← Chapters

အခန်း (၂၁၆)

Vol. 15 Ch. 216

အခန်း (၂၁၆)

Vol. 15 Ch. 216

ပြည်ထောင်စုများ စုဝေးပွဲက နီးကပ်လာပြီဖြစ် သည်။ တဖက်တွင် လီနဲ့လင်း ပြည်ထောင်စု ကြားပြဿနာအပေါ် ကျိုးပြည်ထောင်စုပါဝင် လာခြင်းအား မည်သူကမှ ကဲ့ရဲ့ခြင်းမရှိကြပေ။ အဟုတ်ပင် လီဧကရာဇ်သည် ကျိုးယန်ကိုဖိအာ ပေးခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲကွင်းပြင်ကျယ်က သွေးများစီးဆင်း၍ လေထုရဲ့အနံ့အသက်ကလည်း မကောင်းမွန်နိုင် တော့ပေ။ ကျိုးယန်သည် ကြီးမားသည့်တံတိုင်း ကိုကြည့်၍ အတွေးနက်နေခဲ့သည်။ သူ့အနေဖြ င့် တံတိုင်းကိုကျော်၍ ခရိုင်အတွင်းသို့ လက်န က်ကြီးများ ပစ်ထည့်နိုင်သော်လည်း ထိုအရာက အပြစ်မဲ့ သာမန်ပြည်သူများကို ထိခိုက်သွားစေ နိုင်တာကလွဲ၍ အခြားအကျိုးအမြတ် တစုံတ ရာ ရမယ့်ပုံမရှိ။

ကျင့်ကြံရေးလောကတွင် သာမန်သေမျိုးများ အပေါ် အလေးအနက်မထားခဲ့ပေ။ ကျိုးယန်နေ ကာ၌ အခြားသူများသာဆိုလျှင် တုံမင်ခရိုင်သ ည် လက်နက်ကြီးမည်မျှ ပစ်သွင်းခံရမည်ကိုစဥ် စား၍ပင် မရနိုင်ချေ။ တံတိုင်းကြီးမှာ အတော် များများ ပျက်စီးသွားသော်လည်း တံတိုင်းကို စောင့်ကြပ်နေသည့် စစ်သည်များရှိနေသေးပြီး ထိုတပ်ဖွဲ့များက လီပြည်ထောင်စု၏ လက်ကျန် တပ်ဖွဲ့များ ဖြစ်ပုံရသည်။

လီရှို့ချင်တယောက် ဘယ်ရောက်နေသနည်း။ ခရိုင်အတွင်း၌ ရှိနေသည်မှာ သေချာသည်။ ကျိုးယန် တွက်ဆထားသည့် အတိုင်းပင် အဓိ ကကျသည့် စစ်သူကြီးများ အင်အားစုခေါင်း ဆောင်များလည်း လီရှို့ချင်နဲ့အတူ ကျန်ရှိနေ သေးသည် မဟုတ်လား။

ကိုင်ရီရီက လင်းတပ်ဖွဲ့မှ ပေးပို့လာသည့် အချ က်အလ​က်များကို ပြောပြနေသည်။ လင်းတပ်ဖွဲ့ က နယ်စပ်ကို ထိန်းချုပ်ထားပြီး နောက်ထပ်အ နေဖြင့် တုံမင်ခရိုင်နှင့် ဆက်စပ်စည့် အခြားခရို င်တခု ထိုးဖောက်ရန် အသင့်ဖြစ်နေပြီဟု ဆိုထာ သည်။

“စစ်ပွဲကို အချိန်ဆွဲတာက စစ်ပန်းစေတဲ့ အပြု အမူတမျိုးပဲ ဒါပေမဲ့လက်ရှိ တုံမင်ခရိုင်အနေအ ထားက အတင်းဝင်ရောက်လို့ မရပြန်ဘူး”

ကျိုးယန်တယောက် စိတ်ရှုပ်ထွေးစွာဖြင့် သက် ပြင်းမောကို ချလိုက်သည်။ သူ့အနေဖြင့် ရက် စက်သည့် ဧကရာဇ်တပါး မဖြစ်လိုပဲ မလိုအပ် ပါက သတ်ဖြတ်လိုခြင်း မရှိချေ။ ထိုအတွက်လဲ သုံ့ပန်းများကို လက်အောက်ခံအဖြစ် သိမ်းသွင်း ခဲ့ပြီး သတ်ဖြတ်အပြစ်ပေးမှုများကို အတတ်နိုင် ဆုံး လျှော့ချခဲ့သည်။ သို့ပေမဲ့ စစ်ပွဲကတော့ စစ် ပွဲသာဖြစ်သည်။ သေခြင်းရှင်ခြင်းက စက္ကန့်ပိုင်း အတွင်း ဆုံးဖြတ်ပေးနိုင်ပြီး ကျင့်ကြံရေးလော က၏ အလွန်များပြားသည့် လူဦးရေကို ထိုးနည် လမ်းများဖြင့် ထိန်းချုပ်နေသလား ဟုတောင်အ ထင်ရောက်သွားခဲ့ရသည်။

ကျိုးပြည်နယ်သည် အရှိန်ဟုန် တည်ငြိမ်စွာလ ည်ပတ်နေသည်။ စုယင်နှင့် ဟွာမုန့်ယင်တို့သည် နန်းမြို့တော်ကို စနစ်တကျ ကိုင်တွယ်ထိန်းချုပ် ထားကာ ချီရီရှင်း၏ အကူညီကြောင့် ကျိုးဧက ရာဇ်မရှိချိန်တွင်ပင် ကျိုးပြည်နယ်၏ တိုးတက် မှုက ကောင်းမွန်နေသည် မဟုတ်လား။

တိုက်ပွဲပြီးဆုံးပြီးနောက် ဒုတိယအပတ်တွင်ရာ သီဥတုက စိုစွတ်တဲ့ မိုးရာသီကို ချဥ်းနင်းဝင် ရောက်လာသည်။ ထိုရာသီဥတုက သာမန်ပြည် သူများအတွက် စိုက်ပျိုးရေးရာသီ ဖြစ်သော်လဲ တဖက်တွင် ပြင်းထန်သည့် ဝမ်းရောဂါတို့ကိုဖြ စ်စေသည်။ ကျင့်ကြံရေးလောကတွင်လည်း ထို ကဲ့သို့အဖြစ်အပျက်များ ရှိလေသလား။ အမှန်ပ င် ရှိနေခဲ့သည်။

ထိုရောဂါများက သာမန်သေမျိုးများစွာကို အမြစ်ပြတ်လုနီးပါး သုတ်သင်ပေးနိုင်ပြီး နှစ် စဥ် လူသိန်းချီ သေဆုံးသွားရသည်။ ကျိုးယန် သည်မူလက ကျိုးပြည်နယ်၏ သေမျိုးများနဲ့ပ က်သက်၍ ထိုရောဂါ၏ ပြင်းထန်မှုကို သတိမ ထားမိခဲ့ပေ။ ယခုနှစ်တွင်တော့ ပွင့်လင်းမြင်သာ သည့်အုပ်ချုပ်ရေးစနစ်ရဲ့ နည်းစနစ်ကျမှာ ကြောင့် သေမျိုးများ၏ မည်သည့်ဘဝအခက် အခဲကိုမဆို အစိုးရပိုင်းမှ အချိန်တိုအတွင်း သိ နိုင်ပြီး ကူညီပေးနိုင်လေသည်။

ကျိုးယင်ချင်း၏ သတင်းစကားထဲတွင် နယ်စပ် ထိစပ်ဒေသများတွင် ပြင်းထန်ဝမ်းရောဂါတမျို ဖြစ်ပွားနေပြီး ထိုဝမ်းရောဂါ လက္ခဏာသည် လူ လုပ်ရောဂါဟု သူမထင်နေကြောင်း ပါရှိလေသ ည်။ လူလုပ်ဝမ်းရောဂါလား မဖြစ်နိုင်ပါ။ထိုဝမ်း ရောဂါက အလွန်ပြင်းထန်သောကြောင့် နိုင်ငံရဲ့ အခြေနေကို ချိန်ဆ၍ လူလုပ်ဝမ်းရောဂါဟု သူ မတွက်ဆလိုက်ပုံရသည်။

ခေတ်သစ်ကမ္ဘာတွင် ဝမ်းရောဂါဖြစ်စေသည့် အကြောင်းများမှာ ရိုးရှင်းသည်။ မသန့်ရှင်းသ ည့် အစားအစာ ရေ တို့ကိုအသုံးပြုခြင်းမှ ဖြစ် ပြီး ထိုအရာကို ထိန်းချုပ်နိုင်ပါက ဝမ်းရောဂါ ကို အလွယ်တကူ အနိုင်ယူနိုင်သည်။ ကျိုးယန် သည် ကျိုးယင်ချင်းထံ နည်းလမ်းများပေးပို့လို က်ပြီး သာမန်ပြည်သူများအနေဖြင့် ရေကို ကျို ချက်သောက်ရန် အစားအစာများကို လတ်ဆ တ်စွာ စားသုံးကြရန်နှင့် ဝမ်းရောဂါဖြစ်ပွားပါက အစိုးရမှ ပေးဝေထားသည့် ဓာတ်ဆားတမျိုးကို သောက်သုံးကြရန် ဖြစ်သည်။

ကျိုးပြည်နယ်နည်းတူ အခြားပြည်ထောင်စုများ တွင်လည်း ဝမ်းရောဂါသည် ကပ်ဘေးတခုကဲ့ သို့ရုတ်တရက် ပြန်ပေါ်လာပြီး ပြာယာခတ်ကုန် သည်။ သို့သော် ကြွယ်ဝသည့် ပြည်ထောင်စုမျာ က ထိန်းချုပ်နိုင်ရန် လွယ်ကူပါသည်။ ကျိုးယန် နဲ့မတူညီသည့် နည်းလမ်းကိုယ်စီသုံး၍ ထိန်းချု ပ်နိုင်သော်လည်း ထိရောက်မှုနဲ့ ကုန်ကျစရိတ်က အလွန်ကွာခြားနေခဲ့သည်။

ချီရီရှင်းနှင့် စုန့်ဧကရာဇ်တို့သည် ရိုးရှင်းသည့်န ည်းလမ်းများက ဝမ်းရောဂါကို ထိန်းချုပ်နိုင်သ ည့်အပေါ် မှင်သက်နေကြပြီး ကုန်ကျစရိတ်အ နေဖြင့် ဓာတ်ဆားဟူသည့် ဆေးဝါးတမျိုးသာ ပေးဝေရန်လိုသည်။ ထိုဆေးဝါးနည်းပညာက လည်းရိုးရှင်းပြီး ဖော်စပ်ရန်လွယ်ကူနေသည်။ ကျိုးယန်သည် ချီရီရှင်း၏ တောင်းဆိုချက်အရ ဓာတ်ဆားဖော်စပ်သည့် နည်းအချို့ကို ပေးဝေ ခဲ့သည်။

တိုက်ပွဲကြောင့် လှုပ်ခတ်နေသည့် သတင်းများ ကိုဝမ်းရောဂါမှ ဖုံးကွယ်ထားပြီး ထိုနှစ်လယ်ပိုင် သည် ဝမ်းရောဂါ ဟစ်ဖြစ်နေသည်ဟုပင် မှတ် ယူနိုင်သည်။ လီဧကရာဇ်သည် လီပြည်နယ်၏ အခြားခရိုင်နဲ့ စီရင်စုများမှ ဝမ်းရောဂါသတင်း ကိုကြားချိန်တွင် မထင်မှတ်ထားစွာဖြင့် လျစ် လျူရှုပစ်ခဲ့သည်။ သိသာသည့်အချက်က စစ်ပွဲ များ ရှုံးနိမ့်နေချိန်၌ သာမန်ပြည်သူများကို အ လေးအနက်မထားလိုတော့ပေ။

ထိုအပြုအမူက လီပြည်နယ်အတွင်း ဂယက်ထ စေပြီး ခရိုင်၂ခု နှင့်စီရင်စု၄ခု မှ ပြည်သူများမှာ ကျိုးပြည်နယ်၏ သတင်းကိုကြားချိန်၌ ကျိုးယ န်ထိန်းချုပ်ထားသည့် ယန်စီရင်စုနှင့် လင်းတပ် ဖွဲ့များ ထိန်းချုပ်ထားသည့် လီနဲ့လင်း နယ်စပ် ဒေသများဆီ တိုးဝင်လာကြတော့သည်။ အမှန် ပင် သာမန်ပြည်သူများသာ ဖြစ်ကြသည်။

ကျိုးယန်သည် ထိုအခြေနေကြောင့် မှင်သက်နေ ခဲ့ပြီ ထိုပြည်သူများကို ငြင်းဆန်ရန် ဆန္ဒမရှိပေ မဲ့ သူလျှိုများ ပါလာနိုင်သည့်အနေထားကို စစ် ဆေးစေခဲ့သည်။ ယန်စီရင်စုသည် မည်သည့်ဝ မ်းရောဂါမှ မဖြစ်ပွားပဲ သိသာထင်ရှားသည့်ရ လာဒ်အနေဖြင့် တိုးတက်လာသည်။ မကောင်း သည့် မြေနေရာများက စိုက်ပျိုးရန်အသင့်ဖြစ် နေကြပြီး ဂျုံ စပါးနှင့် ကန်စွန်းဥကဲ့သို့ အရာမျို ကို စတင်စိုက်ပျိုးနေကြပြီ ဖြစ်သည်။

မတူညီသည့် ဒေသများသည် မတူညီသည့်စား သောက်ဖွယ်ရာများ စားသုံးကြပြီး ကျိုးပြည်သူ များသည် ပြောင်းဆန်ကိုသာ စားသုံးကြရာမှ ကျိုးယန်လက်ထပ်တွင် ရိုးရှင်းသည့် ဆန်စပါး ကိုပြောင်းလဲ စားသုံးကြသည်။ လီပြည်နယ်နှင့် အခြားပြည်နယ်အများစုက ဂျုံနှင့်ဆက်စပ်သ ည့် အရာများ စားသုံးကြသည်။

………………………………………………..

All Chapters