငယ်ပင် ကျိတ်၍ ရယ်ချင်သွားမိသည်။
လီဧကရာဇ်သည် ယန်စီရင်စုကို အင်အားအလုံး အရင်းဖြင့် ထပ်မံမဝင်ရောက်ရဲတော့ပေ။ မဟု တ်ပါက ချိုင့်ဝှမ်းသည် နောက်တကြိမ်းအလော င်းများဖြင့် ဖို့သိပ်ရဦးမည်ဖြစ်သည်။
“လင်းတပ်ဖွဲ့တွေဆီက ဘာသတင်းထူးလဲ”
ကျိုးယန်က တပ်မှူးလော့ရှန်းကိုမေးလိုက်သည်
“လတ်တလောမှာတော့ အင်အားတသိန်းရှိတဲ့ တပ်ဖွဲ့တခုနဲ့ နယ်စပ်မှာထိပ်တိုက်ဖြစ်နေတယ် လို့သတင်းရပါတယ် ဒါပေမယ့် နှစ်ဦးနှစ်ဖက် က အချင်းချင်းစောင့်ကြည့်နေပုံရပြီး စတင်တို က်လိုက်မယ့် ပုံစံတော့မရှိသေးပါဘူး”
လော့ရှန်း၏ စကားကိုနားထောင်ပြီး ကျိုးယန် တယောက် အလေးအနက်တွေးနေလေသည်။ လင်းယုယန်၏ သတင်းပေးမှုအရ သူမတို့၌ အ င်အား ၈သောင်းဝန်းကျင်သာ ရှိပြီး တဖက်အဖွဲ့ မှာ နယ်စပ်အစောင့်များမပါသေးသည့် အနေအ ထားတွင်ပင် တသိန်းထိရှိနေသည်။ ထိုအခြေအ နေက လင်းယုယန်တို့အနေဖြင့် နယ်စပ်ကိုဖော က်ဝင်ရန် ခက်ခဲနိုင်သည်ဟု အများထင်စရာရှိ သော်လည်း ၎င်းတို့မသိသည်က လင်းတပ်ဖွဲ့ဝ င် အချို့သည်လည်း ခေတ်မီလက်နက်များကိုင် ဆောင်ထားကြပြီး ယခုကဲ့သို့ နယ်စပ်တလျှော က်အထိုင်ချထားစဥ်တွင် ထိုလက်နက်များကို ကျွမ်းဝင်စေရန် အဆက်မပြတ်လေ့ကျင့်နေခဲ့ လေသည်။
သေနတ်တွေအကူညီနဲ့ နယ်စပ်ကို ဖောက်ဝင်ဖို့ တော့မခက်ခဲလောက်ဘူး။ ငါတုံမင်ခရိုင်ကို ဦး တည်တိုက်ခိုက်နေချိန် တဖက်မှာသူတို့ကိုဖော က်ဝင်ခိုင်းရမယ်။
ကျိုးယန်ရဲ့ အဓိကရည်ရွယ်ချက်မှာ လီဧကရာ ဇ်ကို အတွေးများစေလိုပြီး ဘေးနှစ်ဖက်မှညှပ် ၍တိုက်ခိုက်ခြင်းဖြင့် လီပြည်ထောင်စုအင်အား ကိုခွဲထုတ်လိုက်ရာကျပြီး အလွယ်တကူနှိမ်နင်း နိုင်ပေမည်။
ကျိုးယန်တယောက် ယန်စီရင်စုအတွင်းရှိ တပ် ဖွဲ့များကို စစ်းဆေးနေပြီး ပထမတိုက်ပွဲအတွင်း အသုံးပြုခဲ့သည့် တင့်ကား သံချပ်ကာကားများ နှင့် မောင်းနှင်သူများကို အနားယူစေကာ အခြာ တပ်ဖွဲ့ဝင်များကို အစားထိုး၍ လေ့ကျင့်စေသ ည်။ ထိုမှသာ ကျွမ်းကျင်သူများ များပြားလာပြီ လိုအပ်ပါက အချိန်မီအစားထိုးမောင်းနှင်နိုင်မ ည်ဖြစ်သည်။
“ဒီတခေါက် တိုက်ပွဲက ရက်အချို့ကြာမယ်လို့ ကျတော်ထင်နေတယ် အဖိုးဝူတို့အနေနဲ့ ယန်စီရ င်စုကနေ တုံမင်ခရိုင်ထိ လမ်းကြောင်းတလျှော က် သေချာလေးစစ်ဆေးပေးပါ”
“စိတ်ချပါ လမ်းတလျှောက်ကင်းပုန်းစခန်းတွေ တည်ဆောက်ထားလို့ လီတပ်ဖွဲ့တွေဝင်ရောက် ကင်းပုန်းချဖို့ မလွယ်ပါဘူး”
ကျိုးယန်ရဲ့စကားကို အဖိုးဝူမှ အလေးအနက် ပြောလာသည်။ ကိုင်ရီရီနှင့် မုရုံရှီတို့ ဦးဆောင် သည့် အဖွဲ့ငယ်သည် တုံမင်ခရိုငိတွင်းရှိ လှုပ်ရှာ မှုများကို စုံစမ်းနေကြပြီး မူလက တာဝန်ယူခဲ့သ ည့် လော့ရှန်းကိုမူ တုံမင်ခရိုင်ကိုသွားရာလမ်း ကြောင်းတလျှောက်အား စောင့်ကြပ်စေခဲ့သည်
ကိုင်ရီရီ၏ သတင်းပို့ချက်အရ တပ်ဖွဲ့အင်အား မှာ ၅သိန်းနီးပါးထထိ ရှိလာပြီး ထိုထက်ပင်ပိုနိင် သေးသည်။ ထို့အပြင် တုံမင်ခရိုင် အဝင်ပေါက် များကိုလည်း တပ်ဖွဲ့အခိုင်အမာချကာ စောင့် ကြည့်ထားစေပြီး ခရိုင်အဝင်ထွက်ကို ပိတ်ဆို့ ထားသောကြောင့် ကိုင်ရီရီတို့အနေဖြင့် လီရှို့ချ င်၏ ခရိုင်အတွင်း လုပ်ဆောင်ချက်များကို မသိ နိုင်တော့ချေ။
အခြားဆက်စပ်ခရိုင်များမှ အင်အားများအဆ က်မပြတ်ပေါင်းထည့်နေခြင်း မြို့တံတိုင်းကိုအ ဆင့်မြင့်တင်ခြင်း စသည်တို့ပြုလုပ်နေသည့် တုံ မင်ခရိုင်၏ သတင်းက လီရှို့ချင်တယောက်ဖုံးဖိ ထားသော်လည်း ပြင်ပသို့စိမ့်ထွက်နေခဲ့ကာ မ ကြာမီ ပြင်းထန်သည့် နှစ်ဖက်စသ်မြေပြင်ကို တွေ့မြင်ရဖို့ ရှိသည်ဟု အခြဧကရာဇ်များကတွ က်ဆထားလိုက်ကြသည်။
မည်သည့်ဘက်မှ အသာစီးရသွားမည်နည်း။ လီ ရှို့ချင်လား ကျိုးဧကရာဇ်လား။ အများစုက အ င်အား တောင့်တင်းနေသည့် လီရှို့ချင်ဘက်ကို အသာပေးနေခဲ့ကြပြီး ထူးဆန်းလက်နက်များမှ အဆများစွာကွာဟနေသည့် အင်အားကွာဟချ က်ကို ဖြည့်တင်းနိုင်မည်မဟုတ်ဟု ထင်မြင်နေ ကြသည်။
ထိုသို့ဖြင့် ရက်အချို့ထပ်မံကုန်ဆုံးသွားခဲ့ပြီး ကျိုးယန်၏ အင်အားဖြည့်တင်းမှုက ပြီးဆုံးသွာ ခဲ့သည်။ ဖမ်းဆီးရမိသည့် သုံ့ပန်းများကို မြို့ တော်အသစ်ထံပို့ဆောင်ခဲ့ပြီး မြို့တော်အသစ်မှ အင်အားများ ထပ်မံဖြည့်တင်းခဲ့သောကြောင့် တပ်ဖွဲ့အင်အားမှာ နှစ်သိန်းအထိ တိုးလာပြီး ထို အထဲတွင် ကျိုးယန်၏ အထူးတပ်ဖွဲ့ဝင်များမှာ ၅၀၀၀၀ နီးပါးပါဝင်ခဲ့ပြီး တပ်ဖွဲ့နှစ်သိန်းတွင် အောက်ခြေစစ်သည်များပါမကျန် လက်နက်တ ပ်ဆင်ထားနိုင်ခဲ့သည်။ ထိုအရာက သေနတ်များ M79 ကဲသို့ ဗုံးပစ်လောင်ချာငယ်များဖြစ်ပြီး လက်နက်ကြီးများ တင့်ကားများနဲ့သံချပ်ကာ ကားများ တပ်ဖွဲ့လည်းပါဝင်ပြီး ထိုအစုအဖွဲ့သ ည် မည်သည့်အင်အားစုကိုမဆို ချေမှုန်းရန်လုံ လောက်ပေသည်။
ကျိုးယန်က စုစည်းထားသည့် တပ်ဖွဲ့များကိုတ ချက်ကြည့်လိုက်သည်။ တကယ့်စစ်တပ်တခုကဲ့ သို့ ရှိနေပြီး ထိုတပ်ဖွဲ့များကိုကြည့်၍ ကျိုးယန် တယောက် ကျေနပ်နေသည်။ တပ်ဖွဲ့များ၏ထိပ် ဆုံးတွင် လော့ရှန်း တောက်ချင် အဖိုးဝူ ကိုင်ရီရီ တပ်မှူးတောက်ချင်အပါအဝင် အခြားစစ်သူကြီ များရှိနေပြီး ၎င်းတို့အနောက်၌ တင့်ကားများသံ ချပ်ကာကားများ လက်နက်ကြီးများ ထားရှိပြီး ဘေးတဖက်စီ၌ ခေတ်မီလက်နက်များကိုင် ဆောင်ထားသည့် စစ်သည်များ ညီညာစွာရပ်နေ ကြသည်။
ကျိုးယန်က ထိုင်ခုံမှထ၍ မတ်တပ်ရပ်လိုက်သ ည်။ ပြီးနောက် တပ်ဖွဲ့ဝင်များကိုကြည့်ကာ လေး နက်သည့်အသံဖြင့်
“စစ်သည်တို့ မကြာခင် ကြီးမားတဲ့တိုက်ပွဲကြီး တခုရင်ဆိုင်ရဖို့ရှိတယ် ကျုပ်အနေနဲ့ အထွေအ ထူးတော့ပြောစရာမရှိပါဘူး မင်းတို့တဦးစီတိုင်း က ကျိုးပြည်ထောင်စုကို ကိုယ်စားပြုနေပြီး မင်းတို့ရဲ့အောင်မြင်မှုက အနာဂတ်ကျိုးပြည် ထောင်စုရဲ့ လမ်းကြောင်းတခုပဲ ဒါကြောင့်အစွ မ်းကုန် ကြိုးစားပြီး တိုက်ပွဲဝင်ကြပါ”
ကျိုးယန်အနေဖြင့် မိန့်ခွန်းပြောကြားရန် အတွေ့ အကြုံမရှိခဲ့ပေ။ ထို့ကြောင့် လိုတိုရှင်းကိုသာ ပြောဆိုလိုက်ပြီး ရက်အနည်းငယ်အတွင်းစတင် တိုက်ခိုက်ရမည့် တိုက်ပွဲအတွက် ပြင်ဆင်စေလို က်တော့သည်။
…………………………………………………