ပထမနိုင်ပွဲ
Vol. 15 Ch. 215
လင်းယုယန်တို့ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ က နယ်စပ်ကို အဆက်မပြတ်ထိုးဖောက်နေချိန် ၌ လီဧကရာဇ်၏ နန်းတော်ထဲတွင် လီဧကရာဇ် တယောက် ဒေါသအကြီးအကျယ် ထွက်နေခဲ့သ ည်။ ပြည်ထောင်စုနှစ်ခုမှ ညှပ်၍တိုက်ခိုက်လာ ခြင်းဖြစ်ပြီး ပြည်ထောင်စုများကြား စည်းမျဥ်း များအရ ထိုကဲ့သို့အပြုအမူကို ပိတ်ပင်ထားသ ည်မဟုတ်လော။
ယခုတွင် အခြားပြည်ထောင်စုများက အသံတိ တ်နေကြပြီး မည်သည့်စကားသံမှ ထွက်မလာ သည့်အပြင် မည်သည့်အကူညီမှလည်း ပေးပို့ လာခြင်းမရှိပေ။ ထိုအဖြစ်ကို လီဧကရာဇ်ဘက် မှ တွေးထားပြီးဖြစ်ပြီး ၎င်းအနေဖြင့် ကျိုးယန် တို့တပ်ဖွဲ့များကို အပြတ်အသတ် ချေမှုန်းနိုင်မ ည် အထင်ရှိခဲ့သောကြောင့် အခြားပြည်ထောင် စုမှ ဝင်ရောက်စွတ်ဖက်ခြင်းမပြုရန်ပင် တားဆီ ထားခဲ့သည် မဟုတ်လား။
“တုံမင်ခရိုင်ပြင်ပမှာ တိုက်ပွဲဆက်လက်ဖြစ်ပွား နေပြီး အရှင့်သားက တုံမင်ခရိုင်ကို ခံစစ်အခိုင် အမာပြုထားပြီ ဖြစ်ပါတယ်”
သတင်းပေး အမတ်တဦးက လျှောက်တင်လာ သည်။
“ခံစစ်အခိုင်အမာပြုတယ် ဟုတ်လား ကိုယ့်ပြ ည်နယ်ထဲ ကိုယ်ရှိနေပြီး ရန်သူကတိုက်ခိုက်လာ တာကို ခံစစ်ပြုတာက ဘာကောင်းလို့လဲကွ”
လီဧကရာဇ်၏ ဒေါသပေါက်ကွဲမှုက ပိုမိုဆိုးရွား လာသည်။ တုံမင်ခရိုင်ပြင်ပရှိ တိုက်ပွဲသတင်း ကိုအဆက်မပြတ်ရနေခဲ့ပြီး အခြေနေမဟန်သ ည်ကို သူသိနေခဲ့သည်။ မကြာမီ တုံမင်ခရိုင်သာ ကျသွားခဲ့ပါက မြို့တော်ကို ရောက်လာကြ တော့မည် မဟုတ်လော။ ထို့အပြင် နယ်စပ်မှသ တင်းကေးပို့ချက်အရ လင်းတပ်ဖွဲ့များ ထိုးဖော က်လာပြီး လက်နက်ဆန်းများကြောင့် စစ်သူကြီ အနေဖြင့် အချိန်တခုကြာ တောင့်ခံရန်ပင်မသေ ချာတော့ပေ။
လီပြည်ထောင်စုက အဘက်ဘက်တွင် ရှုံးနိမ့်နေ ပြီး လီဧကရာဇ်ကို သွေးအန်စေသည်။ နန်းတွင်း ရှိ အခြားသူများကလည်း လီဧကရာဇ်၏ ဒေါ သကိုကြောက်သောကြောင့် ငြိမ်ကုတ်နေပြီး မ ည်သည့်စကားမှ မပြောကြတော့ပေ။
တိုက်ပွဲက တနေ့တာကုန်ဆုံးသွားချိန်တွင် ကျိုး ပြည်ထောင်စုတပ်ဖွဲ့များက တဖက်ရန်သူများအ ပေါ် အပြတ်အသတ်ဖိနှိပ်နိုင်ခဲ့ပြီး ကျင့်ကြံသူ များထဲမှ အချို့သာ ခရိုင်အတွင်းသို့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြသည်။
ထိုတိုက်ပွဲတွင် နတ်ဓားဂိုဏ်းခေါင်းဆောင်သည် ကိုင်ရီရီနှင့် တိုက်ခိုက်ခဲ့ပြီး အဆင့်တူဖြစ်သော် လည်း အမွေအနှစ်ရထားသည့် ကိုင်ရီရီက သာ လွန်စွာ တိုက်ခိုက်ခဲ့ကာ နတ်ဓားဂိုဏ်းခေါင်း ဆောင်ကို ပြန်လည်ဆုတ်ခွာစေခဲ့သည်။ တိုက်ပွဲ မှာ တနေ့နဲ့တမနက်ထိ ကြာမြင့်ပြီးချိန်မှာတော့ ကွင်းပြင်ကျယ်ကြီးတခုလုံး ကျိုးပြည်ထောင်စု တပ်ဖွဲ့များသာ ကျန်ရှိနေပြီး လီတပ်ဖွဲ့များ၏ သုံးပုံနှစ်ပုံမှာ အလောင်းများအဖြစ် မြေပေါ်လဲ လျောင်းနေသည်။ ကျန်တပုံမှာမူ ပြင်းထန်ဒဏ် ရာများကြောင့် ဖမ်းဆီးခံလိုက်ရပြီး ကျိုးယန် ကထိုစစ်သည်များကို နောက်တန်းသို့ ပြန်ပို့စေ သည်။
ဒုန်း…
လီရှို့ချင်တယောက် ဒေါသတကြီးဖြင့် ထိုင်ခုံ လက်တန်းကို ထုချေလိုက်သည်။ သတင်းက မ ကောင်းမွန်ပေ။ စစ်သည်နှစ်သိန်းခွဲစလုံး ကျဆုံ အဖမ်းခံလိုက်ရပြီး ကျင့်ကြံသူအနည်းငယ်သာ ဆုတ်ခွာနိုင်ခဲ့ခြင်းက လီတပ်ဖွဲ့၏ အင်အားထ က်ဝက် ကျဆင်းသွားခြင်းပင် ဖြစ်သည်။ ယခု ကျိုးဧကရာဇ်မှ တံတိုင်းကိုဖြိုချကာ တုံမင်ခရို င်ထဲသို့ ဝင်ရောက်ရန် အချိန်သိပ်မလိုတော့ပေ။
ခရိုင်အတွင်း ပြင်ဆင်မှုများ ရှိထားသော်လည်း လီရှို့ချင်အပါအဝင် အကုန်လုံး၏စိတ်ထဲ၌ မည် သည့်ယုံကြည်ချက်မှ ရှိမနေတော့ချေ။ ထိုအတွ က် ခံစစ်ကိုသာအာရုံစိုက်နေခဲ့သည့် လီရှို့ချင်ကို သာ အပြစ်တင်ရတော့မည်ဖြစ်သည်။ ၎င်းသာ တိုက်စစ်ဖွင့်၍ တိုက်ခိုက်ပါက ရလာဒ်မှာပြောင် လဲသွားနိုင်သေးသည် မဟုတ်လား။
ကျိုးယန်၏ လက်နက်များကို စိတ်ကြိုက်ပစ်ခ တ်ရန် အခွင့်အရေးပေးလိုက်ခြင်းက လည်ပင်း အပေါ် ဓားတင်ခွင့်ပေးလိုက်တာနဲ့ တူညီသည်။ ကျိုးယန်က တိုက်ပွဲမြေပြင်ကို ရှင်းလင်းစေပြီး တိုက်ပွဲမှရသည့် အကျိုးအမြတ်များကိုမူ နော က်တန်းသို့ ပို့ကာ ကျိုးယင်ချင်းအား ရေတွက် စေသည်။ ထိုအထဲတွင် ကျင့်ကြံသူများ၏ သို လှောင်လက်စွပ်များမှာ အဓိကဖြစ်သည်။
ကျိုးယင်ချင်းသည် ယန်စီရင်စုတွင်းမှာသာ ကျ န်နေခဲ့သော်လည်း ရှေ့တန်းမှ ရောက်လာသည့် ရင်းမြစ်များကို ကြည့်ကာမှင်သက်နေခဲ့သည်။ လီပြည်ထောင်စု၌ ကျင့်ကြံသူများ မည်မျှပင်ရှိ နေကြသနည်း။ အကယ်၍ ယခင်ချိန်ကသာ လီ ပြည်ထောင်စုအနေဖြင့် ကျိုးပြည်ထောင်စုကို သာတိုက်ခိုက်ပါက သူမတို့ကျိုးပြည်ထောင်စု အနေဖြင့် ရှုံးနိမ့်မည်မှာ သေချာသလောက်ရှိသ ည်။
လင်းယုယန်တို့၏ လင်းတပ်ဖွဲ့များကလည်း နိုင် ပွဲရယူနိုင်ခဲ့ပြီး နယ်စပ်ကို အပြည့်အဝထိန်းချုပ် နိုင်ရန် အချိန်သာလိုအပ်တော့သည်။ သို့သော် လင်းယုယန်က ကျိုးယန်၏ အမိန့်ကိုစောင့်ဆိုင် စေကာ နယ်စပ်မှရှေ့သို့ ဆက်မတိုးပဲ အသင့်ပြ င်နေခဲ့သည်။ နယ်စပ်တိုက်ပွဲသည် တရက်ခန့် သာကြာမြင့်ပြီး တဖက်စစ်သူကြီးကို အရှင်ဖမ်း မိခဲ့သည်။ ထို့အပြင် နယ်စပ်ရှိကျေးရွာများမှ တိုက်ပွဲဒဏ်သင့်ပြည်သူများကို ပြန်လည်ကူညီ ပေးနေပြီး နယ်စပ်ကိုအပြည့်အဝ ထိန်းချုပ်နိုင် ရန်ကြိုးစားတော့သည်။ ထိုနည်းလမ်းများက ကျိုးယန်၏ နည်းလမ်းများပင် ဖြစ်သည်။
စုန့်ဧကရာဇ်သည် တိုက်ပွဲသတင်းများကို အဆ က်မပြတ်နားထောင်နေခဲ့ပြီး ကျိုးယန်၏ အော င်ပွဲကြောင့် ပြုံးနေမိသည်။ ၎င်းမှာ မကြာသေး မီက ကျိုးယန်ပေးပို့ထားသည့် နည်းပညာများ ကိုလေ့လာခဲ့ပြီး ထိုနည်းပညာများ၏ အဖျက်စွ မ်းအားကို သတိပြုမိခဲ့သောကြောင့် လီပြည် ထောင်စုအနေဖြင့် ထိုလက်နက်များဖြင့် တိုက်ခို က်သည့် ကျိုးတပ်ဖွဲ့များကို ယှဥ်နိုင်မည်မဟုတ် ဟု စုန့်ဧကရာဇ်က သိနေခဲ့သည်။
ထို့အတူ ဟုန် ဝူ ချင် ပြည်ထောင်စုမှ ဧကရာဇ် များသည်လည်း တင့်ကားများ လက်နက်ကြီး များ၏ အစွမ်းကိုတုန်လှုပ်သွားခဲ့ကြပြီး တဦး ကိုင်လက်နက်များ၏ အစွမ်းကိုလည်း အထင်မ သေးဝံ့တော့ချေ။ ထိုလက်နက်ငယ်များ အကူ အညီကြောင့် လင်းတပ်ဖွဲ့များက နယ်စပ်ကိုထိန် ချုပ်သွားနိုင်ခြင်း ဖြစ်သည်။
ချီရီရှင်းတယောက်မူ မြို့တော်အသစ်နဲ့ နန်းမြို့ တော်ကို အစုန်အဆန်သွားလာနေခဲ့ပြီး ကျိုးပြ ည်ထောင်စုအတွင်း၌ သူမ၏စီးပွားရေးကိုအ ဆက်မပြတ်တိုးမြင့်နေကာ ကျိုးယန်၏မှာကြား ချက်အတိုင်း ဂ်ိုဏ်းအသစ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။
ယခုတွင် ချီမိသားစုကုန်သည်အသင်းအနေဖြင့် ကျိုးပြည်ထောင်စုအတွင်း ကျော်ကြားနေခဲ့ပြီး သူမ၏ ထုတ်ကုန်များ ကြော်ငြာရေးနည်းလမ်း များက စုန့်ပြည်ထောင်စုအတွင်း၌ပါ လူသိများ နေစေသည်။ စုန့်ဧကရာဇ်သည် သက်ပြင်းမော ကိုသာချလိုက်ပြီး ကျိုးယန်နှင့် တဖက်တည်းရ ပ်နေခဲ့သည့်အပေါ် စိတ်ကျေနပ်နေခဲ့သည်။ ထို အရာများက ချီရီရှင်းဖောက်ပေးသည့် လမ်း ကြောင်းများသာ ဖြစ်သည်။
…………………………………………………