မှောင်ခိုလမ်းကြောင်း
Vol. 15 Ch. 218
ရက်အနည်းငယ်ကြာသည်အထိ တုံမင်ခရိုင်၏ အခြေနေမှာ တည်ငြိမ်နေခဲ့သည်။ အထူးသဖြင့် တုံမင်ခရိုင် ပတ်ပတ်လည်၌ ကျိုးပြည်နယ်တပ် ဖွဲ့များ ဝန်းရံထားသော်လည်း ထိုတပ်ဖွဲ့များက ခရိုင်အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခြင် မပြုလုပ်ကြပေ။
ထို့ကြောင့် လီရှို့ချင်တို့အဖွဲ့သည် တုံမင်ခရိုင်အ တွင်း ပိတ်မိနေခဲ့ကြပြီး တဖက်တွင်လည်း အဓိ ကစစ်ကူဖြစ်သည့် တပ်ဖွဲ့တခုမှာ နယ်စပ်ဒေသ တိုက်ပွဲတွင် လင်းတပ်ဖွဲ့များကို ရှုံးနိမ့်သွားရသ ည့်အတွက် တုံမင်ခရိုင်ကို ရောက်မလာတော့ပေ ထို့ကြောင့် လီဧကရာဇ်သည် နန်းတွင်းစစ်သည် များကို ထုတ်သုံးရန်ကြံဆလိုက်သည်။
တုံမင်ခရိုင်ပြင်ပတနေရာတွင် ကင်းစခန်းများ စွာရှိနေသည်။ ထိုကင်းစခန်းများကို အထူးတပ် ဖွဲ့များက ထိန်းချုပ်ထားပြီး အချိန်မရွေးပစ်ခတ် နိုင်ရန်လည်း လက်နက်ကြီးများကို ပြင်ဆင်ကာ ကျိုးယန်ဆီမှ အမိန့်ကို စောင့်ဆိုင်းနေကြသည်။ ထိုအချိန်တွင် ကျိုးယန်က လော့ရှန်း၏ဆက်စ ပ်မှုဖြင့် မှောင်ခိုကုန်သည်အဖွဲ့ ယင်ချွမ်းတို့ကို လက်ခံတွေ့ဆုံနေသည်။
ယင်ချွမ်းဆိုသည်မှာ ချွမ်းမြို့တော်အခြေစိုက် ယင်မိသားစုပိုင် ကုန်သည်အဖွဲ့ဖြစ်ပြီး ယင်းယ င်မိသားစု၏ ကုန်သည်သက်တမ်းမှာ နှစ်ရာပေါ င်းများစွာ ရှိခဲ့ပြီဖြစ်သည်။ ယင်ချွမ်းအဖွဲ့ခေါင်း ဆောင်မှာ ယင်ထန်းဖြစ်ပြီး လက်ရှိခေါင်းဆော င်တဦးဖြစ်သည်။
ကျိုးယန်က ယင်ထန်းနှင့် အဖွဲ့သားများကိုလက် ခံတွေ့ဆုံနေခဲ့သည်။ ယင်ထန်းတို့အနေဖြင့် ခရို င်အတွင်းမှ အလွယ်တကူထွက်ခွာနိုင်သော်လဲ ပိတ်မိနေသည့် ပြည်သူများ၏ အခြေနေမှာတစ တစဆိုးရွားလာသောကြောင့် မျက်နှာလွှဲခဲပစ်မ လုပ်နိုင်ကြတော့ချေ။ ထို့ကြောင့် အဖွဲ့သားများ ၏အကြံဖြင့် ကျိုးယန်ဆီရောက်ရှိလာခြင်း ဖြစ် သည်။
“ တွေ့ရတာဝမ်းသာပါတယ် အရှင်မင်းကြီး”
“နှုတ်ခွန်းဆက်သပါတယ်”
ယင်ထန်းက ကျိုးယန်ကို ရိုကျိုးစွာနှုတ်ဆက် လာသည်။ ကျိုးဧကရာဇ်သည် ငယ်ရွယ်သည် ဟု သိထားသော်လည်း အမှန်တကယ်တွေ့ဆုံ ချိန်၌ ၎င်း၏ သမီးအရွယ်သာ ရှိနေခဲ့၍ မှင်သ က်နေခဲ့ရသည်။ ထို့အပြင် ကျိုးဧကရာဇ်၏နည် လမ်းများမှာ ဆန်းသစ်ပြီး ကျိုးပြည်နယ်ကို ထိ န်းချုပ်ထားသည့် ကာလအတွင်း တိုးတက်မှုမျာ က အံ့မခန်းပင်။
“ကျုပ်အနေနဲ့ အထွေအထူး စကားပလ္လင်မခံချ င်တော့ဘူး မင်းတို့တုံမင်းခရိုင်ရဲ့ အခြေနေကို သိထားကြတယ် မဟုတ်လား”
ကျိုးယန်၏ အမေးကို ယင်ထန်းမှ
“သိထားပါတယ် အရှင် လက်ရှိမှာ တုံမင်ခရိုင်ရဲ့ ပြည်သူ သုံးပုံနှစ်ပုံလောက်က ဝမ်းရောဂါဖြစ် နေကြပြီး လီမင်းသားတို့အဖွဲ့ ပိတ်ဆို့ထားမှုက အစားအသောက်နဲ့ ဆေးဝါးလမ်းကြောင်းတွေ ကိုပိတ်ဆို့နေစေပါတယ်”
“ကျုပ်သတိထားမိပါတယ် ကျုပ်အနေနဲ့တုံမင် ခရိုင်ကို သိမ်းပိုက်ဖို့က အချိန်တခုပဲ လိုတယ်ဆို ပေမယ့် အပြစ်မဲ့ပြည်သူ သန်းချီရဲ့အသက်ကို တော့ မလိုချင်ဘူး ခက်တာက မင်းတို့လီမင်း သားက ခရိုင်ကို အခိုင်အမာပိတ်ဆို့ထားတာပဲ ကျုပ်ဆိုလိုတာကို သဘောပေါက်ရဲ့လား”
“နားလည်ပါတယ် အဲ့ဒါကြောင့်လည်း ကျုပ်တို့ ညီနောင်တွေစုပြီး စည်းဝေးတဲ့အခါ နည်းလမ်း တခုရလာလို့ အရှင်နဲ့လာရောက်တွေ့ဆုံတာပါ”
ယင်ထန်းရဲ့စကားအဆုံး၌ ကျိုးယန်က မျက်ခုံး ပင့်၍
“ဘာနည်းလမ်းများလဲ”
“ကျုပ်တို့ကုန်သည်အဖွဲ့က မြို့တော်နဲ့ တုံမင်ခ ရိုင်ကို ကူးသန်းနေကြပါ မှောင်ခိုကုန်သည်ဖြစ် တဲ့အတွက် တရားမဝင်တဲ့ ပစ္စည်းတွေကို လမ်း ကြောင်းအမျိုးမျိုးကနေ ပေးပို့ရပါတယ် အခု အရှင့်ရဲ့စေတနာကို မြင်မိတဲ့အတွက် ခရိုင်ထဲ က ပြည်သူတွေကို တရားမဝင်လမ်းကြောင်းက နေ ပို့ပေးချင်တာပါ”
“ဆိုစမ်းပါဦး မင်းတို့ပြည်သူတွေကို ခိုးထုတ် တာက မင်းတို့ရဲ့အလုပ်မဟုတ်လား ဘာအတွ က် ကျုပ်ဆီ ရောက်လာကြတာလဲ”
ကျိုးယန်သိလိုသည်က ယင်ချွမ်းကုန်သည်အ နေဖြင့် သူ့ဆီက မည်သည့်အရာကို မျှော်လင့် နေသနည်း။ ဖြစ်နိုင်ချေက ကျိုးယန်အနေဖြင့် ယင်ချွမ်းကုန်သည်အဖွဲ့ကို ကာကွယ်ပေးရမည့် သဘောဖြစ်နိုင်သည်။
“ဟုတ်ပါတယ် ခရိုင်ထဲက ပြည်သူတွေအတွက် အရှင့်မှာ တာဝန်မရှိပါဘူး ဒါပေမယ့် ခရိုင်ထဲမှာ ပြည်သူတွေ ရှိနေသရွေ့ အရှင်လည်း ခရိုင်ကို သိမ်းဖို့ မဖြစ်နိုင်ဘူး မဟုတ်လား”
ယင်ထန်း၏ စကားက မှန်ပေသည်။ နှစ်ဦးနှစ် ဖက်အနေဖြင့် အပြန်အလှန် ကူညီနိုင်လည်းအ ဆင်ပြေသော်လည်း အကြောင်းမဲ့ ကူညီခြင်းမျို က စေတနာကို ပေါ့တန်ရာရောက်စေသည်။
“ကျုပ်ပြောပြီးပါကောလား ကျုပ်အတွက်ခရိုင် ကိုသိမ်းဖို့က ပြည်သူတွေကြောင်ဆြိုပေမယ့် အဲ့ပြည်သူတွေက ကျိုးပြည်သူတွေ မဟုတ်ဘူး ဆိုတာကို မင်းသိပါတယ် ထားပါ အခုမင်းရဲ့ဆို လိုရင်းကို ကျုပ်သဘောပေါက်တယ် ပွင့်ပွင့်လ င်းလင်းပဲ ပြောပါ”
ကျိုးယန်က ယင်ထန်းကိုလမ်းကြောင်းတခု ဟ ပေးလိုက်သည်။ ၎င်းတို့အနေဖြင့် မည်သည့်အ ရာကို တောင်းဆိုလာမည်နည်း။ သေချာသည် က လီဧကရာဇ်၏ အမျက်ဒေါသမှ ကာကွယ်ရ န်ဖြစ်မည်။
“ကျုပ်ရဲ့လုပ်ရက်က ပြည်သူတွေအတွက်ဆိုပေ မဲ့ တဖက်နန်းတွင်းက ကြည့်ရင် သစ္စာဖောက်ရာ ရောက်ပါတယ် ဒါကြောင့် အရှင်က တုံမင်ခရိုင် ကိုရပြီးတဲ့အချိန် ယင်ချွမ်းကုန်သည်အဖွဲ့ကို အ ခြေတကျ ရှိနေခွင့်ပေးဖို့နဲ့ ဧကရာဇ်လီရဲ့ ရန်က နေ အပြည့်အဝ ကာကွယ်ပေးစေချင်ရုံပါ”
“ဒါပဲလား..”
“ဟုတ်ပါတယ်”
ကျိုးယန်က အလေးအနက်တွေးနေခဲ့သည်။ သူ့ အနေဖြင့် မှောင်ခိုလမ်းကြောင်းမှတဆင့် ပြည် သူများကို ခရိုင်အပြင်ဘက် ထုတ်ခြင်းက နည်း လမ်းကျသော်လည်း ဘယ်လောက်များများအ ပြင်ကို ထုတ်နိုင်မည်နည်း။ လီမင်းသားကကော ထိုအရာကို သတိမပြုမိနိုင်ဘူးလား။
“နည်းလမ်းကတော့ ဟုတ်ပါပြီ ဒါပေမဲ့ လီမင်း သားက တုံးအနေတာတော့မဟုတ်ပေဘူး မင်း တို့ရဲ့ လုပ်ရက်ကို သတိမပြုနိုင်ဘူးလို့ ထင်နေ လား”
ကျိုးယန်၏ အမေးကြောင့် ယင်ထန်းတို့အဖွဲ့ ငြိ မ်သက်သွားကြသည်။ ပြည်သူသန်းချီကို ထုတ် ခြင်းက သတိမပြုမိပဲ မနေနိုင်ပေ။ ထိုသို့ဖြစ် လာလျင် တရားခံမှာ ယင်ချွမ်းကုန်သည်ဖြစ် ကြောင်း သိသည်နှင့် မြို့တော်ရှိ ယင်ထန်း၏ မိသားစုမှာ ဘေးတွေ့နိုင်သည်။
“ကျုပ်မှာ အကြံတခုရှိတယ် နားထောင်ကြည့်မ လား”
ကျိုးယန်က ယင်ထန်းကို စေ့စေ့ကြည့်၍ မေး လိုက်သည်။
“ပြောပါ အရှင်”
“ကျုပ်လည်း မူလက ခရိုင်ထဲကပြည်သူတွေကို အပြင်ထုတ်ချင်တာပါ ဒါပေမဲ့ သန်းချီတဲ့ပမာ ဏကိုသာ ထုတ်ဖို့ကြိုးစားနေရင် တချိန်မဟုတ် တချိန် သိသွားကြမှာပဲ ဒါကြောင့် ကျုပ်ရဲ့နည်း လမ်းက…”
ထိုသို့ဖြင့် ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွား ခဲ့သည်။ ကျိုးယန်သည် ယင်ထန်းတို့အဖွဲ့နဲ့တွေ့ ဆုံပြီးနောက် အစီအစဥ်တခုချမှတ်ကာ ခရိုင်အ တွင်း ဖောက်ဝင်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုအရာက သန်းနဲ့ချီသည့် ပြည်သူများကို ခေါ် ထုတ်ခြင်းထက် သိန်းဂဏန်းသာ ရှိသည့်စစ်သ ည်များကို ထည့်သွင်းခြင်း မတူညီသည့် အရာ နှစ်ခုဖြစ်သော်လည်း သက်ရောက်မှုက ကွာခြား သည်။
မကြာမီတွင် ယင်ထန်းအကူညီဖြင့် ကျိုးယန်က အထူးတပ်ဖွဲ့များကို မှောင်ခိုလမ်းကြောင်းမှ အ ထဲသို့ပို့ဆောင်တော့သည်။ တဖက်တွင် လီမင်း သားတို့ သတိမပြုမိစေရန် တံတိုင်းပြင်ပ၌ အင် အားတိုးချဲ့နေပြီး လင်းတပ်ဖွဲ့များကိုလည်း တ ခြားခရိုင်သွားရာလမ်းကြောင်းများအား ဖောက် ဝင်စေသည်။
ထို့ကြောင့် အများ၏ အမြင်၌ တိုက်ပွဲကတဖန် ပြန်စမည့် လက္ခဏာများ ဖြစ်လာသော်လည်း ၎င်းတို့မသိသည်က အယောင်ပြလှုပ်ရှားမှုများ သာဖြစ်ပြီး တကယ့်အင်အားမှာ တုံမင်ခရိုင်ထဲ ဖောက်ဝင်၍ လီမင်းသားကို ဖမ်းဆီးရန်စတင် နေပြီ ဖြစ်သည်။
………………………………………………..