- သူငယ်ချင်းပြန်တွေ့ခြင်း
Vol. 81 Ch. 1133
ရှီမာယူယူအခုမှပင် သိလိုက်ရသည်။ အောက်တွင် စားပြောနေကြသူ သုံးယောက်လုံးသည် တစ်ဦးချင်စီ အလွန်အားကောင်းသူများဖြစ်ကြသည် “လူသား နတ်ဆိုးနဲ့ တစ္ဆေမျိုးနွယ်တွေ အကုန်လုံးက စံတင်အဆင့်ကျွမ်းကျင် သူတွေချည်းပဲ” ပန်းလေးပြောလေသည်။
“မျိုးနွယ်သုံးခုက ကျွမ်းကျင်သူ အားလုံးထွက်လာအောင် ဘာကများ လုပ်လိုက်တာလဲ” စူးရှောင်ရှောင် မျက်မှောင်ကြုတ်လေသည်။
ရှီမာယူယူ၏ အမူအရာသည်လည်း လေးနက်နေသည်။ မျိုးနွယ်သုံးခုမှ ကျွမ်းကျင်သူများ စုဝေးပြီးဆွေးနွေးနေသည်မှာ သေချာပါက် သာမန်ထက် သာလွန်နေသည်။
“လူသားမျိုးနွယ်က အဲလူကဘယ်သူလဲ”
“ငါမှန်းတာမမှားဘူးဆိုရင် အဲလူက ပညာရှိစံအိမ်တော်ကဖြစ်မယ်” စူးရှောင်ရှောင် ပြောလိုက်သည်။
“ပညာရှိစံအိမ်တော်ကလူလား” ရှီမာယူယူ မှင်တက်သွားသည်။ ဝူလင်းယူသာ သတိရှိနေလျှင် သူသည် ထိုလူ၏ သရုပ်မှန်ကို သိနိုင်လိမ့်မည်။
“စံအိမ်တော်ဒုသခင်” စံအိမ်တော်ဒုသခင်ပြန်လာသည်ကို မြင်သည်နှင့် ယွိချန်းဘိုင်သည် အလျင်အမြန်ပင် ကြိုဆိုလေသည်။
ထန်းယွင်သည် ပညာရှိစံအိမ်တော်အားလုံး၏ စံအိမ်တော်ဒုသခင်ဖြစ် သည်။ ဝူလင်းယူနိုးလာလျှင်တောင် သူ့ကိုမြင်ရသည်ကို အံ့သြနေမည်။
အကြောင်းမှာ ပညာရှိစံအိမ်တော်တွင် စံအိမ်တော်ဒုသခင်နှင့် စီနီယာ ကြီးများစွာရှိသောကြောင့်ပင်။ အငယ်ဆုံးဖြစ်သော ထန်းယွင်သည် မြင်ရခဲ သည်။ သူ ဒီအံ့ဖွယ်နယ်မြေကိုလာမယ်လို့ ဘယ်သူထင်မိမှာလဲ။
ထန်းယွင်သည် ကျောက်စိမ်းကဲ့သို့နူးညံ့ကာ သူ၏ အဖြူရောင်ဝတ်ရုံ ကဲ့သို့ ဖြူစင်ပြီးမြင့်မြတ်သည့်ပုံပေါက်သည်။ သူ၏ မဟူရာအနက်ရောင်ဆံပင် သည် ကျောပြင်တွင်ဖြာကျနေကာ တခြားကမ္ဘာမှခံစားချက်မျိုးကို ပေးနိုင် သည်။
“ငါတို့ပြန်မယ်” ထန်းယွင်သည် အားလုံးကိုပြောလိုက်သည်။
ပညာရှိစံအိမ်တော်မှလူများသည် သူတို့၏ မူလနေရာသို့ပြန်ကြကာ တခြားအင်အားကြီးများ ရောက်လာကြသည်။
“စံအိမ်တော်ဒုသခင် ဆွေးနွေးတာဘယ်လိုလဲ”
ထန်းယွင်သည် ဆူညံစွာပြုမူနေသောလူများကို လက်ဝှေ့ယမ်းလိုက်ရာ အားလုံး ငြိမ်ကျသွားပြီးမှ ပြောလေသည် “ငါတို့ နောက်ဆုံးဆွေးနွေးချက်က လူသား၊ နတ်ဆိုးနဲ့ တစ္ဆေ မျိုးနွယ်သုံးခုလုံး တစ်ခါတည်းဝင်သွားကြမယ်”
“တစ်ချိန်တည်းလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ကျုပ်တို့သဘောမတူဘူး နတ်ဆိုးနဲ့ တစ္ဆေမျိုးနွယ်က ကောင်တွေနဲ့ ဘယ်လိုလုပ်ဖြစ်မှာလဲ”
“ဟုတ်တယ်”
“….”
လူတိုင်း ပြင်းထန်စွာတုန့်ပြန်သည်ကို ကြည့်နေသော်လည်း ထန်းယွင် သည် ရှင်းမပြပေ။
“စံအိမ်တော်ဒုသခင် ကျုပ်တို့က ခင်ဗျားကို လေးစားလို့ ဆွေးနွေးခိုင်း လိုက်တာ နတ်ဆိုးနဲ့ တစ္ဆေမျိုးနွယ်တွေကို ခင်ဗျားရဲ့အားနည်းချက်ကိုပြခိုင်း တာမဟုတ်ဘူး”
ထန်းယွင်သည် မျက်ခုံးပင့်ကာ ပြောလေသည် “အဲတော့ နတ်ဆိုးနဲ့ တစ္ဆေမျိုးနွယ်က လူတိုင်းကို ခင်ဗျား ရှင်းပစ်ဖို့ယုံကြည်ချက်ရှိတယ်လို့ ပြော နေတာလား”
“….”
အားလုံးတိတ်သွားကြသည်။ မျိုးနွယ်နှစ်ခုလုံးမှ အဖွဲ့ဝင်များကို ရှင်းပစ် နိုင်သည်ဟု အာမ,ခံနိုင်သည့်သူ တစ်ဦးတစ်ယောက်မှမရှိပေ။
“မဟုတ်ရင် နတ်ဆိုးမျိုးနွယ် မဟုတ်ရင် တစ္ဆေမျိုးနွယ်တစ်ခုခုနဲ့ လက်တွဲပြီးတော့ တခြားမျိုးနွယ်ကို ရှင်းပစ်ဖို့ ယုံကြည်ချက်ရှိတယ်လို့ ပြော နေတာလား”
“….”
အားလုံးသည် ပြန်နှုတ်ဆိတ်သွားကြပြန်သည်။ သူတို့သည် ထိုအရာကို လည်း အာမ,မခံနိုင်ပေ။
ထိုသည်မှာ ဟာသတစ်ခုပင်။ သူတို့သည် အမြဲတစေ တစ္ဆေနှင့် နတ်ဆိုး မျိုးနွယ်များနှင့် ရန်ဘက်ဖြစ်ခဲ့သည်။ တစ်ယောက်ယောက်နဲ့လက်တွဲရမယ် ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့ လက်တွဲပြီးတော့ လူသားမျိုးနွယ်ကို ရှင်းပစ်တယ်ဆိုတာကမှ ပိုဖြစ်နိုင်ဦးမယ်။
ပြီးတော့ နတ်ဆိုးမျိုးနွယ်နဲ့ တစ္ဆေမျိုးနွယ်တို့က ရံဖန်ရံခါ ဆက်သွယ် တတ်ကြသေးတယ်။
ထန်းယွင်သည် သူတို့တိတ်သွားသည်ကိုကြည့်ပြီး မေးလိုက်သည် “ဘယ်သူမှ စကားမပြောတော့ဘူးလား အကုန်လုံးက ပျော်ပျော်ရွှင်ရွှင်ကြီး ဆွေးနွေးနေကြတာမလား အခုကျဘာလို့တိတ်သွားကြတာလဲ”
အားလုံးသည် ခေါင်းငုံ့ထားကာ သူ့မျက်လုံးကို ဘယ်သူမှမကြည့်ရဲကြ ပေ။
“တစ္ဆေမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်ကို ရှင်းပစ်ဖို့အတွေးမရှိဘူး သူတို့နဲ့ လက်တွဲဖို့လည်း မစဉ်းစားဘူး ပြောဦး ဒီနေရာကိုလက်လျော့မလား သူတို့နဲ့ အတူဝင်သွားမလား”
“…”
ထိုအရာမှာ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်နိုင်သည်။
“ဒီအံ့ဖွယ်နယ်မြေက တိုင်းပြည်နဲ့ယှဉ်လို့တောင်မရဘူး ဒီမှာဆိုရင် နတ်ဆိုးနဲ့ တစ္ဆေမျိုးနွယ်တွေက ခင်ဗျားတို့ ကျုပ်တို့နဲ့အဆင့်အတူတူပဲ ခင်ဗျားတို့သိထားတဲ့ ကမ္ဘာတစ်ခုလို့ထင်မနေကြနဲ့” ယွိချန်းဘိုင် ပြောလိုက် သည်။
အပြင်ဘက်တိုင်းပြည်တွင်ရှိသော သွေးလွှမ်းဂူဆိုလျှင် လူသားမျိုးနွယ် မှ များစွာရှိကြသည်။ သူတို့သည် အားကောင်းကြသဖြင့် နတ်ဆိုးမျိုးနွယ် တစ္ဆေမျိုးနွယ်များကို ဂရုမစိုက်ကြပေ။ သို့သော် ဤနေရာတွင်တော့ မတူပေ။ လူသားမျိုးနွယ်မှ ဝင်လာနိုင်သော အရေအတွက်သည် တစ္ဆေနှင့် နတ်ဆိုး မျိုးနွယ်တို့နှင့် အတူတူလောက်ပင်။ ဝင်လာနိုင်သောလူသားများ၏ အင်အား မှာလည်း သူတို့နှင့်အတူတူလောက်ရှိမည်။
အထဲတွင်တော့ သူတို့အတွက် မည်သည့်အကျိုးအမြတ်မှရှိမည်မဟုတ် ပေ။ ထို့ကြောင့်ပင် သူတို့သည် လုံခြုံရေးကို သတိကပ်ထားရသည်။
ရှီမာယူယူသည် ထန်းယွင်ကိုကြည့်လိုက်သည်။ လူတိုင်းသည် အစောပိုင်းလေးကပင် အတူတူပူးပေါင်းခဲ့သည်။ ပြီးနောက် အနည်းငယ် လွဲချော်သွားလျှင်တောင် ဘာမဆိုဖြစ်သွားနိုင်သည်။ ထိုသည်မှာ ပညာရှိ စံအိမ်တော်ကို အကြပ်အတည်းဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ သို့သော် သူသည် ထိုမေးခွန်းနှစ်ခုနှင့်ပင် ကိစ္စတစ်ခုလုံးကိုဖြေရှင်းလိုက်သည်။
“အဲလူက တကယ်အားကောင်းတာပဲ”
တိုက်ပွဲ၏ အမြင့်ဆုံးအဆင့်သည် စစ်သည်များကိုမသုံးဘဲ တိုက်ခိုက် ခြင်းဖြစ်သည်။ သူသည် သူတို့ ငြိမ်သွားအောင် ဖိအားပေးနိုင်သည်။ ထိုသည်မှာ အားကောင်းသည်ထက်ပင် ပိုသည်။
“ထန်းယွင်… သူက ပညာရှိစံအိမ်တော်မှာ အငယ်ဆုံးစံအိမ်တော် ဒုသခင်ပဲ သူက အငယ်ဆုံးစံတင်ကျွမ်းကျင်သူပဲ သူသာ ဒီကိစ္စကိုမဖြေရှင်း နိုင်ရင် သူ့ရာထူးက အလကားဖြစ်သွားမှာလေ” ကျန်းကျူးရှန့်သည် မျက်လုံး ဖွင့်လာကာ တစ်လုံးချင်းပြောလေသည်။
“သူက ထန်းယွင်လား” ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် အံ့သြ နေလေသည်။ သူတို့သည် သူ့နာမည်ကိုကြားရုံသာကြားဖူးသည်။ တစ်ခါမှ မမြင်ဖူးကြပေ။
ရှီမာယူယူသည် မျက်ခုံးများကိုပင့်လိုက်သည်။ သူသည် ထိုလူကိုသိ သည့်ပုံပင်။
အငယ်ဆုံးစံအိမ်တော်ဒုသခင်ဖြစ်သလို အငယ်ဆုံးစံတင်ကျွမ်းကျင်သူ ဖြစ်သည်။ သူမသည် သူနှင့်ပတ်သတ်ပြီး စိတ်ဝင်စားမှုမြင့်တက်လာသည်။
သို့သော် ဘာတွေဖြစ်နေသည်ကို သူမ မသိတော့ပေ။
တစ္ဆေမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်များသည်လည်း လူသားမျိုးနွယ်ကဲ့သို့ ပင် တူညီစွာတုန့်ပြန်ကြလေသည်။ အစပိုင်းတွင် သူတို့သည် ထိုမျိုးနွယ်နှစ်ခု နှင့် ဆန့်ကျင်ခဲ့ကြသည်။ သို့သော် လူသားမျိုးနွယ်တွင်ဖြစ်သကဲ့သို့ပင် နတ်ဆိုးမျိုးနွယ်နှင့် တစ္ဆေမျိုးနွယ်များသည် တူညီစွာပင် ဆင်ခြင်မိကြလေ သည်။ သူတို့သည် မျိုးနွယ် နှစ်ခုကို တိုက်ခိုက်ရန် ယုံကြည်ချက်မရှိပေ။ ထို့ကြောင့် သူတို့သည် အခွင့်အရေးမယူနိုင်ကြပေ။
သည်လိုနှင့် ယာယီမဟာမိတ် တည်ထောင်ပြီးလေသည်။
သူတို့သည် မကျေနပ်သော်လည်း သဘောတူရုံမှ တစ်ပါးရွေးချယ်စရာ မရှိပေ။
“ဒီလောက်အများကြီးပြောပြီးတာတောင် ဘာတွေဖြစ်နေတယ်ဆိုတာ မပြောရသေးဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“တခြားမရှိရင် သူတို့ရတနာတချို့ရှိတဲ့နေရာကိုရှာတွေ့တာပဲ ပြီးတော့ မျိုးနွယ်သုံးခုလုံး တစ်ချိန်တည်းမှာတွေ့ကြတယ် အခုသူတို့က အတူလက်တွဲ ဖို့ဆုံးဖြတ်လိုက်တယ်” ကျန်းကျူးရှန့်သည် ပျင်းရိစွာပြောကြလေသည်။
“အင်း အဲဒါဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီမှာ ဘာတွေဖြစ်လဲဆိုတာ မသိသေးတာပဲရှိတယ်”
“အာ… ယူယူလား” ရင်းနှီးသောအသံတစ်သံထွက်ပေါ်လာရာ ရှီမာယူယူ လှည့်ပြီးကြည့်လိုက်သည်။ တွေ့လိုက်ရသူမှာ ထိုနှစ်က အနီရောင်တောင်ထိပ်တွင်တွေ့ခဲ့သော ကလေးမျက်နှာနှင့်မိန်းကလေး ကျူလန်ဖြစ်သည်။
“ကျူလန် မင်းလည်းဒီရောက်နေတာလား” သူမသည် ကျူလန်အားမြင် သောအခါ အံ့သြသွားသော်လည်း ပျော်မိသည်။ ထိုနှစ်က အနီရောင်တောင် ထိပ်တွင် အတူတကွပူးပေါင်းခဲ့ကြသည်။
“တကယ်ပဲ မင်းပဲ” ကျူလန်သည် ခုန်လိုက်ကာ ရှီမာယူယူအား ပျော်ရွှင် စွာကြည့်လေသည်။ “မင်းကို မိန်းကလေးပုံစံနဲ့တွေ့လိုက်တော့ ခေါ်တောင် မခေါ်ရဲဘူး တကယ်ပဲ မင်းဖြစ်လိမ့်မယ်လို့မထင်မိဘူး”
“ဟင်..”
“အသည်းကွဲတောင်ကြားက တောင်ကြားဒုခေါင်းဆောင်က မိန်းကလေးဖြစ်ပြီး မင်းနဲ့နာမည်တူတယ်လို့ ကြားခဲ့တယ် တိုက်ဆိုင်တာဖြစ် မှာပါလို့ ငါတို့ထင်တောင်ထင်ခဲ့ကြသေးတာ” ကျူလန် ပြောလေသည် “အဲဒါကြောင့် မင်းကိုမြင်တာကို မခေါ်ရဲကြဘူး နောက်ဆုံးတော့ အကုန်လုံး လောင်းကြေးထပ်ကြတာ ငါရှုံးသွားလို့ လာပြီး မင်းဟုတ်လားဆိုတာကို လာမေးရတာ ဟုတ်တယ်ဆိုရင် သူတို့ရောက်လာကြလိမ့်မယ် မဟုတ်ရင် တော့ သူတို့အရှက်ကွဲစရာမလိုဘူးလေ”
ဒီမကောင်းတဲ့လူတစ်စုကတော့လေ… သူတို့ စကားစလိုက်ရင် ရှက်စရာကောင်းမယ်လေ အဲတော့ သူမ တစ်ယောက်တည်းအရှက်ရတယ် ဆိုရင် လုံလောက်ပြီလေ။
“အဲတော့ တခြားသူတွေလည်းလာတယ်လို့ ပြောလိုက်တာပေါ့” ရှီမာယူယူ မေးလိုက်သည်။
“သူတို့အကုန်လုံးလာကြတယ် အောက်မှစောင့်ကြတာ သူတို့ကို ဒီကို ခေါ်လိုက်မယ်” ကျူလန်သည် လှည့်သွားပြီး တခြားနေရာတွင်ရပ်နေသော သူမ၏ အဖွဲ့ဝင်များကို လက်ယမ်းကာခေါ်လိုက်သည်။ တခြားသူများသည် ချက်ချင်းပင် ပြေးလာကြသည်။
သူရဲကောင်းဓားဂိုဏ်းသည် ထိုနေရာမှ မဝေးလှသဖြင့် သူတို့သည် အမြန်ပင် ရောက်လာကြသည်။
ချီဝေသည် အမြန်ဆုံးပြေးလာကာ ရှီမာယူယူ အရှေ့သို့လာလေသည်။ သူ့လက်များသည် ပျံသန်းနေပြီး ရှီမာယူယူကို အကြိမ်အနည်းငယ်လှည့်ပတ် နေသည်။ သူ့မျက်နှာမှခံစားချက်များသည် အေးခဲနေကာ စကားပင်မပြောနိုင် ပေ။
အတန်ကြာပြီးမှပင် သူ၏ပထမဆုံးသော စကားလုံးများသည် ငိုမဲ့မဲ့ဖြင့် ထွက်လာသည်။
“ဆရာ တကယ်ပဲ မိန်းကလေးလား”
***