တုံမင်ခရိုင်အတွင်းဝင်ရောက်ခြင်း
Vol. 15 Ch. 219
လဝက်ခန့်အကြာတွင် လှုပ်ရှားမှုများက ခပ်စိ တ်စိတ်ဖြစ်လာသည်။ ကျိုးယန်ဦးဆောင်သည့် အထူးတပ်ဖွဲ့များက တုံမင်ခရိုင်အတွင်း တိုးဝင် နေကြပြီး ရက်အနည်းငယ် အတွင်း၌ပင် အင် အား ၃၀၀၀၀ ခန့်ရောက်ရှိသွားခဲ့လေပြီ။
ထိုအင်အားက လီမင်းသားတို့အဖွဲ့ကို ရင်ဆိုင် ရာ၌ မလုံလောက်သော်လည်း ကျိုးယန်၏လမ်း ကြောင်းက ခရိုင်အတွင်း နေရာကူးပြောင်း အစီ အရင်များ ပြုလုပ်ကာ အဓိက ကျသည့်နေရာ အချို့ကို အတွင်းမှ ဝန်းရံရန်ဖြစ်သည်။ ဥပမာ လီမင်းသားတို့၏ အင်အားမှာ ခရိုင်တခုလုံးဖြန့် ကြက်ထားသော်လည်း အဓိကအစုအဖွဲ့မှာ ခရိုင် ၏ အလယ်ဗဟိုတည့်တည့်ရှိ မြို့တော်လေးတ ခုတွင်ဖြစ်သည်။
ကျိုးယန်သည် ခရိုင်အတွင်းသို့ ရောက်သည်နှင့် အစီအရင်များ ရေးဆွဲကာ နေရာအနှံ့ထားရှိစေ သည်။ ထိုသို့လုပ်ခြင်းအားဖြင့် တပ်ဖွဲ့ဝင်များ ကူးပြောင်းရာ၌ ပိုမိုလွယ်ကူစေပြီး တဖက်သူ များသတိမထား မိချိန်တွင် လှုပ်ရှားနိုင်မည်ဖြစ် သည်။
နောက်ထပ် လဝက်ခန့်အကြာတွင် အစီအရင် များ ပြီးစီးသွားခဲ့ပြီး အဓိကနေရာအတော်များ များကို ဝန်းရံထားနိုင်ခဲ့သည်။ လီရှို့ချင်တို့ကမူ ကျိုးတပ်ဖွဲ့များ၏ အယောင်ပြလှုပ်ရှားမှုများကို သာ သတိပြုမိခဲ့ကြပြီး အတွင်းသို့ဖောက်ဝင်နေ သည့် တပ်ဖွဲ့များကို သတိမပြုမိခဲ့ကြပေ။ ထို့အ ပြင် ၎င်းတို့၏ ခံစစ်အခိုင်အမာကြောင့် ကျိုးတ ပ်ဖွဲ့များ ဆက်လက်ဝန်းရံရန် မဖြစ်နိုင်တော့ပဲ မကြာမီ နောက်ပြန်ဆုတ်ရမည် ဖြစ်ပြီး ထိုသို့အ ခြေနေကို အခွင့်ကောင်းယူ၍ လိုက်လံတိုက်ခို က်ရန်ပင် မျှော်လင့်နေခဲ့ကြသည်။
ကျိုးယန်က အဆောက်ဦးတခုပေါ်မှနေ၍ ပတ် ဝန်းကျင်ကို ကြည့်နေခဲ့သည်။ ယနေ့ည၌ လီမင် သားတို့ ရှိနေသည့် မြို့ငယ်ကို ဝင်ရောက်စီးနင်း မည်ဖြစ်ပြီး ထိုတိုက်ပွဲက တုံမင်ခရိုင်ကို ရရုံသာ မက လီပြည်ထောင်စု၏ အနာဂတ်ကိုလည်း ဆုံ ဖြတ်ပေးသွားမည် ဖြစ်သည်။
“အရှင် အားလုံးအသင့်ဖြစ်ပါပြီ”
အဖိုးဝူမှ ကျိုးယန်ကို အသိပေးလာသည်။ အ ထူးတပ်ဖွဲ့ဝင်များ ကိုင်ရီရီဦးဆောင်သည့် ကျင့် ကြံသူများ အားလုံးတိုက်ပွဲအတွက် အသင့်ဖြစ် နေကြသည်။
“ကောင်းပြီ ဒီတိုက်ပွဲကို လက်နက်ကြီးတွေသုံး လို့မရနိုင်ဘူး ဒါကြောင့် အထူးသတိထားရမယ် ဖြစ်နိုင်ရင် ရန်သူ့ခေါင်းဆောင်တွေကို အလေး အနက်ထားပြီး ချေမှုန်းပါ”
ကျိုးယန်က အကုန်လုံးကို မှာကြားနေသည်။ လက်နက်ကြီးများကို တံတိုင်းပြင်ပ၌ ထားရှိရ သောကြောင့် အထဲမသွင်းနိုင်ခဲ့ပဲ စီးနင်းမှုတွင် လည်း သုံး၍ မရချေ။ မဟုတ်ပါက လီမင်းသား တို့ သတိပြုမိသွားနိုင်ပြိီး ယုတ်မာသည့်နည်းလ မ်းများအနေဖြင့် ပြည်သူများကို ကြားခံတခုအ သွင် သုံးနိုင်ချေရှိသည်။
မကြာမီ အထူးတပ်ဖွဲ့များနှင့် ကိုင်ရီရီဥိီးဆောင် သည့် ပညာရှင်များက စတင်လှုပ်ရှားလာကြသ ည်။ မိုးရာသီဖြစ်၍ မိုးလေများရောထွေးနေသ ည့် လေထု၌ တင်းကျပ်မှုများ ဖြစ်နေပြီး ထိုအ ရာက မကြာမီ သွေးချောင်းစီးတော့မည် လက္ခ ဏာဟု မည်သူမှ တွေးထင်ထားမည် မဟုတ်ပေ လီရှို့ချင်သည် ၎င်းနေထိုင်သည့် အိမ်တော်အ တွင်း၌ ရှိနေပြီး စစ်သူကြီးများ အင်အားစုခေါင် ဆောင်များနဲ့အတူ လီဧကရာဇ်မှ နန်းတွင်းစစ် သည်များ တပ်ကူပေးပို့မည့်အပေါ် ဆွေးနွေးနေ ကြသည်။
ထိုအင်အားစုသည် လီပြည်နယ်၏နောက်ဆုံးဝှ က်ဖဲတခုဖြစ်ပြီး ထိုသို့ထုတ်သုံးခြင်းက လီဧက ရာဇ်အနေဖြင့် ဖိအားပေးခံနေရသည်ဟု ဆိုလို နေသည်။ ဟုတ်ပေသည်။ လင်းတပ်ဖွဲ့များက စီ ရင်စုများကို ဖြတ်သန်းနေပြီး ခရိုင်နှစ်ခုထဲမှတ ခုကို ဝင်ရောက်ရန်ကြိုးစားနေသည်။ ထို့ကြော င့် အဓိက ဝှက်ဖဲဖြစ်သည့် အထူးနန်းတွင်းအင် အားစုကိုသာ ထုတ်မသုံးပါက အခြေနေမဟန် တော့ပေ။
“ခမည်းတော်က နန်းတွင်းစစ်သည်တဝက်ကို တုံမင်ခရိုင်ဆီပို့ပေးမယ်လို့ သတင်းပေးပို့လာ တယ် အဲ့ဒီစစ်သည်တွေက ခမည်းတော်အထူး အားကိုးရတဲ့ တပ်ဖွဲ့အင်အားစုတွေပဲ သူတို့သာ ရောက်လာရင် ကျုပ်ကတော့ တံတိုင်းပြင်ပက ကျိုးတပ်ဖွဲ့တွေကို ထိပ်တိုက်ရင်ဆိုင်မယ်လို့ တွေးထားတယ် ခင်ဗျားတို့အမြင်ကကော”
လီရှို့ချင်၏ အမေးကို စစ်သူကြီးများက
“သဘောတူပါတယ် အရှင်မင်းသား ဒီတိုင်းပိတ် မိနေတာက လီပြည်နယ်ရဲ့ ဂုဏ်သိက္ခာကိုကျဆ င်းစေပြီး မသင့်တော်လှပါဘူး တဖက်ရန်သူကို ရင်ဆိုင်နိုင်တဲ့ အခြေနေရှိလာမှတော့ ကျုပ်တို့ ဘာကိုကြောက်နေရမှာလဲ”
“ဟုတ်ပါတယ် မင်းသား အခုပြည်သူတွေက ကျုပ်တို့ကို မေးခွန်းထုတ်နေကြပြီ ကျိုးတပ်ဖွဲ့ တွေပိတ်ဆို့ထားတာကနေ ခရိုင်အတွင်း ဝမ်း ရောဂါပြန့်ပွားမှုကို မကုသနိုင်ပဲ ရှုပ်ထွေးစပြု နေတယ် ဒီတိုင်းငြိမ်နေတာထက် အဖြေတခုခုရ အောင် တိုက်တာက ပိုကောင်းပါတယ်”
စည်းဝေးမှုရှိ လူများက ခရိုင်အတွင်း ပိတ်ဆို့ခံ ထားရသည့် အခြေနေကို မလိုလားတော့ပဲ ကျိုး တပ်ဖွဲ့များကို ရင်ဆိုင်ရန် ပြောတိုလာကြသည်။ အထူးသဖြင့် အင်အားစုကြီးများက အဓိကတို က်ခိုက်လိုနေပြီး ဂုဏ်သိက္ခာကျဆင်းရမှုကို အ ဖက်ဆယ်လိုနေကြသည်။
“ကောင်းပြီ ခဗျားတို့ရဲ့ အတွေးတွေက ကျုပ်နဲ့ ခုချိန်ထိ တူညီနေတာကိုသိရတော့ ဝမ်းသာမိတ ယ် မကြာတော့ပါဘူး ခမည်းတော်ရဲ့ တပ်ကူ တွေလာတာနဲ့ ကျုပ်တို့အစီစဥ်စကြတာပေါ့”
လီရှို့ချင်က ထိပ်တိုက်ရင်ဆိုင်ရန် သဘောတူ လိုက်ပြီး သူသည်လည်း အများကဲ့ရဲ့ခံနေရသ ည်မဟုတ်လား။ တိုက်ပွဲသတင်းကို ကြားသိနေ ကြသည့် အခြားပြည်ထောင်စုများမှာ ကျိုးဧက ရာဇ်၏ လက်နက်ဆန်းများကို ကြောက်၍ လိပ် ခွံအတွင်း ခေါင်းဝှက်ထားသည့် လီပြည်နယ်ကို ဝေဖန်ပြေယဆိုနေကြလေပြီ။
“ရန်သူတွေဝင်လာပြီ ရန်သူ..ရန်သူ”
ထိုစဥ် ကျယ်လောင်သည့် အော်ဟစ်သံနဲ့အတူ မြို့ငယ်လေး၏ ဝင်ပေါက်၌ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည်။ သေချာသည်က ကျိုးယန်တို့ ၏ တပ်ဖွဲ့များ ဝင်ရောက်စီးနင်းချိန်တွင် တဖက် အစောင့်စစ်သည်များမှ သတိပြုမိသွားကာ သ တိပေးလိုက်ခြင်းဖြစ်သည်။
မထူးတော့ဘူး။ တိုက်ခိုက်ကြတော့။
ကျိုးယန်ဆီမှ အမိန့်ရသည်နှင့် အထူးတပ်ဖွဲ့ဝင် များက လီရှို့ချင်တို့ နေရာယူထားသည့် ဧရိယာ တဝိုက်ကို ဝိုင်းပတ်လိုက်ပြီး ထိုနေရာရှိစစ်သ ည်များကို တိုက်ခိုက်ကြတော့သည်။
“ဘာ ဘယ်ကရန်သူတွေ ဝင်လာတာလဲ”
လီရှို့ချင်တို့အဖွဲ့မှာ မှင်သက်နေကြပြီး ထိုသို့အ ခြေနေကို တွက်ဆထားခြင်းမရှိခဲ့ကြပေ။ တိုက် ပွဲက လျင်မြန်စွာပင် စတင်လာပြီး လေ့ကျင့်မှု ပြည့်ဝသည့် စနစ်၏အထူးတပ်ဖွဲ့များက တဖ က်သူများကို ကောက်ပင်ရိတ်သိမ်းသည့်နှယ် လမ်းကြောင်းတလျှောက် ဖောက်ဝင်သွားကြပြီ အလောင်းများက မြေပေါ်ပုံထနေခဲ့သည်။
ကိုင်ရီရီအနေဖြင့် ကျင့်ကြံသူများကို ဥိီးဆောင် ၍ တဖက်မှ အင်အားစုကျင့်ကြံသူများကိုရင်ဆို င်နေခဲ့သည်။ ညနက်အချိန်တွင် ကျယ်လောင် သည့် ထိတွေ့မှုများ ထွက်ပေါ်နေပြီး လျှပ်တပြ က်လှုပ်ရှားမှုကြောင့် အငိုက်မိသွားရသည့် လီ တပ်ဖွဲ့များမှာ အတုန်းအရုံးဖြစ်ကုန်ကြသည်။ထို အချိန်တွင် ကျိုးယန်က နောက်ထပ်အင်အားစု များကို အစီအရင်မှတဆင့် ပို့ဆောင်စေကာ တိုက်ပွဲနှင့်ကင်းလွှတ်သည့် နေရာများကိုအလျ င်အမြန် ထိန်းချုပ်စေသည်။
လီရှို့ချင်တယောက် တိုက်ပွဲကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့ပြီး သူ့ဘေးတွင် အထွဋ်အထိပ်အဆ င့် ကိုယ်ရံတော်၃ ဦးလည်း အတူရှိနေသည်။မ ကြာမီ မြင်ကွင်းထဲသို့ ကျိုးယန်တယောက်ဝင် ရောက်လာသည်ကို တွေ့သည်နှင့် လက်သီးကို ကျစ်နေအောင်ဆုပ်ကာ ကိုယ်ရံတော်များကိုအ မိန့်ပေးလိုက်သည်။
“ကျိုးဧကရာဇ်ကို အမိဖမ်းကြ အသေမသတ်နဲ့ အရှင်ဖမ်းမိတာ အကောင်းဆုံးပဲ”
ကိုယ်ရံတော်၃ဦးက ဦးခေါင်းကိုညိတ်၍ ကျိုး ယန်ရှိရာ ခုန်ဝင်လာကြသည်။ ရှုပ်ထွေးသည့် တိုက်ပွဲကို အာရုံရောက်နေသည့် ကျိုးယန်မှာ ကိုယ်ရံတော်၃ဦး ဝင်ရောက်လာသည်ကိုတွေ့ သည်နှင့် အလေးအနက်ဖြစ်သွားရပြီး ထိုလူမျာ ကိုရင်ဆိုင်ရတော့သည်။
ကိုယ်ရံတော်တဦးက ကျိုးယန်ရှိရာ လက်ဝါးရို က်ချက်တခု ရိုက်ထုတ်လာပြီး ထိုလက်ဝါးထဲ၌ လေနိယာမအချို့ပါဝင်ကာ ကြီးမားသည့်လက် ဝါးပုံရိပ်ကြီးက လျင်မြန်စွာတိုးဝင်လာသည်။ ကျိုးယန်က ထိုလက်ဝါးရိုက်ချက်ကို ရှောင်တိမ် လိုက်ချိန်၌ အခြားကိုယ်ရံတော်နှစ်ဦးကလည်း လက်နက်များ ဆွဲကိုင်၍ တိုက်ခိုက်လာသည်။
တိုက်ပွဲက သုံးယောက်တစ်ယောက်အနေထား ဖြစ်သွားခဲ့ပြီး ရှုပ်ထွေးနေသည့် အခြေနေကြော င့် အခြားသူများကလည်း ကျိုးယန်ကိုကူညီရန် မဖြစ်နိုင်တော့ပေ။ ဟမ့်.. တုံမင်ခရိုင်က မင်းရဲ့ အလောင်းမြုပ်နှံမယ့် နေရာပဲ။ လီရှို့ချင်တစ် ယောက် မဲ့ရွဲ့ကာ တီးတိုးပြောလိုက်သည်။ ကျိုး ယန်အနေဖြင့် အထွဋ်အထိပ်အဆင့်၌ ရှိသည် ကိုသိသော်လည်း အဆင့်တူ ၃ဦးကို ရင်ဆိုင်ရ သည်ကတော့ တူညီသည့်အနေထားမဟုတ်ပေ။
ကျိုးယန်က ကိုယ်ရံတော်များနှင့် တိုက်ခိုက်နေ ချိန်တွင် ကိုင်ရီရီဦးဆောင်သည့် အဖွဲ့က အင် အားစုအသီးသီးက ကျင့်ကြံသူများကို ရင်ဆိုင် နေရသည်။
ချွမ်!
ကျိုးယန်က ကိုယ်ရံတော်တဦးရဲ့တိုက်ခိုက်မှု ကို ဓားဖြင့်ကာဆီးလိုက်သည်။ အင်အားပြင်း တိုက်ခိုက်မှုကြောင့် အနည်းငယ်ထုံကျင်သွားရ သော်လည်း မပြောပလောက်ပေ။
“ငါ့ရဲ့ ဓားချက်တွေကို မြည်းကြည့်စမ်း”
အသူရာဓားချက်များ ထုတ်ဖော်ကာ ကိုယ်ရံ တော်များကို ဖိနှိပ်ရန်ကြိုးစားကြည့်သည်။ သို့ သော် တဖက်ရန်သူများက တိုက်ပွဲအတွေ့အ ကြုံ ကြွယ်ဝသူများဖြစ်သောကြောင့် ကျိုးယန် ကိုလှည့်ပတ် တိုက်ခိုက်နေပြီး အင်အားကုန်ခမ်း အောင် ပြုလုပ်နေကြသည်။
တိုက်ပွဲက နာရီအနည်းငယ်ကြာမြင့် လာချိန်၌ နှစ်ဖက်စလုံး ထိခိုက်မှုများ ရှိလာကာ ထိုအချိန် လီရှို့ချင်က တပ်ဖွဲ့အင်အားများကို အသုံးပြု၍ ဖိနှိပ်ရန်ကြိုးစားလာသည်။ ထို့ကြောင့် တိုက်ပွဲ အရှိန်က ကျဆင်းမသွားပဲ ညနက်မှစတင်သည့် တိုက်ပွဲက နောက်တနေ့မနက် ကူးသွားသော်လဲ အော်ဟစ်သံများ ကြိမ်းဝါးသံများ ပတ်ဝန်းကျ င်တခုလုံး ပြန့်နှံ့နေခဲ့သည်။
……………………………………………….