← Chapters

တိုက်ပွဲ

Vol. 3 Ch. 21

တိုက်ပွဲ

Vol. 3 Ch. 21

ဘုတ်!

မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားမှာ နဖူး၌ သွေးစို့နေသည့် အပေါက်နှင့်အတူ မြေပေါ်သို့ လဲကျသွားတော့သည်။ တခဏကြာသည် အထိ လူတိုင်းမှာ မှင်သက်နေကြလေသည်။ ဘာတွေဖြစ်ကုန်တာလဲ… ရုတ်တရက် ဘာလို့ သေဆုံးသွားရတာလဲ။ ဘဏ္ဍစိုးကျန်းမှာ ထိတ် လန့်စွာဖြင့် မျက်လုံးများ ပြူးကျယ်နေသည်။ ချန်အန်၏ လက်ချောင်းမှ ရွှေရောင်အလင်းကို သူမြင်လိုက်သည် မဟုတ်လား။ ထိုအရာက ရွှေ လက်ချောင်း၏ ကျွမ်းကျင်မှု ဒုတိယအဆင့်ပင် မဟုတ်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ရွှေလက်ချောင်း မန္တန်မှာ လေ့ကျင့်ရခက်သည် ဟု နာမည်ကြီးပါသည်။ ထိုကျွမ်းကျင်မှု အဆ င့်ကို ရောက်ရှိရန် သာမန်သူများမှာ ဆယ်စုနှစ် ခန့် အချိန်ယူရနိုင်သည်။ စျေးနှုန်းနှင့် စွမ်းရည် မှာ အချိုးမညီ၍ လေ့ကျင့်သူမရှိခဲ့ပေ။ သို့ပေမဲ့ မည်သို့ပင် ဆိုစေကာမှု ထိုအရာမှာ မန္တန်တခုဖြ စ်နေသေးသည်။ မဟုတ်လျင် အဆင့်နိမ်ဝိဉါဥ် ကျောက်တုံး တစ်ရာဖြင့် မည်သူက ရောင်းမည် နည်း။ မေးခွန်းမှာ ချီစုဆောင်းခြင်း အဆင့်၄ ၌ ရှိသည့် ချန်အန်က ထိုမျှကျွမ်းကျင်မှုကို ရဖို့မ ည်ကဲ့သို့ လေ့လာလိုက်သနည်း။ ဘာကြီးလဲကွာ ဘဏ္ဍစိုးကျန်းမှာ ခက်ခဲစွာတွေးသော်လည်း အ ဖြေမရပေ။ သူ့ရဲ့မျက်နှာတွင်လည်း သံသယ များဖြင့် ပြည့်နေသည်။

ဝရူး

လေကို ထိုးခွင်းလိုက်သည့် ဓားသံတခုကို ကြား လိုက်ရသည်။ လူတိုင်းက အာရုံပြန့်သွားချိန်၌ သံနက်ဂိုဏ်းမှ ခေါင်းဆောင်က ကောက်ကျစ် စွာဖြင့် ဝင်ရောက် တိုက်ခိုက်တော့သည်။ သူက ဘဏ္ဍစိုးကျန်း၏ ဦးခေါင်းကို ဓားဖြင့် ခုတ်ပိုင်း လိုက်သည်။ ကံကောင်းစွာဖြင့် ဘဏ္ဍစိုးကျန်း ၏တုန့်ပြန် မှုကလည်း လျင်မြန်ပါသည်။ သူက ချက်ချင်းပင် ဘေးသို့ ရှောင်လိုက်ပြီး အန္တရာယ် များသည့် ဓားချက်ကို ရှောင်တိမ်းလိုက်သည်။ သို့သော် လုံးဝ ရှောင်လိုက်နိုင်သည်တော့ မဟု တ်ပေ။ ဓားသွားမှာ ပုခုံးစွန်းကို ထိမိသွားပြီး အ ဝတ်စားတခုလုံး သွေးများဖြင့် ရွှဲသွားတော့သ ည်။

ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု မအောင်မြင်သ ည်ကိုတွေ့လျင် ထိုသူက အနောက်သို့ ဆုတ်ခွာ သွားသည်။ ထို့နောက် သူ၏ အဖော်များကို တို က်တွန်းတော့သည်။

“ဘာတွေစောင့် နေတာလဲ မြန်မြန်အဆုံးသတ် ဖို့ ကြိုးစားတော့”

ရုတ်တရက် အော်ဟစ်သံနှင့်အတူ အခြားသူမျာ က ချန်အန်ကို တိုက်ခိုက်လာတော့သည်။ သို့ပေ မယ့် ခြေလှမ်းအနည်းငယ် လှမ်းပြီးချိနိတွင် သူ တို့၏ တကိုယ်လုံး ပျော့ပြောင်းသွားပြီး အားမ ရှိသလို ခံစားလိုက်ရသည်။ ထိုအဖြစ်ကို အနည် ငယ်နားလည်သည့် လူက အော်ဟစ်၍ ပြောလာ တော့သည်။

“မြန်မြန် ​ဖြေဆေးသောက်လိုက်ကြ”

ဖောက်!

ထိုသူက သူ၏အဖော်များကို သတိပေးနေစဥ် တွင် ရွှေရောင်အလင်းတခုက သူ့ရဲ့ဦးခေါင်းကို ဖောက်ထွက်သွား တော့သည်။

ဖောက် ဖောက် ဖောက်

အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အဆိပ် ခတ်ခံထားရသည့် သူများအားလုံးက ရွှေရောင် အလင်းများထိမှန်ကာ သေဆုံးသွားကြတော့သ ည်။ ပထမဆုံး ခေါင်းဖောက်ထွက်သွားသည့် ကျင့်ကြံသူမှာ မြင့်မားသည့် ကျင့်ကြံဆင့်မရှိ ထားပေ။ ချီစုဆောင်းခြင်းအဆင့် ၅ သာရှိပြီး ကျန်သူများမှာ အဆင့်၃ သို့မဟုတ် အဆင့်၄ အောက်တွင်သာ ရှိကြသည်။ သူတို့မိသွားသည့် အရိုးပျော့အမှုန့်ကြောင့် ရွှေရောင်အလင်းတန်း ကို မရှောင်နိုင်ခဲ့ကြပေ။ မကျေမနပ်ဖြင့်သာ နေ ရာတွင် သေဆုံးသွားတော့သည်။

“ဘဏ္ဍစိုးကျန်း ငါမင်းကို ကူညီမယ်”

ချန်အန်က အော်ဟစ်လိုက်သော်လည်း တိုက်ပွဲ ထဲသို့ ခြေတလှမ်းပင် မဝင်ရောက်ခဲ့ပေ။ ယင်း အစား မူလရှိနေရာမှ နေ၍ အဝေးမှပင် အကူ ညီပေးရန် ကြိုးစားတော့သည်။ သူက ဘဏ္ဍစိုး ကျန်းကို ကူညီ၍ တဖက်သူကို သတ်ဖြတ်ရန် ရွှေရောင်အလင်းကို အသုံးပြုခဲ့သည်။ ဘဏ္ဍစိုး ကျန်းမှာ မူလက အားနည်းပြီး ခုခံနေခဲ့ရသော် လည်း ချန်အန်ကြောင့် အခြေနေများမှာ ပြောင် လဲသွားတော့သည်။ ခေါင်းဆောင်ဖြစ်သူမှာ အ ခြေနေမဟန်သည်ကို တွေ့သည်နှင့် တိုက်ခိုက် ရင်း နောက်ပြန်ဆုတ်ရန် ကြိုးစားနေသည်။

ချန်အန်က ထိုအရာကို ခွင့်ပြုမည် မဟုတ်ပေ။ ကျားကို တောင်ပေါ်ပြန်လွှတ်ပါက ကောင်းစွာ အိပ်စက်ရမည် မထင်ချေ။ ထို့ကြောင့် ချက်ချင် ပင် ရထားပေါ်မှ ခုန်ဆင်းကာ ထိုသူကို ဤနေရ တွင်ပင် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ပြီး လိုက် ပါတိုက်ခိုက် တော့သည်။ ဘဏ္ဍစိုးကျန်းမှာလဲ ထိုကဲ့သို့ အတွေးရှိနေပြီး ထပ်တူ တိုက်ခိုက်ရန် ကြိုးစား တော့သည်။ ချန်အန်က အဝေးမှတိုက် ခိုက်ခြင်းဖြစ်ပြီး ဘဏ္ဍစိုးကျန်းမှာ အနီးကပ်တို က်ခိုက်ရန် တာဝန်ယူသည်။ သူတို့နှစ်ဦး၏ ပူး ပေါင်းမှုက မျက်နှာဖုံးစွပ်ခေါင်းဆောင်၏ အနေ ထားကို သနားစဖွယ်ကောင်းအောင် ဖြစ်စေသ ည်။

သို့သော် မည်သို့ပင်ဖြစ်နေပါစေ တဖက်သူမှ တ န်ပြန်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ ခုခံရ င်းဖြင့် အနောက်သာ ဆုတ်နေလေသည်။ ထိုသူ မှာ ဆုတ်ခွာရင်းမှ ရုတ်တရက် ရပ်တန့်လိုက်သ ည်။ ချန်အန်က ထိုသူကို ကြည့်လိုက်လျင် အ သက်၄၀ ကျော် အရွယ်ရှိပြီး ထိုသူကို ချန်အန်မ သိပေ။

“ဘဏ္ဍစိုး အောင်းရန် မင်းက ဘာလို့လဲ”

တဖက်သူ၏ အသွင်ပြင်ကို တွေ့သည်နှင့် ဘဏ္ဍ စိုးကျန်းမှာ တုန်လှုပ်သွားတော့သည်။ သံနက်ဂို ဏ်းမှ ဖြစ်မည်ဟု သူတို့ထင်ထားသူမှာ ဝါးရွက် ဂိုဏ်းမှ ဖြစ်နေလေသည်။ ထို့အပြင် ထိုသူမှာ စျေးသက်သာသည့် ခရိုင်တခု၏ မန်နေဂျာဖြစ် ပြီး လုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်နေသေးသ ည်။ ဘဏ္ဍစိုးကျန်းမှာ အတွေးများ ရှုပ်ထွေးနေ လေသည်။

“ဘဏ္ဍစိုး အောင်းရန် ဘာဖြစ်နေတာလဲ”

ဘဏ္ဍစိုး အောင်းရန် ထိုအရာကို လျစ်လျူရှု၍ အိတ်ကပ်ထဲရှိ အနီရောင်ဆေးလုံးကို ထုတ်ယူ ကာ သောက်လိုက်သည်။ ကြက်သွေးရောင် သွေးဆေး ဖြစ်ပြီး အချိန်တိုအတွင်း ကျင့်ကြံမှု ကိုမြင့်ပေးသော်လည်း အနာဂတ် အခြေခံအုတ် မြစ်ကိုတော့ ထိခိုက်စေသည်။ ဘဏ္ဍစိုးကျန်းက ထိုအရာကို သတိပြုမိသည်နှင့် လက်ထဲမှဓား ဖြင့် ထိုသူကို ထိုးလိုက်သည်။ တဖက်သူမှ ထို သို့ဆေးလုံးကိုတောင် သုံးစွဲရနိ ဆန္ဒရှိနေသည်။ ထိုအရာမှာ သူတို့ကို အမှန်တကယ် အဆုံးသတ် စေလိုခြင်း ဖြစ်သည်။ ဆေးအာနိသင် မပြမီအ မြန်အဆုံးသတ်ရမည်။ မဟုတ်ပါက သူတို့နှစ်ဦ စလုံး ဒုက္ခရောက်သွားနိုင်သည်။

ချွမ်

ဘဏ္ဍစိုးကျန်း၏ ဓားချက်ကို တဖက်သူက အ လွယ်တကူပင် ခုခံလိုက်သည်။ ထိုအရာကို မြင် လျင် ချန်အန်က ဆက်လက်၍ အဝေးမှ ရွှေရေ ာင်အလင်း များဖြင့် ဆက်လက် တိုက်ခိုက်သ ည်။ ကံဆိုးစွာဖြင့် တဖက်သူက ထိုအရာအားလုံ ကို ​ရှောင်တိမ်းနိုင်ခဲ့လေသည်။ ဘဏ္ဍစိုး အောင် ရန်၏ မျက်လုံးများမှာ နီရဲနေပြီး ကြွက်သားမျာ မှာလည်း ဖုဖောင်းလာသည်။ အရှိန်အဝါမှာလဲ ချီစု​ဆောင်းခြင်း အဆင့်၈ နှင့်ပင် နီးကပ်သွား တော့သည်။

ဝုန်း

ထိုသူမှာ ချန်အန်ရှိရာသို့ ခုန်လာပြီး လက်သီး ဖြင့် ထိုးကြိတ်တော့သည်။ စိတ်အနှောင့်အယှ က်ပေးနေသည့် ဤကောင်ကို အမြန်ရှင်းပစ်ရ ပေမည်။ ချန်အန်က သူ၏အစွမ်းထက်သည့် စိ တ်စွမ်းအင်ကို အသုံးပြုကာ တိုက်ခိုက်မှုကို ဆ က်တိုက် ရှောင်တိမ်းနေသည်။ သို့သော် အပြည့် အဝ တော့မဟုတ်ပေ။ သူ့ရဲ့ ဦးခေါင်းကို မထိ သော်လည်း လက်မောင်းကို ထိမှန်ကာ တိတ်ဆိ တ်သည့် တောအုပ်ထဲတွင် အရိုးကျိုးသံကို ကြာ လိုက်ရပြီး ချန်အန်မှာ လွင့်စင်သွားတော့သည်။ သေသလား ရှင်သလား မသိတော့ပေ။ ဘဏ္ဍစိုး ကျန်းက ထိုအရာကို တွေ့သည်နှင့် ချက်ချင်းပင် လှည့်ထွက်ရန် ကြံတော့သည်။ တဖက်သူကို အ နိုင်ရရန် ယုံကြည်ချက်မရှိပေ။

သို့သော် ဘဏ္ဍစိုး အောင်းရန်က မည်ကဲ့သို့အ လွတ်ပေးမည်နည်း။ လဲလျောင်းနေသည့် ချန် အန်ကို ဂရုမစိုက်တော့ပေ။ သူက ဘဏ္ဍစိုးကျန် နောက်သို့ လိုက်ပါသွားသည်။ ဘဏ္ဍစိုးကျန်း၏ အရှိန်မှာ မမြန်သောကြောင့် တခနအတွင်းပင် လိုက်မီသွားခဲ့သည်။ မလွတ်မြောက်နိုင်တော့သ ည်ကို သိလျင် ဘဏ္ဍစိုးကျန်းက သူ့ရဲ့တန်ဖိုးရှိ အရာများကို ထုတ်ယူကာ ပြောလာသည်။

“ဘဏ္ဍစိုး အောင်းရန် ဒီကိစ္စက ငါနဲ့မဆိုင်ပါဘူး ငါဘာမှ မတွေ့လိုက်ဘူးလို့ သဘောထားလိုက် ပါ့မယ် စျေးသက်သာတဲ့ခရိုင်က ရုံးခန်းမှာ အ ဆင့်နိမ့် ဝိဉာဥ်ကျောက်တုံး ၈၈ တုံးရှိတယ် အနှ စ် သုံးဆယ်လုံးလုံး စုဆောင်းထားသမျှ ငါပေး ပါမယ် မင်းက ဒီတိုင်းပြန်သွားရင်တောင် အရှုံး မရှိတော့ပါဘူး”

“ ဝိဉာဥ်ကျောက်တုံးတွေ ကိုလည်းယူမယ် မင်း ရဲ့အသက်ကိုလည်း ယူမယ်”

ထိုသို့ ပြောပြီးနောက် ဘဏ္ဍစိုး အောင်းရန်မှာ ချက်ချင်းပင် တိုက်ခိုက်တော့သည်။ သံနက်ဂို ဏ်း၏ လျှို့ဝှက် သူလျှိုတဦးအနေဖြင့် ဆယ် နှစ်ကျော် အချိန်ပေးခဲ့ရသည်။ ဤမျှဖြင့် ဘာ အတွက် ပြန်သွားရမည်နည်း။ နှစ်အနည်းငယ် အကြာတွင် ဂိုဏ်းနှစ်ခုကြား တိုက်ပွဲစတင်မည် ဖြစ်ပြီး ထိုအချိန်တွင် သူ၏ အထောက်ထားကို အသုံးပြုရမည် ဖြစ်သည်။

“ဒါဆိုရင်တော့ အတူတူသေရအောင်”

ဘဏ္ဍစိုးကျန်း၏ မျက်လုံးများနီရဲလာသည်။ တဖက်သူမှာ သူ့ကို အလွတ်ပေးမည် မဟုတ် တော့ပေ။ အသေခံတိုက်ရုံမှ အပရွေးချယ်စရာ မရှိတော့ချေ။ သူသေသွားလျင်တောင် တဖက် သူကို ဆွဲခေါ်သွားရပေမည်။

…………………………………………….

All Chapters