တံတိုင်းကိုဖြိုချခြင်း
Vol. 15 Ch. 214
လက်နက်ကြီးပစ်ခတ်သံများက မိုးကြိုးများအ ဆက်မပြတ် ပစ်ချသည့်နှယ် ကျယ်လောင်စွာ ထွက်ပေါ်နေချိန်၌ တုံမင်ခရိုင်တွင်းရှိ လီရှို့ချင် တယောက်မူ စိတ်ထဲလေးလံနေခဲ့သည်။ သူ့အ နေဖြင့် ကျိုးဧကရာဇ်၏ လက်နက်ဆန်းများကို အထင်မကြီးသော်လည်း ထိုအရာများ၏ အဖျ က်စွမ်းအားကိုမူ အထင်မသေးဝံ့ချေ။ မဟုတ်ပါ က ပညာရှင်များပါဝင်သည့် အစုအဖွဲ့တခုအား ယန်စီရင်စုချိုင့်ဝှမ်း၌ အနိုင်ယူနိုင်မည်နည်း။ထို အချက်က လွန်စွာရိုးစင်းသည်။
လီရှို့ချင်နည်းတူ အခြားသူများမှာလည်း မျက် နှာမသာမယာဖြစ်နေကြပြီး အဆုံးတွင်တော့ မြို့တံတိုင်းဆီကို ထွက်လာကြပြီး တိုက်ပွဲအစ ပျိုးအခြေနေကို စစ်ဆေးလိုခဲ့ကြသည်။ လက်န က်ကြီးပစ်ချက်က တံတိုင်းကိုဖြိုချရန် မစွမ်း သာသော်လည်း တုန်ခါနေသည့် တံတိုင်းပေါ်၌ရှိ နေကြသည့် စစ်သည်များကမူ အလွန်တရာထိ တ်လန့်နေကြပြီး ထိုပစ်ချက်များထဲမှ တခုသာ တံတိုင်းကိုကျော်၍ ခရိုင်အတွင်းကျရောက်ခဲ့ပါ က မည်သို့ဖြစ်သွားမည်နည်း။ ကံကောင်းသည် က ကျိုးယန်အနေဖြင့် ခရိုင်အတွင်းသို့ လက်န က်ကြီးများ ပစ်ထည့်ရန် ဆန္ဒမရှိပေ။
အတွင်း၌ လီတပ်ဖွဲ့များ၏ ပိတ်ပင်မှုကြောင့် သာမန်ပြည်သူအများအပြား ပိတ်မိနေပြီးပစ်ခ တ်မှုက ထိုလူများကို မထိမှန်ဟု မပြောနိုင်ပေ။ ထိုအတွက် ကျိုးယန်က တံတိုင်းကိုသာ ပစ်ခတ် စေပြီး လိပ်ခွံအတွင်းဝပ်နေသည့် လီတပ်ဖွဲ့များ ကိုအပြင် ထွက်လာစေမည် ဖြစ်သည်။ ထိုပစ်ချ က်များက လုံလောက်စွာပင် ခြိမ်းခြောက်နိုင်ခဲ့ပုံ ရသည်။
လီရှိုချင်နဲ့ အပေါင်းအပါတဖွဲ့သည် တံတိုင်းကြီး ၏ စုတ်ပြတ်သတ်နေသည့် အနေထားကိုကြည့် ၍ ဆက်လက်တောင့်ခံနိုင်မည့် အနေထားကိုမ သိနိုင်သောကြောင့် တပ်ဖွဲ့အင်အားတဝက်ဖြစ် သည့် နှစ်သိန်းခွဲကို တံတိုင်းအပြင်သို့ ထုတ်၍ ဝန်းရံထားသည့် ကျိုးယန်တို့ကို တိုက်ခိုက်စေ တော့သည်။ ထိုနှစ်သိန်းခွဲတွင် ကျင့်ကြံရေးပ ညာရှင်များ ပါဝင်ကာ ထိုအထဲ၌ နတ်ဓားဂိုဏ်း ခေါင်းဆောင်လည်း ရှိနေပြီး ကျန်တပ်ဖွဲ့များမှာ အင်အားကောင်းသည့် အထူးစစ်သည်များ မြင် စီးတပ်ဖွဲ့များ အဝေးပစ်လက်နက်တပ်ဆင်ထား သည့် တပ်ဖွဲ့များ ဖြစ်သည်။
ရှေ့ဆုံး၌ ပညာရှင်များဦးဆောင်သည့် တပ်ဖွဲ့က မြို့အပြင်ထွက်လာချိန်၌ မြင်းစီးတပ်ဖွဲ့ဝင်များ လည်း ပူးတွဲထွက်ပေါ်လာကာ မီတာထောင်ဂ ဏန်းအကွာရှိ ကျိုးယန်တို့တပ်ဖွဲ့ထဲ အရှိန်အဟု န်ဖြင့် တိုးဝင်လာတေ့သည်။
“တိုက်ကြ လီပြည်ထောင်စုရဲ့ ရန်သူကို ချေမှုန်း ကြ”
“တက်…”
ကျယ်လောင်သည့် ကြုံးဝါးသံနဲ့အတူ ကျင့်ကြံ သူများ စစ်သည်များက ၎င်းတို့ဖန်တီးထားသ ည့် ကွင်းပြင်ကျယ်ကို ဖြတ်သန်း၍ တိုးဝင်လာ တော့သည်။
ဟမ့်… သူတို့အထဲမှာ မနေနိုင်တော့ဘူးပေါ့။ ကျိုးယန်တယောက် တိုးဝင်လာသည့် ရန်သူမျာ ကိုကြည့်၍ ရယ်သွမ်းသွေးလိုက်သည်။ ကွင်း ပြင်ကျယ်သည် သတ်ကွင်းတခုဖြစ်ပြီး ၎င်းတို့ ပြင်ဆင်ထားသည့် အရာဖြင့် ၎င်းတို့ကိုပြန်တုန့် ပြန်နိုင်ခဲ့ပြီ မဟုတ်လား။
“ပစ်ကြ… တယောက်မကျန် အကုန်ပစ်ခတ်ကြ”
တောက်ချင်မှ သူ့စစ်သည်များကို အမိန့်ပေးကာ ကွင်းပြင်ကျယ်ကို ဖြတ်သန်းလာသည့် ရန်သူ များအား တိုက်ခိုက်စေသည်။ ထို့အပြင် ကိုင်ရီ ရီ လော့ရှန်း မုရုံရှီ အဖိုးဝူ စသည်တိုကလည်း လက်နက်များ ကိုင်ဆွဲကာ ရှေ့ဆုံးမှ တိုးဝင်လာ ကြသည့် ကျင့်ကြံသူများကို ရင်ဆိုင်ကြတော့ သည်။
ကွင်းပြင်ကျယ်သည် တိုက်ပွဲမြေပြင်တခု ဖြစ် သွားခဲ့ရပြီး လက်နက်ချင်းထိခတ်သံများ သေန တ်သံများ ထွက်ပေါ်နေပြီး နှစ်ဖက်ထိတွေ့မှုမျာ က ပြင်းထန်သည့် လူသတ်ငွေ့များ ဖုံးလွှမ်းကာ လေထုကိုပင် တင်းကျပ်လာစေသည်။ ကျိုးယ န်သည် ကွင်းပြင်ကျယ်ရှိ တိုက်ပွဲကို ကြည့်နေခဲ့ ပြီး သူ့စိတ်ထဲ၌ လီပြည်ထောင်စု၏ အင်အား မှာထိုမျှမက နိုင်ဟု သူထင်နေမိသည်။ ထို့အပြ င် ခရိုင်အတွင်း၌ အဓိကရန်သူများ ရှိနေနိုင်ပြီး တံတိုင်းပေါ်ကို အကြည့်ရောက်ချိန်တွင် လီရှို့ချ င်အပါအဝင် လီပြည်ထောင်စု၏ စစ်သူကြီးနှစ် ဦးကို တွေ့လိုက်ရသည်။
၎င်းတို့မှာလည်း တိုက်ပွဲကိုအာရုံစိုက်နေကြပြီး အခြေနေမဟန်ပါက တံတိုင်းကိုအမာပြုလုပ်၍ ခရိုင်အတွင်း ခြေကုပ်ယူထားမည့်ပုံရှိသည်။ ထို အချက်မှာ ကျိုးယန်စိုးရိမ်နေသည့် အချက်ပင် ဖြစ်သည်။ လက်နက်ကြီးပစ်ခတ်မှုက တံတိုင်း ကိုမဖြိုချနိုင်ပေ။ သို့သော် ခရိုင်အတွင်းသို့ကျ ရောက်ရန် ပစ်ခတ်နိုင်သော်လည်း အတွင်း၌ ပြ ည်သူများ ရှိနေပြန်သည်။
လီရှိူ့ချင်တယောက် အမူအရာမပျက် တံတိုင်း အပေါ်ရပ်နေနိုင်ခြင်းက ခရိုင်အတွင်းသို့ ကျိုး ယန်တို့ဝင်ရောက်ပါက တုန့်ပြန်ရန် အစီအစဥ် များ ချမှတ်ထားသောကြောင့် ဖြစ်သည်။ ခြုံခို တိုက်ခိုက်ခြင်း။ ထိုနည်းဗျူဟာဖြင့် ကျယ်ဝန်း သည့် ခရိုင်ဧရိယာထဲသို့ ဝင်ရောက်လာသည့်ရန် သူများအား တိုက်ခိုက်နိုင်သည့်အပြင် လိုအပ် ပါက ခရိုင်ထဲရှိ ပြည်သူများကို ဓားစာခံလုပ်၍ အပြင်းအထန် တုန့်ပြန်နိုင်သေးသည်။
ခရိုင်အတွင်းသို့ တိုးဝင်ခြင်းသည် မည်သို့ပင်ဆို စေကာမူ ကျိုးယန်တို့အတွက် မကောင်းမွန်နိုင် ချေ။ ထားလိုက်တော့ အရင်ဆုံးပြင်ပတိုက်ပွဲကို ပဲ အာရုံစိုက်ကြတာပေါ့။
ကျိုးယန်တယောက် အတွေးများနေစဥ် တိုက်ပွဲ က အရှိန်အဟုန်ပြင်းထန်နေပြီး ကျင့်ကြံသူများ ကို အဖိုးဝူဦးဆေင်သည့် အဖွဲ့က ဖိနှိပ်ထားကာ တဖက်တွင် ခေတ်မီလက်နက်များ တပ်ဆင်ထာ သည့် ကျိုးယန်၏ အထူးတပ်ဖွဲ့ဝင်များက လီ စစ်သည်များကို အပြတ်အသတ် သတ်ဖြတ်နေ ခဲ့သည်။ ကွင်းပြင်ကျယ်သည် သွေးများချောင်း တခုအသွင် စီးနေခဲ့ပြီး နာနာကျင်ကျင်အော်သံ များ သနားစဖွယ်အကူညီတောင်းသံများ ထွက် ပေါ်နေကာ အင်အားကွာခြားသော်လည်း လက် နက်အရည်အသွေးနဲ့ ဗျူဟာတို့ကြောင့် တိုက်ပွဲ က တဖက်စောင်းနည်း သတ်ပွဲကြီးတခု ဖြစ်နေ ခဲ့ရသည်။
လီရှို့ချင်တယောက် တံတိုင်းပေါ်မှနေ၍ တိုက်ပွဲ ကိုကြည့်ကာ မျက်စိမျက်နှာပျက်နေသည်။ လ က်နက်ဆန်းများကြောင့် စစ်သည်များအတုန်း အရုန်း သေဆုံးသွားရးည်ကိုကြည့်ကာ ထိုလက် နက်ဆန်းများကို လျှော့တွက်ခဲ့မိကြောင်း တိတ် တဆိတ်ဝန်ခံလိုက်ရပြီး မကြာမီတိုက်ပွဲရလာဒ် မှာ ထင်ရှားလာတော့မည်ဖြစ်သည်။
“အရှင်မင်းသား တိုက်ပွဲကို အရေးနိမ့်ဖို့များနေ ပြီ ကျတော်တို့ရဲ့ဒုတိယအစီစဥ်ဖြစ်တဲ့ ခရိုင်အ ထဲကို ဆုတ်ခွာကြရအောင်ပါ”
လီရှို့ချင်၏ သက်တော်စောင့်က အကြံပြုလာခဲ့ သည်။ တိုက်ပွဲရလာဒ်မှာ သိသာနေသောကြော င့် မကြာမီ ရန်သူများက တံတိုင်းကိုဖြတ်၍ ခရို င်အတွင်း ဝင်ရောက်လာကြတော့မည် ဖြစ်သ ည်။ လီရှို့ချင်လည်း သက်ပြင်းမောကိုချကာ သူ့လူများကို မူလစီစဥ်ထားသည့်အတိုင်း တံတို င်းပေါ်တွင် ဆက်၍ နေရာယူစေပြီး ကျန်သူများ ကိုမူ ခရိုင်အတွင်းရှိ မြေအောက်လှိုဏ်ဂူများ က င်းစခန်းများ၌ နေရာယူစေသည်။ ထိုသို့ဖြင့် ရန် သူများ ခရိုင်အတွင်းဝင်ရောက်လာပါက နယ် မြေကျွမ်းကျင်သည့် လီစစ်သည်များအတွက် အားသာချက်များဖြစ်လာပြီး ကျိုးတပ်ဖွဲ့များကို အမှည့်ချွေ ချွေနိုင်တော့မည် မဟုတ်လော။
တဖက်တွင် နယ်စပ်၌ ကျိုးယန်ပေးပို့လာသည့် သတင်းကို ရပြီးနောက် လင်းတပ်ဖွဲ့များကစတ င်၍ နယ်စပ်ကိုထိုးဖောက်ကြတော့သည်။ ထိုစ ဥ်နယ်စပ်ကို တာဝန်ယူထားသည့် စစ်သူကြီးမှာ တည်ငြိမ်စွာရှိနေပြီးကာမှ ရုတ်တရက်တိုက်ခို က်လာသည့် လင်းတပ်ဖွဲ့များကြောင့် အံ့သြမှင် သက်သွားရပြီး စစ်သည်များကလည်း ပျာယာ ခတ်သွားတော့သည်။
လင်းယုယန်သည် လင်းမင်းသားအစ်ကိုတော်နှ စ်ပါးနဲ့အတူ တိုက်ပွဲအတွင်း ပါဝင်နေပြီး သူမရဲ့ အစ်ကိုတော်များက ဘေးတဖက်စီ၌ သူမကိုအ ထူးအလေးထား စောင့်ကြပ်နေခဲ့ကြသည်။ တို က်ပွဲက စတင်လာသည်နှင့် သေနတ်ပစ်ခတ်သံ များထွက်ပေယ်လာကာ ထိုအရာက လင်းနဲ့ကျိုး နှစ်ပြည်ထောင် ဆက်စပ်ထုတ်လုပ်ထားသည့် လက်နက်နည်းပညာမှ ထုတ်ကုန်များဖြစ်ကြပြီး တိုက်ပွဲကို လင်းယုယန်တို့ တွေးထားသည်ထက် ပို၍ အကျိုးပြုနေခဲ့သည်။
…………………………………………………