စုန့်ဧကရာဇ်ရောက်လာခြင်း
Vol. 15 Ch. 225
ရက်အနည်းငယ် ကြာမြင့်သွားခဲ့သည်။ ကျိုးယ န်က ထိုရက်များ၌ အခြေခံပညာရေးကျောင်း များကို သွားရောက်ခဲ့ပြီး ဆရာဖြစ်သင်တန်းမျာ ကြောင့် ဆရာအရေတွက်မှာလည်း တိုးမြင့်နေ သည်။ လင်းယုယန်က နန်းမြို့တော်ရှိ ကျောင်း တခုကို ကိုင်တွယ်နေပြီး သူမက မိဖုရားဟူသ ည့် ပုံရိပ်ကိုဘေးဖယ်ကာ ဆရာအဖြစ် ဝင်ရော က်သင်ကြားနေသည်။
ကျိုးယန်က သူမကိုမတားဆီးခဲ့ပေ။ သူမကိုအ တုယူကြသည့် အမျိုးသမီးများစွာက မကျင့်ကြံ နိုင်သည့်အပေါ် စိတ်ဓာတ်မကျတော့ပဲ ဆရာအ ဖြစ်သင်တန်းမှတဆင့် ပညာရေးကျောင်းများ ထံရောက်လာကြတော့သည်။ တဖက်တွင် ကျိုး ယန်က တက္ကသိုလ်ပညာရေး၌ အဆင့်မြင့်နည်း ပညာများ ထည့်သွင်းစေပြီး ထိုအရာများကိုလ က်တွေ့ စမ်းသပ်ခွင့်ပါ ပြုထားလေသည်။
“ဟေ့ သိပြီးပြီလား အစ်ကိုယန်တယောက် မ ကြာခင် လေပေါ်ပျံနိုင်တဲ့ စက်တမျိုးစမ်းသပ် တော့မယ်တဲ့ ငါတို့သွားကြည့်ကြမလား”
မိန်းကလေးတဦးက သူမဘေးရှိ အဖော်ဖြစ်သူ မိန်းကလေးအား ဝမ်းသာအားရပြောလိုက်သ ည်။ သူမက အစ်ကိုယန် ဆိုသည့်လူငယ်လေး ၏ အမာခံပရိတ်သက်ဖြစ်ပြီး အနှီလူငယ်လေး ကလည်း မြို့တော် တက္ကသိုလ်၌ ကျော်ကြားသ ည်။ စမ်းသပ်မှုများ၌ ပါရမီထူးကဲပြီး သေးငယ် သည့် စက်ပစ္စည်းများစွာ တီထွင်နိုင်ခဲ့သည်မဟု တ်လော။
“ဟုတ်လား ဘယ်တော့တဲ့လဲ ထုံးစံအတိုင်းခန်း မ ကျယ်မှာပဲ မဟုတ်လား”
“ဟုတ်တယ် နောက်၃ရက်နေရင်လို့ ငါကြားတ ယ် ဟိုဘက်အတန်းက ကောင်မတွေလည်းလာ ကြမှာဆိုတော့ ငါတို့နေရာကောင်းကောင်းရဖို့ စောစောသွားသင့်တယ်”
“ကောင်းပြီ အဲ့နေ့နီးရင် ငါ့ကိုထပ်သတိပေးဦး”
ကျိုးယန်က မိန်းခလေးနှစ်ဦး၏ စကားကိုနား ထောင်ကာ စိတ်ဝင်စားသွားရသည်။ လေပေါ် ပျံနိုင်သည့် စက်တမျိုးလား။ ထိုအရာက ဒရုန်း လိုအရာမျိုးဖြစ်နိုင်သည်။ ဒီဘက်လောကတွင် တော့ ထိုစက်များက အသုံးဝင်မည်ဟု မထင်မိ ပေ။ သို့သော်လည်း လေယာဥ်ကဲ့သို့ ပျံသန်းနိုင် သည့် ယာဥ်အကြီးစားများ ပေါ်လာပါက ကုန် သွယ်ရေးနဲ့ ခရီးသွားလာရေးများကို အထောက် အကူတော့ ဖြစ်စေမည်။
နေပါဦး လေကြောင်းမော်တော်ပီကယ်အနေနဲ့ ပကတိပညာရှင်တွေကို လေထဲမှ ခန့်ထားသင့် လား။ ကျိုးယန်တယောက် အတွေးချော်သွားရ င်း ကိုယ့်အတွေးကို ကိုယ်ပြန်ရယ်မိသည်။လေ ကြောင်းမော်တော်ပီကယ်တဲ့လား မည်သူက လေထဲအကြောင်းမဲရပ်၍ လမ်းကြောင်းပြမည် နည်း။ ကျင့်ကြံသူများက မာနကြီးကြသည်မဟု တ်လား။
ကျိုးယန်တယောက် ဟိုဒီငေးရင် တက္ကသိုလ်ဝင် ထဲသို့ ဝင်သွားခဲ့သည်။ အသွင်ပြင်ကို ပြောင်း လဲထားသောကြောင့် အခြားသူများက ဧကရာဇ် မှန်း မသိကြပေ။ သို့သော်လည်း အကြီးအကဲ အဖြစ်တာဝန်ယူနေသည့် စုယင်ကတော့သိနိုင် သည်။
ကြီးမားသည့် အဆောက်အုံများနှင့် ကျယ်ဝန်း သည့် ဧရိယာတဝိုက် ကျောင်းသားများစွာက ဥ ဒဟို သွားလာနေကြသည်။ ခန့်မှန်းခြေကျောင်း သား ၁၀၀၀၀ နီးပါးရှိနိုင်ပြီး ထိုကျောင်းသား များက အခြားပြည်နယ်များမှ လာရောက်ကြသူ များလည်း ပါဝင်သည်။ အတိအကျပင် ထိုသူ များအတွက် အဆောင်ငှားရမ်းနိုင်ပြီး အဆောင် ခမှာလည်း များစွာသက်သာပြီး အဆင့်မြင့်မြင့် နေနိုင်သေးသည်။
ထူးချွန်သည့် ကျောင်းသားတဦးအတွက် သင့် တင့်သည့် ပတ်ဝန်းကျင်တခုနဲ့ ထောက်ပံ့မှုများ လိုအပ်သည်။ ယခင်ဘဝက မိဘမဲ့တဦးဖြစ်၍ ဂေဟာမှ ပေးသည့်ငွေကြေးများနဲ့သာ ရှင်သန် ခဲ့သူဖြစ်၍ ကျောင်းသားများ၏ လိုအပ်ချက် များကို ကျိုးယန်က သိထားပေသည်။
ကျိုးယန်က ၅ ထပ် အိပ်ဆောင်နှစ်ခုအားကြည့် လိုက်သည်။ ထိုအဆောင်နှစ်ခုမှ ချီမိသားစု၏ လက်ရာများဖြစ်ပြီး အတော်လည်း ခမ်းနားသ ည် ဟုဆိုနိုင်သည်။ အမျိုးသား အမျိုးသမီးခွဲ ခြားထားပြီး အလယ်တွင် စာသင်ဆောင်များ စမ်းသပ်လေ့လာရန် ခန်းမကျယ်များနဲ့အတူ အားကစားကွင်းများနဲ့ ဆရာများအတွက် နား နေဆောင်လည်း ရှိပေသည်။
စုယင်ကမူ နန်းတော်သို့သာ ပြန်လာတတ်ပြီး ကျောင်း၌ မနေပေ။ ထိုအတွက် ကျိုးယန်က စု ယင်ကို အစေခံတချို့ထည့်ပေးထားပြီး သူမရဲ့ ဝေယျာဝိစ္စအတွက် ကူညီစေသည်။ တဖက်တွင် ကိုင်ရီရီနှင့် စုယင်တို့မှာ ကိုယ်လုပ်တော်များ ဖြစ်လာပြီးနောက် ကိုင်ရီရီမှာ နန်းတော်သို့အ ရောက်များလာသည်။ ကျိုးယင်ချင်းနှင့် လင်း ယုယန်တို့က သူမကို ရင်းနှီးစွာဆက်ဆံခဲ့ပြီး တ ရားဝင်အတူမနေသည်က လွဲ၍ ကိုင်ရီရီသည် လည်း ဇနီးတဦးသာဖြစ်သည်။
မြို့တော်အသစ်၏ အခြေနေကို မိသားစုနှစ်ခုမှ ထိန်းချုပ်နိုင်သောကြောင့် ကိုင်ရီရီမှာအားလပ် ရက်အချို့ ရနေတတ်ပြီး ယခုတွင်လည်း ကျိုး ယန်နဲ့အတူ တက္ကသိုလ်တခုကို လိုက်ပါကြည့်ရှု နေခြင်းဖြစ်သည်။ ကျိုးယင်ချင်းကမူ လီပြည် နယ်ရှိ ကျိူးလီနဲ့ ကျိုးစုလင်းထံအလည်သွားနေ ပြီး လင်းယုယန်က လင်းပြည်နယ်သို့ ပြန်သွားခဲ့ သောကြောင့် ကျိုးယန်ဘေး၌ ကိုင်ရီရီသာ ရှိနေ သည်။
“ဒီပညာရေးက ကျမတို့ထင်ထားထက် ပိုအကူ ညီဖြစ်စေတာပဲ”
ကိုင်ရီရီက ကျိုးယန်နဲ့ ဘေးချင်းယှဥ်လျှောက်ရ င်း ပြောလာသည်။ သူမက အသွင်ပြောင်းထား သော်လည်း မြွေမျိုးနွယ်ပီသစွာဖြင့် သေးကျဥ်း သည့် ခါးလှလှလေးအား မဖုံးထားနိုင်ပေ။ ထို အတွက် ကျောင်းသားများက စပ်စုကြပြီး အချို ရဲတင်းသည့် ကျောင်းသားများက ဘယ်အတန်း ကလဲဟုပင် မေးလာကြသည်။
ကျိုးယန်က ထိုအခြေနေကို ရယ်မောနေပြီး သူ မကသာ ဧကရာဇ်ကိုယ်လုပ်တော်ဟု သိသွားပါ က အနှီလူငယ်များ ကြောက်လန့်သွားနိုင်သည်။ ကိုင်ရီရီက ထိုလူငယ်များကို အပြုံးလေးနဲ့သာ ငြင်းဆိုနေခဲ့ပြီး မကြာမီ အဓိကစာသင်ဆောင် အတွင်းသို့ ရောက်သွားကာမှ ထိုဒုက္ခမှလွတ်က င်းသွားတော့သည်။
ကျိုးယန်တယောက် ကိုင်ရီရီနဲ့အတူ စာသင်ခန်း မထဲသို့ ဝင်ရောက်နေစဥ် ဟွာမုန့်ယင်ထံမှ သတ င်းပေးပို့မှု တခုရောက်လာသည်။ အကြောင်းမှာ စုန့်ဧကရာဇ်နဲ့ ချီရီရှင်းတို့ ရောက်လာခြင်းဖြစ်ပြီ အရေးကြီးပုံရသောကြောင့် ကျိုးယန်လည်း လက်ရှိ ရှိနေသည့်နေရာကိုသာ လိုက်ပါလာစေ ရန် ပြောကြားရတော့သည်။
“ဘယ်သူလဲ စုန့်ဧကရာဇ်လား”
ကိုင်ရီရီက ကျိုးယန်ကိုမေးလာသည်။ စုန့်ဧက ရာဇ်သည် အကြိမ်များစွာလည်ပတ်ခဲ့ဖူးသော ကြောင့် ကျိုးယန်နှင့်ညီအစ်ကိုများသဖွယ် ရင်း နီးနေပြီး သူတို့ချင်းတွေ့ပါက ဧကရာဇ်ပါးရဲ့အ မူအရာများ မရှိကြတော့ပဲ သာမန်သူများအဖြစ် ပြောင်းလဲဆက်ဆံတတ်ကြသည်။
“ဟုတ်တယ် အရေးကြီးကိစ္စပြောဖို့ထင်တယ် ဒီ ကိုလိုက်လာဖို့ ပြောလိုက်တယ် မကြာခင်တွေ့ရ င် အကြောင်းစုံသိရတာပေါ့”
ကိုင်ရီရီက ခေါင်းညိတ်ပြလိုက်ပြီး စာသင်ခန်း အတွင်းသို့ ဝင်သွားတော့သည်။ အခန်းထဲ၌စု ယင်က ကျောင်းသားများကို သင်ကြားပေးနေ ပြီး ကိုင်ရီရီကိုတွေ့လျင် ပြုံးပြလာပြီး အနောက် မှ လိုက်ပါလာသည့် ကျိုးယန်ကိုပါမြင်တွေ့သွာ သည်။ ထို့ကြောင့် သင်ခန်းစာကို အမြန်လက်စ သတ်ကာ အတန်းသိမ်းလိုက်ပြီး ကိုင်ရီရီတို့နဲ့ အတူ သူမရဲ့နားနေဆောင်သို့ သွားရောက်လေ သည်။
…………………………………………………