← Chapters

အဆုံးသတ်

Vol. 15 Ch. 221

အဆုံးသတ်

Vol. 15 Ch. 221

နာရီအနည်းငယ် ကြာမြင့်ပြီးချိန်တွင် ကျိုးယန် ၏ တပ်ဖွဲ့များက ထိုနေရာတဝိုက်ကို ထိန်းချုပ် ထားလိုက်နိုင်သည်။ တဖက်တွင် ထွက်ပြေးရန် ကြိုးစားသည့် လီရှို့ချင်မှာ အဖိုးဝူ၏ ဖမ်းဆီခံ လိုက်ရပြီး အစီအရင်မှတဆင့် ယန်စီရင်စုကိုပို့ ဆောင်ခံလိုက်ရတော့သည်။

တိုက်ပွဲတွင် လီတပ်ဖွဲ့အများအပြား အညံ့ခံပူး ပေါင်းလာကာ နတ်ဓားဂိုဏ်း ဘုံကိုးဆင့်ဂိုဏ်း ကဲ့သို့ အင်အားစုများမှ အကြီးအကဲများမှာ ကျ ဆုံးသွားခဲ့ရသည်။ ထိုအတွက် အဆိုပါဂိုဏ်းမျာ ၏အဆင့်တန်းမှာ သေချာပေါက် ကျဆင်းသွား တော့မည် ဖြစ်သည်။

ကျိုးယန်က မြို့ငယ်လေးကို အလျင်အမြန်ထိန် ချုပ်စေပြီး ယင်ထန်းတို့ကို ဆက်သွယ်ကာ ခရို င်တခုလုံး၌ ဖြန့်ကျက်ထားသည့် လီတပ်ဖွဲ့များ ကို လော့ရှန်းဦး​ဆေင်သည့် တပ်ဖွဲ့များနဲ့အတူ စု စည်းစေသည်။ ခရိုင်အတွင်းရှိ ပြည်သူများမှာ တိုက်ပွဲကြောင့် ထိခိုက်မှု မရှိသလောက်နည်းခဲ့ ပြီး လီမင်းသား အဖမ်းခံရပြီး စစ်သူကြီးများ အင်အားစုအကြီးအကဲများ သေဆုံးသွားသည့် အတွက် အများစုမှာ သိသာစွာပင် အညံ့ခံလာခဲ့ ကြသည်။

ထိုအတွက် တုံမင်ခရိုင်ကိုသိမ်းပိုက်ခြင်းက အ ချိန်တိုအတွင်း ပြီးဆုံးသွားခဲ့ပြီး တိုက်ပွဲမြေပြင် ကို ရှင်းလင်းစေကာ တံတိုင်းအပါအဝင်နေရာ အများစုကို တပ်ဖွဲ့များ ထပ်မံ ဖြန့်ကျပ်လိုက်ပြီ ယင်ထန်း၏ တောင်းဆိုမှုကြောင့် ဝမ်းရောဂါကို ထိန်းချုပ်ကုသရန် အဖိုးဝူအား မှာကြားလိုက်သ ည်။

လင်းယုယန်သည် တုံမင်ခရိုင်တိုက်ပွဲကို ကြား သိပြီးနောက် အားတက်သရောဖြစ်သွားရကာ ကျန်ခရိုင်တခုကို အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်တော့သည်။ သေချာသည်က ခုခံရန် အင်အားမလုံလောက်သည်က တကြောင်း တို က်ပွဲစတင်ကတည်းက တောက်လျှောက်ရှုံးနိမ့် နေခဲ့၍ စိတ်ဓာတ်ကျနေသည့် စစ်သည်များက မခုခံနိုင်ကြတော့ပဲ စီရင်စုများ အဆက်မပြတ် သိမ်းပိုက်ခံလိုက်ရပြီး တလကျော်အတွင်း၌ပင် မြို့တော်ချွမ်းမှ လွဲ၍ ကျန်ဒေသများမှာ ကျိုး ယန်၏ လက်အောက်သို့ ကျရောက်သွားရတော့ သည်။

လီဧကရာဇ်၏ နန်းတွင်း၌လည်း အင်အားစုအ သီးသီးက ဘက်ရွေးရန် ဆုံးဖြတ်လာကြပြီးခေါ င်းမာသည့် လီဧကရာဇ်ကို ဖြုတ်ချပြီးနောက် ဧ ကရာဇ်တပါး တင်မြှောက်ကာ ကျိုးဧကရာဇ်နဲ့ စေ့စပ်ဆွေးနွေးလိုသည့် အရိပ်အယောင်များပြ သလာကြသည်။

သို့သော် ကျိုးယန်က ရက်အနည်းငယ်အတွင်း၌ ကြေငြာချက် ထုတ်ပြန်လိုက်သည်။ ကြေငြာချ က်ထဲတွင် လီပြည်ထောင်စု၏ ကျိုးနဲ့လင်းပြည် ထောင်စုနှစ်ခုအပေါ် မဟုတ်မမှန် ဖိအားပေးသ ည့် ကိစ္စများပါဝင်ပြီး စစ်ပွဲစတင်ရသည့်ကိစ္စအ မှန်ကို အများအား သိစေသည်။ ထိုလုပ်ရက်က ကျိုးယန်၏ အမြင်ကို သိသာစေပြီး ကျိုးယန် သည် မည်သည့်အတွက်နဲ့မှ နောက်ပြန်ဆုတ်မ ည်မဟုတ်ပဲ လီပြည်နယ်ကို သိမ်းပိုက်မည့်ပုံစံ ဖြစ်သည်။

တွက်ဆထားကြသည့် အတိုင်းပင် ပြည်ထောင် စု တွေ့ဆုံပွဲမစတင်မီ တနှစ်အလို၌ လီပြည်နယ် သည် ကျရှုံးသွားရကာ လီဧကရာဇ်သည်လည်း ထိမ်းသိမ်းခံလိုက်ရတော့သည်။ ကျိုးယန်က လီပြည်နယ်ကို အုပ်ချုပ်ရန် ကျိုးလီကို ဘုရင်ခံ အဖြစ်သက်မှတ်ပေးခဲ့ပြီး ယန်စီရင်စုကိုမူ ကျိုး ပြည်နယ်ထဲသို့ ပေါင်းထည့်လိုက်သည်။

လင်းဧကရာဇ်သည် နယ်စပ်ဒေသကို ရရှိလိုက် ပြီး ထိုဒေသများမှ သတ္တုတွင်းများ ကျောက်ရိုင် တွင်းများပါ ရလိုက်၍ အမြတ်ထွက်သည်ဟု ယူဆနိုင်သည်။ အခြားပြည်ထောင်စုများသည် ကျိုးဧကရာဇ်၏ လုပ်ရက်ကို တခွန်းတပါဒမှ ပြောဆိုခြင်း မရှိကြချေ။

အ​ခြေအနေများ တည်ငြိမ်သွားချိန်တွင် ကျိုးယ န်ထံမှ လက်နက်ကြီးနည်းပညာများကို အလိုရှိ နေခဲ့ပြီး ကျိုးယန်ကလည်း ထိုနည်းပညာများအ တွက် ပြည်ထောင်စုတွေ့ဆုံပွဲ၌ တွေ့ဆုံဆွေးနွေး မည်ဟု ထုတ်ပြန်လိုက်သည်။

လနည်းငယ် ကြာမြင့်ပြီးချိန်တွင် အခြေနေများ တည်ငြိမ်သွားသည်။ ထို့နောက် မူလသက်မှတ် ထားသည့် မိဖုရားတင်မြှောက်ခြင်းကို စတင် လာကြပြီး ကျိုးပြည်သူပြည်သားများသည် ထို ပွဲအတွက် အားခဲနေကြသည်။ ဟုတ်ပေသည် နောက်ထပ် မထင်ထားသည့် အဖြစ်အပျက်က လင်းဧကရာဇ်သည် ကျိုးယန်၏လက်အောက် သို့ ဝင်ရောက်လာပြီး လင်းယုယန်ကို ဒုတိယမိ ဖုရားအဖြစ် ဆက်သလာခြင်းဖြစ်သည်။

ထိုသတင်းက ဗုံးတလုံးနှယ် ပေါက်ကွဲထွက်သွာ ခဲ့ပြီး ကျိုးယန်သည်လည်း ဆွံ့အနေခဲ့သည်။ ငြ င်းပယ်ရမည်လား။ မဟုတ်သေး ထိုအပြုအမူ က လက်အောက်ခံများက အညံ့ခံရာတွင် အသုံ ပြုသည့် နည်းလမ်းဖြစ်ကာ ကျိုးယန်သည် လင်းပြည်ထောင်စုကို သိမ်းပိုက်ရန် စိတ်မဝင် စားခဲ့ပေ။

သို့သော်လည်း ဟွာမုန့်ယင် စုယင်တို့နဲ့အတူ ကျိုးယင်ချင်းကိုယ်တိုင်က လင်းယုယန်ကိုသ ဘောကျနေသည့်အတွက် လက်ခံရန် တိုက်တွန် လာကြပြီး လီပြည်နယ်ကို တိုက်ခိုက်သကဲ့သို့ အခြားပြည်နယ်တခုအား တိုက်ခိုက်စရာမလိုပဲ ရရှိစေခြင်းက အကျိုးမယုတ်ဟု ဆိုကြသည်။

အမှန်လည်း အမြတ်ထွက်သည့် အရာသာဖြစ် သည်။ လင်းယုယန်မှာ လင်းပြည်နယ်၏ ရတ နာဖြစ်ပြီး ထိုရတနာကို ရလိုက်ခြင်းက လင်းပြ ည်နယ်တခုလုံးကို ရလိုက်တာနဲ့တူညီသည်။

နှစ်ဝက်ခန့် ကြာမြင့်ပြီးချိန်တွင် ကျိုးပြည်နယ် ၏ နန်းတော်အတွင်း၌ ကြီးမားသည့် မဂ်လာပွဲ တခုကျင်းပခဲ့သည်။ ထိုမဂ်လာပွဲတွင် ကျိုးယန် က မီဖုရားနှစ်ပါး ယူခဲ့ရပြီး ကျိုးယင်ချင်သည် မြစိမ်းရောင်ဘွဲ့အမည်ဖြင့် မိဖုရားဖြစ်လာပြီး လင်းယုယန်က သက်တန့်ဉာဏ်တော် ဘွဲ့အမည် ဖြင့် မိဖုရားဖြစ်လာခဲ့သည်။

မိဖုရားတပါးစီအတွက် ဘွဲ့အမည်လိုက် နန်း ဆောင်များ ဆောက်လုပ်စေပြီး တဆက်တည်း တွင် စုယင်နှင့် ကိုင်ရီရီတို့ကို ဧကရာဇ်၏ ကိုယ် လုပ်တော်များအဖြစ် သက်မှတ်လိုက်သည်။ ပေါက်တဲ့နဖူး မထူးတော့ချေ။

ကျိုးယန်၏ မဂ်လာပွဲမှာ ၇ရက်တိုင်တိုင်ကြာမြ င့်ခဲ့ပြီး ကျိုး လီ လင်း ပြည်နယ်သုံးခုစလုံးက အားတက်သရော ပါဝင်ဆင်နွဲခဲ့ကြသည်။ အထူ သဖြင့် မဂ်လာပွဲနေ့ကို ပြည်နယ်သုံးခု၏ တရား ဝင်အားလပ်ရက်အဖြစ် သက်မှတ်စေကာ ထိုနေ့ ၌ မဂ်လာပွဲပြုလုပ်ပါက အစိုးရမှ ကုန်ကျစရိတ် ကို တဝက်ကျသင့်ခံပေးမည်ဖြစ်သည်။

ကျိုးယန်သည် ကျယ်ဝန်းသည့် ခန်းမဆောင်အ တွင်း ထိုင်နေခဲ့ပြီး မထင်မှတ်ပဲ မိန်းမနှစ်ယော က် ရရှိခဲ့ခြင်းကို မယုံနိုင်ဖြစ်နေသေးသည်။ အ တိအကျဆိုလျင် ၄ဦးဖြစ်သည်။ စုယင်နှင့်ကိုင် ရီရီတို့သည် နန်းတော်၌ နန်းဆောင်သီးသန့်မရ သော်လည်း ကျိုးယန်၏ အဆောင်၌ နေထိုင်ခွ င့် ရှိသည်။

ကျိုးယင်ချင်းနှင့် လင်းယုယန်တို့သည် ခန်းမအ တွင်း အတူရှိနေကြပြီး ငြိမ်သက်နေသည့် ကျိုး ယန်ကို တချက်တချက် ငေးကြည့်နေကြသည်။ ကျိုးယန်က မပျော်ရွှင်သည့် အမူအရာဖြစ်နေ သည်ဟု သူမတို့ထင်နေသည်။

“မောင်တော်..”

ကျိုးယင်ချင်း၏ အသံကြောင့် အတွေးများနေ သည့် ကျိုးယန်တယောက် အသိဝင်လာပြီးလှ ည့်ကြည့်လိုက်သည်။ ကျိုးယင်ချင်းသည် တိုက် ပွဲဆာလောင်သည့် စစ်သူရဲမလေးတဦးဖြစ်ကာ သူမ၏ပုံစံက ကိုင်ရီရီ ကျောက်ဝမ်အာတို့ကဲ့သို့ မလှပသော်လည်း ပြင်းထန်ကျွတ်ဆတ်သည့် အသွင်ပြင်က ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင် နိုင်စွမ်းအပြည့်ဖြစ်သည်။ တဖက်တွင် လင်းယု ယန်မှာ သိမ့်မွေ့သည့် အလှလေးဖြစ်သည်။ပ ညာတတ် ယဥ်ကျေးသူလေးဖြစ်ပြီး ဉာဏ်ပညာ ကြီးရင့်မှု၏ လက္ခဏာဖြစ်သည့် တည်ငြိမ်မှုပုံစံ ကို အတိုင်းသားမြင်နိုင်သည်။

တဦးမှာ ခက်ထန်းည့်အလှလေးဖြစ်ပြီး တဦးမှာ နူးညံ့သည့် အလှလေးဖြစ်သည်။ ဆန့်ကျင်ဖက် အလှတရားနှစ်ခုကို ပိုင်ဆိုင်ထားရ၍ ကံကောင် သည်လား မပြောတတ်တော့ချေ။ ကျိုးယန်က သူမတို့ကို အသာပြုံးပြလိုက်သည်ါ မဂ်လာဦး ညလည်း ရောက်လာပြီဖြစ်၍ အချိန်ကျလာ လေပြီ။

၇ရက်တိုင်တိုင် ဧည့်သည်များစွာကို တွေ့ဆုံဧည့် ခံနေရသောကြောင့် သူမတို့၏ပုံစံမှာ ပင်ပန်းနေ ပုံရသည်။ အထူးသဖြင့် မကျင့်ကြံနိုင်သည့် လင်းယုယန် ဖြစ်သည်။ ကျိုးယန်က ထိုင်ရာမှ ထ၍ သူမတို့၏ လက်တဖက်စီအား ဆွဲကိုင်ကာ မဂ်လာခန်းမထဲသို့ ဝင်ရောက်သွားတော့သည်။ ခက်ထန်သည့် စစ်သူရဲမလေးမှာ အနည်းငယ် တုန်ယင်နေပြီး လင်းယုယန်ကမူ တည်ငြိမ်ဟန် ဆောင်နေခဲ့သည်။

သူမသည် လီရှို့ချင်ကို ငြင်းပယ်ခဲ့ပြီး ကျိုးယန် ကိုမူ ချွင်းချက်မရှိ လက်ခံခဲ့သည်။ ထိုအရာက ကျိုးယန်၏ စိတ်ဓာတ်ကိုသဘောကျလက်ခံနိုင် သောကြောင့်ဖြစ်ပြီး ကျိုးယန်သည် သူမ၏စံ နှုန်းများနဲ့ ကိုက်ညီသည်ဟု မှတ်ယူထားသည်။ မကြာမီ ကျယ်ဝန်းသည့် မဂ်လာအိပ်ဆောင်အ တွင်းသို့ ရောက်ရှိသွားသည်။ စုယင်နဲ့အတူ အ တွေ့အကြုံရှိထားခဲ့သော်လည်း ယခုကဲ့သို့မဂ် လာဦးညကို ကြုံချိန်၌ စိတ်လှုပ်ရှားနေခဲ့သည်။

ကျိုးယန်က သူမတို့ကို ကြီးမားသည့် ကုတင် ကြိီးပေါ်၌ ထိုင်စေသည်။ ပြီးနောက် နှစ်ယောက် စလုံးကို အသာအယာထွေးပွေ့လိုက်တော့သည်

…………………………………………………

All Chapters