← Chapters

ပထမအသွင်ပြောင်းခြင်း

Vol. 15 Ch. 223

ပထမအသွင်ပြောင်းခြင်း

Vol. 15 Ch. 223

နောက်ဆုံးတချက်ကို တောင့်ခံရန်ပင် မသေချာ တော့ဟု ခံစားနေရသည်။ မဖြစ်ဘူး ငါ့စိတ်ထဲ သိနေတယ် တချက်ပဲ နောက်ဆုံးတချက်ပဲ ငါဒီ နေရာမှာ သေသွားလို့မဖြစ်ဘူး။

ကျိုးယန်က အံကိုတင်းတင်းကြိတ်၍ ကောင်း ကင်ကိုမော့ကြည့်ကာ စိန်ခေါ်လိုက်သည်။

“လာခဲ့စမ်း မင်းပဲငါ့ကိုတားနိုင်မလား ငါပဲကျော် ဖြတ်နိုင်မလား ကြည့်ကြသေးတာပေါ့”

မိုးကြိုးများက ကျိုးယန်၏စကားကို နားလည် သည့်နှယ် ကြောက်မက်ဖွယ်အသံများ ထုတ်လွှ တ်လာပြီး မကြာမီ လူတယောက်နီးပါးထူထဲသ ည့် လုံးပတ်များရှိသည့် မိုးကြိုးများစွာက တိမ် စိုင်များအထက်၌ စုဝေးလာသည်။ ပြီးနောက်

အုန်း…. နောက်ဆုံးတချက်..။

သောက်ကျိုးနည်း လူစကားနားလည်တယ်ဟ။

ထိုအရာက ကျိုးယန်တယောက် နောက်ဆုံးအ ဖြစ်တွေးလိုက်သည့် အရာသာဖြစ်ပြီး အဆုံးသ တ်မိုးကြိုးအပစ်ခံရပြီးနောက်မှာတော့ သတိလ စ်သွားကာ လေထဲမှ ပြုတ်ကျသွားတော့သည်။ ခန္ဓာကိုယ်တခုလုံး အဝတ်အစားပင်မရှိတော့ပဲ မိုးကြိုးပစ်ချက်ကြောင့် စုတ်ပြတ်သပ်နေသည့် ပုံစံက ဒဏ်ရာအပြင်းအထန်ရသွားပုံပင်။

သို့သော် စိတ်အတွင်းမှာတော့ ကျိုးယန်ကသတိ ရှိနေပြီး ဗာဂျရာကျင့်စဥ် ဒုတိယတွဲကို လေ့ကျ င့်နေခဲ့သည်။ ဒုတိယအတွဲ၌လည်း အဆင့်၃ဆ င့်ပါဝင်ကာ အသွင်ပြောင်းခြင်း ၃ဆင့်အတွက် ဖြစ်နိုင်သည်။ ကျိုးယန်တယောက် သတိလစ် နေစဥ်၌ ကိုင်ရီရီနဲ့အဖိုးဝူက ချီမသွားပြီး ရွက် ဖျင်တဲတခုအတွင်း၌ အနားယူစေသည်။

ဟူးး အရှင်က နောက်ဆုံးတော့ အင်မော်တယ် လမ်းကြောင်းပေါ် ရောက်သွားပြီပဲ။

ကိုင်ရီရီက ကျိုးယန်၏ အသွင်ပြင်ကိုကြည့်၍ သက်ပြင်းချလိုက်သည်။ မြွေမျိုးနွယ်ဘိုးဘေး မှာ အထူးတာဝန်အတွက် ကျိုးယန်ကိုကူညီရန် မှာကြားခဲ့ပြီး ကျိုးယန်က ဒီလောက၏အုပ်ချု ပ်သူဖြစ်လာရန် ကူညီရမည်ဖြစ်သည်။ ထိုအတွ က် လီပြည်နယ်ကို သိမ်းပိုက်ခြင်းဖြစ်ပြီးနောက် ထပ်ခြေလှမ်းများက စစ်ပွဲများဖြစ်နေမည်ကိုစိုး ရိမ်နေမိသည်။

ဖြစ်နိုင်လျင် စစ်ပွဲများမလိုချင်ပေ။ သူမ မသိ သည်က ကျိုးယန်ကိုယ်တိုင်ကလည်း တိုက်ခို က်ရခြင်းကို မနှစ်သက်သောကြောင့် နည်းပညာ ဖြင့် သြဇာလွှမ်းမိုးသည့် ခေတ်သစ်နိုင်ငံရေးန ည်းလမ်းကို သုံးနေခြင်းဖြစ်သည်။ ထိုအရာ၏ သက်ရောက်မှုက လင်းပြည်နယ်ကိုရလိုက်သ ည့် အဖြစ်က သက်သေပင်။

လင်းယုယန်မှာ ကျိုးယန်၏ မိဖုရားဖြစ်လာပြီး လင်းပြည်နယ်သည် လီပြည်နယ်နှင့်မတူညီစွာ လက်အောက်ခံခဲ့သောကြောင့် ကျိုးပြည်နယ်၏ ခွန်အားက မေးခွန်းထုတ်စရာပင် မလိုတော့ပေ။ ၎င်းအခြေနေများကို တွက်ဆမိသည့် အခြားပြ ည်နယ်များက ကျိုးယန်ကို ဖားလျားလာကြပြီး ဆက်ဆံရေးကောင်းမွန်စေရန် အားထုတ်လာ ကြသည်။ ဟုတ်ပေသည် ကျိုးယန်ကလည်း ထို သူများကို လိူက်လျောညီထွေဆက်ဆံခဲ့ပြီး မ တိုးမလျှော့နည်းဖြင့် ပြည်ထောင်စုများကို တစ တစချယ်လှယ်ရန် ကြိုးစားနေခဲ့သည်။

ဥပမာ ဖွဲ့ဖြိုးဆဲပြည်နယ်များအား ငွေကြေးနဲ့အ ရင်းအမြစ်များ ထုတ်ပေးခြင်း စက်မှုနည်းပညာ များ မျှဝေခြင်းနဲ့ အခြားပြည်နယ်များ၌ လက် အောက်ခံအင်အားစုများ တိတ်တဆိတ်မွေးမြူ ခြင်းတို့ဖြစ်သည်။ မည်သူက ထင်မှတ်ထားခဲ့မ ည်နည်း မိမိပြည်နယ်အတွင်းရှိ အင်အားစုများ က ကျိုးဧကရာဇ်လက်အောက်ခံများ ဖြစ်နေပြီး အကူညီရယူကာ သူလျှိုလုပ်မည်ဟု တွေးမိကြ မည်မဟုတ်ပေ။

သေချာသည်က ထိုအပြုအမူကို အင်အားကြီး ပြည်နယ်များအပေါ် မစမ်းသပ်ခဲ့ပေ။ ဥပမာစုန့် ပြည်နယ်အပေါ်တွင် ဖြစ်သည်။ ချီရီရှင်းနှင့်ဆ က်ဆံရေး ကောင်းမွန်မှာက စုန့်နဲ့ကျိုး ပြည်နယ် နှစ်ခုကြား ရေရှည်လမ်းကြောင်းတခုဖြစ်တည် လာပြီး မကြာမီ အဝေးပြေးလမ်းမများဖောက် လုပ်ကာ ပြည်ထောင်စုနှစ်ခုကြားဆက်သွယ်ရေ အား တိုးမြင့်နိုင်တော့မည်ဖြစ်သည်။

သိပ်မကြာမီ ပြည်ထောင်စုတွေ့ဆုံပွဲ ရောက်လာ ပါက ပြည်ထောင်စုများအတွင်း ကြံဆချက်မျာ ကို သိနိုင်တော့မည်။ ထိုအချိန်ရောက်လျင် အ ဖြူအမဲ သဲကွဲကာ လိုအပ်သည့်ပြည်နယ်များအ ပေါ်သိမ်းသွင်းပြီး မလိုအပ်ပါက ရှင်းထုတ်ရမ ည်ဟု တွက်ဆထားသည်။

ကျိုးယန်၏ ဒဏ်ရာက ထင်ထားသလောက်မ ပြင်းထန်ပေ။ သစ်သန္ဓေသားက ကုသနိုင်ခဲ့ပြီး ၃ရက်အတွင်း၌ မူလအခြေနေကို ပြန်လည်ရော က်ရှိသွားတော့သည်။ ထူးခြားလာသည်က ကျို ယန်၏ အရိုးများက သန်မာလာပြီး တကယ့်အ င်မော်တယ်များနဲ့ မယှဥ်နိုင်သော်လည်း အင် မော်တယ်နီးပါး မာကြောသွားခြင်းဖြစ်သည်။ ကျိုးယန်က ကောင်းကင်အဆင့်ဓားမြှောင်ဖြင့် အရေပြားကို ခြစ်ကြည့်သည်။ အရာပင်မထင် တော့ပေ။

“အရှင် ခရီးဆက်ထွက်ဖို့ အသင့်ဖြစ်ပါပြီ”

ကိုင်ရီရီမှ လာရောက်ပြောကြားသည်။ ကျိုးယ န်က ခေါင်းညိတ်ပြလိုက်ပြီး

“ကောင်းပြီ မကြာမီ တကယ့်အန္တရာယ်တောထဲ ဝင်ရတော့မယ် စစ်သည်တွေကို ဂရုစိုက်ဖို့ပြော ထားပါ နောက်ထပ် ဂိုဏ်းအသစ်ကလူတွေနဲ့ တွေ့နိုင်ချေရှိတယ်”

ကျိုးယန်စကားအဆုံး၌ ကိုင်ရီရီက ပြန်လည် ထွက်ခွာသွားခဲ့ပြီး မကြာမီတဖွဲ့လုံး ထိုနေရာမှ စတင်ထွက်ခွာတော့သည်။ သားရဲတောင်ကြော သည် ကီလိုမီတာပေါင်းများစွာ ရှည်လျားပြီး အဆင့်မြင့်သားရဲများ ရှိနေခြင်းကြောင့်ကျော် ကြားသည်။ အန္တရာယ်နဲ့အတူ အရင်းအမြစ်မျာ က တန်ဖိုးကြီးပြီး ကျင့်ကြံသူတဦးရဲ့လမ်းစဥ် က ဓားသွားပေါ်လျှောက်ရခြင်းပင်။

သာမန်ကျင့်ကြံသူအနေဖြင့် နောက်ခံမရှိပါက ဂိုဏ်းတခုခုကို ဝင်ရောက်ရမည်ဖြစ်ပြီး ထိုဂိုဏ် များကို မဝင်ရောက်ပါက ပြင်ပ၌ အရင်းအမြစ် များအား အသက်နဲ့ရင်း၍ ရှာရမည် ဖြစ်သည်။ ဂိုဏ်းများမှာ တင်းကြပ်ပြီး များသောအားဖြင့် ပါရမီရှင်များအပေါ်တွင်သာ အားစိုက်ထုတ်ကြ သောကြောင့် အချို့ကျင့်ကြံသူများက ဂိုဏ်းအ တွင်းသို့ မဝင်ရောက်ချင်ကြပေ။

မည်သို့ပင်ဆိုစေကာမူ ပါရမီကအရေးပါပြီး ထို အရာသာလုံလောက်စွာ ရှိပါက မည်သည့်နေရာ တွင်မဆို ဘုရင်တပါးနှယ် အရင်းအမြစ်များ အ သင့်ရယူနိုင်သည်။ ကျိုးယန်ကန် လီပြည်နယ်နှ င့် တိုက်ပွဲ၌ ရတနာများစွာ ရခဲ့ပြီး ထိုအရာများ ကို တိုက်ပွဲ၌ ပါဝင်ခဲ့သူများအား ပေးဝေခဲ့သည် အတိအကျပင် ရွှေစများစွာလည်း ပါဝင်သည်။

ထိုအတွက် အင်အားစုများမှာ ကျေနပ်ကြပြီး အထူးသဖြင့် နန်းတွင်းမှ အမတ်များ စစ်သူကြီး များမှာ ကျိုးယန်ကိုပို၍ လေးစားလာကြသည် ကျိုးယန်က တကယ့်ဧကရာဇ်တပါး၏ ပုံစံကိုမှ ခေတ်သစ်နိုင်ငံရေး အမြင်ဖြင့် ထိန်းချုပ်နေခြင် ဖြစ်သည်။ အင်အားစုများ၏ အချက်အလက် များကို သိမ်းယူခြင်း။ ပြည်နယ်၏ အခြေခံစား သောက်ကုန်များအား အစိုးရဌာနများမှ ထိန်း ချုပ်ထားခြင်း စသည့် အဓိကအရာများစွာကို ထိန်းထားခြင်းက ကျိုးယန်၏နောက်ကျောကို အတန်ငယ် လုံခြုံမှုရှိစေသည်။

ကျင့်ကြံရေးလောကမှာ သာမန်လောကများနဲ့ ကွာခြားသည်။ မတူညီသည့် ဒေသများ အမြင် များ ခွန်အားကသာ အဓိကကျသည့်နေရာတွင် ဥပဒေများ ထုတ်ပြန်ခြင်းက ရူးနှမ်းရာကျသော် လည်း ကျိုးယန်ကထိုအရာများကို ဖြစ်မြောက် အောင်လုပ်သည်။

ကျင့်ကြံသူများအတွက် စည်းမျဥ်းများချမှတ် ခဲ့ပြီး သေမျိုးပြည်သူများအပေါ် တိုက်ခိုက်သ တ်ဖြတ်ခြင်းအား ယတိပြတ်တားမြစ်က အပြင် ထန်ဆုံး ပြစ်မှုအဖြစ် ထားရှိစေသည်။ ထို့အပြင် ပြည်နယ်၏ ပညာရေးကိုလည်း အောက်ခြေမှစ ကိုင်တွယ်၍ ခွန်အားနည်းတူ အသိဉာဏ်ပညာ ၏ အရေးပါပုံကို မျှဝေစေသည်။ ထို့ကြောင့် ကျိုးပြည်နယ်၏ တိုးတက်မှုက အရှိန်ဟုန်ဖြင့် ရှိနေပြီး ဆန်းသစ်တီထွင်မှုများ အလတ်စားစီး ပွားရေး လုပ်ငန်းများ စသည့်အရာများအပေါ် ကျိုးယန်က ရင်းနှီးမြုပ်နှံပြီး အစိုးရပိုင်အဖြစ် သက်မှတ်သည်။

ထိုနည်းလမ်းဖြင့် ခေတ်မီနည်းပညာများဖြင့်ဆ က်စပ်သည့် ထုတ်ကုန်အသစ်များကို ကျိုးယန် က အလွယ်တကူ သိမ်းယူနိုင်ပြီး အရာအားလုံး မှာ အစိုးရ၏ ခေါင်းစဥ်အောက်မှ ပြန်လည်ထွ က်ခွာသွားရသည်။ ထိုအရာက အာဏာရှင်စနစ် ဆန်သော်လည်း နူးညံ့သည်ဟု ထင်စေသည်။

ကျိုးယန်က သားရဲတောင်ကြောအတွင်းသို့ စူး စ်ိုကကြည့်လိုက်သည်။ တိုးများလာသည့် စိတ်စွ မ်းအင်နဲ့ပင် အတွင်းသို့ အပြည့်အဝ မစူးစမ်းနိုင် ပေ။ သားရဲတောင်ကြောက ကမ္ဘာငယ်လေးများ ဖြစ်နေမလားဟု ရံဖန်ရံခါ အတွေးဝင်မိသော်လဲ ထိုအရာက မဖြစ်နိုင်ဟု တွေး၍ ပယ်ချလိုက်သ ည်။ ကျိုးယန်တွင် ကမ္ဘာမြေပေါ်၌ အမွေအနှစ် တခုကြောင့် ကမ္ဘာငယ်လေးတခု ရဖူးသည်မဟု တ်လား။

…………………………………………………

All Chapters