အခန်း (၂၂၀)
Vol. 15 Ch. 220
ကိုယ်ရံတော်၃ဦး၏ တိုက်ခိုက်မှုများက ပြင်းထ န်ပြီး ကျိုးယန်ကလည်း ထိုတိုက်ခိုက်ချက်များ ကို လွတ်အောင်ရှောင်တိမ်းရင်း ဓားချက်များပြ န်လည် ခုတ်ပိုင်းနေခဲ့သည်။ ဓားချက်တခုက လ က်ဝါးပုံရိပ်ကြီးကို ဖြတ်ပိုင်းသွားပြီးနောက် လေ ထုထဲသို့ ဆက်လက်တိုးဝင်ကာ အနီးရှိကိုယ်ရံ တော်တဦးထံ ရောက်ရှိသွားတော့သည်။
မဟုတ်ဘူး……။
အဆင့်တူ ပညာရှင်များကြား တိုက်ပွဲမှာ အများ အားဖြင့် အသေသတ်ရန် ခက်ခဲတတ်ကြပြီး ပ ကတိပညာရှင် အထွဋ်အထိပ်ဆင့် ပညာရှင်များ ဆိုလည်း နိယာမသဘောတရားများ ပိုင်ဆိုင်သူ များဖြစ်ကြ၍ ပိုမို ခက်ခဲပေသည်။ သို့ပေမဲ့ ကျိုးယန်အတွက်မူ ရိုးစင်းသည့် ဓားချက်တချ က်သာ လိုအပ်သည်။
အစောပိုင်းအချိန်တုန်းက တဖက်ရန်သူများ၏ နိယာမသဘောတရားကို လေ့လာလိုသောကြော င့် အချိန်ဆွဲတိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုတိုက် ပွဲမျှခြေ အပြောင်းအလဲကို မြင်လာရချိန်၌ အ ချိန်မဆွဲလိုတော့ပဲ အသူရာဓားချက်ရဲ့ ဒုတိယ ဓားကွက်ကို ချက်ချင်းအသုံးပြုလိုက်ခြင်းဖြစ် သည်။
ဓားချက်က ပထမကိုယ်ရံတော်ကို ထက်ပိုင်းဖြ တ်သွားချိန်တွင် အခြားကိုယ်ရံတော်နှစ်ဦးမှာ ထိတ်လန့်သွားကြတော့သည်။ အဆင့်တူသူကို ဓားချက်တချက်ဖြင့် သတ်ဖြတ်ခြင်း။ ထိုအရာ က သာလွန်သည့် ခွန်အား ပါရမီကိုပြသခြင်းဖြ စ်ပြီး ၃ယောက် ၁ယောက် တိုက်ခိုက်မှုအစောပို င်းက ကျိုးဧကရာဇ်သည် တမင် အချိန်ဆွဲခဲ့ပုံရ သည်။
ကိုယ်ရံတော်နှစ်ဦးမှာ တယောက်ကိုတယောက် ကြည့်၍ ခေါင်းညိတ်လိုက်ကြသည်။ တိုက်ပွဲမှ ရှောင်ပြေး၍ မရနိုင်မှတော့ အသေခံတိုက်ရန် သာ ရွေးချယ်ရတော့သည်။ ထို့ကြောင့် နှစ်ဦး သဘောတူညီမှု ရပြီးသည်နှင့် ချက်ချင်းပင်ပြင် ထန်သည့် နောက်ဆုံးတိုက်ကွက်များကို ဖော်ထု တ်လာကြတော့သည်။
“မီးတောက်ရန်စွယ်”
“ဒေါသနတ်ဆိုးရဲ့လက်သီး”
နီရဲသည့် မီးလုံးကြီးတခုက လေထုထဲ ဖြစ်တည် လာပြီး တဖက်တွင် ကြီးမားသည့် လက်သီးပုံရိ ပ်တခုကလည်း မီးလုံးကြီးနဲ့ဘေးချင်းယှဥ်လျ က်ထွက်ပေါ်လာသည်။
ဟမ့်..။ မီးတောက်နဲ့တိုက်တာ တဲ့လား။ ကျိုးယ န်က နှာခေါင်းရှုံ့လိုက်သည်။ ပြီးနောက် မီးလုံး ကြီးကို ဂရုမထားတော့ပဲ လက်သီးပုံရိပ်ကိုရင် ဆိုင်ရန် လက်ထဲရှိဓားအား ရင်ဘတ်အနီး၌ ကန့် လန့်ဖြတ်ထားရှိလိုက်သည်။ မီးလုံးက ကျိုးယန် ရှိရာ တိုးဝင်လာချိန်တွင် တဖက်၌ လက်သီးပုံရိ ပ်ကလည်း ကျယ်လောင်သည့် အော်မြည်သံနဲ့ အတူ လိုက်ပါလာသည်။
ထိုအရာက ဒေါသနတ်ဆိုးရဲ့ လက်သီးတိုက်ကွ က်ဖြစ်ပြီး လက်သီးတချက်၌ ခွန်အားအပြည့်ပါ ဝင်ပြီး လက်သီးထဲ၌ အခြေခံလက်သီးသဘော တရားများ ပါဝင်ထားသောကြောင့် လက်သီးချ က်တချက်ဟုသာ မြင်စေသော်လည်း တကယ် တမ်းရင်ဆိုင်ရာ၌ လက်သီးပေါင်းများစွာကို ရင် ဆိုင်ရသကဲ့သို့ ဖြစ်စေသည်။
“အရှင် အနိုင်ယူနိုင်ပါ့မလား”
ကိုင်ရီရီက သူမရဲ့စိတ်စွမ်းအင်ကို ဖြန့်ကျက်ရင် တိုက်ပွဲမြေပြင်ကို လေ့လာနေရင်းမှ ထိုအဖြစ် အပျက်ကို မြင်ချိန်၌ အနည်းငယ် စိတ်ပူသွားရ သည်။ သူမနည်းတူ အဖိုးဝူ ကျိုးလီ လော့ရှန်း ကျိုးယွမ် တောက်ချင် တို့သည်လည်း ထိတ်က နဲ ဖြစ်သွားကြပြီး ကိုင်ရီရီက သူမသာဆိုလျင် ထိုတိုက်ကွက်နှစ်ခုကို ရင်ဆိုင်ရန် ခက်ခဲမည်ဟု တွေးနေသည်။
တိုက်ပွဲ မြေပြင်တခုလုံး အချိန်တခဏ ရပ်တန့် သွားသည်။ မီးလုံးပုံရိပ်နဲ့ လက်သီးပုံရိပ်တို့က ဓားကိုင်ထားသည့် လူငယ်တဥိီးထံ တိုးဝင်နေပြီ အမှီလူငယ်၏ ပုံစံမှာ မည်သည့်အရာကိုမှဂရုမ စိုက်သည့် သွင်ပြင်မျိုးဖြင့် ထိုပုံရိပ်နှစ်ခုကိုစူးစို က်ကြည့်နေခဲ့သည်။
ရင်ဘတ်၌ ကန့်လန့်ဖြတ်ထားသည့် ဓားကိုတ ဖြေးဖြေး လှုပ်ရှားလိုက်သည်။ နေမီးဓားကွက် ၏ ပထမ၃ကွက်ကို နားလည်သဘောပေါက်နေ ပြီဖြစ်၍ ထုတ်သုံးရန် ပြင်ဆင်ခြင်းဖြစ်သည်။
“နေမီးဓားအသချေ”
ဓားဖျားက ပန်းပွင့်များ လေထဲကခုန်သည့်နှယ် လှုပ်ယမ်းနေပြီး ကကွက်များအဆုံး၌ မီးပန်းက လေးများ ထွက်ပေါ်လာကာ တစတစ စုစည်းနေ သည်။ ထိုစဥ် မီးလုံးပုံရိပ်က တိုးဝင်လာပြီး မီး ပန်းကလေးများကို ထိခတ်သွားသည်။
ဝုန်း…
မီးလုံးနဲ့ သေးငယ်သည့်မီးပွားကလေးများ ထိခ တ်မှုက ပတ်ဝန်းကျင်ကို တုန်ခါသွားစေပြီး တိုး ဝင်လာသည့် လက်သီးပုံရိပ်ကြီးကိုလည်း ကျိုး ယန်က ရိုးရှင်းသည့် လက်သီးချက်ထဲ၌ မီးသ န္ဓေသား၏ နိယာမကိုထည့်သွင်းကာ ထိုးချလို က်သည်။
ဟမ်…။ ဒီတိုင်း ခုခံလိုက်တာလား။ အကုန်လုံး က ကျိုးယန်တယောက် အပြင်းအထန်ဒဏ်ရာရ သွားမည်ဟု ထင်နေချိန်တွင် မထင်မှတ်ထားသ ည့်အဖြစ်အပျက်ကြောင့် မှင်သက်သွားကြရသ ည်။ အထူးသဖြင့် ကိုယ်ရံတော်နှစ်ဦးနဲ့ လီရှို့ချင် တို့ဖြစ်သည်။ အားအကောင်းဆုံး တိုက်ကွက် များ ချေဖျက်ခံလိုက်ရပြီးနောက် ၎င်းတို့လုပ်နို င်သည့် အတိုင်းအတာမှာ ကျော်လွန်သွားပြီဖြစ် သည်။
ဟမ့်…။ မင်းတို့အလှည့်ပြီးတော့ ငါ့အလှည်ပဲ။
နှာမှုတ်သံနဲ့အတူ ကျိုးယန်၏ပုံရိပ်က ထွက်ပေါ် လာသည်။ ညာဘက်လက်တွင် မီးတောက်များ လွှမ်းခြုံထားပြီး လက်သီး၌ သွေးများတစက်စ က် ကျဆင်းနေသောကြောင့် လက်သီးချင်းထိပ် တိုက်တွေ့ရာမှ အနည်းငယ် ထိခိုက်မိသွားပုံရှိသ ည်။
ကျိုးယန်က အသူရာဓားကွက်ကိုသာ ထုတ်ဖော် ရန်ဆုံးဖြတ်လိုက်ပြီး ပထမအတွဲ၏ နောက်ဆုံး ဓားကွက်ကို အသုံးပြုလိုက်သည်။ ကြီးမားသ ည့် ဓားအလင်းနှစ်ခု ဖြစ်တည်လာပြီး ခွန်အားရဲ့ ထက်ဝက်ခန့်ကို သုံးထားသောကြောင့် သာမန် အထွဋ်အထိပ်များ ရင်ဆိုင်ရန်မဖြစ်နိုင်ပေ။ ထ င်သည့်အတိုင်းပင် ကိုယ်ရံတော်နှစ်ဦးသည် ထို ဓားချက်မှာ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိပြီး ထိတ်လန့်သွားကြသည်။
မဖြစ်တော့ဘူး။ နောက်ပြန်ဆုတ်တော့။
ဒုတိယကိုယ်ရံတော်က တတိယကိုယ်ရံတော်ကို သတိပေးလိုက်ပြီး သူကိုယ်တိုင်လည်း အနော က်သို့ မီတာရာပေါင်းများစွာ ခုန်ဆုတ်သွားခဲ့သ ည်။ သို့သော်လည်း ဓားအလင်းနှစ်ခုက အသိ ဉာဏ်ရှိနေသည့်နှယ် လိုက်ပါလာပြီး မကြာမီ၌ အကုန်လုံး၏ အရှေ့၌ပင် ကိုယ်ရံတော်နှစ်ဦးကို ပိုင်းဖြတ်သွားတော့သည်။
“အား……”
လီရှို့ချင်သည် တကိုယ်လုံးတုန်ယင်နေပြီး စစ် ကူမရောက်ခင်ကပင် ၎င်းတို့မှာ ရှုံးနိမ့်သွားခဲ့ပြီ မဟုတ်လော။ တပ်ကူများရောက်လာလျက်လဲ အသုံးမဝင်တော့ပေ။ ကျိုးဧကရာဇ်က ၎င်းစီမံ သကဲ့သို့ တုံမင်ခရိုင်ကို အခိုင်အမာပြုလုပ်ထား ပါက တပ်ကူများ မည်ကဲ့သို့ ဖောက်ဝင်မည်နည် ထို့အပြင် လက်ရှိတိုက်ပွဲ ရှုံးနိမ့်မှုကြောင့် တပ်ဖွဲ့ အင်အားအများအပြား ဖမ်းဆီးခံရခြင်းက ရန် သူကို ရင်ဆိုင်ရန် အင်အားမလုံလောက်နိုင်ပေ။
ကိုင်ရီရီက အမြန်အသိဝင်လာပြီး အနီးရှိကျင့် ကြံသူများကို လျှပ်တပြက် ခုတ်ပိုင်းတော့သည် အချိန်အနည်းငယ်အတွင်း တိုက်ပွဲက ပြန်လည် စတင်လာပြီး အများစုမှာ လီမင်းသား၏ ကိုယ် ရံတော်၃ဦး ကျဆုံးမှုနဲ့အတူ စိတ်ဓာတ်ကျသွား ပြီးနောက် အညံ့ခံလာကြသည်။ အထူးသဖြင့် ကျင့်ကြံသူမဟုတ်သည့် တပ်ဖွဲ့ဝင်များဖြစ်ကြ ပြီး အင်အားစုများကမူ ခေါင်းမာစွာခုခံနေသော ကြောင့် ရှင်းလင်းရန်သာ ရွေးချယ်ရတော့သည်
………………………………………………….