← Chapters

အခန်း (၂၁၇)

Vol. 15 Ch. 217

အခန်း (၂၁၇)

Vol. 15 Ch. 217

“တုံမင်ခရိုင်ထဲမှာ ခန့်မှန်းချေ ပြည်သူအရေအ တွက်က ၅သန်းကနေ ၇သန်းကြားထိရှိပြီး တဖ က်တပ်ဖွဲ့ဝင်အရေ အတွက်က ၃သိန်းကနေ ၄သိ န်းအထိ ရှိနိုင်ပါတယ်”

“အတော်များများ ကျန်နေသေးတာပဲ မထင်ထာ မိဘူး”

ကျိုးယန်သည် တောက်ချင်၏ ပေးပို့ချက်ကိုနာ ထောင်ပြီးနောက် အလေးအနက်ဖြစ်လာသည်။ တုံမင်ခရိုင်ပြင်ပ၌ မည်မျှကြာအောင် တပ်စွဲပြီး တဖက်ရန်သူများကို ဆွဲထုတ်စေမည်နည်း။ ထို သို့မဟုတ်ပါက တုံမင်ခရိုင်ထဲသို့ ဖောက်ဝင်ကြ မည်လား။

“ကျမအထင်တော့ သူတို့က ခရိုင်ထဲမှာ အခိုင် အမာခံစစ်လုပ်ထားကြမှာပဲ နောက်ပြီး ခရိုင်ထဲ က ပြည်သူတွေကို ထိန်းချုပ်ထားတာက ကျမ တို့အတွက် အခက်ခဲ ဖြစ်စေနိုင်တယ်”

ကိုင်ရီရီ၏ စကားကို ကျိုးယန်လည်း သဘော တူသည်။ သူ့အကြောင်းကို သိထားသည့် လီရှို့ ချင်မှ ထိုကဲ့သို့ပြုလုပ်ထားခြင်းဖြစ်ပြီး ခရိုင်အ တွင်း ဇွတ်တိုးဝင်ခြင်းက သန်းနဲ့ချီသည့် ပြည် သူများကိုသာ သေကြေစေလိမ့်မည်။

“တုံမင်ခရိုင်နဲ့ ပက်သက်ပြီး မြေပုံအသေးစိတ် ရှိထားလား သူတို့ရဲ့ မြေနေရာအနေထားနဲ့ လျှို့ ဝှက်လမ်းကြောင်းတွေ စသည်ဖြင့်ပေါ့”

ကျိုးယန်၏ အမေးကို လော့ရှန်းက

“လက်ရှိမှာ လီမင်းသားက လျှို့ဝှက်လမ်းကြော င်းတွေကို ထိန်းချုပ်ထားမှာကိုပဲ စိုးရတယ် ဒါ ပေမဲ့ မှောင်ခိုကုန်သည်တွေနဲ့ ချိတ်ဆက်မိရင် တော့ တုံမင်ခရိုင်ကို ဝင်ထွက်လုပ်နိုင်တဲ့ အခြား လမ်းကြောင်းတခုခုတော့ ရှာတွေ့နိုင်ပါတယ်”

“ မှောင်ခိုကုန်သည် ဟုတ်လား”

“ဟုတ်ပါတယ် ဒါက မှောင်ခိုစျေးနဲ့ပက်သက်တဲ့ ကုန်သည်အဖွဲ့စည်းတခုဖြစ်ပြီး ကျိုးပြည်နယ် ထဲမှာတော့ မှောင်ခိုအဖွဲ့အစည်း ဆိုပြီးသီးသန့်မ ရှိထားပါဘူး သူတို့တွေက လီ စုန့် ဟုန် နဲ့အခြား ကြွယ်ဝတဲ့ ပြည်ထောင်စုကြီးတွေမှာပဲ အခြေချ ကြတာပါ”

လော့ရှန်း၏ စကားကြောင့် မှောင်ခိုကုန်သည် ကိုစိတ်ဝင် စားသွားမိသည်။ ထိုအရာက မှောင် ခိုလမ်းကြောင်းတခုဖြစ်ပြီး အန္တရာယ်များသော် လည်း တုံမင်ခရိုင်အတွင်းမှ ပြည်သူများကိုအ ပြင်ထုတ်ရန် လွယ်ကူစေမည်။

“ကောင်းပြီ လော့ရှန်းက မှောင်ခိုကုန်သည်တွေနဲ့ ဆက်စပ်ပြီး စုံစမ်းထားပါ လိုအပ်ရင် ကျုပ်ကို ယ်တိုင် သူတို့နဲ့တွေ့မယ်”

ကျိုးယန်၏ စကားအဆုံး၌ အဖိုးဝူက

“အရှင်က ခရိုင်ထဲက ပြည်သူတွေကို အပြင်ထု တ်ချင်နေတာလား”

“ဟုတ်တယ် ကျတော်တွေးနေတာက ခရိုင်ကိုဝ င်စီးတာထက် အရင်ဆုံး ပြည်သူတွေအသေအ ပျောက်နည်းအောင် မှောင်ခိုလမ်းကြောင်းကနေ သူတို့ကို ခေါ်ထုတ်ပြီး တဖက်မှာ တုံမင်ခရိုင်တံ တိုင်းပြင်ပကနေ ဖိအားပေးနေရမယ်”

“သဘောပေါက်ပြီ ဒါက မှောင်ခိုအဖွဲ့နဲ့ဆက်စပ် နေတော့ ကုန်ကျစရိတ်ရှိလာနိုင်တယ်”

ကိုင်ရီရီက ဝင်ရောက်ပြောဆိုလာသည်။ ပုံမှန် အားဖြင့်လည်း မှောင်ခိုစျေးမှာ သာမန်ထက်အ ဆမတန် မြင့်မားတတ်သည် မဟုတ်လား။

“ကျုပ်က သူတို့ပြည်သူတွေကို ငဲ့ညှာပြီးအပြင် ထုတ်ဖို့ ကြိုးစားတာလေ ဒါကိုမှ အကျိုးအမြ တ်တစုံတရာ ရလိုနေသေးရင်တော့ ကျုပ်အနေ နဲ့ ပြန်စဥ်းစားရလိမ့်မယ်”

ကျိုးယန်ရဲ့စကားက မှန်ပေသည်။ သူ့အနေဖြင့် လီပြည်သူများ၏ အသက်က အရေးမပါပေသို့ သော် အသက်များမှာ အသက်များသာဖြစ်ပြီး လီပြည်သူမှ ကျိုးပြည်သူမှ ဟူ၍ မခွဲခြားထား သောကြောင့် ယခုလိုဆုံးဖြတ်ရခြင်းဖြစ်သည်။

“အရင်ဆုံး လီပြည်ထောင်စုရဲ့ မှောင်ခိုကုန်သ ည်တွေကို ဒီလအတွင်းရအောင် ချိတ်ဆက်ပြီး လမ်းကြောင်းရှာဖို့ လုပ်တော့ အဲ့အစီစဥ်ကို လော့ရှန်းနဲ့ ကိုင်ရီရီတို့ ပူးပေါင်းပြီးဆောင်ရွက် ပေးပါ တကယ်လို့ လိုအပ်ရင် ကျုပ်ကိုယ်တိုင် သူတို့နဲ့ စကားပြောမယ်”

ကျိုးယန်၏ စကားအဆုံးတွင် ခန်းမကျယ်ထဲမှ လူများ ပြန်လည်ထွက်ခွာသွားကြသည်။ ကျိုး ယန်သည် ယန်စီရင်စုကို အပြည့်အဝထိန်းချုပ် ထားသော်လည်း ထိုအရာက လီပြည်ထောင်စု တခုလုံး လိုချင်သည်ဟု မသက်ရောက်ပဲ ယန်စီ ရင်စုသည် ကျိုးပြည်ထောင်နဲ့ ထိစပ်နေ၍သာ အကာအကွယ်သဘောမျိုး ထိန်းချုပ်ထားခြင်း ဖြစ်သည်။

တုံမင်ခရိုင်အတွင်းတနေရာ…

ကျယ်ဝန်းသည့် အိမ်ဝန်းတခုထဲတွင် ကုန်သည် ဟုထင်ရသည့် အဖွဲ့မှလူအချို့ စုသေးနေကြသ ည်။ ထိုလူများမှာ ကျင့်ကြံသူများ မဟုတ်ပဲသေ မျိုးပြည်သူများသာ ဖြစ်သော်လည်း ထူးဆန်း သည်က ကုန်သည်အဖွဲ့တခုဖြစ်နေခဲ့သည်။

“လက်ရှိမှာ ကျိုးဧကရာဇ်က တုံမင်ခရိုင်ကို ဝန်း ရံထားပုံရတယ် ခရိုင်အတွင်းမှာရှိနေတဲ့ လီမင်း သားတို့ကလည်း အပြင်ထွက်တိုက်ဖို့ ဆန္ဒရှိပုံမ ရဘူး ဒီတိုင်းဆို ကျုပ်တို့ခရိုင်အတွင်းကလူတွေ ဝမ်းရောဂါနဲ့ သေရင်သေ မဟုတ်ရင်တော့ အ စာငတ်ပြီး သေရတော့မှာပဲ”

ထိုသို့ ပြောလိုက်သူမှာ ကုန်သည်အဖွဲ့၏ ဒုခေါင် ဆောင်ဖြစ်ပြီး ထိုသူမှာ မှောင်ခိုကုန်သည်အဖွဲ့ တွင် အရေးပါအရာရောက်သူဖြစ်သည်။

“ငါလည်း မင်းလိုပဲ တွေးမိတယ် ခက်တာကငါ တို့အနေနဲ့ ကျိုးဧကရာဇ်ရဲ့ သဘောထားအမှန် ကိုမသိရသေးဘူး တကယ်ပဲ သတင်းတွေထွက် ထားတဲ့အတိုင်း ပြည်သူတွေကို ငဲ့ညှာပြီးဝင်မ တိုက်တာလား ဒါမှမဟုတ် ကြီးမားတဲ့ပြင်ဆင်မှု တွေ လုပ်နေတာလား ဘယ်လိုသိနိုင်မှာလဲ”

ကုန်သည်အဖွဲ့ခေါင်းဆောင်က ပြောလာသည်။ ၎င်းတို့ကုန်သည်အဖွဲ့ကို မှောင်ခိုကုန်သည်များ အကြား၌ ယင်ချွမ်း ကုန်သည်အဖွဲ့ဟု ခေါ်ဆို ကြပြီး ချွမ်းမြို့တော်၌ ၎င်းတို့၏ ကုန်သည်ဌာန ကြီးတခုရှိထားလေသည်။

“ကျုပ်အထင် ကျုပ်တို့အဖွဲ့ထဲက လူအချို့အပြ င်ထွက်ပြီး ကျိုးဧကရာဇ်နဲ့ တွေ့သင့်တယ်လို့ထ င်တယ် ဒါကမှ အထဲမှာပိတ်မိနေတဲ့ ပြည်သူ တွေကို ကယ်ထုတ်နိုင်လိမ့်မယ်”

“ကျုပ်လည်းသဘောတူတယ် ကျိုးဧကရာဇ်က သာ ရက်စက်တဲ့ ဧကရာဇ်တပါးဆိုရင် လက်ရှိ သူ့ရဲ့စစ်အင်အားအရ တုံမင်ခရိုင်ကို အချိန်မ ရွေးထိုးဖောက်နိုင်တာပဲလေ ခုထိငြိမ်နေတာက စစ်ပြင်တာထက် ကျုပ်တို့ပြည်သူတွေကို ငဲ့ညှာ တာက ရာနှုန်းပိုများတယ်”

ယင်ချွမ်းအဖွဲ့ အကြီးအကဲများက တယောက် တပေါက် ဝင်ရောက်ပြောဆိုလာသည်။ ၎င်းတို့ အနေဖြင့် ခရိုင်အတွင်းမှ အချိန်မရွေးထွက်ခွာ နိုင်သော်လည်း ဝမ်းရောဂါ ဖိစီးထားသည့် ခရိုင် အတွင်းမှ ပြည်သူများကို လျစ်လျူရှုရန် ခက်ခဲ နေသည်။ လီဧကရာဇ်သည် ယုတ်မာသည့် ဧက ရာဇ်တပါးသာ ဖြစ်ပြီး သေမျိုးများကို ငဲ့ညှာခြ င်းမရှိချေ။

တဖက်တွင် ကျိုးဧကရာဇ်သည် ယန်စီရင်စုကို ထိန်းချုပ်ထားသော်လည်း ကျိုးဧကရာဇ်လက် အောက်ရှိ ယန်စီရင်စုမှာ ဝမ်းရောဂါကိုထိန်းချု ပ်ထားနိုင်ပြီး အမှန်တကယ် တိုးတက်နေသော ကြောင့် ၎င်းတို့က ကျိုးဧကရာဇ်သည် သတင်း များထွက်နေသည့်အတိုင်း ပြည်သူများအပေါ်ငဲ့ ညှာသည်ဟု ယူဆကြခြင်းဖြစ်သည်။

………………………………………………….

All Chapters