← Chapters

အခန်း (၂၂၂)

Vol. 15 Ch. 222

အခန်း (၂၂၂)

Vol. 15 Ch. 222

ကျိုးယန်၏ မဂ်လာပွဲက ၇ရက်ကြာစည်ကားသို က်မြိုက်စွာ ပြီးဆုံးသွားခဲ့ပြီးနောက် ဧကရာဇ်တ ပါး၏ တနေ့တာအစီစဥ်များ ပြန်လည်စတင် လာခဲ့တော့သည်။ ရက်ပိုင်းအတွင်း ပြည်နယ်အ တွင်းရှိ အင်အားစုများကို စုစည်းစေပြီး ၎င်းတို့ ကိုအချက်အလက်များ ကောက်ခံစေကာ နန်း တွင်း၌ ထိမ်းသိမ်းထားစေသည်။

ထိုသို့ပြုလုပ်ရခြင်းက လီဧကရာဇ်၏ အဖြစ်ကို သိမြင်ပြီးနောက် ပြည်နယ်အတွင်းရှိ အင်အားစု များမှာ နှစ်ဖက်သွားဓားများဖြစ်ကြောင်း သူသိ လိုက်သည်။ ထိုအတွက် သေချာထိန်းချုပ်ရန် လိုသည်။ ကျိုးယန်၏ အစီစဥ်များက အစီစဥ် တကလည်ပတ်နေခဲ့ပြီး စုန့်ပြည်ထောင်စုသာမ က ဟုန် ဝူ နဲ့ ယန်ပြည်ထောင်စုများနဲ့ပါ နီးကပ် သည့်ဆက်ဆံရေးများ တည်ဆောက်လာနိုင်ခဲ့ သည်။

ဟုတ်ပေသည်။ ကျိုးယန်က မော်တော်ကားနည် ပညာကို မျှဝေပေးခဲ့ပြီး စက်ရုံများပူးပေါင်းပြု လုပ်ပြီး ခေတ်မီလက်နက်များ နည်းပညာမြင့် ထုတ်ကုန်များကို ထုတ်လုပ်လာသည်။ ထို့အပြ င် ကျိုးယန်က အချိန်တခုကြာ တည်ငြိမ်နေသ ည့် ဂိုဏ်းအသစ်ကိုလည်း မေ့မထားခဲ့ပေ။

လွန်ခဲ့သည့်ရက်အနည်းငယ်က တောင်ရဲတောင် ကြောအတွင်း လှုပ်ရှားမှုများပြန်လည် ဖြစ်ပေါ် လာသည်ဟု မြို့တော်အသစ်မှ သတင်းပို့လာ၍ အစီအရင်ကျောက်ကိုသုံးကာ အစီအရင်ကိုပြင် ဆင်ရမည့်ကိစ္စအတွက် အချိန်မဆွဲလိုတော့ပေ။ ထို့ကြောင့် နောက်တဖန် သားရဲတောင်ကြောသို့ သွားရန် ကိစ္စပေါလာပြီး ဒီတခါတွင်တော့ အဖိုး ဝူနဲ့ကိုင်ရီရီအပါအဝင် အစောင့်စစ်သည်၂၀ခန့် သာ ခေါ်ဆောင်သွားခဲ့သည်။

သူ့၌ နောက်ထပ်အရေးကြီးကိစ္စတခု ရှိပါသေး သည်။ ထိုအရာက မိုးကြိုးအပြစ်ဒဏ် ခံယူရန် ဖြစ်ပြီး သားရဲတောင်ကြောကိုမဝင်ခင် ထိုကိစ ကိုပြုလုပ်လိုခြင်းကြောင့် စနစ်၏ဆုလာဘ်ဖြစ် သည့် ပထမအသွင်ပြောင်းခြင်း ဖြစ်သည့် ကိစ္စ ကို ဆိုင်းငံ့ထားခဲ့ရသည်။

ရက်အနည်းငယ်ကြာပြီးနောက် ကျိုးယန်တို့အ ဖွဲ့က မြို့တော်အသစ်မှနေ၍ အနောက်ဘက်ဒေ သအတွင်းရှိ သားရဲတောင်ကြောရှိရာသို့ ထွက် လာခဲ့သည်။ လမ်းတလျှောက် မည်သည့်အနှော င့်အယှက်မှ မဆုံခဲ့ပဲ သားရဲတောင်ကြောနှင့် မီ တာရာဂဏန်းအကွာမှာတော့ ကျိုးယန်ကအကု န်လုံးကို ယာယီစခန်းချစေပြီး ကိုင်ရီရီ၏အကူ အညီဖြင့် မိုးကြိုးအပစ်ဒဏ်ခံယူရန် ပြင်ဆင်ရ တော့သည်။

ကျိုးယန်၏လက်ရှိခွန်အားက ပထမအသွင် ပြောင်းခြင်းများကို ရင်ဆိုင်နိုင်ပြီး ဒုတိယအသွ င်ပြောင်းခြင်းအဆင့်များက သူ့ကိုသတ်ရန်ခက် ခဲသည်။ ကျိုးယန်သာ ပထမအသွင်ပြောင်းခြင် ဖြစ်သည့် အရိုးနဲ့အရေပြားများကို သန့်စင်နိုင်ခဲ့ ပါက တတိယအသွင်ပြောင်းခြင်းအဆင့်တောင် သူ့ကို မသတ်နိုင်တော့ပေ။ ခွန်အားက အဆမျာ စွာတိုးလာခြင်းဖြစ်သည်။ သိထားရမှာက အသွ င်ပြောင်းခြင်း တဆင့်နဲ့တဆင့်ကြား ကွာဟချ က်မှာ ကြီးမားခြင်းဖြစ်သည်။

သာမန်လူများအနေဖြင့် စစ်သည်တော်အဆင့်၌ အဆင့်ကျော်တိုက်ခိုက်နိုင်သည်။ ထို့အပြင်ပါရ မီရှင်များက သိုင်းပညာရှင်အဆင့်၌ အဆင့်ခုန် တိုက်ခိုက်နိုင်သည်။ သို့သော်လည်း ပကတိရှင် သန်ခြင်းအဆင့်၌ အဆင့်ကျော်တိုက်ခိုက်နိုင်စွ မ်းက ထူးကဲပြီး ရှားပါးကာ အသွင်ပြောင်းခြင်း အဆင့်တွင်တော့ မဖြစ်နိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် အရိုး အရေပြား အတွ င်းချီ ဒန်တျန် စသည့် ကျင့်ကြံသူတဦးရဲ့အရာ အားလုံးက အင်မော်တယ်အရာများ ဖြစ်သွားပြီ ထိုအရာများကြားက ကွာဟမှုက မိုးနဲ့မြေလိုပင် ဖြစ်သည်။ ပထမအသွင်ပြောင်းခြင်းက ခန္ဓာကို ယ်ကို သန်မာစေပြီး သာမန်ကောင်းကင်အဆင့် လက်နက်များက တိုးမပေါက်တော့ပေ။ ထိုအ ချက်က ဗာဂျရာကျင့်စဥ် တတိယအဆင့်နဲ့ညီမျှ သည်။

ထို့အပြင် ကျိုးယန်သာ အသွင်ပြောင်းခြင်းအ ဆင့်ကိုရောက်ပါက ဗာဂျရာဒုတိယတွဲကို ကျင့် ကြံနိုင်ပြီး သာမန်အင်မော်တယ်များထက် သန် မာသည့် ရုပ်ပိုင်းဆိုင်ရာကို ပိုင်ဆိုင်နိုင်မည်ဖြစ် သည်။ ထိုအရာကို ကျိုးယန်က အထူးမျှော်လ င့်နေသည်။

မကြာမီ ပတ်ဝန်းကျင်တခုလုံးကို စစ်ဆေးပြီး နောက် အသင့်ဖြစ်သွားချိန်၌ စနစ်မှဆုလာဘ် ကိုထုတ်ယူလိုက်သည်။ များပြားသည့်ချီဓာတ် များက ဒန်တျန်ထဲတိုးဝင်လာပြီး အချို့ကသွေး ကြောများကို ဖြတ်သန်းစီးဆင်းကာ ခန္ဓာကိုယ် ကမူလထက်ပို ကြီးထွားလာသည်ဟု ခံစားနေရ သည်။ ထိုစဥ် ကြည်လင်သည့် ကောင်းကင်က မှောင်အတိကျလုနီးပါး ဖြစ်သွားခဲ့ပြီး လျှပ်စီး များ စတင်ထွက်ပေါ်လာသည်။

မိုးကြိုးအပြစ်ဒဏ်ဆိုတာ ဒါလား။

ကျိုးယန်က ကောင်းကင်ကိုမော့ကြည့်ပြီး တီး တိုးရေရွတ်လိုက်သည်။ ကျင့်ကြံခြင်းက ကော င်းကင်ကို လွန်ဆန်ခြင်းဖြစ်ပြီး ထိုအရာကိုတား မြစ်သည့် ကောင်းကင်ကြောင့် ကျင့်ကြံသူအ များစုမှ အသွင်ပြောင်းခြင်းအဆင့်၃ဆင့်၌ သေ ဆုံးသွားကြရခြင့းဖြစ်သည်။

အချိန်တိုအတွင်း လျှပ်စီးကြောင်းများက စုဝေး လာပြီး ကျိုးယန်က ထိုအရာကို ခန္ဓာကိုယ်သ က်သက်ဖြင့် ခုခံရန်စဥ်းစားလိုက်သည်။ အကြေ ာင်းမှာ ဗာဂျရာကျင့်စဥ်ကြောင့် ဖြစ်သည်။

ကျိုးယန်တယောက် အသင့်ပြင်နေချိန်တွင် အ ဖိုးဝူနဲ့ကိုင်ရီရီတို့က စိုးရိမ်တကြီးကြည့်နေခဲ့ကြ ပြီး လှုပ်ခတ်နေသည့်အခြေနေကို သားရဲများသ တိမပြုမိစေရန် ပတ်ဝန်းကျင်ကို စစ်သည်များ အား စောင့်ကြပ်စေသည်။

ဝုန်း..

ကြီးမားသည့် လျှပ်စီးကြောင်းတခုက ကျိုးယန် ကို ထိုးစိုက်လာသည်။ တကိုယ်လုံးလျှပ်စစ်ဖြင့် အနှိပ်ခံလိုက်ရသလို ဖြစ်သွားပြ်ီး အရေပြားမှာ ပေါက်ပြဲကုန်သည်။ ချီးပဲ… နာတယ်ဟ။

ကျိုးယန်က တီးတိုးညည်းတွားလိုက်ပြီး ဗာဂျ ရာကျင့်စဥ်ကိုသာ ခပ်စိပ်စိပ် လှည့်ပတ်လိုက်သ ည်။ ထိုအတွက် နာကျင်မှုက လျော့ပါးသွားပြီး ခန္ဓာကိုယ်အတွင်း တိုးဝင်နေသည့် လျှပ်စီးဓာ တ်က အရိုးနဲ့အရေပြားများထဲ ရောက်ရှိသွားသ ည်။

ဝုန်း….

ဒုတိယတချက်…ကောင်းကင်ပေါ်၌ မီတာထော င်ပေါင်းများစွာ ကျယ်ဝန်းသည့်တိမ်မဲများဖြစ် နေပြီး လျှပ်စီးကြောင်းများက ကြောက်မက်ဖွ ယ်ကောင်းစွာ ဖြစ်ပေါ်နေသည်။ ဒုတိယတချက် တွင်တော့ ကျိုးယန်အတော်ခံစားလိုက်ရသည်။ အရိုးကိုတိုက်ရိုက် သန့်စင်သည့်အတွက် ခန္ဓာ ကိုယ်ရှိ အရိုးများ တပြိုင်နက်ကျိုးကြေသည့်နှ ယ်ခံစားရသည် မဟုတ်လား။

မှတ်တမ်းများအရ ပါရမီရှင်များသည် အသွင် ပြောင်းချိန်၌ မိုးကြိုးအပြစ်ဒဏ်ကို ၃ကြိမ်ခံယူ ရသည်ဟု အဖိုးဝူ မှတ်ထားဖူးသည်။ ယခုနှစ် ကြိမ်ရှိပြီး ဖြစ်ပြီးကောင်းကင်က ကြည်လင်မ ည့်အရိပ်အယောင်ပင် မပြသေးပေ။ သေချာသ ည်က ကျိုးယန်က ပါရမီရှင်ဖြစ်၍ အနည်းဆုံး ၃ကြိမ်တော့ ခံရနိုင်သည်။

ဝုန်း..ဝုန်း…

တတိယနဲ့ စတုတ္ထအချက်များ ကျရောက်လာချိ န်မှာတော့ ကျိုးယန်တယောက် သွေးများပင်အ န်ထုတ်လိုက်ရတော့သည်။ မိုးကြိုးကပြင်းထန် လွန်ပြီး ထိုအရာကိုတောင့်ခံရန် ခက်ခဲနေသည်။

တောင့်ခံထား အရှင် နောက်တချက်ပဲ…။

ကိုင်ရီရီက မသိစိတ်ထဲ ကျိုးယန်တယောက်အ နည်းဆုံး ၅ကြိမ်တော့အပစ်ခံရမည်ဟု တွေးမိ ပြီး လက်သီးကိုကျစ်နေအောင်ဆုပ်ကာ မသိစိ တ်မှ အားပေးနေမိသည်။ လေထဲတွင်မူ ကျိုးယ န်တယောက် တင်ပျဥ်ခွေထိုင်နေပြီး ပုံစံကလည် စုတ်ပြတ်သပ်နေသည်။ သွေးများ တတောက် တောက်ကျဆင်းနေပြီး အရေပြားများက ပေါ က်ပြဲနေကာ အတွင်းမှအရိုးဖြူဖြူများကိုပင် အချို့နေရာများ၌ မြင်နေရသည်။ အလွန်ပြင်း ထန်သည့် မိုးကြိုးအပစ်ဒဏ်ဖြစ်သည်။

………………………………………………

All Chapters