← Chapters

အင်အားကြီးသုံးခု ဆန့်ကျင်ခြင်း

Vol. 81 Ch. 1131

အင်အားကြီးသုံးခု ဆန့်ကျင်ခြင်း

Vol. 81 Ch. 1131

ရှီမာယူယူသည် စက္ကူလိပ်ကိုထုတ်ပြီး ကြည့်လိုက်သည်။ စက္ကူလိပ်ပေါ် တွင် လူအနည်းငယ်သာရှိတော့သည်ကို သိလိုက်ရသည် “ကျုံကျန်းမျိုးနွယ် ကလူတွေအသက်ရှင်သေးတာလား” ရှောင်ချီ မေးလိုက်သည်။

“ငါတို့ ကျွန်းကထွက်တော့ သူတို့အားလုံးသေပြီလို့ မျောက်ဝံအိုကြီး ပြောတယ်” ရှီမာယူယူ ပြောလိုက်သည် “မင်းက သင်္ဘောခေါင်းခန်းမှာဆို တော့ သူပြောတုန်းကမရှိလို့ မသိတာ”

“သြော် အဲတော့ သူတို့အားလုံးသေကုန်ပြီပေါ့ လက်စားချေဖို့အချိန် တောင်မရှိလိုက်ဘူး” ရှောင်ချီသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလေ သည်။

“မင်းမှာ ချင်ယိရှိနောကို တိုက်ခိုက်နေချင်သေးတာ ဘာလဲ ချင်ယိက မင်းကို မစီမံနိုင်ဘူးလား” ဟန့်မြောင်ရွှမ် စနောက်လိုက်သည်။

“အစ်မမှာ စီနီယာရှိနေတာတောင် ပါးစပ်ကထက်နေတုန်းပဲနော် ဘာလဲ အစ်မရဲ့စီနီယာက မစီမံနိုင်ဘူးလား” ရှောင်ချီသည် ချက်ချင်းပင် ပြန်ချေပ လေသည်။

“အာ…”

ဟန့်မြောင်ရွှမ်သည် သတိလစ်မတတ်ပင်။ ဒီလို မြန်မြန်တုန့်ပြန်တတ် အောင် ဒီကောင်မလေး ဘယ်တုန်းကသင်လိုက်တာလဲ။ သူမကို စနောက်ချင် ရုံပဲကို မြန်မြန်ပဲ စကားလှည့်ပစ်တယ်။

ရှောင်ချီသည် ဟန့်မြောင်ရွှမ်၏ အမူအရာကိုမြင်သောအခါ တိုက်ပွဲနိုင် သည့် ပုံစံနှင့် ရှီမာယူယူဘေးသို့သွားကာ မေးလေသည် “ယူယူ အခုဘယ် သွားကြမလဲ”

“မင်းနှာခေါင်းနဲ့ အနံ့ရှုကြည့်ပါလား ထူးခြားတဲ့သားရဲတွေများရှိမလား လို့” ရှီမာယူယူ ပြောလိုက်သည်။

“မရဘူး ရှောင်ချီက ခွေးမဟုတ်ဘူး” ရှောင်ချီ ဟွန့်ခနဲလုပ်လေသည်။

“မင်းက ခွေးလေးအတိုင်းပဲကို” ရှီမာယူယူသည် ရယ်မောရင်း ပြောလေ သည် “လုပ်ပါ စမ်းကြည့်လိုက်”

“မုန်းလိုက်တာ ယူယူ့ကို မခေါ်တော့ဘူး” ရှောင်ချီသည် သူမနှင့် ထပ်ပြီးမပြောတော့ဘဲ ချင်ယိဆီသို့ ပြေးသွားလေသည်။

“ဟားဟား”

လူတိုင်းရယ်မောကြလေသည်။ သူမသည် အနည်းငယ်အရွယ်ရောက် လာသော်လည်း သူမ၏ အကျင့်သည်မှာတော့ အရင်အတိုင်းပင်။

ရှီမာယူယူသည် အိမ်မက်လေးကိုကြည့်ပြီး ပြောလိုက်သည် “အိမ်မက် လေး ငါတို့ လူများတဲ့နေရာတချို့ကိုသွားမယ် နတ်ဆိုးမျိုးနွယ်က ကောင်တွေ နဲ့ တွေ့နိုင်မလားဆိုတာကြည့်ပါဦး မင်းရဲ့ရန်သူကိုတွေ့မယ်ဆိုရင် လက်စားချေဖို့ကူပေးမယ်”

အိမ်မက်လေးသည် အတိတ်မှသူမကို တွေးလိုက်သောအခါ တုန်ယင် လာသည်။ သူမ ခေါင်းညိတ်လေသည်။ သူမသာ သူတို့နှင့်တွေ့မည်ဆိုလျှင် ရှင်းပစ်ဖို့တွေဝေနေမည်မဟုတ်ပေ။

ရှီမာယူယူသည် စက္ကူလိပ်ကိုထုတ်ကြည့်ပြီး အစက်အများဆုံးရှိသည့် နေရာကို ရှာလိုက်သည်။ သူမသည် ဟာစွန်ကိုဆင့်ခေါ်ပြီး အားလုံးကို ထို နေရာသို့ခေါ်သွားလိုက်သည်။

သူတို့သည် ရက်အနည်းငယ်ပျံသန်းရသည်။ သို့သော် မည်သူနှင့်မှ မတွေ့ပေ။ သူတို့သည် အလောင်းတချို့ကိုသာတွေ့ရလေသည်။

“သူတို့သေတာ ရုပ်ပျက်ဆင်းပျက်ပဲ နတ်ဆိုးမျိုးနွယ်တွေလုပ်တာနဲ့တူ တယ် နတ်ဆိုးရောင်ဝါတချို့ အပေါ်မှာရှိနေသေးတယ်” သူတို့သည် ခန္ဓာကိုယ်များကို စစ်ဆေးပြီးနောက် သုံးသပ်လိုက်သည်။

အိမ်မက်လေးသည် ထိုအလောင်းများကိုကြည့်ပြီး တစ်ကိုယ်လုံး အေးခဲ သွားသည်။

“အိမ်မက်လေး ဘာဖြစ်လို့လဲ” ပန်းလေးသည် သူမ အင်္ကျိလက်ကို ဆွဲလေသည်။

အိမ်မက်လေးသည် အလောင်းများဘေးသို့ပျံသွားပြီး စိတ်အားထက်သန်စွာ နှာရှုတ်လိုက်သည် “ဒါက နတ်ဆိုးဝံပုလွေမျိုးနွယ်ရဲ့ ရောင်ဝါပဲ”

“နတ်ဆိုးဝံပုလွေမျိုးနွယ် အဲတုန်းက မျိုးနွယ်တွေထဲက တစ်ခုမလား” ရှောင်ချီ မေးလိုက်သည်။

“အင်း ငါ့ကိုစမ်းသပ်ထဲမှာ သူတို့ကအများဆုံးပဲ သူတို့အနံ့ကို ငါ ဘယ်တော့မှမေ့မှာမဟုတ်ဘူး” အိမ်မက်လေးသည် လက်သီးကိုကျစ်ကျစ်ပါ အောင်ဆုပ်ုလကိသည်။ ချုပ်တည်းထားမှုကြောင့် သူမ တစ်ကိုယ်လုံးသည် တုန်ယင်နေသည်။

ရှီမာယူယူသည် သူမဘေးသို့သွားပြီး ရင်ခွင်ထဲသို့ထည့်ဖက်လိုက် သည်။ သူမသည် အိမ်မက်လေး၏ ဆံပင်ကိုနူးညံ့စွာပွတ်သတ်ပြီး ပြောလိုက် သည် “မင်းအခု လုံခြုံနေပါပြီ”

“အဲလူတွေဒီရောက်နေမှတော့ သူတို့ကိုရှာပြီး မင်းကိုယ်စားလက်စား ချေရမယ်” ရှောင်ချီ ပြောလိုက်သည်။

“ဟုတ်တယ်”

“အိမ်မက်လေး အခုသူတို့ဘယ်မှာလဲဆိုတာ အာရုံရလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

အိမ်မက်လေးသည် ရှီမာယူယူ၏ ရင်ခွင်ထဲမှ ထွက်ကာ ခေါင်းရမ်းလေ သည်။

“ငါ စမ်းကြည့်မယ်” ရှီမာယူယူသည် စက္ကူလိပ်ထုတ်ကာ ဒဏ်ရာပေါ် တွင်ဝှေ့နေသော နတ်ဆိုးရောင်ဝါကို ဝိညာဉ်စွမ်းအင်ဖြင့် ယူပြီး စက္ကူလိပ် ပေါ်တင်လိုက်သည်။ စက္ကူလိပ်ပေါ်တွင် အစက်ဖျော့ဖျော့ အနည်းငယ် ပေါ်လာသည်။

“ဒီစက္ကူလိပ်က အသုံးဝင်တာပဲ” ဟန့်မြောင်ရွှ်သည် တအံ့တသြအော် လေသည် “ကောင်းလိုက်တဲ့ ရတနာပဲ ဂျူနီယာညီမလေး ဒီပစ္စည်းကိုဘယ်က ရလာတာလဲ”

“စီနီယာအစ်ကိုလင်းယူ ပေးထားတာ” ရှီမာယူယူပြောလိုက်သည်။

ပညာရှိစံအိမ်တော်မှ မြင့်မြတ်သောသားတော်ဖြစ်ကာ အရင်နတ်ဆိုး  ဘုရင်တစ်ယောက်အနေနှင့် ထိုပစ္စည်းမျိုးပိုင်ဆိုင်ရသည်မှာ မထူးဆန်းလှ ပေ။

“အနောက်မြောက်ဘက်” ရှောင်ချီသည် အနက်အစက်များ ပြွတ်အုံသောနေရာသို့ ညွှန်ပြလေသည် “ယူယူ အဲဒီကိုသွားရအောင်”

ရှီမာယူယူသည် အနီးအနားတွင် အစက်အနည်းငယ်ကိုမြင်သောအခါ ပြောလိုက်သည် “အဲဒီမှာက တခြားနေရာထက် ပိုများတယ် အဲဒီမှာစုနေကြ တာပဲ”

“ကြည့်ရတာ အဲနေရာမှာ ရတနာတစ်မျိုးမျိုးရှိမယ်ထင်တယ်” စူးရှောင်ရှောင် ပြောလိုက်သည်။

ရှီမာယူယူသည် စက္ကူလိပ်ကိုသိမ်းပြီးပြောလိုက်သည် “အဲလိုဆိုမှတော့ သွားကြည့်ကြတာပေါ့”

ဟာစွန်သည် သူတို့ကိုတင်ကာ ရက်အနည်းငယ်ပျံသန်းပြီးနောက်တွင် ထိုနေရာနှင့် တဖြည်းဖြည်းနီးလာသည်။ ဘေးကင်းရန်အတွက် ရှီမာယူယူ သည် နီရဲပျားများကို သတင်းထောက်လှမ်းရန် လွှတ်ထားလိုက်သည်။

လျင်မြန်စွာပင် လူအများစုဝေးနေသည်ဟူသော သတင်းနှင့် နီရဲပျားများ သည် ပြန်လာသည်။ သို့သော် ထိုလူများသည် ရတနာရှာခြင်းအတွက် မဟုတ်ဘဲ တည်နေရာကိုလုံခြုံစေရန်အတွက်ဖြစ်သည်။

တည်နေရာကို လုံခြုံအောင် ဟုတ်လား။

အားလုံးသည် ထိုသတင်းကြောင့် အံ့သြကြလေသည်။ ထိုအံ့ဖွယ်နေရာ တွင် စက္ကန့်တိုင်းသည် အရေးကြီးသည်။ ဒါပေမဲ့ အဲလူတွေက မတော်တဆ တွေ့ကြုံမှုကို ရှာဖွေရန်မဟုတ်ဘဲ တခြားသူတွေနဲ့ တိုက်ခိုက်ဖို့လား။

သို့သော် ထိုနေရာတွင် သန်မာသောလူများစွာရှိသဖြင့် နီရဲပျားများ သည် အနီးကပ်သွားမရပေ။ ထို့ကြောင့် ဘာတွေဖြစ်နေသည်ကို သူတို့ မသိ နိုင်ပေ။

“ဟိုဘက်သွားပြီးကြည့်ရအောင်”

ပိုပြီးသိသာရန်တွက် သူတို့အဖွဲ့သည် ဟာစွန်ပေါ်မှဆင်းပြီး လမ်းလျှောက်ရန်ဆုံးဖြတ်လိုက်သည်။ ဟာစွန်သည် လူသားအသွင်ပြောင်းပြီး သူတို့နောက်လိုက်လေသည်။

“ဒီမှာ နတ်ဆိုးမျိုးနွယ်ရောင်ဝါ ထူတယ်”

“တစ္ဆေမျိုးနွယ်ရောပဲ” ချင်ယိ ပြောလိုက်သည်။

“လူသားတွေ နတ်ဆိုးနဲ့ တစ္ဆေတွေ တိုက်ခိုက်ကြမှာလား” ရှောင်ချီ သည် ထိုကဲ့သို့မြင်ကွင်းကို အလွန်ရင်းနှီးနေသည်။

“ပျားတွေက ငါတို့ရှေ့မှာ အနီးကိုမသွားရဲကြဘူး အခုအခြေအနေက ဘယ်လိုဖြစ်နေလဲမသိဘူး အကုန်လုံးပဲ သတိထားနေကြ” ရှီမာယူယူ ပြော လိုက်သည် “အဲဒါက… ရှောင်ချီ ချင်ယိကို ဝိညာဉ်စေတီထဲခေါ်သွားလိုက်”

ချင်ယိသည် သာမန်လူမဟတု်ပေ။ ကျွမ်းကျင်သူများသာ သိသွားပါက ရှီမာယူယူအတွက် ပြဿနာများစွာ ဖိတ်ခေါ်လိုက်သလိုပင်။ ယခုအချိန်တွင် သူမတစ်ယောက်တည်းဖြစ်ကာ အသည်းကွဲတောင်ကြားမှလူများရှိမနေပေ။ တစ်ခုခုဖြစ်လျှင် ပြဿနာတက်နိုင်သည်။

“ကောင်းပြီ ချင်ယိ ဝင်ရအောင်” ရှောင်ချီ ပြောလိုက်သည်။

ချင်ယိသည် ထိုအဖြစ်အပျက်ကိုစိတ်မဝင်စားသဖြင့် ရှောင်ချီနောက် လိုက်ကာ ဝိညာဉ်စေတီထဲသို့သွားလိုက်သည်။

ရှီမာယူယူနှင့် တခြားသူများသည် အရှေ့သို့ ဖြည်းဖြည်းချင်းလျှောက် သွားလိုက်သည်။ တောင်ကြားတစ်ခုကိုဖြတ်ပြီးနောက်တွင် လူများဟိုတစ်စု သည်တစ်စုရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် တောင်ထိပ်နှင့် တောင်ကြားများတွင် ရှိနေကြသည်။ နေရာတစ်ခုလုံးသည် လူများဖြင့် ပြည့်နေသည်။

ထို့အပြင် အဝေးမှ တောင်ကြားတစ်ခုတွင်လည်း လူများရှိနေကြသည်။ နတ်ဆိုးမျိုးနွယ်မှ လူများဖြစ်သည်။ တစ်ဖက်တွင်တော့ တစ္ဆေမျိုးနွယ်သည် တောင်ထိပ်အနည်းငယ်တွင်ရှိနေသည်။

လူသား၊ နတ်ဆိုး တစ္ဆေ… အဲဒီ အုပ်စုသုံးခုက ထောင့်သုံးထောင့်မှာ မျက်နှာချင်းဆိုင်ထားကြတယ်။

ကျွမ်းကျင်သူတစ်ချို့သည် သူတို့ရောက်ခြင်းကို အာရုံခံမိကာ လှည့်ကြည့်ကြလေသည်။ သူတို့သည် သာမန်လူအဖွဲ့ဖြစ်သည်ကို မြင်သည် နှင့် အာရုံမစိုက်ကြပေ။

ရှီမာယူယူနှင့် တခြားသူများသည် အဝေးရှိတောင်ကြားသို့လာလိုက်ကြ သည်။ ထိုနေရာသည် မြင့်မားကာ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင် လေသည်။

သို့သော် လူများလွန်းသဖြင့် မျက်နှာချင်းဆိုင်မှ တစ္ဆေမျိုးနွယ်သာ သူတို့ကိုမြင်ရလေသည်။

သူတို့ ရှီမာယူယူ၏ မျက်နှာကိုမြင်သောအခါ မျက်နှာချင်းဆိုင်မှ သူတို့ သည် မှင်တက်သွားကြလေသည်။

“အဲဒါက…”

“အဲဒါမင်းသမီးမဟုတ်ဘူးလား”

“မဖြစ်နိုင်တာ အဲဒါသေချာပေါက် လူသားမျိုးနွယ်ဖြစ်နေတာကို”

ဒိကျဲ့သည် ရှီမာယူယူကိုမြင်သောအခါ သူ့ခန္ဓာကိုယ်သည် တုန်ယင် လာသည်။

“တစ္ဆေသခင် အဲဒါ သူမမဟုတ်ဘူးလား”

ဘာလို့ ဘာလို့ အဲလောက်ရင်းနှီးနေတဲ့ပုံပေါက်နေတာလဲ။

တစ္ဆေသခင်သည် ရှီမာယူယူကိုမြင်ရသည်။ သူမ၏ မိန်းကလေး အသွင်အပြင်သည် အမှန်တကယ်ပင်အမှောင်မင်းသမီးနှင့် ဆင်တူလေ သည်။

“သူမပဲ အရင်က သူမဝိညာဉ်ကို တံဆိပ်ရိုက်ထားတာရှိတယ် ဒါပေမဲ့ အဲဒါကို တစ်ခုခုကဖိနှိပ်ထားလို့ အဲလောက်လွယ်လွယ်ကူကူ ခံစားလို့မရဘူး”

“တစ္ဆေသခင် သူမက ဘာလို့အဲလောက် ရင်းနှီးနေရတာလဲ” ဒိကျဲ့ သည် ရှီမာယူယူကို မိန်းကလေးအသွင်ကိုမြင်ပြီးနောက် ရင်းနှီးနေသည်ဟု ခံစားရလေသည်။

“အမှောင်မင်းသမီးက လူသားလောကကိုသွားတုန်းက လူသား တစ်ယောက်နဲ့ ဆက်ဆံရေးကောင်းခဲ့တယ် ပြီးတော့ ဘယ်သူ့ရဲ့ သဘောတူ ညီချက်မှမပါဘဲ လက်ထပ်ခဲ့တယ် ပြီးတော့ သူတို့ ကလေးတစ်ယောက်ရခဲ့ တယ်…”

***

All Chapters