← Chapters

လျစ်လျူရှုခံရတဲ့ သတိပေးမှု

Vol. 82 Ch. 1135

လျစ်လျူရှုခံရတဲ့ သတိပေးမှု

Vol. 82 Ch. 1135

ရှန်မင်လန်သည်လည်း နားလည်သည်။ သို့သော် ထိုမျှလောက် နက်ရှိုင်းလိမ့်မည်ဟု သူမထင်ထားပေ။ နားမလည်သူမှာ ချီဝေဖြစ်သည် “ဘာတွေပြောနေကြတာလဲ” သူ မေးလိုက်သည်။

ကျူလန် သက်ပြင်းချကာ ပြောလေသည် “တကယ့်အစစ်က တခြား နေရာမှာရှိတယ်လို့ ပြောရင် ဒီနေရာကဟာက အတုလို့ဆိုလိုတယ် ဒီနေရာ ကရတနာကို ရှာတွေ့တဲ့သူက ဧကရာဇ်ရဲ့အကြွင်းအကျန်အစစ်ဖြစ်တယ်လို့ ဘာလို့ပြောရတာလဲ ဘာအကျိုးအမြတ်ရမှာမို့လို့လဲ”

“လူတိုင်းကို ဒီနေရာကိုဆွဲခေါ်ဖို့” ချီဝေ ပြောလိုက်သည် “ဒါပေမဲ့ ဒါက တကယ့်နေရာအစစ်လည်းဖြစ်နိုင်တယ်လေ”

“ကျွန်းပေါ်ကဟာက တကယ့်အစစ်အကြွင်းအကျန်လို့ ယူယူ အတည်ပြုပြီးပါပြီဆို ဒီမှာတခြားအကြွင်းအကျန်အစစ်ရှိပါဦးမလား” ကျူလန် မေးလိုက်သည်။

“အဲဒါမဖြစ်နိုင်ဘူး ဧကရာဇ်ကငတုံးမဟုတ်သရွေ့ပေါ့လေ” ချီဝေ ပြော လိုက်သည်။

သေချာတာပေါ့ ဧကရာဇ်က ငတုံးမဖြစ်နိုင်ဘူးလေ…

အဲဒါကြောင့်…

“ငါတို့ဒီရောက်နေတာ ကြာပြီ ဒီနေရာကိုပထမဆုံးရှာတွေ့တဲ့လူလို့ ကြားမိလား သူက ဘယ်အင်အားစုကလဲ” ကျူလန် ထပ်မေးပြန်သည်။

ယုချင်းနှင့်တခြားသူများသည် ခေါင်းခါလိုက်ြ့သည်။

“သာမန်လူတစ်ယောက် ရတနာရရင် သတင်းကိုဖုံးဖို့ပဲလုပ်လိမ့်မယ် အဲလူက ဘာလို့သတင်းလွှင့်ရတာလဲ” ကျူလန် ဆက်မေးလေသည်။

“တစ်ယောက်ယောက်ကတော့ ဒီနေရာကို တမင်မျှားခေါ်နေတာပဲ” ချီဝေ ပြောလိုက်သည်။

“ဒါပေမဲ့ သူတို့ ဘာလို့လုပ်ချင်တာလဲ” ယုချင်း မေးလိုက်သည်။

“အကြောင်းအရင်းကဘာပဲဖြစ်ဖြစ် ဒီလိုသတင်းက လူတိုင်းကိုတော့ လန့်စရာပဲ” ကျူလန် ပြောလိုက်သည်။

“အပြာရောင်ဓားသွား ဒါကိုစဉ်းစားမိလို့ ဆရာနဲ့ တခြားသူတွေကို သွားသတိပေးတာလား”

“အင်း ဆရာ ယုံမလား မယုံမလားတော့မသိဘူး” ကျူလန်သည် စိုးရိမ် လျက်ရှိသည်။

သူတို့သည် အကြောင်းအရင်းကို ထဲထဲဝင်ဝင်သိထားသည့်အပြင် ရှီမာယူယူကိုလည်း ယုံကြည်သောကြောင့် သူတို့သည် ထိုသတင်းကို ယုံကြည်ထားကြသည်။ သို့သော် သူတို့ဂိုဏ်းအဖွဲ့ဝင်များသည် သူမကို ယုံကြည်ကြမည်မဟုတ်ပေ။ ရတနာနောက်လိုက်သူများသည် သူတို့အရှေ့ တွင်ရှိနေကာ အခုချိန်တွင် သူတို့ဉာဏ်ရည်မှာလည်း နိမ့်လျက်ရှိသည်။

“တကယ်လို့… ငါပြောတာ တကယ်လို့နော်.. အရင်ဧကရာဇ်နဲ့ ဒီနေရာ နဲ့ ပတ်သတ်မှုမရှိဘူးဆိုရင်ရော ဒါမှမဟုတ် ဒီနေရာမှာ တခြားအခွင့်အလမ်း ရှိနေတယ်လို့ပြောရင်ရော” ရှန်မင်လန် ပြောလိုက်သည်။

“ငါတို့ ဒီဖြစ်နိုင်ချေကို ထည့်မတွက်လို့မရဘူး” ကျူလန် ပြောလိုက် သည် “အဲဒါကြောင့် ဆရာနဲ့ တခြားသူတွေမယုံမှာကိုစိုးရိမ်တာ”

ထင်ထားသည့်အတိုင်းပင် အပြာရောင်ဓားသွားသည် ဆရာဘေးမှ လူတစ်ယောက်နှင့် စကားများပြီးနောက် စကားတစ်ခွန်းပြောကာထွက်ခဲ့လေ သည်။

“သူတို့က နင့်ကိုမယုံကြဘူးလား” ကျူလန် မေးလိုက်သည်။

“ဆရာက ရတယ် ဒါပေမဲ့ အဲအနီရောင်ဓားသွားအစုတ်ပလုတ်က ဆန့်ကျင်နေတာ ငါက ငကြောက်လို့ဆက်တိုက်ပြောပြီး အဲလိုလှည့်ကွက်တွေ မရှိဘူးလို့ပြောနေတာ ငါကပဲ ကြောက်လို့ဆင်ခြေရှာပြီး လိမ်နေတာတဲ့” အပြာရောင်ဓားသွား ပြောလေသည် “ငါ ရွှမ်းချုံဟော်အကြောင်းလည်း မပြော ခဲ့ဘူး အဲဒါကြောင့် သူတို့က မယုံကြတာပဲ”

“မင်းအဲလိုပြောပြီးပြီဆိုတော့ သူတို့ယုံတာမယုံတာက မင်းအပေါ် မမူတည်တော့ဘူးလေ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“အဲလိုဆိုရင်တောင် သူတို့က ငါ့ဂိုဏ်းအဖွဲ့ဝင်တွေလေ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် သူတို့ကို လွှတ်ပေးလို့မရဘူး” အပြာရောင်ဓားသွားပြော လိုက်သည်။

သူတို့သည် ဂိုဏ်းတစ်ခုထဲမှဖြစ်ကြသည်။ သူတို့အချင်းချင်း အတွင်းပိုင်း သဘောထားကွဲလွဲမှုများရှိသော်လည်း အပြင်လူများနှင့် ဆန့်ကျင်ရပ်တည်နေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် တစ်သားတည်းဖြစ်တုန်းပင်။

“ဒါပေမဲ့ သူတို့က သေမဲ့လမ်းကိုရွေးမယ်လို့ ဆုံးဖြတ်လိုက်ရင်လည်း မင်းလည်း လိုက်သွားမှာလား” ဟန့်မြောင်ရွှမ် မေးလိုက်သ်ည။

“တကယ်လို့ တစ်ခုခုသာဖြစ်ခဲ့ရင် ငါတို့သူတို့နဲ့လိုက်သေရမှာပေါ့” အပြာရောင်ဓားသွား ပြောလိုက်သည်။

“မင်းက ငတုံးလား” ရှီမာယူယူသည် အပြာရောင်ဓားသွားကို မျက်လုံး လှန်ပြလေသည်။ အစပိုင်းတွင် သူ့ကိုမဆိုးလှဟုထင်ထားသော်လည်း သူသည် အမှန်တကယ်ပင် ငတုံးဖြစ်နေသည်ကို အခုမှပင် သိလိုက်ရသည်။

“ဘာ…”

“တကယ်လို့ တစ်ခုခုဖြစ်ရင် သူတို့ကိုဘယ်လိုကယ်မလဲဆိုတာ မတွေးဘဲနဲ့ သူတို့နဲ့လိုက်သေဖို့ စဉ်းစားနေတယ် အဲဒါရူးမိုက်တာမဟုတ်ရင် ဘာလဲ” ရှီမာယူယူ မေးလိုက်သည်။

“အာ…”

“မင်းတို့မသိလို့ ငါတို့ဂိုဏ်းမှာ ခေါင်းမာတဲ့လူတွေရှိတယ် သူတို့က ငါတို့ ဘာပြောပြော နားထောင်မှာမဟုတ်ဘူး” ကျူလန်သည် မတတ်သာစွာ ပြော လိုက်သည်။

“ဒါဆိုရင် အဲခေါင်းမာတဲ့လူတွေကို သူတို့ဘာသာသွားခိုင်းလိုက်လေ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“အဲဒါလည်း မဖြစ်ပြန်ဘူး” ကျူလန် ခေါင်းခါပြန်သည် “ဝင်မယ်ဆိုရင် တစ်ခုခုဖြစ်လာရင် ငါတို့ကစောင့်ကြပ်ပေးရမှာ”

“အဲလိုလား”

ထိုအချိန်တွင် သူရဲကောင်းဓားသွားဂိုဏ်းမှလူများသည် သူတို့ကို လက်ဝှေ့ယမ်းကာ ပြန်လာရန်ခေါ်လေသည်။

“သူတို့ ငါတို့ကိုခေါ်နေပြီ မြန်မြန်သွားပြီးဝင်ရတော့မယ်”

“သွားပါ” ရှီမာယူယူ ပြုံးလိုက်သည်။

ချီဝေသည် ရှီမာယူယူ၏ အင်္ကျိကိုဆွဲပြီးပြောလိုက်သည် “ဆရာ တစ်ခုခု ဖြစ်ရင် ငါတို့ကိုလာပြီးကယ်ရမယ်နော်”

ရှီမာယူယူသည် လက်နှစ်ချောင်းအသုံးပြုကာ သူမအင်္ကျိလိမ်နေသည် ကို ဆွဲပြီး သူဆုပ်ကိုင်ထားသည်မှ ထုတ်လိုက်သည်။

သူမသည် ချီဝေအားပြုံးပြီး ပြောလိုက်သည် “ငါမှ မဝင်တာ ဘယ်လိုလုပ် မင်းတို့ကိုကယ်မလဲ ငါ့ရဲ့မောင်လေးတစ်ယောက်အနေနဲ့ ထက်ထက်မြက်မြက်လေးရှိရမယ် အထဲမှာ မသေနဲ့နော်”

“ဆရာ မင်းအပြုံးက နည်းနည်းရက်စက်တယ်လို့ခံစားရတယ်” ချီဝေ သည် နှုတ်ခမ်းတွန့်လိုက်သည်။

“ဟုတ်လား” ရှီမာယူယူသည် ပိုပြုံးလိုက်သည် “ချီမျိုးနွယ်က မင်း အတွက် ပစ္စည်းကောင်းလေးပြင်ဆင်ထားသင့်တယ် ကောင်းကောင်းလေး သုံးပေးနော် အထဲရောက်နေတုန်း အသေမခံနဲ့ မဟုတ်ရင် မင်းကို ငါ့ မောင်လေးအနေနဲ့ မသတ်မှတ်ဘူး”

“… ကောင်းပြီလေ ဒါဆိုလည်း”

ချီဝေသည် နစ်နာချက်များဖြင့် လျှောက်သွားလေသည်။ သူသည် ရှီမာယူူယူကိုယုံကြည်သည်။ တစ်စုံတရာဖြစ်မည်ဟု သူမ ပြောလျှင် သေချာပေါက် တစ်ခုခုဖြစ်မည်။

အသက်ရှင်အောင်နေရမယ် အသက်ရှင်အောင်နေရမယ် မဟုတ်ရင် သူက သူမရဲ့ မောင်လေးမဖြစ်နိုင်တော့ဘူး…

အပြာရောင်ဓားသွားနှင့် တခြားသူများ ထွက်သွားတော့မှပင် ဟန့်မြောင်ရွှမ် မေးလေသည် “ဂျူနီယာညီမလေး တကယ်မဝင်တော့ဘူးလား”

“အခြေအနေကိုကြည့်ဦးမယ် ဒါပေမဲ့ သူတို့နဲ့တော့ သေချာပေါက် မသွားဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။

“တခြားသူတွေကို သတင်းပို့လိုက်ရမလား”

ရှီမာယူယူသည် အောက်မှလူများကိုကြည့်လိုက်ရာ သူမနှင့် သိကျွမ်း သူတချို့ကိုတွေ့ရာ ပြောလိုက်သည် “သူတို့ကို သိခိုင်းလို့ရတယ် ဒါပေမဲ့ သူတို့ယုံတာ မယုံတာတော့ ငါတို့ပြဿနာမဟုတ်ဘူး”

“သူတို့ကို ဘယ်လိုသတိပေးကြမလဲ”

ရှီမာယူယူသည် စာရွက်တချို့ထုတ်ကာ စာအမြန်ရေးလိုက်သည်။ ထို့နောက်တွင် သူမသည် စာရွက်များခွဲပြီး နီရဲပျားများကို ခေါ်လိုက်သည်။ စာလိပ်များကို ကိုင်ကာ သက်ဆိုင်ရာအင်အားကြီးများကို သတင်းပို့ခိုင်းလိုက် သည်။

လူများသည် ဝင်ပေါက်တွင် တန်းစီနေပြီဖြစ်သည်။ သူမ စာရွက်အပိုင်း ကိုရသူများသည် သူမပြောသည်ကို ဂရုပင်မစိုက်ကြပေ။

ဝေကြီးနှင့် ဝေလေးသည် သူတို့ဂိုဏ်းမှလူနှင့် စကားပြောနေချိန်တွင် နီရဲပျားတစ်ကောင် သူတို့ဆီပျံလာသည်ကို တွေ့လိုက်သည်။

“ဒါဘာလဲ” သူတို့နှင့်စကားပြောနေသောလူသည် မေးလေသည်။

“ယူယူရဲ့ နီရဲပျား” ဝေကြီးပြန်ဖြေလေသည်။

သူ လက်ဆန့်ထုတ်လိုက်ရာ နီရဲပျားသည် သူ့လက်ဖဝါးပေါ်တွင် နားလေသည်။ အဖြူရောင်အလင်းတန်းဖျော့ဖျော့ထွက်လာကာ စာရွက် အပိုင်းအစသည် သူ့လက်ပေါ်တွင် ပေါ်လာသည်။

သူသည် စာရွက်ယူလိုက်ရာ နီရဲပျားသည် အတောင်ပံခတ်ကာ ပျံသွား လေသည်။

“သူမ ငါတို့ကိုသတင်းပေးတာလား” ဝေကြီး စာရွက်ယူပြီးနောက်တွင် စကားမပြောသည်ကို မြင်သောအခါ ဝေလေးမေးလေသည်။

ဝေကြီးသည် စာရွက်ဖြန့်ပြီး အားလုံးကို ကြည့်စေလိုက်သည်။

“အကြွင်းအကျန်တွေက အတုလည်းဖြစ်နိုင်တယ် အစစ်လည်း ဖြစ်နိုင် တယ် ပရိယာယ်ကိုသတိထားပါ” ဝေလေးသည် ဖတ်ပြီးပြောလိုက်သည် “ဒီ အကြွင်းအကျန်ကအတုလို့ သူမ ပြောနေတယ် အထဲမှာ ထောင်ချောက်ရှိနေ တာလား”

“ထောင်ချောက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါတို့သတိထားရမယ်” ဝေကြီးပြောလိုက်သည် “ယူယူ အဲကလေးကတော့ မင်း မသိတာလည်း မဟုတ်ဘူး သူမက မသေချာတဲ့ဟာကိုပြောမှာမဟုတ်ဘူး”

“ယူယူ ဟုတ်လား အဲဒါမင်းတို့ပြောတဲ့ ကျောင်းက တည်ဆောက်မှု ပါရမီရှင်ဆိုတာလား” သူ့ဘေးမှတစ်ယောက်က မေးလိုက်သည်။

“အင်း အဲတစ်ယောက်ပဲ”

“သူမက နောက်ပိုင်း နာမည်ကြီးလာတယ် သူမအကြောင်းကို မကြာခဏ ကြားနေရတယ်”

“သေချာတာပေါ့ လူငယ်တွေထဲက သူရဲကောင်းပေါ်လာတာပဲ ဒီလိုလူ ကငါတို့ဂိုဏ်းကဆိုရင်ကောင်းမှာပဲ သူမ အရည်အချင်းနဲ့ဆိုရင် ငါတို့ တံခါးတစ်ရာလဲလှယ်ခြင်းဂိုဏ်းက အရင်ဂိုဏ်သိက္ခာကို ပြန်မြင့်စေမယ်”

“ဒါပေမဲ့ အဲဒါကအိမ်မက်ပါပဲ သူမ တည်ထောင်လိုက်တဲ့ဂိုဏ်းက ကြီးတယ်လို့ပြောရမယ် သူမ တောင်ကြားဒုခေါင်းဆောင်ရာထူးကို စွန့်လွှတ် ပြီးငါတို့ဆီလာခိုင်းတာက လက်တွေ့မကျဘူး”

ဝေကြီးနှင့် ဝေလေးတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ရှီမာယူယူတွင် ထိုတည်ဆောက်မှုစာအုပ်ရှိနေသည်ကို သူတို့ မဖော်ထုတ်ခဲ့ ကြပေ။ သူတို့ဂိုဏ်းသခင် တစ်ယောက်သာသိထားသည်။ သူမသာ ထိုစာအုပ် ကိုပိုင်ဆိုင်သည်ကို သူတို့သိပါက ထိုသို့စဉ်းစားမည်မဟုတ်ပေ။

***

All Chapters