တုံမင်သို့ချီတက်ခြင်း
Vol. 15 Ch. 212
နောက်တနေ့မနက်၌ ကျိုးယန်၏တပ်ဖွဲ့များသ ည် စစ်ကြောင်း၃ခုခွဲကာ တုံမင်ခရိုင်ကို ချီတက် ကြတော့သည်။ ပထမစစ်ကြောင်းတွင် လော့ရှန် ဦးဆေင်သည့် အထူးတပ်ဖွဲ့ဝင် ၅၀၀၀၀ ရှိနေပြီး ဒုတိယစစ်ကြောင်းအဖြစ် ကိုင်ရီရီ မုရုံရှီ အဖိုးဝူ တို့ဦးဆောင်သည့် မြိုတော်အသစ်မှ အင်အားစု တစ်သိန်းစစ်ကြောင်းဖြစ်ကာ ထိုစစ်ကြောင်းက လော့ရှန်းဦးဆေင်သည့် စစ်ကြောင်းနဲ့ယှဥ်လျ က် ချိုင့်ဝှမ်းကို ဖြတ်ကျော်၍ တုံမင်ခရိုင်သို့ဦး တည်လျက်ရှိနေသည်။
အနောက်ဆုံးတွင်တော့ ကျိုးယန်က တင့်ကား များသံချပ်ကာကားများ ပါဝင်သည့်စစ်ကြောင်း ကိုဦးဆောင်ပြီး သူနှင့်အတူ ခေတ်မီလက်နက် အပြည့်အစုံတပ်ဆင်ထားသည့် တပ်ဖွဲ့ဝင်တစ် သောင်းလည်း ပါဝင်နေသည်။ ယန်စီရင်စုမှ တုံ မင်ခရိုင်သို့ နေ့တဝက်ခရီးတခုသာ ကြာမြင့်နိုင် သော်လည်း တိုက်ပွဲအတွက် ချီတက်ရသည်ဖြစ် ၍ ပိုမိုအလေးအနက်ထားနေသောကြောင့် တစ် နေ့တာပင် ကုန်ဆုံးသွားရသည်။
မကြာမီ ကြီးမားသည့် တံတိုင်းကြီးတခုကိုတွေ့ မြင်လိုက်ရပြီး ထိုတံတိုင်းကြီးမှာ တုံမင်ခရိုင်နှင့် ယန်စီရင်စုကြား ဆက်စပ်နယ်မြေတလျှောက်ပိ တ်ဆို့ တည်ဆောက်ထားပုံရသည်။ တံတိုင်း၏ အမြင့်မှာလည်း မီတာ နှစ်ဆယ်နီးပါးဖြစ်ပြီး တံ တိုင်းပေါ်တွင် လီတပ်ဖွဲ့များကို အဝေးမှပင် တွေ့ မြင်နိုင်သည်။
ကျိုးယန်က လော့ရှန်းနဲ့ ကိုင်ရီရီတို့ကို တံတိုင်းနဲ့ မီတာ ၁၀၀၀ အကွာလောက်တွင် ရပ်တန့်စေပြီး တုံမင်ခရိုင်၏ ယန်စီရင်စုဝင်ပေါက်ကို ပတ်ပတ် လည် ဝိုင်းရံပိတ်ဆို့စေသည်။
“တံ တိုင်းပေါ်မှာ မြှားနဲ့တာဝေးပစ် တပ်ဖွဲ့ဝင် တွေနေရာတိုင်း ရှိနေတယ် နောက်ပြီး သူတို့ရဲ့ အင်အားအကုန်လုံးကို မြို့ထဲမှာ စုစည်းထားပုံရ တယ် ဘာဆက်လုပ်ကြမလဲ အရှင်”
ကိုင်ရီရီမှ တံတိုင်းကြီးကို ကြည့်၍ ကျိုးယန်ကို မေးလာသည်။ သူမကဲ့သို့ အထွဋ်အထိပ်ပညာ ရှင်အနေဖြင့် မီတာ တထောင်အကွာအဝေးမှ တံတိုင်းပေါ်ရှိ လူများကို ရှင်းလင်းပြတ်သားစွာ တွေ့နိုင်သည်မှာ မထူးဆန်းချေ။ ကျိုးယန်ကလဲ ထိုတံတိုင်းပေါ်ရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေခဲ့သည်။ တဖက်ရန်သူများက သူတို့လာ ရောက်မည်ကို သိထားသောကြောင့် ပြင်ဆင်မှု များ မပြုလုပ်ပဲ မနေချေ။
ကျိုးယန်က တုံမင်ခရိုင် မြေပုံကို ထုတ်ကြည့် လိုက်သည်။ တုံမင်ခရိုင်သည် အခြားခရိုင်များနဲ့ ထိစပ်မနေပဲ ခရိုင်များကြား၌ စီရင်စုများတည် ရှိနေသေးသည်။ ယခု ယန်စီရင်စုဘက်မှကြည့် လျင် တုံမင်ခရိုင်ဘက်ခြမ်း၌ မြေသားကွင်းပြင် များ ရှိနေပြီး တံတိုင်းကိုတိုက်ခိုက်ခြင်းက ယန် စီရင်စုကို တိုက်ခိုက်ရန် ချိုင့်ဝှမ်းကိုဖြတ်သန်း တာနဲ့ ပုံစံတူနေသည်။ ဆိုလိုရင်းက ကွင်းပြင်မှာ သတ်ကွင်းဖြစ်ပြီး သိသာထင်ရှားသည့်ပစ်မှတ် များ ဖြစ်သွားနိုင်သည်။
အဖိုးဝူက ကွင်းပြင်များကို ကြည့်နေခဲ့ပြီး ထို ကွင်းပြင်ကျယ်များကို မည်ကဲ့သို့ဖြတ်သန်းရမ ည်ကို အလေးအနက်တွေးနေခဲ့သည်။ ၎င်း၏ တိုက်ပွဲအတွေ့အကြုံအရ ကွင်းပြင်ကိုဖြတ်သန် ၍ တိုက်ခိုက်ခြင်းမှာ သေတွင်းတူးခြင်းပင်။ လီ ရှို့ချင်က သတ်ကွင်းပြင်လိုသောကြောင့် တုံမင် ခရိုင်နဲ့ ယန်စီရင်စုကြား နေရာလွတ်တခုကို ကွင် ပြင်ပုံစံ ရှင်းလင်းစေခဲ့ပုံရသည်။ ထိုလုပ်ဆောင် ချက်မှာ ထူးချွန်ပေသည်။
“ဒီ ကွင်းပြင်ကိုဖြတ်သန်းဖို့တော့ မဖြစ်နိုင်ဘူး ဒါပေမယ့် မဖြတ်သန်းရင်လည်း တံတိုင်းကိုတို က်ခိုက်ဖို့ အခက်တွေ့နိုင်တယ် အင်း….”
ကျိုးယန်က တံတိုင်းနဲ့၎င်းတို့စခန်းချထားသည့် အကွာအဝေးကို ချိန်ဆနေကာ ထိုအကွာအဝေး က တင့်ကားများ လက်နက်ကြီးများ၏ ပစ်ခတ် မှု ထိရောက်နိုင်ချေရှိမရှိကို ချိန်ဆနေသည်။ထိ ရောက်ပါက တိုက်ပွဲအစပျိုးခြင်းမှာ လွယ်ကူနို င်ပေသည် မဟုတ်လား။
“တပ်မှူးလော့ တင့်ကား၅ စီးနဲ့ လက်နက်ကြီး ၅ လက်ကို နေရာချလိုက်ပါ ပြီးတော့ လိုအပ်တဲ့ခဲ ယမ်းကိုလည်း အသင့်ပြင့်ထားလိုက် ကျုပ်အမိ န့်မပေးမချင်း မလှုပ်ရှားနဲ့”
ကျိုးယန်က လော့ရှန်းကို အမိန့်ပေးလိုက်ပြီး တံတိုင်း၏ အသွင်ပြင်ကို ထပ်မံကြည့်ရှုလိုက် သည်။ တံတိုင်းကိုတည်ဆောက်ထားပုံမှာ ခိုင်ခံ့ ပြီး သာမန်ပကတိပညာရှင်အနေဖြင့် တံတိုင်းရှိ နံရံကို ဖျက်စီးရန်မလွယ်ကူလောက်ပေ။ အထူး သဖြင့် အသုံးပြုထားသည့် ကျောက်တုံးများမှာ အလွန်မာကြောသည့်ပုံ ရှိသည်။
ကျိုးယန်က လော့ရှန်းပြင်ဆင်ထားသည့် လက် နက်ကြီးများ နေရာချထားရာဘက်သို့ သွားလို က်သည်။ လက်နက်ကြီးများကို ပစ်ခတ်ရာတွင် ကိုင်ရီရီ၏ မြွေမျိုးနွယ်စုမှ တာဝန်ယူထားကြပြီ ထိုမြွေမျိုးနွယ်သည် ကျိုးယန်အယုံကြည်ရဆုံး မျိုးနွယ်တခုဖြစ်လာသည်။ ထို့အပြင် ကျိုးယင် ချင်းကြောင့် ဝိဉာဥ်မျိုးနွယ်သည်လည်း မြင့်တ က်လာပြီး တင့်ကားမောင်းနှင်သူများတွင် ဝိဉာ ဥ်မျိုးနွယ်မှ ပါရမီရှင်များလည်း ပါဝင်သည်။
တုံမင်ခရိုင်အတွင်းတနေရာ…
လီရှို့ချင်သည် ကျယ်ဝန်းသည့်ခန်းမတခုအထဲ ၌ စစ်သူကြီးများ ဂိုဏ်းခေါင်းဆောင်များနဲ့အ တူရှိနေပြီး နတ်ဓားဂိုဏ်းခေါင်းဆောင်လည်း ပါ ဝင်သည်။ ၎င်းတို့မှာ ကျိုးပြည်ထောင်စုတပ်ဖွဲ့ များ တံတိုင်းပြင်ပသို့ ရောက်ရှိလာကြသည့ကို သတင်းရထားသောကြောင့် စုဝေးနေကြခြင်းဖြ စ်သည်။
“ကဲ ရန်သူကတော့ ရောက်လာကြပြီ ဒီတိုက်ပွဲ အတွက် ခင်ဗျားတို့ အမြင်တွေ ပြောကြပါဦး”
လီရှို့ချင်မှ ခန်းမတခုလုံးကို ကြည့်၍ မေးလိုက် သည်။ လက်ရှိတွင် လီဧကရာဇ်၏ အမိန့်ဖြင့် လီရှို့ချင်မှာ စစ်ဦးစီးမှူး ဖြစ်သော်လည်း ၎င်း၏ အမြင်တခုတည်းဖြင့် မလှုပ်ရှားပဲ အခြားသူမျာ ကို မေးမြန်းသည့် သဘောဖြစ်သည်။
“ကျိုးဧကရာဇ်က မင်းသားဖန်တီးထားတဲ့ ကွင်း ပြင်ကျယ်ကို ဖြတ်ပြီး ခေါင်းတိုးလာမယ်လို့ ကျုပ်တော့မထင်ဘူး သူတို့မှာ အဝေးပစ်လက် နက်အချို့ ရှိနိုင်တယ်”
စစ်သူကြီးတဦးက ၎င်းရဲ့အမြင်ကိုပြောလာသ ည်။ အခြားဂိုဏ်းခေါင်းဆောင်တဦးကလည်း
“ဟုတ်တယ် သူတို့တွေအနေနဲ့ ချိုင့်ဝှမ်းထဲက သတ်ကွင်းလို အဖြစ်ခံမယ်လို့ ကျုပ်လည်းမထ င်မိဘူး ဒီအတွက် ရက်အနည်းငယ်စောင့်ကြည့် ပြီး သူတို့ဘက်က မလှုပ်ရှားတာနဲ့ ကျုပ်တို့စတ င် လှုပ်ရှားသင့်တယ်လို့ မြင်မိပါတယ်”
“ကျုပ်ကတော့ သူတို့ဘက်က စစ မစစ အရင် တိုက်ရမယ်လို့ အကြံပြုချင်တယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျိုးဧကရာဇ်က အရမ်းသတိကြီးတ ယ် သူ့ရဲ့လက်နက်တွေက တံတိုင်းပြင်ကနေတို က်ခိုက်ဖို့ မထိရောက်ဘူးဆိုရင် နောက်ပြန်ဆုတ် ပြီး ယန်စီရင်စုကို မူလတိုက်ပွဲတုန်းကအတိုင်း ခြေကုပ်ယူသွားမှာ စိုးရတယ်”
နတ်ဓားဂိုဏ်းခေါင်းဆောင်က ဝင်ရောက်ပြော ဆိုလာသည်။ သူ့အနေဖြင့် နတ်ဓားဂိုဏ်း၏ထိပ် တန်းအကြီးအကဲ နှစ်ဦး ဆုံးရှုံးရခြင်းအပေါ်မ ကျေနပ်နိုင် ဖြစ်နေပြီး ဖြစ်နိုင်ပါက တိုက်ပွဲကို အလျင်အမြန် စတင်လိုနေသည်။
………………………………………………..