← Chapters

လှိုဏ်ဂူအတွင်းနောက်တကြိမ်

Vol. 15 Ch. 224

လှိုဏ်ဂူအတွင်းနောက်တကြိမ်

Vol. 15 Ch. 224

ရက်အနည်းငယ်ကြာပြီး နောက်မှာတော့ မူလ နေရာဖြစ်သည့် လှိုဏ်ဂူရှိသည့် ကျောက်သား တောင်နားသို့ရောက်လာကြသည်။ ထိုအချိန်ထိ မည်သည့် အဆင့်မြင့်သားရဲကိုမှ မတွေ့ကြုံခဲ့ပဲ အများအားဖြင့် အဆင့်၂ သားရဲအုပ်များသာဖြ စ်သည်။ ထိုအနေထားကို စစ်သည်များကပင် ကိုင်တွယ်နိုင်ပေသည်။

ကျိုးယန်မသိသည်က အဆင့်မြင့်သားရဲများမှာ အသိဉာဏ်မြင့်မားပြီး ၎င်းတို့မနိုင်သည့်ရန်သူ အပေါ် အတင်းတိုက်ခိုက်သည့် အကျင့်မရှိကြ ခြင်းဖြစ်သည်။ ကျိုးယန်၏ ခွန်အားမှာ အမြင် ၌ပင် ဤသားရဲတောင်ကြောအတွင်း၌ ပြိုင်ဘ က်ဖြစ်နိုင်သည့် သားရဲမှာ မရှိသလောက်ပင်။

ကျိုးယန်က အဖိုးဝူနဲ့ စစ်သည်များကို တောင် ခြေတွင် စောင့်ဆိုင်းစေပြီး သူကတော့ကိုင်ရီရီနဲ့ အတူ လှိုဏ်ဂူရှိရာသို့ တက်သွားခဲ့သည်။ ပထမ အကြိမ်ကလမ်းကြောင်းအတိုင်း အဆင့်ဆင့်ဝင် သွားပြီးချိန်မှာတော့ အစီအရင်ရှိသည့်နေရာကို ရောက်ရှိသွားပြီး အစီအရင်က ယခင်ကထက်ပို ပျက်စီးလာနေသည်ကို သတိပြုမိလိုက်သည်။

ထိုအရာက အပြင်ဘက်မှတစုံတရာက အစီအရ င်ကို ဖျက်စီးနေခြင်းဖြစ်မည်။ ထိုအရာသာပြီး မြောက်သွားပါက ဒီဘက်လောကကို ကူးလာနို င်တော့မည် ဖြစ်ပြီး မည်မျှအန္တရာယ်များပြားသ ည်ကို တွေးပင်မတွေးနိုင်ပေ။ အသွင်ပြောင်းခြ င်းအဆင့်လား ပမွှားလေးများသာ ဖြစ်နိုင်သည် တဖက်မှ အင်မော်တယ်များပင် ပါလာနိုင်ပြီး အစစ်အမှန်အင်မော်တယ်များက လက်ရှိလော ကကို ဖျက်စီးရန် လက်ချောင်းတချောင်းသာ လိုသည်။

ကျိုးယန်က ကိုင်ရီရီ၏ စောင့်ကြပ်ပေးမှုအော က်၌ စနစ်၏လမ်းညွှန်မှုဖြင့် အစီအရင်ကိုရက် အတော်ကြာ ပြင်ဆင်ခဲ့သည်။ အထူးသဖြင့် အ စီရင်ကျောက်ကို နေရာချထားခြင်းသာဖြစ် သော်လည်း ကျိုးယန်အတွက် ချီစွမ်းအင်များ ကုန်ခမ်းစေသည်။ ကံဆိုးသည်က ကျိုးယန်သာ ဒုတိယအသွင်ပြောင်းခြင်း၌ အင်မော်တယ်ချီ များ ပြောင်းလဲထားပါက ယခုလောက်ပင်ပန်း တော့မည် မဟုတ်ပေ။

တဖက်လောကတွင်မူ ကျိုးယန်ကြောင့် ဂယက် ထကုန်ကြသည်။ ၎င်းတို့ဖျက်စီးနေသည့် အစီ အရင်က ပိုမိုအားကောင်းလာပြီး ခိုင်မာလာသ ည်ကို တွေ့ရခြင်းဖြစ်သည်။

ဘာလဲဟ..။ အောင်မြင်ခါနီးမှ ဘာတွေဖြစ်သွား တာလဲ။

အဖွဲ့ခေါင်းဆောင်က မှင်သက်နေပြီး အချိန်ခန အကြာမှာတော့ ထိုအဖြစ်ပျက်က တဖက်လော ကရှိ ၎င်းတို့အဖွဲ့သားများက တာဝန်ကိုကျဆုံး သွားခြင်းကြောင့် ဖြစ်သည်။

အသုံးကိုမကျဘူး။ ခုချက်ချင်း သတင်းပို့လိုက် စမ်း။ အဲ့ဘက်ကအဖွဲ့တွေ အင်အားအကုန်သုံး ပြီး အစီအရင်ကိုဖျက်စီးဖို့ ပြောလိုက်တော့ ဒီ ထက်ပိုကြာသွားရင် ငါတို့ဝင်ရောက်ဖို့ခက်လိမ့် မယ်”

အဖွဲ့ခေါင်းဆောင်က သူ့လူများကို ချက်ချင်း အော်ဟစ်အမိန့်ပေးလိုက်သည်။ ငယ်သားများ ကလည်း အထိတ်တလန့်ထွက်ခွာ သွားကြပြီး သတင်းပို့ရန်အတွက် မူလနေရာသို့ ပြန်သွားကြ သည်။

ကျိုးယန်တယောက် ရက်အနည်းငယ်ကြာ ပြင် ဆင်ပြီးနောက် လှိုဏ်ဂူထဲမှ ပြန်လည်ထွက်ခွာ လာခဲ့သည်။ မထွက်ခွာခင် လောကအုပ်ချုပ်သူ အကြီးအကဲဟောင်းနဲ့ စကားအနည်းငယ်ပြောခဲ့ ပြီး နေမီးကျင့်စဥ်အား ကျင့်ကြံနိုင်သူတဦးရှိ၍ လက်ဆင့်ကမ်းလိုက်သည့်အကြောင်းအား အ သိပေးလိုက်သည်။

အခြားဘိုးဘေးများကလည်း ကျိုးယန်နဲ့ကိုင်ရီ ရီတို့ကို ရတနာအချို့ထပ်မံ ပေးအပ်လိုက်ပြီး မကြာမီကျရောက်မည့် အန္တရာယ်ကြီးအတွက် ကျင့်ကြံမှုများအား တိုးမြင့်ရန် မှာကြားကြသ ည်။ ဟုတ်ပေသည် ပြည်ထောင်စုတွေ့ဆုံပွဲပြီး ပါက ဂိုဏ်းအသစ်ကို ရှင်းလင်းမည်ဖြစ်ပြီး ထို အချိန်၌ ဒုတိယအသွင်ပြောင်းခြင်း အဆင့်ဖြစ် ထားပါက ပို၍ အခြေနေကောင်းပေလိမ့်မည်။

ကျိုးယန်က ရက်အနည်းငယ်ကြာပြီးနောက် ပြ န်လည် ထွက်ခွာလာကာ သားရဲတောင်ကြောအ တွင်း ရက်အနည်းငယ်ထပ်မံ၍ နေထိုင်ပြီး ဖုံး ကွယ်အစီအရင်များ ပြုလုပ်ခဲ့သည်။ ထို့အပြင် အဆင့်မြင့်သားရဲ အချို့ကိုအမဲလိုက်ခဲ့သေးသ ည်။

လဝက်ခန့်ကြာပြီးချိန်တွင် မြို့တော်အသစ်ကို ပြန်လည်ရောက်ရှိလာပြီး ထိုမှတဆင့် နေရာကူး ပြောင်းအစီအရင်ဖြင့် နန်းတော်အား အမြန်ပြန် တော့သည်။ အဓိကမှာ ပြည်ထောင်စုတွေ့ဆုံပွဲ ကလအနည်းငယ်သာ လိုတော့ပြီး ဖြစ်သည်။ထို အတွက် ကျိုးယန်က အချို့အရာများ ပြင်ဆင် ရန်လိုအပ်နေသည်။

နန်းတွင်းအဆောင်တနေရာ….

ကျိုးယန်တယောက် လက်ဖက်ရည်ကို တငုံယူ သောက်လိုက်ပြီး ကျိုးယင်ချင်းတို့အား ကြည့် လိုက်သည်။ သူမတို့က ကျိုးယန်ဘေးနား အတူ ရှိနေကြပြီး မကြာမီပြည်ထောင်စုတွေ့ဆုံပွဲအတွ က်ရင်လေးနေကြသည်။ အကြောင်းမှာ အင်အာ ကြီးပြည်နယ်များက ကျိုးယန်ကိုဖိအားပေးလာ နိုင်သည် မဟုတ်လား။ ထိုအခြေနေက သာမန်စ ကားများရာမှ စစ်ပွဲများပင် ဖြစ်သွားနိုင်သည်။

“အရှင်.. တွေ့ဆုံပွဲအတွက် နည်းပညာအချို့မျှ ဝေဖို့ ပြင်ဆင်ပြီးပါပြီ ဒါပေမယ့် ကျတော်မျိုးမ သိလိုတာက ဒီနည်းပညာတွေက တကယ့်ထိပ် တန်းတွေပါ အရှင်က ဒီတိုင်းမျှဝေပေးချင်နေခဲ့ တာလား”

လင်းယုယန်က ရိုကျိုးစွာမေးလာသည်။ ကျိုး ယန်ကပြုံး၍

“ဒီနည်းပညာတွေကို ပြည်နယ်တိုင်းကထုတ်လု ပ်နိုင်တာကို လိုချင်တယ် ကျုပ်တို့ပြည်နယ်တခု ထဲတိုးတက်တာက နောင်မှာ အန္တရာယ်တခုပြီး တခုကြုံလာနိုင်တယ်လေ နောက်ပြီး သူတို့လို ချင်တဲ့ နည်းပညာတွေကိုပေးလိုက်ရင် တဖက် မှာ သူတို့အပေါ် ထိန်းချုပ်ဖို့ လွယ်ကူစေတယ်”

ကျိုးယင်ချင်းက တိတ်ဆိတိနေသည်။ နည်းပ ညာများမှာ ကျိုးယန်၏ ငါးစာသာဖြစ်ကြောင်း သူမက သိထားသည်။ ထိုနည်းပညာကို ရယူရန် ပြည်နယ်များကြား မည်မျှ တိုက်ခိုက်ကြမည်န ည်း။ သေချာသည်က အုပ်စုများဖြစ်မသွားစေ ရန် ခွဲထုတ်နိုင်ပါက ပိုကောင်းသည်။ သို့မှသာ ကျိုးပြည်နယ်၏ လွှမ်းမိုးမှုအပေါ် အခြားပြည် နယ်များက မတွန်းလှန်နိုင်မည် ဖြစ်သည်။

“ဒါနဲ့ ရက်ပိုင်းအတွင် မော်တော်ကားအသစ်တ မျိုး ထုတ်လုပ်နိုင်တော့မယ်လို့ သိထားတယ်ဒါ က တိုက်ခိုက်ရေး ကားမျိုးဖြစ်မလားပဲ”

ကျိုးယင်ချင်း၏ စကားကို လင်းယုယန်က

“စက်ရုံတွေက ပေးထားတဲ့အချက်အလက်အရ တော့ အရှင့်ရဲ့သံချပ်ကာကားနဲ့ ပုံစံတူလိမ့်မယ် လို့မျှော်လင့်တယ်တဲ့ အစ်မတော်အတွက် ကား တစီးမထုတ်လုပ်ပေးလို့ စိတ်တော့မဆိုးဘူးမ ဟုတ်လား”

လင်းယုယန်က ကျိုးယင်ချင်းကို စနောက်လိုက် သည်။ မူလက ကျိုးယင်ချင်းက သူမအတွက် ကိုယ်ပိုင်တံဆိပ်ဖြင့် ကားတစီးထုတ်ပေးရန် ထု တ်လုပ်ရေးဘက်အား တောင်းဆိုခဲ့သော်လည်း စက်ရုံဘက်မှ အကြောင်းအမျိုးမျိုးပြ၍ ရှောင် လွှဲနေသည် မဟုတ်လား။

“မဟုတ်တာ ဘာအတွက်စိတ်ဆိုးရမှာလဲ အခု အရှင်ပြန်ရောက်ပြီဆိုတော့ အရှင်ကနေတဆင့် တောင်းရုံပဲလေ”

“ဟားး..ဟားးး”

ကျိုးယန်က သဘောကျစွာ ရယ်မောလိုက်သည် မည်သို့ပင်ဖြစ်စေကာမူ ခေတ်မီကားများ၏ စွဲ ဆောင်မှုကို မလွန်ဆန်နိုင်ကြပေ။ ပြည်နယ်အ တွင်းလမ်းများ ကောင်းမွန်မှုကြောင့် မော်တော် ကားများ မောင်းနှင်လာနိုင်ပြီး တွင်ကျယ်စွာပင် သုံးလာသည် မဟုတ်လား။ စုန့်ဧကရာဇ်ပင် ရံဖ န်ရံခါ မော်တော်ကားဖြင့် ရောက်ရောက်လာတ တ်သေးသည်။ ပြည်နယ်နှစ်ခုကြား လမ်းများ သာမက လီနဲ့လင်း ပြည်နယ်များရှိ လမ်းတံတာ များကို ပြုပြင်ထားမှုကြောင့် စုစုပေါင်းပြည်န ယ်၄ခု၌ မော်တော်ကားများကို သုံးလာနိုင်သည် ထို့အပြင် အခြားပြည်နယ်များကလည်း လမ်း များကို ပြင်ဆင်နေကြ၍ နောင်တွင် ကျင့်ကြံ ရေးလောကတခုလုံး မော်တော်ကားများ တွင် ကျယ်တော့မည် မဟုတ်လော။

လမ်ဘော်ဂီနီတို့ ဖာရာရီတို့လို ပြိုင်ကားတွေမ ထုတ်လုပ်နိုင်သေးတာ ဆိုးတယ်။မဟုတ်ရင်…

ကျိုးယန်တယောက် တွေးရင်း သဘောကျနေခဲ့ သည်။ ကျင့်ကြံရေးလောကကို ပြောင်းလဲရခြင် က ထင်သလောက်မလွယ်ပေ။ စည်းမျဥ်းစည်း ကမ်းများစွာ လိုအပ်ပြီး ထိုအရာများအတွက် အားလုံး၏ အထက်၌ ရပ်တည်နိုင်သည့် ခွန်အာ လည်း ရှိနေရမည်။ ထိုသို့မဟုတ်ပါက ကျိုးယန် ၏ စည်းမျဥ်းများက အဘယ်သို့အသက်ဝင်မ ည်နည်း။

…………………………………………………

All Chapters