← Chapters

အခန်း (၂၁၃)

Vol. 15 Ch. 213

အခန်း (၂၁၃)

Vol. 15 Ch. 213

လီရှို့ချင်တယောက် နတ်ဓားဂိုဏ်းခေါင်းဆောင် ၏စကားကို အလေးအနက်တွေးနေခဲ့သည်။ သူ သည်လည်း ကျိုးဧကရာဇ်၏ အကြောင်းကိုအ နည်းငယ်သိထားပြီး မသေချာသည့်မည်သည့် အရာကိုမှ လုပ်ဆောင်တတ်သူ မဟုတ်ချေ။ သ တင်းများ ထွက်ပေါ်ထားသည့်အတိုင်း ကျိုးဧ ကရာဇ်၏ လက်နက်ကြီးများကသာ တံတိုင်းကို ထိရောက်မှု မရှိပါက တပ်ဖွဲ့များကို နောက်ပြန် ဆုတ်၍ ယန်စီရင်စုကို ထိန်းချုပ်ကာ ခုခံနိုင်သ ည့် အလားအလာရှိသည်ဟု သူထင်နေသည်။

ထို့သို့ဖြစ်လာပါက လီပြည်ထောင်စုမှ တပ်ဖွဲ့ များအနေဖြင့် ယန်စီရင်စုကို ထိုးဖောက်ရန်လို အပ်လာပြီး ချိုင့်ဝှမ်းကြောင့် နောက်ထပ်သတ် ကွင်းတခုကို ခေါင်းတိုးရတော့မည်ဖြစ်သည်။ လီရှို့ချင်က

“ကျုပ်နဲ့ အတွေးတူတယ် ဒါပေမယ့် ကျုပ်တို့ ဘက်က စတင်လှုပ်ရှားတာနဲ့ သူတို့ရဲ့လက်နက် ကြီးအစွမ်းကို စောင့်ကြည့်ပြီးမှ တိုက်ခိုက်တာ ကျုပ်အနေနဲ့ကတော့ ဒုတိယအချက်ကို ပိုအာရုံ စိုက်မိနေတယ် ဘာလို့လဲဆိုတော့ ရန်သူရဲ့အား သာချက်ကို သိထားပြီးမှ ကျုပ်တို့အနေနဲ့ တိုက် ပွဲကိုစတာ ပိုကောင်းတယ်”

လီရှို့ချင်ရဲ့စကားကို ကြားလျင် နတ်ဓားဂိုဏ်း ခေါင်းဆောင်လည်း ငြိမ်ကျသွားသည်။ ကျိုးဧ ကရာဇ်၏ လက်နက်ဆန်းများအကြောင်းကို သူ သေချာမသိထားပေ။ ထိုလက်နက်ဆန်းများ၏ အားသာချက် အားနည်းချက်ကို သိလိုပါကအရ င်ဆုံးအနေဖြင့် တံတိုင်းအား တိုက်ခိုက်စေရမ ည်ဖြစ်သည်။ ထိုမှသာ လက်နက်များ၏ အစွမ်း ကိုသိနိုင်ပြီး အင်အားအလုံးအရင်းဖြင့် တိုက်ခို က်ရာ၌ အဆင်ပြေမည် မဟုတ်လား။

အခြားခေါင်းဆောင်များကလည်း လီရှိူ့ချင်၏ စကားကို သဘောတူညီဟန်ရှိပြီး ၎င်းတို့က တံ တိုင်းရဲ့ ခုခံနိုင်မှုကို အတော်လေးအထင်ကြီးနေ ပုံရသည်။ လီရှို့ချင်လည်း ထိုနည်းတူပင်ဖြစ်သ ည်။ ကျိုးဧကရာဇ်၏ လက်နက်များကသာ တံ တိုင်းကို မဖျက်စီးနိုင်ပါက ကျိုးပြည်ထောင်စု တွင် မည်သည့်အားသာချက်မှ ရှိမနေတော့ပေ။ တဖက်တွင် ထိုလက်နက်များ သက်မှတ်ဧရိယာ အတွင်းသို့ ဝင်ရောက်မလာနိုင်ရန်လည်း သတိ ပြုရပေမည်။

“ကောင်းပြီ အကုန်လုံးက ကျုပ်အတွေးကိုလက် ခံတယ်လို့ ယူဆလိုက်မယ် ဒီအတွက် တဖက်သူ တွေ ဘာစလုပ်မလဲ စောင့်ကြည့်ကြတာပေါ့”

ထိုအချိန်တွင် အခြားတဖက်၌ ကျိုးယန်သည် တင့်ကားများ လက်နက်ကြီးများကို ရှေ့အနည်း ငယ်တိုးလိုသော်လည်း ကွင်းပြင်ကျယ်ကိုသာ ရောက်သွားပါက တံတိုင်းပေါ်မှ အဝေးပစ်တပ် ဖွဲ့များမှ သတိပြုမိသွားနိုင်ပြီး တင့်ကားများလ က်နက်ကြီးများကို အာရုံကျသွားနိုင်သည်။ ကျိုးယန်သည် မိမိ၏ အားသာချက်များကို တ ဖက်သားမြင်စေလိုသူ မဟုတ်ပေ။ ထို့ကြောင့် တင့်ကားများနဲ့ လက်နက်ကြီးများကို နောက်တ န်းတွင်သာ ထားရှိစေပြီး လက်နက်ကြီးများ၏ ပစ်ခတ်နိုင်မှု အကွာအဝေးကို ချိန်ဆနေခဲ့သည်

ပုံမှန် လက်နက်ကြီးများမှာ မီတာ ရာဂဏန်းခန့် ကိုအသာအယာ ပတ်ခတ်နိုင်စွမ်းရှိပြီး တင့်ကား များသည်လည်း ထိုနည်းတူပင် ဖြစ်သည်။သို့ သော်ယခုက မီတာ ထောင်ဂဏန်းဖြစ်နေပြီး တ ဖက်သူများ မမြင်တွေ့ရန်လည်း သတိပြုနေရ သည့်အတွက်ကြောင့် အကွာအဝေးက အလေး အနက်ထားစရာဖြစ်နေရသည်။

လော့ရှန်းက ကျိုးယန်၏ အမိန့်ဖြင့် လက်နက် ကြီးများကို ပြင်ဆင်ထားပြီး ကျိုးယန်ကသာအ မိန့်ပေးလာပါက ပစ်ခတ်တော့မည် ဖြစ်သည်။ ခိုင်ခံ့သည့် တံတိုင်းလား မြင့်မားသည့် တံတိုင်း လား ခေတ်မီလက်နက်ကြီးများကို မည်သည့်အ တွက်ကြောင့် ကာစီးထားနိုင်မည်နည်း။အဆုံး၌ ကျိုးယန်တယောက် ဆုံးဖြတ်ချက်ချလိုက်သ ည်။ လက်နက်ကြီးများဖြင့် ဦးစွာပစ်ခတ်စေပြီး တဖက်မှ ရန်သူများထွက်လာပါက တံတိုင်းကို တရစပ် ထိုးစစ်ဆင်မည်ဟု တွေးလိုက်သည်။

“တပ်မှူးလော့ အားလုံးအသင့်ဖြစ်ပြီလား”

“အသင့်ပါပဲ”

“ကောင်းပြီ လက်နက်ကြိီးပစ်ခတ်သူတွေကိုအ ရှေ့ဘက် မြို့တံခါးအနားတဝိုက် ပစ်ခတ်ဖို့အမိ န့်ပေးလိုက်ပါ အခုစတော့”

ကျိုးယန်ရဲ့စကားကို ကြားသည်နှင့် လော့ရှန်းမှ လက်နက်ကြီးအဖွဲ့သားများဘက် လှည့်၍ အမိ န့်ပေးလိုက်တော့သည်။

“လက်နက်ကြီး အသင့်ပြင်”

“ အရှေ့ဘက်မြို့တံခါး ပစ်ခတ်တော့”

လော့ရှန်း၏ အမိန့်သံဆုံးသည်နှင့် ကျယ်လောင် သည့် လက်နက်ကြီးသံများ ထွက်ပေါ်လာကာ ကြီးမားသည့် အမြှောက်ဆံများက လေထုကိုဖြ တ်သန်း၍ မီတာ တထောင်နီးပါးကွာဝေးသည့် တံတိုင်း၏ ဝင်ပေါက်ရှိရာ တိုးဝင်သွားတော့သ ည်။

အုန်း…အုန်း….အုန်း….အုန်း…..အုန်း…

“ရန်သူ တိုက်ခိုက်ပြီ ရန်သူ ရန်သူ”

ထိုကျယ်လောင်သည့်အသံကိုကြားသည်နှင့် အ စောင့်စစ်သည်များက အချက်ပေးခေါင်းလော င်းများကို အဆက်မပြတ်တီး၍ သတိပေးကြ တော့သည်။ လက်နက်ကြီးသံများ ခေါင်းလော င်းသံများ ဆူညံသွားပြီး မကြာမီတွင် တုံမင်ခရို င် အတွင်း ပျားပန်းခတ်မျှ လှုပ်ရှားသွားကြပြီး တံတိုင်းတလျှောက် တပ်ဖွဲ့များမှာလည်း လှုပ် ရှားလာကြတော့သည်။

ဝုန်း…ဝုန်း…

အမြှောက်ဆံများက တံတိုင်းမျက်နှာပြင်ကို ထိ မှန်သွားကြပြီး တံတိုင်းတခုလုံး တုန်ခါသွားကာ အုတ်သားများ ပဲ့ထွက်လာသော်လည်း တံတိုင်း ကမူ ပြိုကျမသွားခဲ့ပေ။

အတော်မာတာပဲ။ ဟမ်… မင်းပဲမာနိုင်မလား ငါ့ လက်နက်ကြီးကပဲ ဖြိုနိုင်မလား စောင့်ကြည့်ရ သေးတာပေါ့.. ကျိုးယန်တယောက် တင့်ကား များကိုပါ ပစ်ခတ်ရန် ပြောလိုက်သည်။ မကြာမီ တင့်ကားများ လက်နက်ကြီးများ၏ ပစ်ခတ်မှု များ အဆက်မပြတ် ထွက်ပေါ်လာပြီး ထိုပစ်ခ တ်မှုအားလုံးက မြို့တံတိုင်းကို ထိမှန်ကုန်ကာ င လျင်လှုပ်သကဲ့သို့ တုံမင်ခရိုင်အနီးရှိ မြေသား များမှာ တုန်ခါနေသည်။

ကြောက်ဖို့ကောင်းလိုက်တာ ဒါဘယ်လိုလက်န က်ကြီးလဲ။

လီတပ်ဖွဲ့ဝင်များမှာ ထိတ်လန့်နေပြီး လက်နက် ကြီးများ၏ အစွမ်းကို ကြားသိထားသော်လည်း လက်တွေ့ကြုံရသည့် အခါတွင်တော့ အလွန် ကြောက်စရာကောင်းသည်ကို လက်ခံသွားကြရ သည်။ ထိုပစ်ခတ်မှုများကသာ လူအုပ်ကိုတိုက် ရိုက်ထိမှန်ပါက ပကတိပညာရှင်များပင် တောင့် ခံနိုင်မည်ဟု သူတို့မထင်ကြပေ။ ဒဏ်ရာအပြင်း အထန်ရသွားနိုင်သည်။

……………………………………………….

All Chapters