သူလျှိုရှင်းလင်းရေး
Vol. 3 Ch. 28
ဝမ်ကျိယန်က သူမ၏ ကျင့်ကြံမှု ချီစုဆောင်းခြ င်း အဆင့်မြင့်သို့ ရောက်ရှိနေရခြင်း အကြောင်း အား ချန်အန်ကို ပြောပြနေလေသည်။
“ကျင့်ကြံသူဝမ် မင်းရဲ့အရည်အချင်း ပါရမီက သူများထက်သာတာကို ငါသိပါတယ် ဒါကြောင့် ချီစုဆောင်းခြင်း အဆင့်မြင့်ကို ရောက်နေတာ လို့ မထင်မိဘူးလား”
“အရည်အချင်းကို ပြောနေတာလား”
ဝမ်ကျိယန်က စိတ်ဆိုးသွားသည့် ပုံစံဖြင့်
“ငါဆိုတဲ့ ဝမ်ကျိယန်က အရည်ချင်းတခုထဲနဲ့ ဒီ အဆင့်ကို ရောက်လာတာမဟုတ်ဘူး နှစ်ပေါင်း များစွာ ကြာတဲ့အထိ စနစ်တကျ အားထုတ်ခဲ့တဲ့ ငါ့ရဲ့ ကြိုးစားမှုကြောင့်ပဲ”
“ကြိုးစားမှုတခုတည်းနဲ့မရဘူး အရည်အချင်း ကော မပါဘူးလား”
“ငါ့ရဲ့အသက်က ၃၀ ကျော်နေပြီ ခုမှ ချီစုဆော င်းခြင်း အဆင့်မြင့်ပဲ ရှိသေးတယ် ဒါကို အရည် အချင်းရှိတယ်လို့ ဘယ်လိုခေါ်လဲ တကယ်အရ ည်အချင်းရှိတဲ့သူ ဆိုရင် အခြေခံတည်ဆောက် ခြင်း ဒါမှမဟုတ် ရွှေအမြူတေ အဆင့်ကိုတော င် ရောက်နေရောပေါ့”
ထိုအဆင့်ကို ရောက်ရန် မြင့်မားသည့်ပါရမီအ ရည်အချင်းရှိရမည်လား။ ချန်အန်မှာ ရှက်ရွံသွာ ရသည်။
“ကျင့်ကြံသူဝမ် မင်း ကျင့်ကြံတာ ဘယ်လောက် ကြာပြီလဲ”
“ဘာလို့ ပြောရမှာလဲ”
ဝမ်ကျိယန်က ချန်အန်ကို မျက်စောင်းထိုးလိုက် သည်။ ပြီးနောက် ဇနီးနှင့်ကိုယ်လုပ်တော်တို့ကို နူးညံ့စွာပြောလာသည်။
“ယင်းအာ ယုအာ ငါ့မှာလုပ်စရာရှိသေးလို့ ပြန် လိုက်ဦးမယ် မနက်ဖန် နင်တို့တွေအားရင် ငါ့ဆီ လာလည်ကြပေါ့”
ထို့နောက် သူမက လှည့်ထွက်သွားသည်။ သူမ က လာလည်စေချင်ပြီး တဖက်တွင် လူသားဆ န်သည့် အရိပ်အယောင်တော့ ရှိနေသေးပုံရပါ သည်။ အမျိုးသမီးတဦးအနေဖြင့် အမျိုးသား များမလိုအပ်သော်လည်း စကားပြောဖော်အခြာ သူများတော့ လိုအပ်နေသေးသည်။ ထိုသို့မဟု တ်ပါက သူမအတွက် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိလာနိုင်သည် မဟုတ်လား။ ဝမ်ကျိယန်၏ စွဲ မက်ဖွယ် အသွင်ပြင်လေး ဝေးကွာသွားသည်ကို ကြည့်ရင်း တံတွေးမြိုချလိုက်သည်။ သူကဆ က်၍ သည်းမခံနိုင်တော့ပေ။ တကိုယ်တည်းနေ သည့် သူမက အမျိုးသားများကို အမှန်ပင် ဆွဲ ဆောင်နိုင်စွမ်း ရှိနေလေသည်။ ထိုသို့မဟုတ်ပါ က သူမကို တွေ့တိုင်း အကြောင်းမဲ့ပင်ပန်းသလို ခံစားနေရမည်နည်း။
“ယောက်ျား အစ်မဝမ်ကို စိတ်ကူးနေတာလား”
ချန်အန်၏ အကြည့်ကိုသတိထား မိသည့်ဆော င်ဟွာယင်းက မေးလာသည်။ ဂူရှန်းယုကလည်း ထိုစကားကို ကြားလျင် ချန်အန်ကို ကြည့်လာ လေသည်။
ချန်အန် တုန်လှုပ်သွားရသည်။ အမှန်ပင် သူက ဝမ်ကျိယန်ကို စိတ်ကူးနေခဲ့မိသည်။ သို့သော်လဲ သူမတို့ရှေ့၌ အမှန်တိုင်းဖြေရန် ခက်ခဲနေသည်။ ချန်အန်၏ အပြုအမူကို တွေ့လျင် ဆောင်ဟွာ ယင်းက သူမ၏ အကဲခတ်မှုမှာ နီးစပ်နေမှန်း သ တိပြုမိသွားသည်။ ဆွေကြီးမျိုးကြီး မိသားစုမှ ပေါက်ဖွားလာ၍ သူမ၏ ဦးလေးများ မယားင ယ်များစွာ ယူသည်ကို သူမ သိထားပေသည်။ ယောက်ျားတိုင်း မယား၃ ဦးနှင့် မောင်းမအချို့ လိုချင်သည်ကို သိထားသည်။ ထို့ကြောင့် ချန် အန်လည်း ချွင်းချက် မရှိနိင်ပေ။ ထိုအတွက် ချ န်အန်၏ စိတ်တွင် သူမအတွက် ပို၍ အလေးအ နက်ရှိလာစေရန် ပြုံး၍ ပြောလိုက်သည်။
“ယောက်ျား တကယ်တော့လေ မိသားစုထဲမှာ အစ်မ တယောက်တော့ လိုနေသေးတယ် ဒါအ တွက် အစ်မဝမ်ကို မိသားစုထဲရောက်လာအော င် သေချာပေါက် ကူညီပေးမယ်”
ထိုသို့ ပြောပြီးနောက် သူမ၏ စိတ်ကူးကို ဂူရှန်း ထံ လွှဲပြောင်းလိုက်သည်။ ဂူရှန်းယုမှာ အနည်း ငယ်တုန့်ဆိုင်းနေသည်။
“ယောက်ျား ငါလည်း ယင်းအာလို ခံစားရပါတ ယ်”
သူမတို့၏ နားလည်မှုကို မြင်တော့ချန်အန်က သူမ တို့ကို အခန်းထဲသို့ ခေါ်ဆောင်သွားတော့ သည်။
ဂူရှန်းယု၏ တကိုယ်လုံးကို နှိပ်နယ်ပေးခဲ့သည် ဆက်ဆံရေး +1
ဆောင်ဟွာယင်း၏ တကိုယ်လုံးကို နှိပ်နယ်ပေး ခဲ့သည် ဆက်ဆံရေး +1
နောက်ရက်များတွင် ဆောင်းဟွာယင်းက ဂူရှန်း ယုကို ခေါ်၍ ဝမ်ကျိယန်နှင့်စကား ပြောရန်ထွ က်သွားလေ့ ရှိသည်။ ဝမ်ကျိယန်က ပျော်ရွှင်စွာ ဖြင့် ကြိုဆိုခဲ့သည်။ အချိန်တိုင်း၌ သူမက အရ သာရှိသည့် အစားအစာများဖြင့် ဧည့်ခံလေသ ည်။ ထိုသို့ဖြင့် ရက်များစွာ ကုန်လွန်သွားခဲ့သ ည်။
သူမတို့ ၃ဦးမှာ ညီအစ်မများကဲ့သို့ ရင်းနီးလာ ကြသည်။ ဆောင်ဟွာယင်းက ကလေးမွေးသ ည့်အခါ ဝမ်ကျိယန်ကို ခေါင်းကိုင်မိခင်အဖြစ် သက်မှတ်ပေးမည်ဟု ဆိုသည်။ ဝမ်ကျိယန်က အလွန်ပင် ဝမ်းသာသွားသည်။ သူမ၏ မိခင်မှာ ဝမ်းဆွဲသည် တဦးဖြစ်သည်။ အချိန်တန်သည့် အခါ ဆောင်ဟွာယင်း မီးဖွားရန် သူမက ကူညီ ပေးမည် ဖြစ်သည်။ ဤကာလများ၌ ဆောင် ဟွာယင်းက လိင်ဆက်ဆံခြင်းကို အစပြု၍စ ကားပြောဆိုရန် ကြိုးစားလေ့ရှိသည်။ ထိုအရာ ၏ နမူနာအဖြစ် ဂူရှန်းယုကို သုံးလေ့ရှိသည်။
ထို့အပြင် ဝမ်ကျိယန်၏ ရင်ထဲ၌ ယောက်ျားဖြ စ်သူ၏ ပုံရိပ်ကို အကောင်းမြင်စေရန် မရည်ရွ ယ်ထားသလိုလိုဖြင့် ချန်အန်၏ ကောင်းကွက် များကို ရွေးချယ်ပြောဆိုတတ်သေးသည်။ ဝမ် ကျိယန်၏ အိမ်မှ ပြန်လာတိုင်း သူမကအကြော င်းစုံ ပြန်ပြောပြတတ်သည်။ ဥပမာအားဖြင့် ဝမ် ကျိယန်သည် ကျေးရွာခုမှ ဝမ်းဆွဲသည်တဦး၏ သမီးဖြစ်သည်။ သူမအသက်၁၆ နှစ်အရွယ်၌ ရွာကို ဖြတ်သန်းသွားသည့် ကျင့်ကြံသူနတ်သမီ တဦးက သူမတွင် ဝိဉာဥ်အရင်းအမြစ်ရှိသည် ကို သတိထားမိ၍ ချီစုဆောင်းခြင်း ကျင့်စဥ် စာအုပ်ကို ပေးအပ်ခဲ့သည်။ ထိုအရာမှစ၍ သူ မက ကျင့်ကြံရေးလမ်းကြောင်းကို ရောက်ရှိ လာခြင်းဖြစ်သည်။ သူမက ၂၂ နှစ်ကြာအောင် လေ့ကျင့်ခဲ့သည်။
ချန်အန်တယောက် အံ့သြသွားရသည်။ ထိုမျှ ကျင့်ကြံရုံဖြင့် ချီစုဆောင်းခြင်း အဆင့်၈ သို့ ရောက်နေသည် မဟုတ်လား။ သူမက ပါရမီရှ င် မဟုတ်လော။ သူကတော့ အဆင့်၃ သို့ရော က်ရန် နှစ်ပေါင်း ၃၀ ကျော်လေ့ကျင့်ခဲ့ရသည်။ ဝမ်ကျိယန်နှင့် သူမတို့ကြား ဆက်ဆံရေးတ ဖြေးဖြေး တိုးလာသည်နှင့်အမျှ ဝမ်ကျိယန်က အိမ်သို့ အလည်လာလိုခဲ့သည်။ သို့သော်လည်း အနီးအနားတွင် လူမရှိမှသာ လာတတ်သည်။သူ မကို သတိပြုမိပြီး ကောလဟာလများ ဖြန့်ဝေ မည်ကို စိုးရိမ်နေပုံရသည်။ ထို့အပြင် သူမက ချန်အန်ကို ပုံမှန်အတိုင်းသာ ဆက်ဆံပါသည်။
သူမကို လိုချင်သော်လည်း ထိုအမျိုးသမီး၏ မာနကို ဂရုမစိုက်လိုချေ။ ထိုနေ့တွင် သူမက တယောက်တည်း မနက်စာ စားပြီးနောက် ချန် အန်တို့ရှိရာသို့ ရောက်လာသည်။ တမနက်လုံး စကားပြောဆိုပြီးနောက် သူမထွက်ခွါ ခါနီး၌ အပြင်ဘက်မှ စကားပြောသံများ ပေါ်လာသည်
“မိုးမခလမ်းမှာ နေတဲ့ ကျင့်ကြံသူများ ကျေးဇူး ပြုပြီး ထွက်လာပေးကြပါ ငါက ဝါးရွက်ဂိုဏ်းရဲ အကြီးအကဲပါ လူတိုင်းအတွက် အရေးကြီး ကြေငြာစရာတခုရှိပါတယ် ပူးပေါင်းပေးကြပါ”
ပြီးနောက် အပြင်မှ တံခါးဖွင့်သံများကို ကြား လိုက်ရသည်။ မိုးမခလမ်း၌ နေသည့် ကျင့်ကြံ သူများ ထွက်လာကြသည်။ အကြီးအကဲ ကိုယ် တိုင်ပြောလိုသည့် အကြောင်းအရာကို သိလိုနေ ခဲ့ကြသည်။ မကြာခင်မှာပဲ ချန်အန်နှင့် ဝမ်ကျိ ယန်တို့ အတူထွက်လာသည်။
“ကျင့်ကြံသူဝမ် မင်းက ဘာလို့ ဆေးဆရာချန် ရဲ့အိမ်က ထွက်လာတာလဲ”
ဝမ်ကျိယန်တယောက် ချန်အန်၏ အိမ်မှထွက် လာသည်ကို မြင်လျင် ဟန်ဆန်ဖန်းက သံသယ စိတ်များဖြင့် တွေး၍ မေးခွန်းထုတ်လာသည်။ ဝမ်ကျိယန်က သူ့ကို မျက်နှာသာမပေးချေ။ ထုံး စံအတိုင်း ကြိမ်းမောင်းတော့သည်။
“နင်နဲ့ ဘာဆိုင်လို့လဲ”
ဟန်ဆန်ဖန်းမှာ အသားလွတ်ဆူပူခံလိုက်ရပြီး အခြားကျင့်ကြံသူများကလည်း ဝမ်ကျိယန်အ ကြောင်း တီးတိုးပြောဆို နေကြလေသည်။ ဝါး ရွက်အိမ်ရာ၏ အချောအလှနတ်သမီးလေးက အခြားကျင့်ကြံသူ အမျိုးသားတဦး၏ အိမ်မှ ထွက်လာမည်ဟု မထင်ထားကြပေ။ ထိုအရာက သူမ၏ ပုံစံမဟုတ်ချေ။ ချန်အန်၏ အသွင်ပြင် ကိုတွေ့လျင် သဘောပေါက်သွားကြသည်။ ချန် အန်မှာ ချောမောသည့် ပုံစံရှိသည်။ ဝမ်ကျိယန် တယောက် အိမ်ထဲသို့ ဝင်ရောက်သည်မှာ အဓိ ပ္ပာယ် ရှိပါသည်။ သူမက အပေါ်ယံကိုသာ သ တိပြုမိပုံရှိပြီး မည်မျှ ဝမ်းနည်းဖွယ်ကောင်းသ နည်း။
မဟုတ်လျင် သူမက အခြေခံတည်ဆောက်ခြင်း အဆင့်ကို ငြင်းပြီး ချီစုဆောင်းခြင်းအဆင့် ၄ သာရှိသူထံ ကပ်တွယ်နေမည်နည်း။ ၎င်း၏ ဆေးပညာအဆင့်မှာလည်း ပထမအဆင့်၏ အ လယ်အလတ်သာ ရှိသေးသည်။
“အားလုံးပဲ စိတ်အေးအေးထားပါ ငါကမင်းတို့ ကိုပြောစရာရှိတယ်”
အကုန်လုံးက တိတ်ဆိတ်သွားပြီး နားထောင်နေ ကြသည်။ အကြီးအကဲဘိုင်က ဆက်ပြောသည်
“ဒီနေ့ကစပြီး ဝါးရွက်အိမ်ရာကို နှစ်လကြာသ ည်အထိ ပိတ်ထားမယ် မည်သူမှ အပြင်မထွက် ရဘူး”
“ဘာလဲဟ”
နှစ်လတောင် အပြင်မထွက်ရဘူးလား။ လူတိုင်း မှာ မှင်သက်သွားကြရသည်။ ခဏအကြာတွင် လူတယောက်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလာ သည်။
“အကြီးအကဲဘိုင် အခုက ဘာဖြစ်လို့လဲ”
အခြားသူများကလည်း ရှင်းပြန်ချက်ပေးရန် စောင့်ဆိုင်းနေသည်။ အကြီးအကဲဘိုင်မှ ရှင်းပြ လာသည်။
“သံနက်ဂိုဏ်းက သူလျှိုတွေ အိမ်ရာထဲ ပုန်းနေ တယ်လို့ သံသယရှိထားတယ် ဝါးရွက်အိမ်ရာရဲ့ ဘေးကင်းလုံခြုံရေးအတွက် နှစ်လအတွင်း သူ လျှိုတွေ ရှာဖွေရမယ်လို့ အမိန့်ထုတ်ထားတယ်”
ထိုသို့ပြောပြီးသည်နှင့် ချီစုဆောင်းခြင်းအဆင့် ၉ တွင် ရှိသည့် အကြီးအကဲက ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်နှာများကို အကဲခတ်နေလိုက် သည်။ မူမမှန်တာ တခုခုတွေ့ပါက ဤနေရာ၌ ပင် ဖမ်းဆီးရမည် ဖြစ်သည်။ ပြီးနောက် နမူနာ အနေဖြင့် လူအများရှေ့တွင် ကွပ်မျက်ရပေမ ည်။ သို့သော်လည်း အကဲခတ်ပြီးနောက် တခုခု ထူးခြားတာ မတွေ့ခဲ့ချေ။ နှစ်လကြာအောင် အ ပြင်မထွက်ရလို့ ကြားလျင် ကျင့်ကြံသူအများစု မှာ ပေါက်ကွဲသွားကြသည်။
“အကြီးအကဲဘိုင် ဒါက အဓိပ္ပါယ်မရှိဘူး ငါတို့ က နှစ်လကြာအောင် အမဲမလိုက်ရရင် အိမ်ငှား ခကို ဘယ်လိုပေးရမလဲ”
“ဒါက အမှန်ပဲ ငါတို့ကိုသတ်နေတာမဟုတ်လား”
“ငါက သံနက်ဂိုဏ်းရဲ့ သူလျှိုမဟုတ်ကြောင်း သက်သေပြနိုင်ပါတယ် အပြင်ထွက်ခွင့်ပေးပါ”
“......”
မိုးမခလမ်းရှိလူများမှာ တီးတိုးပြောရင်း တဖြေ ဖြေး ကျယ်လောင်လာသည်။ ထိုအရာကို အကြီ အကဲဘိုင်က
“လူ တိုင်းစိတ်မပူပါနဲ့ အိမ်ငှားခ နှစ်လစာကို မတောင်းပါဘူး ဒါပေမယ့် အတိအကျပြောရမ ယ်ဆိုရင် လာမယ့်နှစ်လအတွင်း လူတိုင်းက သူ လျှိုရှင်းလင်းရေးအတွက် ဝါးရွက်ဂိုဏ်းနဲ့ ပူး ပေါင်း ပါဝင်ရမယ် မင်းတို့က တဦးကိုဖမ်းမိဖို့ ပူးပေါင်းတိုင်း အိမ်ငှားခ တလစာ သက်သာခွင့် ရလိမ့်မယ် အဆင့်မြင့်ချီစုဆောင်းခြင်းအဆင့် ရှိသူကို ဖမ်းမိရင် နှစ်လတာ သက်သာခွင့်ကိုရ မယ်”
အကြီးအကဲဘိုင်က ထိုသို့ပြောသည်နှင့် ကျင့် ကြံသူများက ပေါက်ကွဲလာပြန်သည်။ ဆွေးနွေး မှုများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
…………………………………………….