အိမ်အသစ်
Vol. 3 Ch. 23
ဘဏ္ဍစိုး အောင်းရန်မှာ မလှုပ်ရှားနိုင်တော့ပေ။ ရထားလုံးနှင့် ဆယ်မီတာအကွာ၌ ရှိသည့် ချန် အန်ကိုပင် ပေါက်ကွဲမှုက လွင့်ထွက်သွားစေသ ည်။ တကိုယ်လုံး နာကျင်နေပြီး နားထဲ၌လည်း တဝီဝီ မြည်နေသည်။
“ယောက်ျား”
ထိုအချင်းအရာကို မြင်တော့ ဂူရှန်းယုမှာ သူမ ၏အသက်အန္တရာယ်ကိုပင် ဂရုမစိုက်နိုင်တော့ ဘဲ ပြေးထွက်လာသည်။ သူမက ချက်ချင်းပင် ဘေးနားသို့ ရောက်ရှိလာပြီး ချန်အန်ကို အကူ ညီပေးရန် ကြိုးစားတော့သည်။ ချန်အန်၏ အ သက်ရှုသံမှာ ဖရိုဖရဲ ဖြစ်နေပြီး တကိုယ်လုံးမှာ လည်း နာကျင် ကိုက်ခဲနေသည်။ ချန်အန်ကမြေ ပြင်မှ အားတင်းရပ်ကာ ဂူရှန်းယုကို ပြုံးပြလိုက် သည်။
“ငါအဆင်ပြေတယ် ယုအာ စိတ်မပူနဲ့”
ထိုသို့ ပြောလိုက်ချိန်တွင် နောက်ထပ်စိုးရိမ်နေ သည့် အသံတခု ထပ်ပေါ်လာပြန်သည်။
“ယောက်ျား”
ဆောင်ဟွာယင်း၏ အသံဖြစ်ပြီး သူမက ကြီး မားသည့် ဗိုက်ကိုပင် ဂရုမထားပဲ ဖြေးညှင်းစွာ ပြေးလာနေသည်။ သူမ၏ လှပသည့် မျက်နှာ ပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသ ည်။
“မင်းတို့နှစ်ယောက်လုံး စိတ်မပူပါနဲ့ ငါအဆင် ပြေတယ် ဟိုနေရာကို ပြန်သွားပြီး ဒီနားကိုထပ် မလာခဲ့ကြနဲ့ဦး”
ပြောဆိုပြီးနောက် ရွှေလက်ချောင်းကို အသက် သွင်းကာ စိတ်စွမ်းအင်ကို ဖြန့်ကျက်ကာ မီးခိုး များ ထူထပ်စွာရှိနေသည့် ရထားလုံးရှိရာသို့ လျှောက်သွားလိုက်သည်။ မည်သို့ပင် ဖြစ်စေ ဘဏ္ဍစိုး အောင်းရန်၏ ခြေနေကိုသိရန်လိုအပ် ပါသည်။ မသေသေးလျင် ရွှေလက်ချောင်းဖြင့် ပစ်ကာ အဆုံးသတ်ရပေမည်။ ဇနီးနှင့် ကိုယ်လု ပ်တော်တို့မှာလည်း ချန်အန်တယောက် အဆင် ပြေသည်ကို မြင်လျင် စိတ်သက်သာရာ ရသွား ကြကာ မူလပုန်းခိုရာနေရာသို့ ပြန်သွားလိုက်ကြ သည်။
ရထားလုံးနှင့် နီးကပ်သွားချိန်တွင် သူက ဆက် မသွားတော့ပဲ မီးခိုးများထဲသို့ ရွှေရောင်အလင်း များဆက်တိုက် ပစ်လွှတ်တော့သည်။
ဖောက်…ဖောက်….ဖောက်…ဖောက်
အချိန်တခုကြာသည်အထိ စိတ်စွမ်းအင်များကု န်ဆုံးသွားသည့် တိုင်အောင် ပစ်ပြီးမှ ရပ်တန့်လို က်သည်။ ရထားလုံးနားတွင် တကိုယ်လုံးမဲနက် သည်အထိ လောင်ကျွမ်းထားသည့် ဘဏ္ဍစိုး အောင်းရန်၏ အလောင်းကို တွေ့လိုက်ရသည်။ ဘဏ္ဍစိုး အောင်းရန်၏ ခြေလက်များမရှိတော့ပဲ ဦးခေါင်းမှာလည်း တခြမ်းပျောက်ဆုံးနေပြီး ရွှေ ရောင်အလင်းများကြောင့် အပေါက်များဖြစ်နေ သေးသည်။ ထိုသို့ အခြေနေတွင်ပင် ချန်အန်က အလျင်မလိုပေ။ သူ၏ စိတ်စွမ်းအင်ကို ပြန်လ ည်ဖြည့်တင်းရန်သာ လုပ်လိုက်သည်။
နောက်ထပ် ဆယ့်ငါးမိနစ်ခန့် ကြာအောင် ထပ်မံ ပစ်ခတ်လိုက်ပြီး အင်မော်တယ်တပါးပင် လက် ရှိအခြေနေ၌ အသက်ရှိတော့မည် မဟုတ်ပေ။ ထို့သို့ ဖြစ်မှသာ စစ်ဆေးရန် ယုံကြည်ချက်ရှိ လာသည်။ ချီစုဆောင်းခြင်း အဆင့်၇ ၏ ကြံခို င်မှုမှာ နောက်စရာမဟုတ်ပေ။ ဤမျှထိခိုက်ခံရ သည်ကိုပင် အသားပုံဖြစ်မသွားသေးချေ။ ချန် အန်က ကျိတ်၍ သက်ပြင်းချလိုက်ပြီး အလော င်းဘေးနား ထိုင်ကာ ရှာဖွေတော့သည်။ ရထား နားတဝိုက်ရှိ သံနက်ဂိုဏ်းမှ လူများ၏အလော င်းမှ ရှာဖွေကာ ဆက်၍ တောထဲရှိ ဘဏ္ဍစိုးကျ န်း၏ အလောင်းကိုလည်း ရှာဖွေလိုက်သည်။
သူရရှိလိုက်သည့် အမြတ်မှာမနည်းပေ။
အလယ်အလတ် ဝိဉာဥ်ကျောက်တုံး နှစ်တုံး
အဆင့်နိမ့် ဝိဉာဥ်ကျောက်တုံး ၅၈တုံး
ထို့အပြင် အဖိုးတန်ရတနာများလည်း ထပ်ရှိနေ သေးသည်။ ရထားလုံး ပေါက်ကွဲမှု၏ ဆုံးရှုံးရ ခြင်းနဲ့ တွက်ဆလျင် အမြောက်အမြားရလိုက် သော်လည်း အမြတ်သိပ်မထွက်ပေ။ တိုက်ပွဲ၏ လက်ကျန်များကို သိမ်းဆည်းပြီးနောက် ဇနီးဖြ စ်သူတို့ကို ခေါ်လိုက်သည်။ ဂူရှန်းယုက သူ့ကိုကူ ညီ၍ အလောင်းများကို စုပုံကာ မီးရှို့လိုက်ကြ သည်။ သေချာစေရန် သစ်ပင်တပင်ကိုပင် အ ပေါ်မှ ဖုံးကာ စိုက်ထားလိုက်သည်။
ချန်အန်၏ လုပ်ငန်းစဥ်မှာ နှစ်နာရီနီးပါး ကြာမြ င့်သွားလေသည်။ ကံကောင်းစွာဖြင့် ယခုလမ်း မှာ အသွားအလာပြတ်ပြီး ခေါင်ပါသည်။
“ဒါနဲ့ ငါတို့ ဒီလမ်းကနေ အလယ်ဗဟိုကိုသွားမ ယ်ဆိုတာ သံနက်ဂိုဏ်းကလူတွေ ဘယ်လိုများ သိသွားကြပါလိမ့်”
တခန တိတ်ဆိတ်သွားပြီးနောက် အဖြေမသိနိုင် သည့် အရာကို တွေးနေမိသည်။ အတန်ကြာစဥ် စားပြီးနေက် ဝါးရွက်ဂိုဏ်းထဲတွင် သံနက်ဂိုဏ်း ၏ သူလျှိုများ ရှိနေနိုင်သည်ဟု တွက်ဆလိုက် တော့သည်။
“ယောက်ျား ခုနတုန်းက ဘာဖြစ်သွားတာလဲ”
ကိစ္စများ ပြီးဆုံးချိန်တွင် ဆောင်ဟွာယင်းမှာ သူ မ၏ သိလိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ဂူရှန် ယုမှာလည်း ထိုအတူပင်။ ယောက်ကျားဖြစ်သူ ၏ စကားကို တိတ်တဆိတ် စောင့်မျှော်နေခဲ့ကြ သည်။ သို့သော် ချန်အန်က မပြောပြခဲ့ပေ။ ထို အစား သူမတို့ကို အလေးအနက် မှာကြားလိုက် သည်။
“ဒီနေ့အဖြစ်အပျက်ကို ဘယ်သူ့မှ ပြန်မပြောနဲ့ တခါမှ မဖြစ်သလို သက်မှတ်ထားပါ ငါတို့က မျက်နှာဖုံးစွပ်လူတွေကို မမြင်ဖူးသလို ဘဏ္ဍစို ကျန်း သေဆုံးမှုကိုလည်း မသိကြဘူး”
“သိပါပြီ ယောက်ကျား”
“ဟုတ်ကဲ့”
သူမတို့က နားလည်ကြောင်း အထပ်ထပ်ခေါင်း ညိတ်ပြလိုက်ကြပြီး သူမတို့၏ ပါးစပ်ကိုတင်း တင်းစေ့ပိတ် ထားပါမည်ဟု ကတိပေးလိုက်ကြ သည်။ ထို့နောက် အလယ်ဗဟိုသို့ ဆက်၍လမ်း လျှောက်သွားကြသည်။ ကိုယ်ဝန်ဆောင်သည် ဖြစ်သည့် ဆောင်ဟွာယင်းမှာ သိပ်အဆင်မပြေ လှချေ။ ထို့ကြောင့် ချန်အန်က သူမကို တချိန် လုံး သယ်ထားပြီး ဂူရှန်းယုမှာ သူမကိုလည်းထို ကဲ့သို့ သယ်ဆောင်သွားစေချင်နေသည်။
ဇနီးဖြစ်သူကို ချီပိုးကာ ဆယ်မိုင်ကျော်လမ်း လျှောက်ထွက်ခဲ့သည်။ ဆက်ဆံရေး +1
သူက အလယ်ဗဟိုသို့ရောက်သည့်အခါ စနစ်၏ အကြောင်းကြားချက်ကို သတိပြုမိလိုက်သည်။ တချက်သာ ကြည့်ပြီးနောက် လျစ်လျူရှုလိုက် ကာ ဆောင်ဟွာယင်းကို ဆက်လက်သယ်ဆော င် သွားတော့သည်။ လူအများအာရုံမစိုက်မိစေ ရန် လူရှင်းသည့် နေရာတွင် ချပေးလိုက်သည်။ ထိုနေရာက အိမ်အသစ်နှင့် မီတာ ရာဂဏန်းမျှ သာဝေး ပါတော့သည်။ ခနအကြာတွင် သုံးဦး သား ရောက်ရှိသွားကြသည်။ သူတို့၏ အိမ်အ သစ်ကို တွေ့လျင် သူမတို့မှာ စိတ်လှုပ်ရှားသွား ကြသည်။ အရင်အိမ်ထက် အခန်းပိုများပြီး ခြံ ဝန်းမှာလည်း နှစ်ဆ ပိုကျယ်ပါသည်။
“ယောက်ျား ဒါငါတို့အိမ်အသစ်လား”
သူမနေထိုင်ခဲ့ဖူးသည့် အိမ်အဟောင်းကိုတွေး၍ ဂူရှန်းယုမှာ အိပ်မက် မက်နေသလို ခံစားလိုက်ရ သည်။ ဆောင်ဟွာယင်းသည်လည်း ထိုအတိုင်း ပင် ဖြစ်သည်။ သူမက အထက်တန်းမိသားစုရှိ သခင်မလေး ဖြစ်ဖူးသော်လည်း ကျင့်ကြံသူမျာ ၏ အိမ်နှင့် သာမန်သူများ၏ အိမ်မှာ ကွာခြားပါ သည်။
………………………………………………