ပေါက်ကွဲခြင်း
Vol. 3 Ch. 22
ချန်အန်က လဲလျောင်းနေရာမှ ထရန် ရုန်းကန် နေရပြီး သူ့ရဲ့ ဘယဘက်လက်မောင်းဖြင့် ညာ ဘက်လက်ကို ထိရန် ကြိုးစားလိုက်သည်။
ဟူး
နာကျင်လွန်း၍ အသက်ရှုရပ်မတန့်ဖြစ်သွားရ တော့သည်။ သွေးများဖြင့် ဖုံးလွှမ်းနေသည့် လ က်ကို ကြည့်လိုက်သည်။ တဆက်တည်း ညာဘ က်ပုခုံးမှ စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရပြီ အသက်ပင် သေချင်သွားမိသည်။ ညာဘက်ပုခုံ ရိုးမှာ အက်ကွဲသွားပြီး ထိုအရာက အရိုးများ ကြေသည်ထိ ဖြစ်သွားနိုင်သည်။ သူသာ ကျင့် ကြံသူမဟုတ်ပါက ထိုကဲ့သို့ နာကျင်မှုကို တော င့်ခံနိုင်မည် မဟုတ်ပေ။ ပြင်းထန်သည့် နာကျင် မှုကို တောင့်ခံကာ လှည်းဆီသို့ ပြန်သွားလိုက် သည်။
ယောက်ျားဖြစ်သူ ဒဏ်ရာရသွားသည်ကို မြင် လျင် ဇနီးနှင့် ကိုယ်လုပ်တော်တို့မှာ တုန်လှုပ် သွားကြတော့သည်။ စိုးရိမ်စိတ်ဖြင့် ကမန်းက တန်း မေးကြတော့သည်။
“ယောက်ျား”
“ယောက်ျား ဘာဖြစ်တာလဲ”
“ငါအဆင်ပြေတယ် စိတ်မပူနဲ့”
ချန်အန်က စကားအနည်းငယ်ပြောရင်း ရထား လုံးပေါ် ကြည့်လိုက်လျင် နှင်းဖြူရောင်ဆေးပု လင်းကို တွေ့လိုက်ရသည်။ အထဲတွင် သေးင ယ်သည့် ဆေးလုံးတလုံးရှိကာ ထိုအရာက အ တွင်းရော အပြင်ပါ ထိခိုက်မှုကို ကုသနိုင်သည် စျေးမှာ ကြီးမြင့်ပြီး အရေးပေါ်အတွက် ဝယ်ယူ ထားသည့် အဆင့် ၂ ဆေးလုံးဖြစ်သည်။ ယခု တော့ သုံးရန်အချိန် ကျလေပြီ။ ဆေးပုလင်းကို ဖွင့်ကာ ဆေးလုံးကို စားလိုက်သည်။ တခဏတွ င်းမှာပင် ခန္ဓာကိုယ်ရှိ နာကျင်မှုများ သက်သာ သွားသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ ထို့နောက် အခြားတနေရာမှ ဆေးပုလင်းကိုယူ ကာ ဒဏ်ရာရထားသည့် ပုခုံးပေါ် ဆေးမှုန့်များ ဖြူးလိုက်သည်။ ဒဏ်ရာကို အလျင်မြန်ကုသ ပြီးနောက် တွေးလိုက်သည်။
ဘဏ္ဍစိုးကျန်း၏ ခွန်အားမှာ ဘဏ္ဍစိုး အောင်းရ န်ထက် နိမ့်ကျသည်။ အချိန်တခုကြာအောင် တို က်ခိုက်ရဖွယ်ရှိသည်။ ပြီးလျင် သူ့ထံပြန်လာ ပေလိမ့်မည်။ သူ့ဇနီးနှင့် ကိုယ်လုပ်တော်တို့ ထွက်သွားလိုပါက ရထားလုံးကို မောင်းနှင်နိုင် သော်လည်း အကွာအဝေးမှာ ဆယ်မိုင်ကျော် လောက် လိုသေးသည်။ ရထားလုံး၏ နှေးကွေး သည့် အရှိန်ကြောင့် ဖမ်းမိသွားနိုင်သည်။ သူလွ တ်မြောက်ဖို့ အတွက်ဖြင့် သူမတို့ကို မစွန့်လွတ် နိုင်ပေ။ ချန်အန်က ကိုယ်ဝန်ရှိနေသည့် ဆောင် ဟွာယင်းနှင့် စိုးရိမ်နေသည့် ဂူရှန်းယုတို့ကို ကြ ည့်လိုက်သည်။ သူတို့ကို စွန့်လွတ်ရန် မဖြစ်နိုင် ပေ။ တောထဲ ပြန်ဝင်ကာ ဘဏ္ဍစိုးကျန်းနှင့် ပူး ပေါင်းရမည်လား ထိုအရာက နှစ်ခါအသေခံခြ င်းသာ ဖြစ်သည်။ ဘဏ္ဍစိုးကျန်းမှာ ယခုချိန် ၌ အသတ်ခံရ လောက်ပေပြီ။ သူပြန်သွားပါက ကျားရဲတွင်းသို့ ခုန်ဆင်းတာနှင့် တူပေမည်။ ဤ သို့ဆိုလျှင်…. အဆိပ်ထောင်ချောက်တချို့ဖြင့် ဘဏ္ဍစိုး အောင်းရန်ကို အသုံးပြုရမည်လား။ထို အရာကလည်း မဖြစ်နိုင်ပေ။ တဖက်ရှိသူများ အဆိပ်ဖြင့် သေဆုံးသွားသည်ကို တွေ့မြင်ထား ၍ ကြိုတင်ပြင်ဆင်ထားပေမည်။ ဒါဆို ငါဘာ လုပ်ရမလဲ။
ချန်အန် တယောက်စိုးရိမ်နေသည်။ ဤအရာက သူကူးပြောင်းလာပြီးနောက် အကြီးမားဆုံးအခ က်အခဲ ဖြစ်သည်။
“ယောက်ျား”
ချန်အန်တယောက် မျက်မှောင်ကြုတ်နေသည် ကိုမြင်လျင် ဘေးရှိ ဂူရှန်းယုက စိုးရိမ်တကြီးဖြ င့် ခေါ်လိုက်သည်။ ချန်အန်၏ အခြေအနေနှင့် ဘဏ္ဍစိုးကျန်းက အဘယ့်ကြောင့် ပြန်မလာရ သေးသနည်း။ ယောက်ကျားဖြစ်သူကို မည်သူ က ဒဏ်ရာရစေသနည်း။ သူမက မေးလိုသော် လည်း မမေးတော့ပေ။ တဖက်တွင် ဆောင်ဟွာ ယင်းက ချန်အန်၏ဒဏ်ရာမှ သွေးတစက်စက် ထွက်နေသည်ကို မြင်လျင် ဆေးအမှုန့်များယူ၍ ညင်သာစွာ ပြောလာသည်။
“ယောက် ကျား ဒဏ်ရာက သွေးထွက်နေတုန်းပဲ ဘာလို့ သွေးခဲအမှုန့်ကို ထပ်မသုံးတာလဲ”
“မလိုတော့ပါဘူး ခုနကပဲ သုံးထားတယ်”
ချန်အန်က သူမ၏လက်ထဲမှ ဆေးပုလင်းကို ကြည့်ကာ ပြောလိုက်သည်။ ချန်အန်က မလိုအ ပ်ဟု ပြောလျင် သူမက ဆေးပုလင်းကို ပြန်သိမ် လိုက်သည်။ မတော်တဆလား မသိပေ ဆေးပု လင်းမှာ လွတ်ကျသွားပြီး ခြေထောက်အနား၌ ကျကွဲသွားသည်။
“ယောက်ျား ငါက တမင်လုပ်တာမဟုတ်ပါဘူး”
ဆောင်ဟွာယင်းမှာ အထိတ်တလန့်ဖြင့် ယော က်ကျားဖြစ်သူ အပြစ်တင်မည်ကို စိုးရိမ်နေလေ သည်။ သို့သော် ချန်အန်က မည်သည့်စကားမှ မပြောပေ။ မြေပေါ်တွင် ပြန့်ကျဲနေသည့် အမှုန် များကို ကြည့်နေလေသည်။ သူ့ရဲ့စိတ်ထဲ၌လဲ စကားလုံးအချို့ ပေါ်လာသည်။
ဆေးအမှုန့် ပေါက်ကွဲမှု
မျက်လုံးများ တောက်ပသွားသည်။ နောက်ဆုံး တော့ အဖြေရသွားခဲ့ပြီ။ အလုံပိတ်ရထားကို ဖောက်ခွဲရန် ဆေးအမှုန်များကို သုံးရမည်။ ဤ သည်မှာ ရှင်သန်ရန် နည်းလမ်းတခု ဖြစ်နိုင်သ ည်။ အတွေးရသည်နှင့် ချက်ချင်းထလုပ်တော့ သည်။ ချန်အန်က တောအုပ်၏ ဆန့်ကျင်ဘက် ကိုညွှန်ပြ၍ သူမတို့ကို ပြောလိုက်သည်။
“ယုအာ ယင်းအာ မင်းတို့နှစ်ယောက် ရထားလုံး ပေါ်က ခုချက်ချင်းဆင်းပြီး အဝေးတနေရာမှာ အတတ်နိုင်ဆုံး ပုန်းနေလိုက်ပါ”
သူမတို့နှစ်ဦးမှာ ဉာဏ်ကောင်းကြပြီး မည်သည့် အတွက်ကြောင့် မှန်းမေးခွန်း ပြန်မထုတ်ကြပေ။ ရထားလုံးပေါ်မှ ဆင်းကာ ဆန့်ကျင်ဘက်သို့ အ လျင်အမြန် သွားလိုက်သည်။ ဆောင်ဟွာယင်း မှာ ကိုယ်ဝန်ကြောင့် ပြေးမရပေ။ ဂူရှန်းယုက သူမကို ပွေ့ချီကာ အလျင်မြန် ပြေးတော့သည်။ သူမတို့တွင် နက်ရှိုင်းသည့် ညီမ ဆက်ဆံရေးတ ခုရှိထားပေသည်။ သူမတို့ ရထားပေါ်က ဆင်း သွားသည်နှင့် ဆေးအမှုန်ဖောက်ခွဲရန် ပြင်ဆင် တော့သည်။ ထိုအရာက ရိုးရှင်းပြီး ကန့်သတ် ထားသည့် နေရာတွင် လေနှင့်ရောကာ ယမ်းမှုန့် ကဲ့သို့ လောင်ကျွမ်းစေနိုင်သည်။ ထိုနောက် က န့်သတ်နေရာတွင် အပူရှိန်နှင့် ဖိအားများတိုးလာ ကာ ပေါက်ကွဲစေမည် ဖြစ်သည်။ ဆေးအမှုန် များအားလုံးကို ထုတ်ယူကာ ရထားလုံးအတွင်း ဖြန့်ကျဲလိုက်သည်။ ပြီးနောက် ချွန်ထက်သည့် ကျောက်ခဲများ ကောက်ယူရန် အပြင်သို့ ထွက် လိုက်သည်။
သူက အဆိပ်ရည်အချို့ဖြင့်ရောကာ ကျည်ဆံ များကဲ့သို့ ပြန့်ကျဲစေရန် ရထားလုံးထဲသို့ ထည့် လိုက်သည်။ ထို့နောက် မီးဖိုချောင်၌ အသုံးပြု သည့် မီးပွတ်ကျောက်နှစ်ခုကို ယူကာ တခုကို ရထားလုံး ဘေးမှာထားပြီး တခုကို သူကယူထာ လိုက်သည်။ ပြင်ဆင်မှုမှာ ရှုပ်ထွေးသော်လည်း ဆယ်မိနစ်ခန့်သာ ကြာသည်။ ဘဏ္ဍစိုးအောင်း ရန်မထွက်လာသေးသည်ကို မြင်လျင် ရထားလုံ ဘေး၌ ထောင်ချောက်များ ချထားလိုက်သည်။ ရိုးရှင်းသည့် အဆိပ်ထောင်ချောက်ဖြစ်ပြီး တွင် တူးကာ အဆိပ်ရှိသည့် အပ်များထည့်ရုံဖြစ်သ ည်။
ထို့နောက် သစ်ကိုင်း သစ်ရွက်များဖြင့် ဖုံးအုပ် လိုက်သည်။
ရှပ် ရှပ် ရှပ်
ချန်အန် တွင်းတူးနေစဥ် သစ်ရွက်များပွတ်တိုက် သံနှင့်အတူ ဘဏ္ဍစိုး အောင်းရန်မှာ တောထဲမှ ထွက်လာသည်။ ဘဏ္ဍစိုး အောင်းရန်၏ညာဘ က်လက်မှာ ဒဏ်ရာရနေပြီး သွေးများထွက်နေ သည်။ ဘယ်ဘက်လက်တွင်တော့ ဘဏ္ဍစိုးကျ န်း၏ ဦးခေါင်းကို ကိုင်ထားသည်။ ဘဏ္ဍစိုးကျ န်မှာ သေဆုံးသွားလေပြီ။ ဤမြင်ကွင်းကို တွေ့ သည်နှင့် ချန်အန်က မည်သည့်စကားမှ မပြော ပဲ ရထားလုံးရှိရာသို့ ပြေးတော့သည်။
“ဟားဟား ဘာမှမဖြစ်ဘူး”
ဘဏ္ဍစိုး အောင်းရန်မှာ ခြေထောက်ကြွက်သား များ၏ အားကိုသုံး၍ ချန်အန်နောက်သို့ အမြနိ လိုက်တော့သည်။ ချန်အန်က စိတ်ထဲတိတ်တ ဆိတ် ရယ်မောလိုက်သည်။ ချန်အန်က ချက်ချ င်းပင် ခုန်တက်ကာ ရထားလုံးပေါ်သို့ တဖက်သူ လိုက်ပါရန် ဆွဲဆောင်လိုက်သည်။ အမှန်ပင် တ ဖက်သူကို လှည့်စားနိုင်ခဲ့သည်။ ချန်အန်က ရ ထားလုံးနှင့် ဆယ်မီတာအကွာသို့ ရောက်လျင် အနောက်သို့လှည့်ကာ အော်ဟစ်လိုက်သည်။
“သေလိုက်စမ်း”
ချန်အန်က အခွင့်ရေးကိုရအောင်ယူကာ မီးပွတ် ကျောက်ကို ရထားလုံးရှိရာသို့ ပစ်လိုက်သည်။ ဘဏ္ဍစိုး အောင်းရန်မှာ လျှို့ဝှက်လက်နက်ဖြင့် ပစ်ပေါက်လိုက်သည် ထင်၍ ရယ်မောလိုက်သ ည်။
“အဆင့်နိမ့် ကျင့်ကြံသူတွေက အသုံးမကျပါ ဘူး”
အမှိုက် ဆိုသည့် စကားလုံးပေါ်လာသည်နှင့် ချ န်အန် ပစ်ပေါက်လိုက်သည့် မီးပွတ်ကျောက်ထိ မှန်ကာ မီးပွားများ ထွက်လာသည်။ နောက်တစ က္ကန်တွင်တော့ ဆေးမှုန်များ မီးစွဲလောင်သွား တော့သည်။ လျင်မြန်စွာ လောင်ကျွမ်းမှုကြောင့် ဖိအား အများပြားထွက်လာကာ အပူရှိန်များရု တ်တရက် မြင့်တက်သွားသည်။ ထို့နောက် ကျ ယ်လောင်သည့် ပေါက်ကွဲသံတခု ထွက်ပေါ်လာ သည်။ အလုံပိတ်ရထားမှာ ပေါက်ကွဲသွားပြီး ကြောက်စရာကောင်းသည့် ရွှေရောင်တိမ်တိုက် မှာ ကောင်းကင်သို့ ပျံတက်သွားပြီး မီးတောက် များက ဘဏ္ဍစိုး အောင်းရန်ကို ဖုံးအုပ်သွားသ ည်။
…………………………………………..