အိမ်နီးချင်းမှ လူပျိုကြီး
Vol. 3 Ch. 25
“ဘဏ္ဍစိုးကျန်းက ပျောက်နေတာလား”
ချန်အန်က ထိုသတင်းကိုကြားသည့်အခါ လုံးဝ မှင်သက်သွားဟန် ရှိလေသည်။ မထင်မှတ်ထား သည့် အရာကို သိလိုက်ရပုံရှိပြီး သူ့ပုံစံမှာ တမ င် ဟန်ဆောင်သည်ဟု ထင်ရက်စရာမရှိပေ။ ထို အဖွဲ့၏ ခေါင်းဆောင်မှာ ချန်အန်၏ အမူအရာ ကို သတိထားကြည့်နေသော်လည်း မသက်ာစ ရာ အပြောင်းအလဲကို သတိမထားမိချေ။ ဆက် ၍ စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
“ငါတို့စုံစမ်းစစ်ဆေးမှုအရ ဘဏ္ဍစိုးကျန်းကို နောက်ဆုံးတွေ့ခဲ့တာက မင်းနဲ့ရထားလုံးအတူစီး ပြီး စျေးသက်သာတဲ့ ခရိုင်ကနေ ထွက်ခွာသွား တယ်ဆိုတာပဲ”
ချန်အန်က အလျင်အမြန် ပြန်ဖြေသည်။
“အဲ့ဒါကတော့ အမှန်ပဲ အဲ့ဒီနေ့က အလယ်ဗဟို ကိုပြောင်းတာပါ ငါ့ဇနီးက ကိုယ်ဝန်အရင့်အမာ နဲ့ဖြစ်ပြီး ကိုယ်လုပ်တော်လည်း ရှိနေတော့ လမ် ခရီးအဆင်မပြေမှာကို စိုးရိမ်လို့ ရထားလုံးတစီ ဝယ်ယူလိုက်တယ် ပြီးတော့ အန္တရာယ်ကင်းစေ ဖို့ ဘဏ္ဍစိုးကျန်းကို ခေါ်ထုတ်လာတာပါ ဒါပေမဲ့ သူက နယ်မြေအဝထိ လိုက်ပို့ပြီး ပြန်သွားပါပြီ အဲ့နောက်ပိုင်း သူ့ကို မတွေ့ရတော့ပါဘူး”
စကားများမှာ 90% မှန်ပြီး 10% မှားပေသည်။ ဝါးရွက်ဂိုဏ်းမှ ကျင့်ကြံသူများမှာ ချန်အန်ကို ထူးခြားဖြစ်စဥ် မရှိဟု ယူဆသည့်အတွက် သံ သယစာရင်းမှ ဖယ်ထုတ်လိုက်သည်။ တကယ် တော့ အစတည်းက ချန်အန်ကို သံသယမရှိကြ ပေ။ စုံစမ်းရုံသာ ရောက်လာခြင်းဖြစ်ပြီး ချန်အ န်ကို သတ်ဖြတ်ရန် မဟုတ်ပါ။ နောက်ပြီး ချန်အ န် ၏ ကျင့်ကြံဆင့်မှာလည်း နိမ့်လွန်းပြီး ဘဏ္ဍစို ကျန်းကို သတ်နိုင်မည်မဟုတ်ချေ။ ဘဏ္ဍစိုးကျ န်ပျောက်ဆုံးမှုက သံနက်ဂိုဏ်းနှင့်သာ ဆက်စပ် မည်ဟု တွေးလိုက်ကြသည်။ အကြောင်းမှာ သူ တို့စောင့်ကြည့်နေသည့် ဘဏ္ဍစိုးအောင်းရန်မှာ လည်း ထိုနေ့ကပင် ပျောက်ဆုံးသွားခဲ့သည်။
ဘဏ္ဍစိုးကျန်းကို သံနက်ဂိုဏ်းမှ သူလျှိုဟုသံ သယ ရှိလိုက်ကြသည်။ ဘဏ္ဍစိုး အောင်းရန်နှင့် အတူ ထွက်ခွာသွားခြင်းဖြစ်မည်။ ရိုးရှင်းသည့် မေးခွန်းအချို့ မေးမြန်းပြီးနောက် ထိုသူများမှာ ပြန်လည် ထွက်ခွာသွားကြသည်။ လမ်းလျှော က်ရင်း ဝတ်ရုံဖြူနဲ့ကျင့်ကြံသူက ညည်းတွားလို က်သည်။
“ငါက သံနက်ဂိုဏ်းက သူလျှိုတွေကိုဖမ်းဖို့ ဘ ဏ္ဍစိုးအောင်းရန်ကို အသုံးချပြီး တခါတည်းရှင် ပစ်ချင်တာ ခုတော့ အချည်းနှီးပဲ”
ထိုသူ၏ ဘေးနားရှိလူများက ထိုအရာကိုကြား လျင် ခေါင်းခါယမ်းကြသည်။ သူတို့သည်လည် အမှန်တကယ်ပင် ဒေါသထွက်နေကြသည်။
ဟူး
အဖြူရောင်ဝတ်စုံနှင့်သူက သက်ပြင်းမောကို မှုတ်ထုတ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။
“ထားလိုက်တော့ ဒီညကစပြီး အိမ်ရာကိုကြိုးဝို င်းလို ပိတ်ပြီး သူလျှိုရှာဖွေရေး အစီမံကိုစတင် ကြမယ်”
တဖက်တွင် ထိုသူများ တဖြေးဖြေး ဝေးသွားသ ည်ကို ကြည့်ရင်း ချန်အန်က သက်ပြင်းချလိုက် မိသည်။ ဤအရာက အလွန်ပင် နီးစပ်နေသည် ကံကောင်းသည်က တဖက်လူ၏ စုံစမ်းစစ်ဆေး မှုမှာ ညံ့ဖျင်းပေသည်။ ယခင်ဘဝက ဆိုလျင် ချန်အန်၏ အလိမ်အညာကို သတိပြုမိရန် လုံ လောက်သည့် ပညာရပ်တခု သင်ခဲ့ရပေလိမ့်မ ည်။ နောက်ဆုံးတွင် ချန်အန်၏ ကျင့်ကြံမှုကနိမ့် လွန်းနေသည်။ ချန်အန် ကျိတ်၍ ရယ်မောလိုက် ပြီး ဆေးဖော်စပ်ခန်းထဲသို့သာ ပြန်သွားလိုက်သ ည်။ သူ့တွင် ရွေးချယ်စရာမရှိချေ။ ငွေက အ တော်ကို လိုအပ်နေသည်။ လစဥ် အိမ်ငှားခကို ပေးချေရန်သာမက နှစ်မြွာကျင့်ကြံနည်းဝယ်ယူ ရန်အတွက်လည်း ငွေစုရဦးမည်။
သူက ဂူရှန်းယှနှင့် နေ့တိုင်းဆက်ဆံခဲ့သည်။ ကျင့်ကြံသူ ဖြစ်လာရန်လည်း ဆောင်ဟွာယင်း ကို ကူညီပေးရမည်။ သူ၏ နေ့ရက်များက ပေါ့ ပါးစွာ ကုန်ဆုံးသွားခဲ့သည်။ ဆောင်ဟွာယင်း၏ ဝမ်းဗိုက်မှာ ပို၍ကြီးလာပြီး ထိုအရာကိုမြင်လျ င် ချန်အန်က သူမနှင့် အချိန်ပို ဖြုန်းလိုက်တော့ သည်။ ခြံဝန်းထဲ လမ်းအတူလျှောက်၍ ကလေး အကြောင်းများ ပြောဖြစ်ကြသည်။
ဆက်ဆံရေး…+1+1+1+1
ထိုနေ့ည၌ ဆောင်ဟွာယင်းက အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။ ချန်အန်က သူမ အိပ်ပျော် ရန် ပုံပြင်များ ပြောပြနေလေသည်။ ထိုအရာအ ကုန်လုံးက သူ့ယခင်ဘဝမှ အချစ်ဇာတ်လမ်း များသာ ဖြစ်သည်။ ဥပမာအားဖြင့် လှပတဲ့အချ စ်။ မြွေတကောင်၏ ဒဏ္ဍာရီ။ လနတ်သမီး၏ အချစ်ပုံပြင် စသည်တို့ဖြစ်သည်။ ဆောင်ဟွာ ယင်းမှာ နားမထောင်ရ မနေနိုင်အောင် စွဲလမ်း သွားခဲ့သည်။
ဇနီးဖြစ်သူကို အိပ်ခါနီးပုံပြင်များ စိတ်ရှည်ရှည် နဲ့ ပြောပြခဲ့သည်။ ဆက်ဆံရေး +1
“ကောင်းပြီ ဒီညတော့ ဒီလောက်ပဲ မနက်ဖန်ည မှ ထပ်ဆက်ကြတာပေါ့”
အချိန်ကျလျင် ဆောင်ဟွာယင်းကို အနားယူရန် တိုက်တွန်းလေသည်။ သူမက ချက်ချင်းပင် သူ ၏လက်မောင်းကို ဖက်ကာ
“ယောက်ျား မင်းသားနဲ့ မြွေဖြူမဇာတ်လမ်း အ ဆုံးမှာ အတူရှိမရှိ ပြောပြပေးပါ မဟုတ်ရင်ငါ အိပ်ပျော်တော့မှာ မဟုတ်ဘူး”
သူ့ဇနီး၏ ပုံစံကိုတွေ့လျင် ယခင်ဘဝက ဝတ္တု များ ညလုံးပေါက်ဖက်လေ့ရှိသည့် သူ့ပုံစံကိုပင် သတိရမိသွားခဲ့သည်။ မှောင်မည်းနေသည့် အိ ပ်ဆောင်ရှိ စောင်အောက်၌ ချန်အန်တယောက် ခွေခွေလေး လဲလျောင်းနေသည်။ ခနကြာလျင် အိပ်မည် နောက်တခန်းပြီးလျင် အိပ်မည်ဟု ဆုံ ဖြတ်ရင်း မိုးလင်းသွားရသည် မဟုတ်လား။ ထို့ ကြောင့် ဆက်ပြောနေပါက ယခင်ဘဝမှ သူ့လို ပင် သူမလည်း မိုးလင်းသွားပါလိမ့်မည်။ ထိုသို့ မဖြစ်စေရန် ချန်အန်က ဇာတ်လမ်း၏အဆုံးသ တ်ကို တချက်တည်း အဆုံးသတ်ရန် တွေးလိုက် သည်။
ကိုယ်တော်လေးက မင်းသားနှင့် မြွေဖြူလေး တို့ကြားမှ ချစ်ခြင်းမေတ္တာကို ထိမိသွားခဲ့ကာ အဆုံးတွင် အတူရှိနေစေလိုက်တော့သည်။ ထို နောက် သူတို့တွင် သားသမီးမြေးမြစ်များပင်ရှိ လာတော့သည်။ ဆောင်ဟွာယင်းမှာ အဆုံးသ တ်ကို အလွန်ကျေနပ် နေခဲ့သည်။ သို့သော်သူမ က ချက်ချင်းမအိပ်သေးပေ။
“ယောက်ျား ငါ ဗိုက်ဆာတယ်”
“ယင်းအာ မင်းက ကိုယ့်ကိုကိုတွန်းထုတ်နေတာ လား”
“ယောက်ျား ငါတကယ်ဗိုက်ဆာနေတာပါ”
“ကောင်းပြီ မီးဖိုချောင်ကို သွားလိုက်ဦးမယ် ဒါ ပေမယ့် စားပြီးရင်တော့ အိပ်ရလိမ့်မယ်”
“ယောက်ျားက အကောင်းဆုံးပဲ”
“ဘာစားချင်လဲ”
“ယောက်ျားကို စားချင်တာ”
ဆောင်ဟွာယင်း၏ မျက်လုံးများက လိမ္မာပါး နပ်စွာဖြင့် ချန်အန်ကို အချက်ပြနေလေသည်။ ချန်အန်က သူမ၏ နှဖူးကို အသာထုနှက်လိုက် သည်။
“ကောင်မလေး နောင်မှာ အဲ့စကားကို လျှော့ပြီး ပြောဖို့လိုမယ်”
“ယောက်ျား ငါကအဲ့ဒါကို အရမ်းကြိုက်တယ်”
“ဒါက အကြောင်းပြချက်ပဲ”
“ဂရုမစိုက်ဘူး ငါအရမ်းစားချင်နေပြီ”
“..........”
ဇနီးဖြစ်သူ ဆောင်ဟွာယင်းနှင့် တညတာဆက် ဆံခဲ့ပြီး အင်မော်တယ်လမ်းစဥ်အတွက် လက် ခြေ ပါးစပ် အရာအားလုံးသုံးကာ အားတက်သ ရော ဆက်ဆံခဲ့ကြသည်။ ဆက်ဆံရေး +1
နောက်တနေ့မနက်တွင် အခန်းထဲမှ ပြန်ထွက် လာခဲ့သည်။ သူက ဆေးမသန့်စင်မီ ဂူရှန်းယု စီ စဥ်ပေးသည့် မနက်စာကို စားရန်ဆုံးဖြတ်လိုက် သည်။ သို့သော် မနက်စာ စားပြီးသော်လည်း သူ မက ထွက်သွားခွင့်မပေးပေ။
“ယောက်ျား အိပ်ချင်နေပြီလား”
“ဘာဖြစ်လို့လဲ”
ချန်အန်မှာ မှင်သက်သွားရသည်။ ဂူရှန်းယုက သူမ၏ နှုတ်ခမ်းများကို သပ်လိုက်ပြီး
“ဘာမှမဟုတ်ပါဘူး ငါက ယောက်ျားအိပ်ချင် နေပြီလားလို့ သိချင်ရုံပါ”
“ငါက အိပ်ရာကနိုးလာပြီး ထပ်မအိပ်ချင်တော့ ပါဘူး”
“ယောက်ျား မအိပ်ချင်ဘူးလား”
“....???....”
“ယောက်ျား မအိပ်ငိုက်ဘူးလား”
သူမက ဇွတ်အတင်းမေးနေလေသည်။ ထိုအချိ န် ချန်အန်မှာ သဘောပေါက်သွားလေသည်။ ရေခဲဘုရင်မက သူ့ကို အခန်းထဲ၌ အိပ်စေချင်ပုံ ရသည်။ ဆောင်ဟွာယင်းနှင့် တညလုံးအတူကု န်ဆုံးစေခြင်းက သူမကို သက်တောင့်သက်သာ မဖြစ်စေခဲ့ပေ။ ယောက်ကျားဖြစ်သူ မလှုပ်မယှ က်ရှိနေသည်ကို တွေ့လျင် အနည်းငယ်စိုးရိမ် လာပြီး အရိပ်အမြွက် ပြောပြန်သည်။
“ယောက်ျား အိပ်ချင်နေပြီလား”
“ဒါပေါ့ ငါအရမ်းပင်ပန်းလို့ အိပ်ချင်နေပြီ အခု ပဲ သွားအိပ်ကြရအောင် ယုအာ”
“အင်း”
အချိန်ကောင်းလေး ရောက်လာခဲ့ပါပြီ။
နက်ရှိုင်းသည့် ဆက်ဆံရေးဖြင့် ဇနီးဖြစ်သူ ဂူရှ န်းယုကို ရေနံတူးဖော်ခဲ့သည် စိတ်စွမ်းအင် +1
ခရက်ခ်
ချန်အန် တယောက်လန်းဆန်းစွာဖြင့် ပြန်ထွက် လာခဲ့သည်။ မူလက ဆေးကိုသန့်စင်လိုသော်လဲ စွမ်းအင်ကို ထပ်မဖြုန်းလိုတော့ပေ။ အပြင်သို့ လမ်းလျှောက်ထွက်ကာ စိတ်ကြည်လင်ရန် လေ ကောင်းလေသန့် ရှူဖို့ ဆုံးဖြတ်လိုက်သည်။ အိမ် အပြင်ရောက်သည့်အခါ ဝမ်ကျိယန်၏အိမ်ကို မသိမသာ လှမ်းကြည့်လိုက်သည်။ အနှီသွေးဆုံ နေသည့် မိန်းမက ဘဏ္ဍစိုးကျန်းပြောသလိုပင် ပေါင်းသင်းရခက်ပေသည်။ လွန်ခဲ့သည့် တလခွဲ က သူမဟာ ပြစ်တင်ရှုံ့ချပြီးနောက် သူမကိုမ တွေ့ရတော့ချေ။ အိမ်ထဲမှာများ အကျဥ်းကျနေ သလားဟု တွေးလိုက်ကာ မချိတင်ကဲပြုံးလိုက် မိသည်။
ပထမက ဤလှပသည့်အိမ်နီးချင်းကို ပရောပရီ လုပ်ကာ လက်တွဲဖော်ဖြစ်လာရန် လှည့်စားလိုခဲ့ သည်။ သူမမှာ အပျိုကြီးဖြစ်သောကြောင့် သူမ ကို သင်ကြားရန်မှာ အဆင်ပြေနိုင်လောက်သည် အကယ်၍ လက်တွဲဖော်ဖြစ်လာပါက သူ့ရဲ့ကျင့် ကြံမှုကို +1 တိုက်ရိုက်တိုးလာမည် မဟုတ်လော ဤနည်းဖြင့် ကျင့်ကြံမှု တိုးလာမည်ဖြစ်သော် လည်း ကံဆိုးစွာဖြင့် သူမက အိမ်တွင်းအောင်း လွန်းနေသည်။ ရက်အတော်ကြာသည်အထိ သူ မက အပြင်ထွက်မလာသောကြောင့် သူမကိုမ ည်ကဲ့သို့ ပရောပရီလုပ်ရမည်နည်း။ မနေ့ညက လိုပင် ဂူရှန်းယုကို တညလုံးလယ်စိုက်ပြီး သူမ ကိုမရိုးမရီဖြစ်လာစေမည်ဟု တွေးသည်။ သူ သာအရင်ရှာဖွေက သူမက အနိုင်ကျင့်မှာသေ ချာပါသည်။ ဝမ်ကျိယန်၏ အိမ်နံရံတွင် လူတ ဥိီးကို တွေ့လိုက်ရသည်။ ထိုသူမှာ ဘာလုပ်နေ သနည်း။ အမျိုးသမီးအဝတ်အစားလဲတာကို ချောင်းကြည့်တတ်သည့် မုဒိန်းကောင်နဲ့ပင်တူ နေသည်။ ချန်အန်က ထိုသူကို ကြည့်လိုက်လျင် ဟိုတရက်က လာရောက်လည်ပတ်သည့် ချီစု ဆောင်းခြင်း အဆင့်၇ တွင်ရှိသည့် အိမ်နီးချင်း လူပျိုကြီး ဖြစ်မှန်း သိလိုက်ရသည်။
……………………………………………