ရှေးဟောင်းအကြွင်းအကျန် အတုလား အစစ်လား
Vol. 81 Ch. 1134
“ဟား…” ချီဝေ၏ မျက်နှာသည် လက်ထပ်ပြီးစမိန်းမငယ်လေး တစ်ယောက်သဖွယ်ဖြစ်နေသဖြင့် အားလုံးသည် ရယ်ကွဲကြလေသည်။
“ဒီလိုမျိုး မျက်နှာထားလုပ်နေမယ်ဆိုရင် ငါ့ကိုဆရာလို့မခေါ်နဲ့တော့” ရှီမာယူယူသည် တည်တံ့သောမျက်နှာထားဖြင့် ပြောလေသည်။
“ငါ… ကောင်းပါပြီ ဆရာ” ချီဝေသည် ရှီမာယူယူ မိန်းကလေး ဖြစ်သည်ဆိုသည့်အချက်ကို ရှုပ်ထွေးနေသည့် သူ့ကိုယ်သူ ခက်ခဲစွာပင် ချုပ်တည်းလိုက်ရသည်။
“ဂျူနီယာညီမလေး ဒီလူတွေက…” ဟန့်မြောင်ရွှမ်သည် ထိုလူများကို နားမလည်စွာကြည့်လေသည်။
“မိတ်ဆက်ပေးရဦးမယ် ဒါကအပြာရောင်ဓားသွား၊ ချီဝေ ကျူလန် ယုချင်းနဲ့ ရှန်မင်လန်တို့ပါ သူတို့က ညီမအရင်ကပြောဖူးတဲ့ အနီရောင် တောင်ထိပ်က သူငယ်ချင်းတွေလေ” ရှီမာယူယူသည် အပြာရောင်ဓားသွား နှင့် တခြားသူများကို ညွှန်ပြကာ မိတ်ဆက်ပေးလေသည်။ ထို့နောက်တွင် သူမ ဟန့်မြောင်ရွှမ်တို့ကို ညွှန်ပြကာ ပြောလေသည် “ဒါက ငါ့ရဲ့စီနီယာအစ်မ ဟန့်မြောင်ရွှမ် စီနီယာအစ်ကို ကျန်းကျူးရှန့်နဲ့ စူးရှောင်ရှောင်ပါ”
“အနီရောင်တောင်ထိပ်မှာ ဖြစ်ခဲ့တာတွေကို ဂျူနီယာညီမလေးပြောတာ ကြားပြီးပါပြီ ဒီမှာလာတွေ့မယ်လို့ မထင်မိဘူးပဲ အဲတုန်းက ကျွန်မတို့ဂျူနီယာ ညီမလေးကို ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်” ဟန့်မြောင်ရွှမ် ပြောလိုက် သည်။
“မိန်းကလေးဟန့် ကြင်နာလွန်းနေပါပြီ အဲတုန်းက ယူယူကသာ ကျွန်တော်တို့ကို ဂရုစိုက်ပေးတာပါ သူမကြောင့်သာမဟုတ်ရင် အနီရောင် တောင်ထိပ်မှာပဲ ကျွန်တော်တို့အသက်ဆုံးရှုံးလိုက်ရမှာ” အပြာရောင်ဓားသွား ပြောလေသည်။
“မိန်းကလေးဟန့်ဆိုတာ ဘာလဲ မြောင်ရွှမ်လို့ပဲခေါ်ပါ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“ကောင်းပါပြီ ကျွန်တော့်ကိုလည်း နာမည်ပဲခေါ်ပါ” အပြာရောင်ဓားသွား ခေါင်းညိတ်လိုက်သည်။
“အဲတော့ မင်းတို့ကတကယ်ပဲ အသည်းကွဲတောင်ကြားကလား” ရှန်မင်လန်သည် ရှီမာယူယူကိုကြည့်ပြီးမေးလေသည် “မင်းက တောင်ကြား ဒုခေါင်းဆောင်လား”
“ဟုတ်ပါတယ်” ရှီမာယူယူ ခေါင်းညိတ်လေသည်။
“သခင်ကြီးရင်လင်းနဲ့ မင်းနဲ့က အရင်ကတည်းက အပြန်အလှန် ဆက်နွယ်မှုရှိတယ်လို့ ကြားတယ် သူက ဂမ္ဘီရပညာရှင်ကိုတောင် မင်းကို အပ်ထားတာဆို ဟုတ်လား”
“အဲလောက်မချဲ့ကားပါနဲ့ သူက သူ့တပည့်ကို အနာဂတ်မှာ ကြည့်ပေးဖို့ ပဲ တောင်းဆိုတာပါ” ရှီမာယူယူ ပြောလိုက်သည်။ “ဒါပေမဲ့ သူက ငါ့ကို အထင်ကြီးလွန်းနေတာပါ”
“ဘယ်လိုပဲဖြစ်ဖြစ်လေ တခြားသူတွေနဲ့တော့မတူဘူးလေ”
ရှီမာယူယူသည် ထိုအကြောင်းကိုဆက်မပြောချင်တော့သဖြင့် မေးလိုက်သည် “ဒီကိုရောက်တာဘယ်လောက်ကြာပြီလဲ ဘာတွေဖြစ်နေလဲ ဆိုတာ သိလား နတ်ဆိုးမျိုးနွယ်နဲ့ တစ္ဆေမျိုးနွယ်တွေက ဘာလို့ဒီရောက်နေ တာလဲ ထန်းယွင်က အတူတူသွားကြမယ့်အကြောင်းပြောတယ် ဘာအကြောင်းလဲ”
“ငါတို့က မင်းထက် နေ့တစ်ဝက်လောက်ပဲစောရောက်တာ ဒါပေမဲ့ ဒီမှာဘာတွေဖြစ်နေလဲဆိုတာ သိလိုက်တယ်” ကျူလန် ပြောလေသည် “အဲတောင်ကြားမှာ ဘာမှမရှိတာမြင်လား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ထိုထီးထီးကြီးရှိနေသာ တောင်ကြားတစ်ခုမှလွဲပြီး နေရာတိုင်းမှာလူထူထပ်နေသည်ကို သူတို့ သတိ ထားမိထားသည်။
“အဲဒီကိုဝင်သွားတဲ့ဘယ်သူမဆို ဧကရာဇ်ရဲ့ စစ်မှန်တဲ့အကြွင်းအကျန် တွေ့မယ်လို့ သတင်းထွက်ထားတယ် ကျွန်းမှာရှိတဲ့ဟာက အယောင်ပြ သာသာပဲ အဲနှစ်က ဧကရာဇ်ဘုရင်ကြီးက ဒီမှာတကယ်လာပြီးနေခဲ့တယ် ဒီနေရာက ဧကရာဇ်ဘုရင်ကြီးသေတဲ့နေရာလို့တောင်ပြောကြတာ” ကျူလန် ရှင်းပြလေသည် “ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကိုဝင်သွားတဲ့လူက ထွက်လာရင် ရတနာတစ်ခုခုတော့ရလာကြတာပဲ ပြီးတော့ သတင်းပြန့်ပြီးရော ဒီနားမှာရှိ နေကြတဲ့ မျိုးနွယ်သုံးခုလုံး အပြေးလာကြတာပဲ”
“အဲဒါကြောင့် သူတို့ကဒီမှာစောင့်နေကြတာလား” ဟန့်မြောင်ရွှမ် မေး လိုက်သည်။
“အကုန်လုံးက တစ်ချိန်တည်းလိုလိုရောက်ကြလို့လေ ဧကရာဇ် ဘုရင်ကြီးက လူသားလို့ လူသားမျိုးနွယ်ကပြောတယ် နတ်ဆိုးမျိုးနွယ်က လည်း ဧကရာဇ်ကနတ်ဆိုးမျိုးနွယ်လို့ပြောတယ် အဲတော့ သူတို့အတူတူ ဝင်ကြမယ်ပေါ့ တစ္ဆေမျိုးနွယ်ကလည်း ဧကရာဇ်က တစ္ဆေမျိုးနွယ်လို့ပြော ပြန်တယ် အဲလိုနဲ့ မျိုးနွယ်သုံးခုက မတိုးသာမဆုတ်သာအခြေအနေဖြစ်နေ ရော” အပြာရောင်ဓားသွား ရှင်းပြလေသည်။
“ဧကရာဇ်ရဲ့ အကြွင်းအကျန်ပဲဖြစ်ဖြစ် သင်္ချိုင်းပဲဖြစ်ဖြစ် အရေးမကြီးဘူး ဒီလောက်လူအများကြီးဝင်သွားရင် ဆံ့မှာတောင်မဟုတ်ဘူး” စူးရှောင်ရှောင် ပြောလိုက်သည်။
ရှီမာယူယူ သဘောတူစွာခေါင်းညိတ်လိုက်သည်။ ပြီးတော့ ကျွန်းပေါ်က ဟာက အတုကြီးဟုတ်လား.. အဲလိုလည်းမဟုတ်ဘဲနဲ့…
အဲဒါသာအတုဖြစ်ရင် ဘယ်လိုလုပ် ရွှမ်းချုံဟော်က အဲအထဲကနေ အမွေအနှစ်ရလာမလဲ။ ဧကရာဇ်က သူ့ရဲ့အမွေအနှစ်တွေကို နေရာတုမှာ ထားပြီးတော့ သူနေခဲ့တဲ့နေရာအစစ်မှာမထားခဲ့တာများလား။
မဖြစ်နိုင်ဘူးလေ။
ပြီးတော့ တခြားသူသာဆိုရင် သူတို့ရတနာရှာတွေ့တာနဲ့ ဒီနေရာကို ဖုံးထားပြီး တခြားသူတွေမသိအောင်လုပ်မှာမလား။ ဘာလို့တခြားသူတွေကို အသိခံတာလဲ။
အဲဒါကြောင့် ဒီနေရာကမှ အတုနဲ့တူနေသေးတယ်။ ပြီးတော့ အစ ကတည်းက အတုကလူတွေအများကြီးကို ပိုဆွဲဆောင်နိုင်တယ်လေ။ ဒီနေရာ ကိုရတနာရှာမယ့် သတင်းကိုဖြန့်တဲ့သူတွေရဲ့ လှုပ်ရှားမှုက အရမ်းကို သံသယဝင်စရာကောင်းတယ်။
သူမ ထိုအရာများကို တွေးမိသည်နှင့် ဟန့်မြောင်ရွှမ်နှင့် တခြားသူများ လည်း ထိုသို့တွေးမိကြသည်။ သူတို့မျက်နှာများသည် သံသယများပြည့်သွား ကြသည်။
“အဲအမူအရာတွေ ဘာလို့ဖြစ်သွားကြတာလဲ” ချီဝေသည် ထိုနေရာက ရှေးဟောင်းအကြွင်းအကျန်များ အကြောင်းသိသွားသော ရှီမာယူယူနှင့် တခြားသူများကို မြင်သောအခါ မေးလေသည်။ သူတို့သည် ပျော်ရမည့်အစား မျက်မှောင်ကြုတ်သွားကြသည်လေ။
“ကျွန်းပေါ်က အကြွင်းအကျန်က အတုဖြစ်ပြီး ဒီနေရာက အကြွင်းအကျန်က အစစ်လို့ မင်းတို့တကယ်ထင်လား” ရှီမာယူယူသည် အပြာရောင်ဓားသွားနှင့် တခြားသူများကိုမေးလိုက်သည်။
အပြာရောင်ဓားသွားနှင့် တခြားသူများသည် အစပိုင်းတွင် ယုံကြည်ချက် အပြည့်ရှိထားကြသည်။ သို့သော် ရှီမာယူယူ ထပ်ပေါင်းပြောလိုက်သော စကားကြောင့် မသေမချာဖြစ်သွားကြသည်။
“အဲဒါက လူတိုင်းပြောနေကြတာပဲလေ ကျွန်းကဟာက ဧကရာဇ်ဘုရင် ကြီးရဲ့ အကြွင်းအကျန်လို့ပြောကြပေမဲ့ သွားလိုက်တော့ဘယ်သူမှဘာမှ မတွေ့ခဲ့ကြဘူး အဲဒါကြောင့် အလိမ်ခံရတယ်လို့ သူတို့ထင်ကြတယ် တစ်ဖက်မှာတော့ ဧကရာဇ်ဘုရင်ကြီးရဲ့ ရတနာကဒီမှာပေါ်လာတယ် အဲဒါကြောင့် လူတိုင်းယုံသွားကြတယ်၊ မင်း ဒီမေးခွန်းကိုမမေးခင် ငါတို့လည်း အဲလိုတွေးတာပဲ” အပြာရောင်ဓားသွား ပြောလေသည် “ဘာပြဿနာရှိလို့လဲ”
“ပြဿနာကတော့ရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒီကျွန်းပေါ် က ရှေးဟောင်းအကြွင်းအကျန်ထဲကနေ ဧကရာဇ်ဘုရင်ကြီးရဲ့ အမွေအနှစ် ကို ရွှမ်းချုံဟော်ရလိုက်တာ သိကြလား”
“ဘာ သေချာလား” ကျူလန် မေးလိုက်သည်။
“ငါတို့ကိုယ်တိုင် မျက်စိနဲ့မြင်ပြီး သူကိုယ်တိုင်ဝန်ခံတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“တကယ်ပဲ ဧကရာဇ်ဘုရင်ကြီးရဲ့ အမွေအနှစ်ရှိတယ်ဆိုရင် ဘာလို့ တခြားရတနာကပေါ်မလာတာလဲ” ယုချင်းပြောလေသည်။
“ဘာလို့လဲဆိုတော့ ဒီအံ့ဖွယ်နယ်မြေကိုလာတာ ငါတို့တင်မဟုတ်လို့ပဲ” ရှီမာယူယူ ပြောလိုက်သည် “အများကြီးလာဖူးကြတယ်လေ အဲဒါကြောင့် တခြားသူတွေက ရှေးဟောင်းအကြွင်းအကျန်က ပစ္စည်းတွေကိုရသွားပြီးနေ ပြီ”
“တခြားသူတွေဟုတ်လား ဘယ်သူတွေလဲ” ချီဝေ မေးလေသည်။
“အပြင်ကလူတွေပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါကိုဘယ်လိုသိတာလဲ”
“ချင်ယိ ပြောတာပဲ”
“ချင်ယိက ဘယ်သူလဲ”
“အသက်သစ်ပင်”
“အသက်သစ်ပင်က အဲလိုပြောမှတော့ မမှားလောက်ပါဘူး” ကျူလန် ပြောလေသည် “တကယ်သာအမှန်ဆိုရင် ကျွန်းပေါ်ကဟာက တကယ့် အကြွင်းအကျန်အစစ်ပေါ့ ဒါဆိုရင် ဒီနေရာကဘာလဲ”
“ဒီနေရာကိုဘယ်လိုထင်လဲ” ရှီမာယူယူသည် မေးခွန်ပြန်မေးလေ သည်။
ကျူလန်ှနင့် အပြာရောင်ဓားသွားတို့သည် တစ်စုံတရာကိုစဉ်းစားမိရာ သူတို့မျက်နှာသည် ချက်ချင်းပင် ပြောင်းသွားလေသည်။
“အဲလိုသာဆိုရင် ငါတို့ဂိုဏ်းအဖွဲ့ဝင်တွေ ဝင်..ဝင်သွားလို့မဖြစ်ဘူး ငါတို့ ဆရာနဲ့တခြားသူတွေကို မြန်မြန်သတိပေးမှဖြစ်မယ်” အပြာရောင်ဓားသွား သည် ပြောရင်းနှင့် အလျင်စလိုပြန်သွားလေသည်။
“အပြာရောင်ဓားသွား ဘာပြောရမယ်ဆိုတာ သိတယ်မလား ကိုယ့် ကိစ္စတွေကို တခြားသူတွေကိုမသိချင်တဲ့လူတချို့ရှိတယ်” ရှီမာယူယူ ပြော လိုက်သည်။
အပြာရောင်ဓားသွား တွေဝေသွားသည်။ သူမသည် ရွှမ်းချုံဟော် အကြောင်းပြောနေခြင်းဖြစ်သည်။
သူခေါင်းညိတ်ကာ ပြောလိုက်သည် “ငါ နားလည်ပါတယ်”
“ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကလည်းမသေချာပါဘူး မင်းရဲ့ ဆရာနဲ့ တခြားသူတွေကို အရိပ်လောက်ပဲပြထားပေါ့” ရှီမာယူယူ ထပ်ပြောလေသည်။
“ကောင်းပြီ”
အပြာရောင်ဓားသွားသည် လှည့်ထွက်သွားလေသည်။ ချီဝေနှင့် တခြား သူများသည် စဉ်းစားပြီးရင်းစဉ်းစားကာ နားမလည်စွာမေးလိုက်သည် “အပြာရောင်ဓားသွားက ဘာဖြစ်တာလဲ သူ အဲလိုအမူအရာပြောင်းတာ မမြင်ရတာကြာပြီ”
သူတို့သုံးယောက်သည် အခြေအနေ၏ တင်းမာမှုကိုနားမလည်သေး ပေ။
ကျူလန်နှင့် တခြားသူများသည် သူတို့ထက်ပိုနားလည်သည်။ သူတို့၏ အကျင့်သည် တည့်တိုးဖြစ်သည်။ သူမ သူတို့ကိုရှင်းမပြလျှင် သူတို့နားလည် နိုင်မည်မဟုတ်ပေ။
“ကျွန်းပေါ်က တကယ့်အကြွင်းအကျန်ဆိုရင် ဒါကဘာနေရာလဲ” သူမ မေးလိုက်သည်။
“ဒါဆိုရင် ဒါကအတုဖြစ်နိုင်တယ် ဧကရာဇ်ဘုရင်ကြီးက သူ့ရဲ့အမွေအနှစ်တွေကို သိပ်မဝေးတဲ့နေရာမှာ ထားမှာမဟုတ်ဘူး” ယုချင်း ပြောလေသည်။ ထို့နောက်တွေင် သူမ ရုတ်တရက်နားလည်သွားကာ အသက်ပြင်းပြင်းရှိုက်ကာ “နင်ပြောတာက…”
***